ကားပေါ်မှာ မောမောနဲ အိပ်ပျော်လာလိုက်တာ ပုဂံမြို့ ကိုဝင်တာတောင် မသိလိုက်ဘူ.. Local Guide ရဲ့ အလွတ်ကျက်ထားတဲ့ စာသံပေသံ နဲ မိတ်ဆက်တဲ့ အသံကြားမှ နိုးတော့တယ်.. ။အိပ်ချင်မူးတူးနဲ နာ၇ီကို လှမ်းကြည့်လိုက်တော့  မနက် ၁ဝး၃ဝ ခန့်၇ှိပြီ.။ ဒါဆို ပုပ္ပါးနဲ ပုဂံက ၂ နာ၇ီ ကျော်ကျော်လောက် ဝေးဒါပေါ့.။ Local Guide ကတော့ သူ့နာမည်ကို အ၇င် မိတ်ဆက်ပြီး ပုဂံ ယဉ်ကျေးမှုနယ်မြေ မှ ကြိုဆိုပါတယ်.. စသဖြင့် ဘာညာသရကာ နေကြာကွာစိ တောင်ကြီးပဲလှော် အာလူး ဖုတ်ပါတယ်..။ :D
ပထမဆုံးအနေနှင့် ကျွန်မ တို့ကို လိုက်ပို့တာက ” ကန်တော့ပလ္လင်” ဘု၇ားပါ.။ Guide  ပြောပြချက်အရ အလောင်းစည်သူမင်းတရားကြီးရဲ့ မြေတော်စပ်သူ မင်းတစ်ပါး ( နာမည် မမှတ်မိပါ) က ဘိုးတော် အလောင်းစည်သူမင်းကြီး ကို  ပြစ်မှားမိလို့ အပြစ်ကနေလွတ်အောင် အလောင်စည်သူမင်းရဲ့ ပလ္လင် ကို ဌာပနာ ထားပြီး တည်ထားကိုးကွယ် ခဲ့တာတဲ့.။( စေတီဘုရားပုထိုး အဖြစ် ရှေ့ခိုးကန်တော့ ဖို့သင့်မသင့် ဆိုတာတော့ ကိုယ့်ဘာသာ ကိုယ်စဉ်စားဆင်ခြင်ကြပါကုန်)(ဤကားစကားချပ်)။
ကျွန်မ တို့ အဖွဲကလည်း ဘုရားသမိုင်းကို ဓါတ်ပုံ၇ိုက်တာလောက် စိတ်မဝင်စားကြလေတော့ ဘုရား ရှိခိုး ဖို့ ၅ မိနစ်အချိန်ပေးရင် ဓါတ်ပုံရိုက်ဖို့ နာ၇ီ ဝတ် အချိန်ပေးကြပါတယ်။ :D
Guide  ပြောပြချက်အရေ၇ာ ကျွန်မ တို့ကြားဖူးသလောက်ပေါ့လေ “လှည်းဝင်ရိုးသံတညံညံ ပုဂံဘု၇ားပေါင်း” ဆိုတဲ့ ဆို၇ိုးစာကားအတိုင်း ပုဂံပြည်မှာ ဘု၇ားပောင်း “၄ သန်း” ကျော် ၇ှိပါတယ်တဲ့.။ဘာဖြစ်လို့ အဲလောက်တောင်ဘု၇ား များ၇လည်း ဆို၇င် ဟိုးအ၇င် က ပုဂံပြည်သူပြည်သားတွေက အ၇မ်းချမ်းသာပြီး မုဆိုးမ က အစ ဘု၇ားတည်နိုင်လို့ပါတဲ့လေ..။ ဘောစိတွေ ပေါ့..။

