အမှတ်တရ ပုဂံပြည် အပိုင်း – ၁

we R oneJanuary 5, 20121min22020

ကားပေါ်မှာ မောမောနဲ အိပ်ပျော်လာလိုက်တာ ပုဂံမြို့ ကိုဝင်တာတောင် မသိလိုက်ဘူ.. Local Guide ရဲ့ အလွတ်ကျက်ထားတဲ့ စာသံပေသံ နဲ မိတ်ဆက်တဲ့ အသံကြားမှ နိုးတော့တယ်.. ။အိပ်ချင်မူးတူးနဲ နာရီကို လှမ်းကြည့်လိုက်တော့  မနက် ၁ဝး၃ဝ ခန့်ရှိပြီ.။ ဒါဆို ပုပ္ပါးနဲ ပုဂံက ၂ နာရီ ကျော်ကျော်လောက် ဝေးဒါပေါ့.။ Local Guide ကတော့ သူ့နာမည်ကို အရင် မိတ်ဆက်ပြီး ပုဂံ ယဉ်ကျေးမှုနယ်မြေ မှ ကြိုဆိုပါတယ်.. စသဖြင့် ဘာညာသရကာ နေကြာကွာစိ တောင်ကြီးပဲလှော် အာလူး ဖုတ်ပါတယ်..။ 😀
ပထမဆုံးအနေနှင့် ကျွန်မ တို့ကို လိုက်ပို့တာက ” ကန်တော့ပလ္လင်” ဘုရားပါ.။ Guide  ပြောပြချက်အရ အလောင်းစည်သူမင်းတရားကြီးရဲ့ မြေတော်စပ်သူ မင်းတစ်ပါး ( နာမည် မမှတ်မိပါ) က ဘိုးတော် အလောင်းစည်သူမင်းကြီး ကို  ပြစ်မှားမိလို့ အပြစ်ကနေလွတ်အောင် အလောင်စည်သူမင်းရဲ့ ပလ္လင် ကို ဌာပနာ ထားပြီး တည်ထားကိုးကွယ် ခဲ့တာတဲ့.။( စေတီဘုရားပုထိုး အဖြစ် ရှေ့ခိုးကန်တော့ ဖို့သင့်မသင့် ဆိုတာတော့ ကိုယ့်ဘာသာ ကိုယ်စဉ်စားဆင်ခြင်ကြပါကုန်)(ဤကားစကားချပ်)။
ကျွန်မ တို့ အဖွဲကလည်း ဘုရားသမိုင်းကို ဓါတ်ပုံရိုက်တာလောက် စိတ်မဝင်စားကြလေတော့ ဘုရား ရှိခိုး ဖို့ ၅ မိနစ်အချိန်ပေးရင် ဓါတ်ပုံရိုက်ဖို့ နာရီ ဝတ် အချိန်ပေးကြပါတယ်။ 😀
Guide  ပြောပြချက်အရ ရော ကျွန်မ တို့ကြားဖူးသလောက်ပေါ့လေ “လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့ ဆိုရိုးစာကားအတိုင်း ပုဂံပြည်မှာ ဘုရားပောင်း “၄ သန်း” ကျော် ရှိပါတယ်တဲ့.။ဘာဖြစ်လို့ အဲလောက်တောင်ဘုရား များရလည်း ဆိုရင် ဟိုးအရင် က ပုဂံပြည်သူပြည်သားတွေက အရမ်းချမ်းသာပြီး မုဆိုးမ က အစ ဘုရားတည်နိုင်လို့ပါတဲ့လေ..။ ဘောစိတွေ ပေါ့..။

ဘာကြောင့် ပုဂံပြည်သူပြည်သားတွေ အဲလောက် ချမ်သာကြလဲ သိလား.. စိတ်ကြွဆေးတွေရောင်းလို့.. အဲ မှားလို့.. :P..
ဘယ်ဘုရင်လက်ထက် တုန်းကလည်း မသိဘူး.. အရှင်အစ္ဈဂေါဏ (စာလုံးပေါင်းသတ်ပုံမှားနိုင်သည်။) ဆိုတဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် တစ်ဦးရှိသတဲ့ (ထွက်ပြီးတော့ရပ်ပဲပေါက်သလား မတ်တပ်ပဲပေါက်သလား မပြောတတ်ပါ ..:P )။ သူ့ဆီမှာ သတ္တုတွေ ကိုရွှေဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းရှိတယ်တဲ့ (ဓါတ်လုံအကြောင်းကို အကျယ်မချဲတော့ပါ။) ဖိုထိုးရင်းရထားတာပေါ့လေ.။ အဲဒီဓါတ်လုံနဲ ထိလိုက်တဲ့ အရာမှန်သမျှရွှေဖြစ်သွားတယ်တဲ့.။ သူက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြီး တို့ပေးသတဲ့ သူ့ဓါတ်လုံးနဲ..။ ဒါ့ကြောင့် ပုဂံပြည်သူပြည်သားတွေက ချမ်းသာလာပြီးဘုရားတည်နိုင်တာတဲ့..။ ဒါပေမဲ့ အဲဒီ ပြည်သူတွေကလည်း စိတ်အားထက်သန်စွာ ဘုရားတည်ကြတာမဟုတ်ပါဘူးတဲ့.. ဘုရင်က ဘုရားမတည်ရင် သတ်မယ်ပြောလို့တည်ကြတာတဲ့..။

သူပြောပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ကျွန်မ စိတ်အဝင်စားဆုံးက အရှင်အစ္ဈဂေါဏ ရဲ့ ဓါတ်လုံးပါ..။ ဟုတ်တယ်လေ ဒီလောက်အစွမ်းထက်တဲ့ ဓါတ်လုံးကို ဘယ်သူ ကများ စိတ်မဝင်စားပဲနေနိုင်မလဲ..။ တစ်လုံးလောက်ရလိုက်လို့က တော့ မြန်မာ ပြည်က ဆင်းရဲချမ်းသာ ကွာဟနေသမျှ အကုန် တန်းတူ ဖြစ်အောင်လုပ်ပစ်မယ်.. ဒါတင်မက ဘူး တစ်ကမာ္ဘ လုံးက ဆင်းရဲနေတဲ့ သူတွေအားလုံးကို ချမ်းသာအောင်လုပ်နိုင်မယ်လေ.. ။ အရှင်အစ္ဈဂေါဏ လို မြန်မာပြည် ကလူတစ်ချို့တစ်ဝက် သိတာလောက်နဲ ပြီးမသွားပဲ ကမာ္ဘတောင်ကျော်အုံမယ်လေ.. ဟုတ်ဘူးလား..။ 😀

ကန်တော့ပုလ္လင် ဘုရား
ကန်တော့ပုလ္လင် ဘုရား
ကန်တော့ပုလ္လင် စေတီ အတွင်းက ဘုရားဆင်းထုတော်
ကန်တော့ပုလ္လင် စေတီ အတွင်းက ဘုရားဆင်းထုတော်
နောက်ခံ နံရံဆေးပန်းချီနဲ ဘုရားဆင်းထုတော်
နောက်ခံ နံရံဆေးပန်းချီနဲ ဘုရားဆင်းထုတော်
နောက်ခံ နံရံဆေးပန်းချီနဲ ဘုရားဆင်းထုတော်
နောက်ခံ နံရံဆေးပန်းချီနဲ ဘုရားဆင်းထုတော်

ဆက်ပါအုံးမည်..
we R one

20 comments

  • Moe Z

    January 5, 2012 at 2:00 pm

    ဟုတ်ကဲ့ ဆက်ရေးပါ စောင့်ဖတ်ပါဦးမည် 🙂

  • windtalker

    January 5, 2012 at 2:36 pm

    အခုလို ဘဲ
    ပုံနှင့် တစ်ကွ ဆက်လက်ဖြေဆိုပါ

  • koaung

    January 5, 2012 at 3:02 pm

    ဆက်ပါဦး ဗျိုး

  • eainsoemay

    January 5, 2012 at 4:18 pm

    လေဝင်ရိုးသံတညံညံ မဟုတ်ဘူးညီမ
    လှည်းဝင်ရိုးသံတညံညံပါ

    • we R one

      January 5, 2012 at 5:28 pm

      ဆောတီး ရေးချင်ဇောနဲ မှားတွားတယ်..။ 😀 အမှားထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်..။
      ပြန်ပြင်လိုက်ပါ့မယ်

  • Anzartone

    January 5, 2012 at 4:42 pm

    ကျွန်တော်လည်း လာရောက် အားပေး၊ ကြည့်ရှု သွားပါတယ်။

  • ဆူး

    January 5, 2012 at 5:01 pm

    လှည်းနဲ့ လေ နဲ့ မှားရိုက်ထားမိနေပြီ။
    ပုဂံ ဆိုတာ မြန်မာတို့ရဲ့ ရာဇဝင် အသည်းနှလုံးပါပဲ။
    ပုဂံ ကို ရည်မှန်းပြီး လာတဲ့ နိုင်ငံခြားသားတွေ အများကြီးပါပဲ။
    ပုဂံ ကြောင့်လည်း မီးခိုးမထွက်တဲ့ စက်ရုံ (ခရီးသွား) လုပ်ငန်း ဝင်ငွေတွေ ရရှိနေပါတယ်။
    မြန်မာတိုင်းလည်း ပုဂံ ကို ရောက်ဖူးသင့်ပါတယ်။

