သက်ရောက်ဆဲ အသက်အပိုင်းအခြားမှာ လာဘ်ပွင့်၊ ကံမြင့်စေရန်

koyin sithuJanuary 2, 20121min1936

အကြင်ရွာသူားတို့ သင်၏ လက်ရှိရောက်ဆဲ အသက်အပိုင်းအခြားမှာ ကံဇာတာကောင်းအောင် ၊ ပွင့်လန်းအောင် ၊ တိုးတက်အောင် ဆောင်ရွက်လို့ရတဲ့ ယတြာကို ဖော်ပြပေးလိုက်ပါတယ်။ နောက်ပြီး ဒီနှစ် ကံဇာတာ မနိမ့်အောင် အညံ့အခိုက်တွေ မကြုံအောင် ဆောင်ရွက်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီယတြာနည်းကတော့ ကိုယ့်ရဲ့အသက်ကို အတိအကျ သိပြီဆိုတာနဲ့ ဆောင်ရွက်လို့ရပါတယ်။ မွေးသက္ကရာဇ် အတိအကျ မသိရင်တောင်မှ ကိုယ့် အသက်သိရင် လုပ်လို့ ဆောင်ရွက်လို့ ရပါတယ်။

နှူးဘားဂိုဏ်သား ယုန်သူငယ်ကိုရင်စည်က ကြမ္မာဆိုး စုတ်ဖွား ခွေးနဂါးအား ခုခံနေရပုံ

အသက်ကို တည်ရတယ်။ ပြီးရင် (၇)နဲ့ စားရတယ်။ အကြွင်းအလိုက် ဆောင်ရွက်လို့ရတဲ့ နည်းပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ့်ရဲ့အသက်ဟာ ၂ဝကျော်ရင် ၂၁-နှစ်လို့ ယူဆရပါတယ်။ အသက်၂ဝရဲ့ မွေးနေ့ကို ကျော်ပြီဆိုတာနဲ့ ကိုယ့်အသက်ဟာ (၂၁)နဲ့ တွက်ရပါတယ်။ အဲဒီတော့ အသက်ကို (၇)နဲ့ စားလိုက်ရင် အကြွင်း(၇)မျိုး ရပါတယ်။ အောက်မှာ သေသေချာချာ ပြောပြထားပါတယ်။ ဒါလုပ်ရင် ဘာကောင်းလဲ ၊ ဘာဖြစ်လဲဆိုရင် ကံဇာတာကောင်းတဲ့ နှစ်တွေဆိုရင် ပိုကောင်းပါတယ်။ ပိုပြီး ပွင့်လန်းပါတယ်။ ကံဇာတာ နိမ့်ပါးတဲ့ နှစ်တွေဆိုရင် သက်သာစေတယ်။ အရမ်းကြီး ဆိုးဆိုးရွားရွားကြီး မညံ့တော့ပါဘူး။ ကြုံတွေ့ဆဲ ကြုံတွေ့လတ္တံ့သော ဘေးဥပ္ပါဒ် အန္တရယ်တွေကနေ လွတ်မြောက်စေနိုင်ပါတယ်။

ကိုယ် ကံကောင်းသလား ကံဇာတာ ညံ့နေသလားဆိုတာကို သိအောင် တွက်လို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒီထက်မကပိုပြီး ကောင်းတဲ့နည်းရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ဘာသာ ကိုယ်သိအောင် လုပ်လို့ရတဲ့နည်းပဲ။ ကိုယ့်ဘာသာ သတိထားကြည့်လိုက်ရင် ကံကောင်းသလား ကံဇာတာ နိမ့်နေသလား ဆိုတာကို အတိအကျကြီး မဟုတ်ရင်တောင် မှန်းဆပြီး သိအောင်လုပ်လို့ရတယ်။

ကံကောင်းတဲ့လူက အလိုလိုနေရင်း နေရတာပျော်ရွှင်နေတယ်။ ကံနိမ့်နေရင် စိတ်ထဲမှာ မပျော်ဘူး။ အလိုလို နေရင်း ဒေါသတွေ ထွက်နေတယ်။ လူတိုင်းကို ကြည့်မရဘူး ဖြစ်လာတယ်။ နောက်ပြီး လုပ်နေကြ အလုပ်တွေကို စိတ်မပါတော့ဘူး။ စိတ်တွေလေလာတယ်။ ဘာကိုမှ စိတ်မပါတော့ဘူး။ နောက်ပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းလာတယ်။ နေ့စဉ်ကြုံတွေ ဖြတ်သန်းနေတဲ့ အဖြစ်အပျက်တွေ စီးပွားရေး လူမှုရေးတွေ အိမ်တွင်းရေး တွေမှာလည်း ဟာမိုနီတွေ ပျက်လာတယ်။ တေ့လွဲတေ့လွဲတွေ မကြာခန ကြုံကြုံလာတယ်။ ပျက်တာတွေ များလာတယ်။ အဲဒါမျိုးတွေ မကြာမကြာ ဖြစ်ဖြစ်လာတယ်ဆိုရင် သေချာတယ်။ ၈၀-ရာခိုင်နှုန်း ကံဇာတာ ညံ့နေတယ် ဆိုတာပါပဲ။

