စင်္ကာပူမှ အထူးကု ဆရာဝန်ကြီးများ

သားငယ္January 2, 20121min593

နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများနဲ့ စင်္ကာပူ နိုင်ငံမှ အထူးကု ဆရာဝန်ကြီးတွေ ပူးပေါင်းကာ လာမယ့် ၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ရ ရက်နေ့နဲ့  ၈ ရက်နေ့များ မှာ နှာခေါင်းရောဂါ ဝေဒနာရှင်များ အား ခွဲစိတ်မှု အခမဲ့ အစီအစဉ်နဲ့ ခွဲစိတ် ပေးသွားဖို့ ရှိတယ်လို့ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အထူး ကု ဆေးရုံ သစ်ကြီးမှ အထူးကု ဆရာဝန်ကြီး တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

ခွဲစိတ်မှု ရယူလိုတဲ့ နှာခေါင်းရောဂါ ဝေဒနာရှင်များ အနေနဲ့ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အထူးကု ဆေးရုံသစ်ကြီး ၊ ပြင်ပ လူနာ ဌာနမှာ လာရောက် စစ်ဆေးမှု ခံယူကာ စတင် စာရင်း ပေးသွင်းနိုင် ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆရာဝန်ကြီးများက ခွဲစိတ်ဖို့ လိုအပ် တဲ့ နှာခေါင်းရောဂါ ၊ နာတာရှည် ထိပ်ခတ် နာ ရောဂါ ၊ နှာခေါင်း အသားပို ထွက်တဲ့ ရောဂါတွေကို အခမဲ့ ခွဲစိတ်မှု ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ခွဲစိတ်မှုမှ တစ်ဆင့် လိုအပ်တဲ့ ဆေးဝါး ကုသစရိတ် ေ တွကိုတော့ ရောဂါ ဝေဒနာရှင်တွေက ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

3 comments

  • ငပေါက်ဖော်

    January 2, 2012 at 11:16 pm

    အင်း.
    ကောင်းပါလေ့ဗျာ
    ခွဲစိတ်ခ သက်သာလဲ မနဲပါဘူး
    သတင်းကောင်းလို ့ပဲပြောပါရစေ

  • အော် သူများနိုင်ငံကလူတွေ အလှုူပြုကျတော့ ကိုယ့်ကိုကိုယ်တောင်သိမ်ငယ်မိပါရဲ ့ဗျာ။

  • etone

    January 3, 2012 at 2:45 pm

    မရှိဆင်းရဲသားတွေအတွက်တော့ ကောင်းသတင်းပါပဲ … ။
    ပညာရပ်တွေ ပူးပေါင်း ဖလှယ်ကြပြီး …. မတတ်နိုင်တဲ့ လူတွေကို ကူညီပေးမယ့် အသင်းဖွဲ့မျိုး များများ ပေါက်ပေါက်စေချင်တော့တာပါပဲ … ။

Leave a Reply