ကြောင်ဝတုတ်အတွက် နှစ်သစ်လက်ဆောင်

ဒီနေ့မှ ရုံးပြန်တက်တဲ့နေ့ ၂၀၁၁ ရဲ့ ပျင်းရိမှုတွေ၊ ထိုင်းမှိုင်းမှုတွေကို ဒီဇင်ဘာ (၃၁)မှာ ချန်ထားခဲ့ပြီး၊

၂၀၁၂ ဇန်နဝါရီလ (၂)ရက်နေ့မှာ၊ ပျင်းရိမှုအသစ်၊ လေးကန်မှုအသစ်တွေနဲ့ ရုံးအတွင်းကို ခြေလှမ်းအသစ်တွေနဲ့ ပြန်ဝင်လာခဲ့တယ်။ Happy New Year ဆိုပြီး နှုတ်ဆက်တဲ့အသံတွေကို ပြန်နှုတ်ဆက်ရင်း ရုံးပေါ်ကို ခြေလှမ်း လေးလေးနဲ့တက်လာခဲ့တယ်… ရုံးခန်းကို တံခါးလေးဖွင့်၊ Air-Corn ကို Remote ခလုပ်လေးနှိပ်ပြီး ဖွင့်လိုက်အပြီး…

သတိတစ်ခုဝင်လာတာက အထက်အရာရှိဆိုသော နိုင်ဂျံဂါးသား ခွင့်ယူထားတယ်ဆိုတာကိုပါ… ဘဝမှာတော်တော်သာယာတဲ့နေ့တစ်နေ့ ဖြစ်နေတော့တာပါပဲ…ဒီမနက်ပိုင်း မဖြစ်မနေလုပ်စရာရှိတာလေးကို လုပ်မယ်။

ပြီးရင် အေးအေးဆေးဆေး Download လုပ်ချင်တာတွေလုပ်မယ်။ စိတ်ကူးယဉ်အတွေးထဲတော့ ပြေလည်နေတာပဲ… မီးဖွင့်ပြီး စားပွဲပေါ်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ လေထဲမှာဆောက်ထားတဲ့တိုက်အိမ်လေး ပြိုမှန်းမသိပြို ပျက်မှန်းမသိပျက်သွားရှာပြီ…

Windows 7 Professional Corporate License အလုံး (၃၀၀)စာပါတဲ့ DVD ဘူးလေးတစ်ဘူးက Laptop ဘေးမှာအခန့်သား

ဆရာသမားရဲ့ ဘုမသိဘမသိ ညွှန်ကြားချက်ကတော့ တစ်ပတ်အတွင်း Update လုပ်ထားရန်တဲ့… သေပြီကွယ်..

Windows XP ကနေ Windows 7 ကို Migrate လုပ်ဖို့ အချိန်တစ်ပတ်တဲ့လား…

ထပ်ရေးထားတဲ့စာက Windows 7 နှင့် Compatible ဖြစ်အောင် Server (၃)လုံးကိုပါ Windows Server 2008 Migrate လုပ်ထားပါရန်တဲ့… ဖြစ်နိုင်ပါ့မလား

တစ်ခါတစ်ခါ အရာရှိဆိုတဲ့ နိုင်ဂျံဂါးသားတွေ ဘုမသိဘမသိနဲ့ မဖြစ်နိုင်တာတွေခိုင်းလို့ ရန်ဖြစ်ခဲ့ရတာလဲ နှစ်ပေါင်းအလီလီကြာခဲ့ပြီ… အလုပ်ကလဲမထွက်နိုင်သေးတော့ ကျိတ်ခံရဦးမယ်…

နောက်တစ်ပတ်အစည်းအဝေးမှာရန်ဖြစ်ရ ဦးမယ်။

နှစ်သစ်အတွက် လက်ဆောင်ကတော့ တစ်ပတ်အတွင်း Server (၃)လုံးနဲ့ Client အလုံး တစ်ရာကျော်ကို Update လုပ်ရန်ပေါ့ကွယ်….

 

စိတ်ညစ်စွာဖြင့်-

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂ နှစ်စစခြင်း။

3 comments

  • Thel Nu Aye

    January 2, 2012 at 4:24 pm

    နှစ်စမို့တပတ်နဲ့အပြီး။ နှစ်ကုန်ခါနီးရင်တရက်နဲ့အပြီး။

  • inz@ghi

    January 5, 2012 at 7:11 pm

    အောင်မယ်ငီး ..အဖြစ်ဆိုးလှချည်လား ..ကိုကြောင်ဝတုတ်ရဲ့….
    ကလိုင်းယန့် အလုံး ၁၂ဝ ပဲ ထားပါတော့ …
    အချိန်က ၁ပါတ်…(business day အရပြောရရင် 5 days) ၅ရက်
    အလုပ်ချိန် တနေ့ ၈နာရီဆို နာရီ ၄၀
    ၁နာရီ ၃လုံးနှုန်း ……
    တနာရီ ၆လုံး ပြေးပြီး ဒါမှမဟုတ် ဆိုင်းတီးသလို ပတ်ချာလည်လုပ်ပြီး
    ပြိုင်တူလုပ်လျင် ပီးနိုင်ပါသည် ဆိုတဲ့ .. သချင်္ာသမား အထက်လူကြီးတွေကို ပြောပြချင်ရဲ့ဗျာ….
    (စလုံးက SE တယောက် ပြောဖူးတာပါ… ဘာတဲ့ ….)

    မိန်းမတယောက် ကလေး ၁ယောက်မွေးဖို့ …၉လ ကြာတယ်ဆိုရင်….
    မိန်းမ ၉ယောက်စုပြီး ၁လ တယောက်ကျနှုန်း မွေးပြကွာ …ဆိုတာမျိုးဖြစ်နေပါပေါ့လား …
    ဟုတ်ကဲ့ ….၉လအကြာမှာ ကလေး ၉ယောက်ရလို့ ..၁လ ၁ယောက်နှုန်း ကျပေမယ့်..
    အားလုံးအနေနဲ့ကတော့ တယောက်ချင်းစီ ..၉လတာ အချိန်ယူခဲ့ရသည်ပဲ မဟုတ်လားနော…

    လောဂျစ် ..ပရော်ပါဘစ်လတီ နဲ့ …ကယ်ကူလေးရှင်း …
    ချာချာလည်တွားဘီဂျာ…

    ခင်တဲ့ ဂီ

  • FattyCat

    January 6, 2012 at 10:15 am

    မတွက်ပါနဲ့တော့ ဂီဂီရယ်….
    ကြားရတိုင်းစိတ်နာလို့ပါ….
    နင်ပြောသလိုပဲ…ငါအရင်ဘဝက ဆိုင်းဆရာကိုစော်ကားမိတယ်ထင်ပါ့….

Leave a Reply