ပြောချင်တာက ကိုယ့်ရဲ့ ဒီအသက်အပိုင်းအခြားမှာ ကံဇာတာ ကောင်းသည်ဖြစ်စေ ညံ့နေသည်ဖြစ်စေ ဘာပဲဖြစ် ဖြစ် ဆောင်ရွက်လို့ ရပါတယ်။ ကံကောင်းနေတဲ့ သူတွေက ပိုပြီး ကံဇာတာ ကောင်းလာတာပေါ့။ ကံဇာတာ နိမ့်နေတဲ့၊ ညံ့နေတဲ့သူတွေကလည်း ဘယ်လိုပဲ ဖြစ်ဖြစ်ခုသာခံသာ ဖြစ်အောင် လုပ်တဲ့ သဘောပါ။

တစ်ကြွင်းသော်……
မကြာခဏ ဆီမီးပူဇော်ခြင်း ပြုရမည်။ ထိုသို့ ဆီမီးထွန်းသောအခါ စနေနေ့၊ သောကြာနေ့၊ အင်္ဂါနေ့များတွင် ထွန်းရန်ဖြစ်သည်။ မိမ်ိအဆင်ပြေသောနေ့၏ ညနေ ၆းဝဝ နာရီမှ ရးဝနာရီအတွင်း ဆီမီးထွန်းညှိပူဇော်၍ အလိုရှိရာ ဆန္ဒပြုက လိုရာပြည့်ခြင်းများ ကြုံမည်။ ဘေးအန္တရာယ် ကြုံကလည်းကောင်း၊ လာဘ်လာဘ ပိတ်ဆို့နေပါက လည်းကောင်း ဤသို့ ဆီမီးပူဇော်၍ ပွင့်လန်းခြင်းကို ရရှိမည်။

နှစ်ကြွင်းသော်……
ဤအသက်ပိုင်းတွင် ရွှေသင်္ကန်းကပ်လှူခြင်း မကြာခဏ ပြုရမည်။ မည်သည့်နေ့မဆို ဆောင်ရွက်နိုင်သည်။ တစ်စုံတစ်ရာ ထူးထူးခြားခြား ဆန္ဒပြည့်ဝလိုသောအခါဖြစ်စေ၊ အခက်အခဲကြုံသောအခါဖြစ်စေ၊ အရေးကြီးသည့် ကိစ္စရှိသောအခါဖြစ်စေ စနေနေ့၊ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့များ၏ မွန်းတည့် ၁၂းဝဝနာရီအချိန်တွင် ရွှေသင်္ကန်းကပ်လှူကာလိုရာဆန္ဒပြုက အလုံးစုံ အဆင်ပြေ၍ လာဘ်လာဘပွင့်လန်းခြင်းကို ရရှိပေမည်။

သုံးကြွင်းသော်……
ဤအသက်ကိုရောက်သော် မကြာခဏ ညောင်ထောက်ခြင်းပြုပါ။ အရောင်းအဝယ် ပွင့်လန်းခြင်း၊ လာဘ်လာဘ အကျိုးစီးပွား ဖြစ်ထွန်းခြင်းများ ရရှိပေမည်။ တစ်စုံတစ်ရာ လေးလေးနက်နက် ဆောင်ရွက်၍ နှစ်နှစ်ကာကာ ဆုတောင်းပြည့်လိုသောအခါ တနင်္လာနေ့၊ တနင်္ဂနွေနေ့၊ ကြာသပတေးနေ့များ၏ နေ့ ၁း၃ဝ နာရီအချိန်တွင် ညောင်ပင်၏ တောင်ဘက်ကိုင်းကို ညောင်ထောက်ကာ အလိုရှိရာ ဆန္ဒပြုပါ။

