ကျုပ်တတိယတန်းနှစ်ကပေါဗျာ.. အသက်အနေနဲ့တော့ ရှစ်နှစ်သားပေါ့..

ဘာလို့မှန်းမသိကျောင်းတွေပိတ်တယ်လို့ ဆရာမကပြောတော့ ပျော်လိုက်

တာ.. ကျောင်းကတနှစ်ကြီးတောင်ပိတ်တာဆိုတော့ ကလေးပဲ..ဘာသိမှာလဲ..

ကျောင်းကနေအိမ်ကို ခုန်ပေါက်ပြီးပြေးလိုက်ရတာ..လမ်းမှာလဲ.ကျောင်းတွေပိတ်

တယ်..ကျောင်းတွေပိတ်တယ်လို့ အော်ရင်းနဲ့ပေါ့ … အိမ်ရောက်တော့လည်း

မိဘတွေ မျက်နှာမကောင်းကြတာလည်းမသိဘူး… သူငယ်ချင်းတွေနဲ့

ပျော်ပျော်ပါးပါး ဆော့ကစားနေတော့တာပါဘဲ… ကျွန်တော်ဆော့ပုံက

ဘယ်လောက်ကဲတယ်တော့မသိဘူး .. ကျောင်းပိတ်ပြီးနှစ်ရက်အကြာမှာ

ရွာထဲက ရွယ်တူကလေးတစ်ယောက်နဲ့ လူပျိုပေါက်တစ်ယောက် ထိပ်ပေါက်

ခေါင်းပြဲ ပထမတစ်ယောက်က ကစားရင်း ပလပ်စတစ်ကားလေးကို ပြန်မပေးလို့

ဆိုပြီး.. တွေ့ရာတုတ်နဲ့ နှက်ထည့်လိုက်တာ…နဖူးမှာ သေရာပါအမာရွတ်

ရသွားပါရော့လား..နောက်တစ်ယောက်ကတော့ ကျုပ်ထက်ကြီးပါတယ်..

ကျုပ်မှာအစ်မတွေရှိတော့..ဟေ့ကောင် အစ်မပေးယောက်ဖလို့ စစနေလို့

( ကြိုပြောထားရပါစေ..ခုတော့ အစ်မတွေက အိမ်ထောင်ကျကုန်ပါပြီ.. )

လက်ထဲမှာကိုင်ထားတဲ့ ကျောက်ခဲနဲ့ နှက်ထည့်လိုက်တာ ခေါင်းပေါက်သွား

ပါလေရော..နှစ်ရက်အတွင်း လူနှစ်ယောက်ကို ထိပ်ပေါက် ခေါင်းကွဲအောင်နှံ

လိုက်တဲ့ သားတော်မောင်ကို အဖေက အိမ်မှာ မထားဝံ့တော့ပါဘူး…..

နောက်ရက်ကိုအိပ်ရာလိပ်ပြင်ခိုင်းပြီး ရွာဦးဘုန်းတော်ကြီးကျောင်းကို

ပို့ပါတော့တယ်… မကောင်းကျောင်းပို့လိုဘဲ ပြောရမလား…

ကျောင်းမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ ကိုယ့်လိုလူက

ငါးယောက်လောက်ရှိတယ်..ရွယ်တူတွေပါပဲ..ဘယ်လိုကြောင့်

ရောက်နေတယ်ဆိုတာတော့မသိပါ…ကျောင်းသားဆိုလို့

လွယ်လွယ်စားရမယ် မထင်နဲ့နော့…မနက်စောစောလေးနာရီ

ဆို အိပ်ရာကထရပြီ…အာရုဏ်ဆွမ်းပို့လာသူတွေရဲ့ ဆွမ်း

ချိုင့်တွေကို လဲပေးရတယ်..ငါးနာရီလောက်မှာဆွမ်းပို့လာတဲ့

သူတွေနဲ့အတူ ဘုန်းတော်ကြီးရှေ့မှာ ဆွမ်းတော်ကပ် ငါးပါးသီလ

ယူရတယ်..ပြီးရင် ဘုန်းတော်ကြီးအတွက် အာရုဏ်ဆွမ်းပြင်ပေးရ

ပါတယ်…ဘုန်းကြီးက အာရုဏ်ဆွမ်းဘုဉ်းပေးနေချိန်မှာ

နောက်နားမှာ ကျောင်းသားတွေက ဒူးတုတ်ပြီးစောင့်နေ

ရတယ်..ဘုန်းကြီးဘုဉ်းပေးပြီးတော့ ကျောင်းသားတွေစားရပါတယ်..