    သူများ နိုင်ငံတွေ ဒီလိုနဲ့ လုပ်စားနေတာ များလှပြီ။

    ဆက်ရေးပါအုန်းနော်။

    • we R one

      January 5, 2012 at 5:34 pm

      မီးခိုးမထွက်တဲ့ စက်ရုံးဆိုတာ ရာနှုန်းပြည့် မှန်ပါ့မလား မဆူးရယ်…။ Tourist တစ်ယောက်က နိုင်ငံခြားကနေ ရန်ကုန် ကို လေယာဉ်စီးပြီးလာရတယ်.. ရန်ကနေတစ်ဆင့် ပုဂံကို သွားမယ်ဆို ရင် ကား ၊ ရထား၊ လေယာဉ် တစ်ခုခု စီးပြီးသွားမှပဲရတာမလား..။ ဒီတော့ စက်ရုံတွေလောက် မဟုတ်တောင် မီးခိုး ကတော့ ထွက်ပြီပေါ့…။

      • ဆူး

        January 5, 2012 at 5:43 pm

        အများစု တင်စားတဲ့ ဥပမာ လေးတခုပါပဲ။
        တင်စားတာ ဖြစ်တဲ့ အတွက် အတိအကျတော့ မှန်မှာ မဟုတ်ပါဘူး။
        ပဲကြီးလှော်ပေါ်တဲ့ အညာကိုလည်ပြီး အားရပါးရ စားလို့ အထက်ဆန် အောက်ဆန် လေအားကောင်းမယ် ဆိုရင်လည်း မမ ဝီအာဝမ်းကော အခိုးထွက်တယ် ပြောမလားလို့ တွေးနယ်ချဲ့မိပါတယ်။

      • kai

        January 6, 2012 at 1:16 am

        http://www.amazon.com/Ecotourism-Jagbir-Singh/dp/938002696X

        Eco tourism
        Jagbir Singh – 2010 – Business & Economics – 232 pages
        Tourism is unique because it involves industry without smoke, education without a classroom, integration without legislation and diplomacy without formality.

        အပေါ်ကစာအုပ်မှာ.. Tourism is unique because it involves industry without smoke လို့ရေးထားတယ်…။ 🙂
        ကမ္ဘာကျော်အသုံးအနှုံးပါပဲ..။

        တလက်စထဲ…
        ပုဂံ စေတီပုထိုး အရေအတွက်“ လှည်းဝင်ရိုးသံ တညံညံ ” သံပေါက်နဲ့ပြောရင်.. အဆူပေါင်း ၄၄၄၆၇၃၃ ရှိမယ်..
        မိုင် ၂ဝ ပတ်လည်မှာ… ၄သန်းကျော်ဘယ်လိုတည်မလည်း…

        “ ရွှေလသာ ဝါဝါဝင်း ” ဆိုပြီး ပုဂံစေတီ အဆူပေါင်း ၄၄၆၄၄၄ ဧရာဝတီ မြစ်ကမ်း ပြိုရာတွင်ပါသွားတယ်တဲ့..။

        တဆိတ်…နည်းနည်း..လွန်နေတယ်မထင်မိဘူးလား…။
        ဆိုတော့.. တဆိတ်လွန်တဲ့အထဲ.. ဆိတ်နွားမျက်လုံးနဲ့လူကြီးက ဝင်ရှုပ်လိုက်တော့…
        ဒန်တန်တန်..ထင်ပါကြောင်း…

  • we R one

    January 5, 2012 at 5:41 pm

    ရွာထဲက လူတွေ ကြည့်ရတာ ဘယ်သူမှ ရှင်အစ္ဈဂေါဏ ရဲ့ ဓါတ်လုံးကို စိတ်ဝင်စားပုံ မပေါ်ဘူး..။ ကျွန်မကတော့ စနေ တနင်္ဂနွေတွေမှာ လိုက်ရှာ မလား စဉ်စားနေတာ.. 😛

    • ဓါတ်လုံးရခဲ့ရင်တော့ မဆိုးဘူးနော်။ဟီး

      “””ဆိုရိုးစာကားအတိုင်း ပုဂံပြည်မှာ ဘုရားပောင်း “၄ သန်း” ကျော် ရှိပါတယ်တဲ့.။ဘာဖြစ်လို့
      အဲလောက်တောင်ဘုရား များရလည်း ဆိုရင် ဟိုးအရင် က ပုဂံပြည်သူပြည်သားတွေက
      အရမ်းချမ်းသာပြီး မုဆိုးမ က အစ ဘုရားတည်နိုင်လို့ပါတဲ့လေ..။ ဘောစိတွေ ပေါ့..။””””
      သူကြီးကလဲ မိုင်၂ဝ ပတ်ချာလည်ဘယ်လိုတည်မတဲ့။ဟိုက် ခက်ကုန်ပီ။