လေးကြွင်းသော်……
ဤအသက်ကိုရောက်သော် ကုသိုလ်ကောင်းမှုအဖြစ် ကြက်၊ ငှက် ဘေးမဲ့လွှတ်ပါ။ အရာရာ အဆင်ပြေ၍ လာဘ်ပွင့်၊ ကံမြင့်ကာ စိတ်ချမ်းမြေ့ခြင်းများ ရရှိမည်။ အကျပ်အတည်း ၊ အခက်အခဲများ ကြုံသောအခါဖြစ်စေ၊ တစ်စုံတစ်ရာ အရေးကြီးသည့် ကိစ္စများ အောင်မြင်စေလိုသောအခါဖြစ်စေ တနင်္လာနေ့၊ အင်္ဂါနေ့၊ သောကြာနေ့များ၏ နံနက် ရး၃ဝ နာရီအချိန်တွင် ကြက် ငှက်တို့အား ဘေးမဲ့လွှတ်၍ အလိုရှိရာ ဆုတောင်းဆန္ဒပြုပါ။ ချက်ချင်းလက်ငင်း အကျိုးထူးရပေအံ့။

ငါးကြွင်းသော်……
ဤအသက်ကို ရောက်သော် မကြာခဏ ဆွမ်းကပ်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ကိုယ်တိုင်ရွတ်ဆိုခြင်းများပြုပါ။ ကောင်းခြင်းကုသိုလ်ကံမြင့်မား၍ အလိုရှိရာပြည့်စုံခြင်းရှိမည်။ အခက်အခဲ၊ အကျပ်အတည်း ကြုံသောအခါဖြစ်စေ၊ အရေးကြီးသော ကိစ္စများဆောင်ရွက်အောင်မြင်လိုသောအခါဖြစ်စေ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ စနေနေ့ နံနက် ၆းဝဝ နာရီအချိန်တွင် ဆွမ်း၊ ရေချမ်းကပ်လှူ၍ ပရိတ်တော်များရွတ်ဆိုကာ အလိုရှိရာ ဆန္ဒပြုပါ။

ခြောက်ကြွင်းသော်……
ဤအသက်ပိုင်းသို့ရောက်သော် အိပ်ယာနေရာ ပြောင်းလဲအိပ်စက်ခြင်း၊ ခရီးထွက်ခြင်းများ မကြာခဏ ပြုနိုင်ပါသည်။ အရာရာ အဆင်ပြေခြင်း၊ အောင်မြင်ခြင်းရရှိမည်။ အခက်အခဲ၊ အညံ့အဆိုးများ ကင်းဝေး၍ အောင်မြင်ခြင်း၊ ဖြစ်ထွန်းခြင်း ရရှိစေရန်လည်းကောင်း၊ ဆန္ဒတစ်စုံတစ်ရာကို လေးလေးနက်နက် ပြည့်ဝလိုပါကလည်းကောင်း ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့များ၏ နေ့ ၁း၃ဝ နာရီအချိန်တွင် အိပ်ယာပြောင်းလဲခြင်း၊ ယာယီခရီးစတင်ခြင်းများ ပြုနိုင်ပါသည်။

သုညကြွင်းသော်……
သုည (သို့မဟုတ်) စား၍ပြတ်သော အသက်ပိုင်းသို့ရောက်သော် နို့ဆွမ်းကပ်လှူခြင်း မကြာခဏပြုပါ။ အနှောင့်အယှက်၊ ဘေးရန်များကိုးဝေး၍ လာဘ်လာဘ ရွှင်လန်းခြင်း၊ စိတ်ချမ်းမြေ့ခြင်းများ ရရှိမည်။ အရေးကြီးသောကိစ္စတစ်စုံတစ်ရာ စတင်ဆောင်ရွက်ခြင်း၊ အောင်မြင်စေလိုသော ဆန္ဒထက်သန်သော အကြောင်းအရာများဆောင်ရွက်ခြင်းများတွင် တနင်္လနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့များ၏ နံနက် ရး၃ဝ နာရိအချိန်တွင် အိမ်ရှိဘုရား၌ နို့ဆွမ်းကပ်လှူ၍ ဆန္ဒပြုဆုတောင်းပါက ထူးခြားစွာ ပြည့်ဝခြင်း၊ အဆင်ပြေခြင်းများ ရရှိမည်။

 

၂၀၁၂ ခုနှစ် နှစ်သစ်မှာ အားလုံး ကံမြင့်လာဘ်ပွင့်ကြပါစေဗျာ..