ဆွမ်းစား၊ ဆေးစရာရှိတဲ့ ပန်းကန်ခွက်တွေ ဆေးပြီးရင်

ကျောင်းဝင်းသန့်ရှင်းရေးလုပ်ရတော့တာပေါ့…

မနက်ရှစ်နာရီမှာ ရွာထဲကို ဆွမ်းထမ်းနဲ့ ဆွမ်းတော်ဗျို့..

လို့ အော်ပြီး ဆွမ်းခံထွက်ရတယ်ဗျို့ … ကိုးနာရီခွဲလောက်မှာ

ကျောင်းပြန်ရောက်ပြီးဆွမ်းတော်ပြင် ဆွမ်းတော်ကပ်ပြီး

ဘုန်းဘုန်းအတွက် ဆွမ်းပွဲပြင် ဆွမ်းကပ်ပေါ့…နေ့လည်

၁၂နာရီလောက်ထိ ဆွမ်းနဲ့ လက္ဘက်ရည်စာစားပြီး….

နေ့လည် ၁နာရီကနေ ၂နာရီခွဲထိစာအံရပါတယ်..

ကျောင်းတိုင်တစ်တိုင်စီမှာ ထိုင်ပြီး ဘုန်းဘုန်းပေးထားတဲ့

စာတွေကို ကျက်မှတ်ရတာပါ…ကျုပ်ကိုတော့ လယ်တီ

ဆရာတော်ဘုရားကြီးရဲ့ ၇ နေ့ ဘုရားရှစ်ခိုးနဲ့စပါတယ်..

စာကျက်လို့ရရင်ဘုန်းဘုန်းဆီမှာ စာပြန်ရတာပေါ့..

ထွန့်နေမေ့နေလို့ကတော့နာပြီတာမှတ်လေ…နားရင်းအုပ်

မလား..ထိပ်ပူမလားဘဲ…ခရားရေလွှတ်ဆိုနိုင်မှ ဘုန်းဘုန်း

ကသဘောကျတယ်..ရှေ့ကစာတွေကိုပြန်ပြီးပြီဆိုပြီးမေ့

ထားလို့လည်းရဘူးဗျ..ဘုန်းဘုန်းကပြန်ပြန်မေးတတ်တယ်..

ဒီနေရာမှာ ကျုပ်ကဥာဏ်ကောင်းတယ်ပြောရမှာ..ကြွားတာ

ဟုတ်ဘူးနော့..တခြားကျောင်းသားတွေ ၃ ရက်လောက်ကျက်မှ

ရတဲ့စာကို ကျုပ်ကတစ်ရက်နဲ့ရတယ်..ဒီတော့ဘုန်းဘုန်းက

ကျုပ်ကိုချစ်တယ်..ဘုန်းဘုန်းကကျုပ်ကို နာမည်မခေါ်ဘူး..

တရုတ်ကြီးတဲ့..ငယ်ငယ်ကကျုပ်ကအသားဖြူဖြူ ၀၀

ကစ်ကစ်လေးလေ..စာအံလို့ပြီးပြီဆိုရင် ကျောင်းပေါ်

မှာတံမြက်စည်း လှည်း..ဘုရားရှိခိုးရတယ်..ပြီးရင်ရွာထဲက

ဆွမ်းချိုင့်တွေကို ပို့  အိမ်ခဏပြန်ပေါ့…ကျောင်းမှာက

ဘောင်းဘီတိုနဲ့မနေရဘူးပုဆိုးဝတ်ရတယ်..ပုဆိုးမနိုင်တနိုင်နဲ့

ပေါ့ဗျာ.. ညပိုင်းရောက်တော့ဘုရားရှိခိုး ပြီးရင်ဘုန်းဘုန်းကို

ကန်တော့ရတယ်..ဘုန်းဘုန်းက ဆုံးမစကားတွေပြောပေါ့..

ညကိုးနာရီခွဲဆို အိပ်ရာဝင်ရပြီ…နောက်ပိုင်းကျတော့..

ဘုန်းဘုန်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊သံဃာဂုဏ်တော်

တွေကျက်ခိုင်းတယ်…အဲ့တာတွေပြီးတော့ ပရိတ်ကြီး ၁၁သုတ်ထဲက

မေတ္တသုတ်ကိုစကျက်ခိုင်းတယ်…အဓိပ္ပါယ်တွေကိုမြန်မာလိုရှင်း

ပြပေးပါတယ်…ခုထိနားထဲမှာစွဲနေတုန်းပါ…သတ္တ၀ါတွေကို…

သားတစ်တစ်ယောက်တည်းရှိတဲ့မိခင်က သူ့သားအပေါ်

ချစ်မြတ်နိုးသလို…ကိုယ်ကလည်းမေတ္တာထားရမယ်ဆိုတာတွေလေ…

နောက်ပိုင်းကျတော့ ရွာကနေမုံရွာစာသင်တိုက်မှာ..စာသင်သွားတဲ့

ဦးဇင်းပြန်လာတယ်..သူကညဆိုရင်ကျုပ်တို့ကို သိုင်းသင်ပေးတယ်..