ဘာကြောင့် ပုဂံပြည်သူပြည်သားတွေ အဲလောက် ချမ်သာကြလဲ သိလား.. စိတ်ကြွဆေးတွေေ၇ာင်းလို့.. အဲ မှားလို့.. :P..
ဘယ်ဘု၇င်လက်ထက် တုန်းကလည်း မသိဘူး.. အ၇ှင်အစ္ဈဂေါဏ (စာလုံးပေါင်းသတ်ပုံမှားနိုင်သည်။) ဆိုတဲ့ ထွက်၇ပ်ပေါက် ပုဂ္ဂိုလ် တစ်ဦး၇ှိသတဲ့ (ထွက်ပြီးတော့၇ပ်ပဲပေါက်သလား မတ်တပ်ပဲပေါက်သလား မပြောတတ်ပါ ..:P )။ သူ့ဆီမှာ သတ္တုတွေ ကိုေ၇ွှဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်း၇ှိတယ်တဲ့ (ဓါတ်လုံအကြောင်းကို အကျယ်မချဲတော့ပါ။) ဖိုထိုး၇င်း၇ထားတာပေါ့လေ.။ အဲဒီဓါတ်လုံနဲ ထိလိုက်တဲ့ အ၇ာမှန်သမျှရွှေဖြစ်သွားတယ်တဲ့.။ သူက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြီး တို့ပေးသတဲ့ သူ့ဓါတ်လုံးနဲ..။ ဒါ့ကြောင့် ပုဂံပြည်သူပြည်သားတွေက ချမ်းသာလာပြီးဘု၇ားတည်နိုင်တာတဲ့..။ ဒါပေမဲ့ အဲဒီ ပြည်သူတွေကလည်း စိတ်အားထက်သန်စွာ ဘု၇ားတည်ကြတာမဟုတ်ပါဘူးတဲ့.. ဘု၇င်က ဘု၇ားမတည်၇င် သတ်မယ်ပြောလို့တည်ကြတာတဲ့..။

သူပြောပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ကျွန်မ စိတ်အ၀င်စားဆုံးက အ၇ှင်အစ္ဈဂေါဏ ရဲ့ ဓါတ်လုံးပါ..။ ဟုတ်တယ်လေ ဒီလောက်အစွမ်းထက်တဲ့ ဓါတ်လုံးကို ဘယ်သူ ကများ စိတ်မ၀င်စားပဲနေနိုင်မလဲ..။ တစ်လုံးလောက်ရလိုက်လို့က တော့ မြန်မာ ပြည်က ဆင်းရဲချမ်းသာ ကွာဟနေသမျှ အကုန် တန်းတူ ဖြစ်အောင်လုပ်ပစ်မယ်.. ဒါတင်မက ဘူး တစ်ကမ္ဘာ လုံးက ဆင်းရဲနေတဲ့ သူတွေအားလုံးကို ချမ်းသာအောင်လုပ်နိုင်မယ်လေ.. ။ အ၇ှင်အစ္ဈဂေါဏ လို မြန်မာပြည် ကလူတစ်ချို့တစ်ဝက် သိတာလောက်နဲ ပြီးမသွားပဲ ကမ္ဘာတောင်ကျော်အုံမယ်လေ.. ဟုတ်ဘူးလား..။ :D

ကန်တော့ပုလ္လင် ဘုရား

ကန်တော့ပုလ္လင် ဘုရား

ကန်တော့ပုလ္လင် စေတီ အတွင်းက ဘုရားဆင်းထုတော်

ကန်တော့ပုလ္လင် စေတီ အတွင်းက ဘုရားဆင်းထုတော်

နောက်ခံ နံ၇ံဆေးပန်းချီနဲ ဘု၇ားဆင်းထုတော်

နောက်ခံ နံ၇ံဆေးပန်းချီနဲ ဘု၇ားဆင်းထုတော်

နောက်ခံ နံ၇ံဆေးပန်းချီနဲ ဘု၇ားဆင်းထုတော်

နောက်ခံ နံ၇ံဆေးပန်းချီနဲ ဘု၇ားဆင်းထုတော်

ဆက်ပါအုံးမည်..
we R one

About we R one

has written 65 post in this Website..

https://5tds.wordpress.com/