6 comments

  • ကိုရင်စည်သူ

    January 2, 2012 at 12:45 pm

    ဟိုနေ့က ကိုယ့်ဇာတာကိုယ်ပြန်တွက်ကြည့်တော့
    ၂၀၁၂ခုနှစ်က ကျနော်ဘဝတစ်ခုလုံး တစ်ဆစ်ချိုး ပြောင်းလဲမယ်ဆိုတာ
    တွေ့ရတယ်… ဟတ်ပီနယူရီးယားညကတော့ သူငယ်ချင်းအိမ်က အိမ်နီးချင်းတစ်ယောက်နဲ့ စကားများပြီး
    ရီဝေဝေနဲ့ ပြန်လာတာ.. ခွေးကိုက်ခံရတယ်.. (ကိုက်တဲ့ခွေးက စုတ်ဖွားလေးမို့တော်သေးတယ်)
    ခုတော့ အနာကတော်တော်ယောင်နေတယ်… အခန့်မသင့် ခွေးရူးတောင် ပြန်သွားနိုင်တယ်… ဟီးး 😀 😀
    ခွေးကိုက်ခံရတယ်ဆိုတာ ကျနော် ကံနိမ့်နေလို့ပါ။ (မနိမ့်နေရိုးလား ရှောင်မယ်ကတိတွေအထပ်ထပ်ပေးပြီး
    အရက်နဲ့ နှစ်ပါးသွားနေတာ တစ်ပတ်ကျော်နေတော့ ဆရာသခင်တွေက ခွင့်မလွှတ်တော့ဘူးလေ)
    ဒါကြောင့် သင်ထားခဲ့တဲ့ ယတြာတွေထဲက စာပြန်နွေးရင်း
    ကျနော် ခင်မင်တဲ့ ရွာသူားတွေကို Share ပေးလိုက်ပါတယ်ဗျာ…

  • ငပေါက်ဖော်

    January 2, 2012 at 1:53 pm

    မောင်ရင်ရေ
    အဘ ၆ ကြွင်းသဗျ
    ကိုရင်ပေးတဲ့ ယတြာကလဲ အိပ်ယာပြောင်းအိပ်ခိုင်းတဲ့ယတြာ
    အဘကလဲ မူးရင် မူးတဲ့နေရာ အိပ်တာမိုလို ့တကူးတက ယတြာခြေစရာမလိုတော့ဘူးကွယ်
    ဒါကြောင့်
    ကိုရင်ဟောခဲ့တွက်ခဲ့သမျှတွေထဲ ဒီတစ်နည်းသာ အဘနဲ ့ ပိုးစိုးပက်စက်.ပိုးလိုးပက်လက် အဆင်ပြေဆုံးပါပဲလို ့ပြောပါရစေကွဲ ့

    မှတ်ချက်။ ။
    ဘေဒင်တွက်ခ၊ယတြာခကို သဂျီးအူးခိုင်ဆီမှ လွှဲယူလိုက်ပါကွယ်
    အဘ သဂျီးဆီက ဂေါ်လီကြွေး ဒေါ်လာငါးသန်း ရစရာရှိပါတယ်
    အဲဒီဒေါ်လာငါးသန်းဆို ကန်စွန်းရွက်တစ်စည်း ဆယ်သန်းခေတ်တုန်းက တင်ခဲ့တာပါ

  • windtalker

    January 2, 2012 at 2:14 pm

    ကရင်ရေ
    တစ်ကြွင်းနေတယ် ဗျာ
    ဒီနေ ့တနင်္လာနေ ့ဆိုတော့
    နက်ဖန် ည မှ
    ဘုရားမှာ ဆီမီးသွားပူဇော်ရင်း
    ဆုတွေ အများကြီးတောင်းတော့မယ်
    အောင်မြင်မှုတွေ ရလာလို ့ကတော့
    သိတယ်မှုတ်လား

  • Novy

    January 2, 2012 at 3:04 pm

    မနိုကတော့ 6 ကြွင်းတယ်တော်ရေ့
    ခရီးထွက်တဲ့ ဝါသနာကမွေးထဲကပါလေတော့
    နိုဗွီ ခရီးသွားနေသည်ပေါ့နော်

  • MaMa

    January 2, 2012 at 3:55 pm

    ကိုရင်လုပ်ပုံနဲ့ ဗေဒင်ဆရာတွေတော့ ထိုင်ငိုတော့မှာပဲ 😆

  • blackchaw

    January 2, 2012 at 9:21 pm

    အခုတော့ သောက်ထားလို့ မတွက်နိုင်သေးဘူး။
    နောက်နေ့မှ ကိုရင်ရေ။

Leave a Reply