ဘာသိုင်းလည်းတော့ကျုပ်လည်းသိဘူးရယ်..လက်ဖြုတ်နည်း

ချုပ်နည်းတွေ..ခြေနင်းသိုင်းကွက်တွေပါ..ဦးသစ်မင်းကြီးတော့

သိရင်သိမှာ…ပြီးရင်နှစ်ယောက်တစ်တွဲ ပြန်ချရတယ်..

တစ်ခါတော့ ကျုပ်နဲ့အတူကျတဲ့ကောင်…သူကကျုပ်ကိုဒုတ်နဲ့

ရိုက်ကျုပ်ကရှောင်ပြီးပြန်ကန်ကရတဲ့ အကွက်ပေါ့..ကျုပ်ကန်လိုက်တာ

ဘယ်နားမိသွားတယ်တော့မသိဘူး..အင့်ဆိုတဲ့အသံနဲ့လဲကျသွားလို့

မနည်းနှာနှပ်ယူရတယ်..ကျုပ်လည်းအဲ့ဒီကတည်းက ဘာသိုင်းမှ

မကစားတော့ဘူး..ခုထိတော့ လေသိုင်း၊လက်သိုင်း၊ခြေသိုင်းသုံးခု

တော့တော်တော်ကျွမ်းနေတုန်းပါ…ကျောင်းမှာအလှူပွဲရှိရင်တော့

သက်သာတယ်ကျုပ်တို့လုပ်ရမဲ့ အလုပ်တွေကို..ကပ္ပိယတွေကလုပ်သွား

ကြလို့ပါ…ကျောင်းမှာစာသင်ကျောင်းတွေမဖွင့်မချင်းနေရတာ..တစ်ခါတစ်ခါ

ပျင်းလို့အိမ်ပြန်ပြီး အဖေကိုတော်ပြီးဘုန်းကြီးကျောင်းမနေချင်တော့ဘူး

ပြောရင် အဖေက ညကိုဘုန်းဘုန်းဆီလာပြီး..တပည့်တော်သားက

မနေချင်တော့ဘူးတဲ့ဘုရားလို့လျှောက်ရင် ဘုန်းဘုန်းက ကလေးကတော်

တော်..မင်းတို့ကကဲကဲလို့ပြောလွှတ်လို့ အဖေလည်းနောက်ကိုလာမပြောရဲ

တော့ဘူး..ဘုန်းဘုန်းက စာတွေတော်တော်သင်ပေးပါတယ်..လောကနီတိ

တို့ဘာတို့ပေါ့ဗျာ..အင်္ဂလိပ်၊သချာင်္တွေတော့ပါဘူးပေါ့…အဲ့ဒီကျောင်းနေခဲ့

ရတဲ့အကျိုးက မြန်မာစာမှာတော်တော်အထောက်အကူဖြစ်သလို…နေထိုင်

မှု၊နေထိုင်တတ်ခြင်းတွေလည်းတော်တော်ခံစားရပါတယ်..ကျောင်းကထွက်

လာပြီးတဲ့နောက်ပိုင်း မနက်ငါးနာရီဆိုတာအလွန်ဆုံးအိပ်တတ်တော့တယ်..

ဘယ်လောက်အိပ်ရေးပျက်ပျက် အဲ့အချိန်ရောက်ရင် နိုးနေတော့တာ..

ပြီးတော့ ညအိပ်ရာဝင်တိုင်း ဘုရားရှိခိုးပြီးမှအိပ်တတ်တော့တာ…

ဒါလေးတွေကိုရေးပြရတာက ကျုပ်ကြုံခဲ့ရတာလေးတွေကိုပြောပြခြင်

လို့ရယ်..ခုခေတ်ကလေးတွေဘုန်းတော်ကြီးကျောင်းမှာမနေကြလို့

ဘာသာအပေါ် လေးစားယုံကြည်မှုလေးတွေနည်းတယ်ထင်တာရယ်..

ဘုန်းကြီးတွေကိုမလေးစားကြမှာစိုးလို့ရယ်ပါ..ပြီးတော့

ကျုပ်ကလည်းရေးချင်တာရယ်ကြောင့်ပါ….

ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း….

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။