  • koyinmaung

    January 5, 2012 at 10:39 pm

    တယ်ကောင်းတဲ့ဓါတ်ပုံတွေပါလား..we R one ရေ
    ကူးသွားပါတယ်…
    ကျေးဇူးနော်

  • padonmar

    January 5, 2012 at 11:29 pm

    we r one ရေ
    ဓာတ်လုံးကိုစိတ်ဝင်စားပါတယ်။
    ရလို်က်လို့ကတော့ gas တွေ ကျောက်မျက်တွေရောင်းနေစရာ မလိုဘူးပေါ့နော။
    ရှင်အဇ္ဇဂေါဏ ဆိုရင်စာလုံးပေါင်းမှန်သွားပါမယ်နော်၊
    အဇ္ဇ=ဆိတ် ၊ဂေါဏ=နွား ပါ၊
    မြန်မာမီးရထားမောသွားပြီး မပြင်နိုင်တော့လို့ အန်တီကဘဲ
    “ဘုရားရှေ့ခိုး ဖို့ ၅ မိနစ်အချိန်ပေးရင် ဓါတ်ပုံရိုက်ဖို့ နာရီ ဝတ် အချိန်ပေးကြပါတယ်”
    စာပိုဒ်ကို ရှိခိုးလို့ ပြင်ပေးပါရစေ၊
    ဘုရားတရားသံဃာမှာ ရှိတဲ့ အရည်အချင်းတွေ အတုခိုးတဲ့အတွက် ရှိခိုးတယ်လို့ခေါ်ပါတယ်။

    • MaMa

      January 6, 2012 at 7:03 am

      အခုမှပဲ မီးရထားခေါင်းတွဲနဲ့ တွေ့တော့တယ် we R one ရေ။ 😀
      (ကျွန်မ တို့ အဖွဲကလည်း ဘုရားသမိုင်းကို ဓါတ်ပုံရိုက်တာလောက် စိတ်မဝင်စားကြလေတော့ ဘုရားရှိခိုးဖို့ ၅ မိနစ်အချိန်ပေးရင် ဓါတ်ပုံရိုက်ဖို့ နာရီဝက် အချိန်ပေးကြပါတယ်။ 😀 ) ဆိုတော့
      ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်းလို့ ကြားဖူးတာ….
      အခုတော့ လိပ်ဥတူးတာက များသွားတယ်ထင်တယ်။ 🙂

      • we R one

        January 6, 2012 at 8:49 am

        တကယ် မဆူးရဲ့ ချဲကား ပြီးပြောတာ မဟုတ်ဘူး.. အားလုံး က ကုမ္ပဏီ က အလကား လိုက်ပို့လို့ သာ လိုက်လာကြတာ..။ ဝါသနာ က ဓါတ်ပုံပဲ.. ဟိဟိ ကျွန်မ အပါအဝင်ပေါ့လေ… 😀

    • we R one

      January 6, 2012 at 8:50 am

      ှရှိခိုး နဲရှေ့ခိုး ကို ပြင်လိုက်ပါပြီရှင့် အမှားထောက်ပြတာကျေးဇူးတင်ပါတယ်။။

  • Khin Latt

    January 6, 2012 at 5:55 am

    ပုဂံ ကို လွန်ခဲ့တဲ့ ၁၅နှစ် ကရောက်ဖူးတယ်။ ဘာမှမပြောင်းလောက်ဘူး ထင်ပါရဲ့။
    နေဝင်ချိန် ကို စောင့်ကြည့်ရတာ ဘယ်ဘုရား ပေါ်ကလဲဟင်။ ကန်တော့ပုလ္လင် ဘုရား လား။
    မမှတ်မိတော့ ဘူး။
    Post လေးတွေ ဆက်တင်ပါဦး။ အလွမ်း ဆက်ကြည့်နေပါ့မယ်။ ကျေးဇူးဘဲနော်။

    မပဒုမ္မာရေ – ရှစ်ခိုး နဲ့ ရှိခိုး အရင်မကွဲတာ အခုမှ ရှင်းတော့တယ်။ ကျေးဇူးပါနော်။

  • ကြောင်ကြီး

    January 6, 2012 at 10:21 am

    အဲဒီဓာတ်လုံး သဂျီးဆီမှာရှိတယ်။ ရွာထဲမှာ တခါမန်းရင် ပွိုင့်တက်နေတာ ကြည့်ပါလား။

  • snow white

    February 22, 2012 at 6:25 pm

    ပုဂံကဘုရားများတယ်နော်ပုံတွေအများကြီးတင်အုံးနော်ပုံဂံကဘုရားပုံတွေလူသိမျာမှာပုံလေးတွေ
    များများတင်ပေးတော့မရောက်ဖူးတဲ့လူတွေသိရတာပေါ့နော်

Leave a Reply