“တွယ်ငြိခြင်းနှင့် လိုက်မမှီသော သဘာဝစုတ်ချက်”

“တွယ်ညိခြင်းနှင့်ပန်းချီငိုသော သဘာဝအလှများ”

1 တွယ်ညိခြင်း အမှတ်တစ်( နံနက်ခင်းလေးမှာပေါ့ လွမ်းစရာ ငါမင်းကို မခွဲနိုင်ဘူးလို့ ပြောခဲ့သလိုပါဘဲ အချစ်ရေ)
2 တွယ်ညိခြင်း(2) ရှိခြင်း နဲ့ မဲ့ခြင်း ခွဲခွာခြင်း နဲ့ပေါင်စည်းခြင်း ရဲ့လွန်ပွဲလေးမှာ တည်းတည်းလေးရှိရင်း ငြိနေတာကတော့ ချစ်ခြင်းရဲ့ သံယောဇဉ်ပေါ့နော်
3တွယ်ညိခြင်း-3 စိတ်ထဲမှာတကယ်မသိ အလိုလိုတွယ်ညီနေတာ ကြာလှပေါ့ကွယ်
4 အလင်းတော့ရောက်ပြီ မင်းနဲ့ငါ လွန်ဆွဲ အချစ်ရယ် ........... တွယ်ငြိခြင်းတွေ ခိုင်မြဲ့ပါရစေနော်
5 အဝေးကြည့်ရင်ဝိုးတဝါး မျက်ရည်တွေကြောင်းများလားမသိ အနီးကြည့်ရင်တော့ ရင်ဆို့ တွဲလွဲခို တည်းတည်းဆို တကယ့်တည်းတည်းလေးဘဲကျန်တဲ့သံယောဇဉ်လေးပါကွယ်
6 သံယောဇဉ် တစ်ပင်ထဲ မခွဲခွာ နှောင်တဲပါရစေလိုု့ တောင်းပန်ချင်

 

7 ရောင်နီမလာစ မူံပြပြ မှာ ကျမဘဝ ခဏလေးလင်းခွင့်ပြုပါနော်8 သစ်ရွက်နဲ့ ပိုးမျှင် ဆက်နွယ်ခြင်းရှည်လျား အားကျမိပါရဲ့ သူတို့အသွင်
9 အနီတဲမှာ အဝါခြယ် တင့်ဆန်းရောင်သွေးကြွယ်
10 သဘာဝတရားရဲ့စုတ်ချက် လူလက်နဲ့ လိုက်မမှီ ပန်းချီဆရာတောင်ငိုချင်အောင်လှပ
11 ပန်းအသွေးက ဝါနီ ကောင်းကင်က မူံရီရီ သဘာဝစုတ်ချက် လိုက်မမှီ

“တွယ်ငြိခြင်းနှင့် လိုက်မမှီသော သဘာဝစုတ်ချက်”

 

မနက်မနက်လမ်းလျျောက်ထွက်တဲ့အခါ လှပတဲ့မြင်ကွင်းတွေ တွေ့ရင် လက်ဆော့ မိပါတယ်။

တစ်ခါတစ်လေ ပကတိအမြင်မှာ မလှပေမယ့်  ကွန်ပြူတာမှာပြန်ကြည့်တော့ အတော်လှ။

အပြင်အမြင်မှာလှပေမယ့် ပုံထွက်လာရင်မူံဝါးဝါး အမျိုးမျုးိပါဘဲ။

အခုရက်မှာတော့ မိုးတိမ်ရော နှင်းထုပါရှိနေတော့ အာရုဏ်တင်မြင်ကွင်းကပိုလှပ ပါတယ်။

တစ်ရက် မနက်ရိုက်ချက်တွေထဲက ပြန်တင်ကြည့်မှ ပိုးမျှင်လေးတွေငြိနေတာကို တွေ့မိပါတယ်။

အဲတော့ သုံးလေးရက်လောက် ပိုးမျှင်ညိတာလေးတွေရှာပြီးတင်ဖြစ်ပါတယ်။

ပိုးမျင်ကို ရိုက်ရင်း သဘာဝ ရဲ့ လိုက်မမှီတဲ့စုတ်ချက်တွေကို ရလိုက်ပါတယ် ။

အဲတော့ ထုံးစံအတိုင်း……………………

ကိုပေါက်လက်ဆောင် စနက်ရှော့မဟုတ်တဲ့လက်ဆော့

(3-1-12)(3)

 

 

 

 

 

 

 

 

 

 

 

19 comments

  • ဒီပုံလေးတွေက ဖေစ်ဘုတ်မှာတော့ တစ်ပုံခြင်းတင်ဘူးပါတယ်။
    ဒီမှာတော့တစ်စုတစ်စည်းတင်ပေးတာပါ။

  • MaMa

    January 3, 2012 at 10:21 am

    ကိုပေါက် ရိုက်ချက်တွေ မြင့်လာတယ်။

  • နွယ်ပင်

    January 3, 2012 at 10:29 am

    လောက်လောက်ပေးရဲ့ ရိုက်ချက်တွေကတော့ လန်ထွက်နေတာပဲ …..

  • weiwei

    January 3, 2012 at 10:39 am

    ပို့စ်ခေါင်းစဉ်ဖတ်လိုက်ပြီး ဝင်မကြည့်ပဲ မနေနိုင်အောင် ဆွဲတောင်သွားပါတယ် …

    ဓါတ်ပုံနဲ့ ပန်းချီမှာ ကွာခြားချက်ရှိတယ် …
    ဓါတ်ပုံကို ပုံကြီးချဲ့ပြီး အိမ်တွေမှာအလှဆင်တာသိပ်မတွေ့ရဘူး …. ပန်းချီကားကို တန်ဖိုးထားပြီး ချိတ်ဆွဲကြတယ် တစိမ့်စိမ့်ထိုင်ကြည့်နေချင်တယ် ဘယ်တော့ကြည့်ကြည့်လဲ မရိုးဘူး … အဲဒါ ဘာကြောင့်လဲ သိလား ??????

  • ငပေါက်ဖော်

    January 3, 2012 at 10:41 am

    တွယ်ငြိနေကြတာ…ဗဲဒီးဂွတ်ပဲဗျာ
    နောက်ခါ
    ကပေ ထန်းပင်ပေါ်က တွဲလွဲခိုနေတဲ့ပုံလေးလုပ်ပါဦးဗျာ

  • water-melon

    January 3, 2012 at 10:56 am

    စိန်ပန်းပင်လေးတွေလည်းတွေ့တယ်
    လှေလှော်နေတဲ့သူတွေကိုလည်းတွေ့တယ်
    ကန်တော်ကြီးလားလေးပေါက်
    လှတယ်ဗျ
    နောက်သွားရင်ခေါ်ပါအုန်းဂျာ့

  • Moe Z

    January 3, 2012 at 11:05 am

    တကယ် ပန်းချီငိုပဲလေးပေါက်ရယ် လှလိုက်တာ
    ပိုးချည်မျှင်တွေကို စိတ်ရှုပ်စရာလို့ပဲမြင်ထားတာကို
    လေးပေါက်ကပြောင်းပြန်ဖြစ်အောင်လုပ်လိုက်တာပဲ..

  • Onyx

    January 3, 2012 at 11:15 am

    ကိုပေါက် ရိုက်ထားတဲ့ view ကို ကြိုက်တယ်ဗျာ ။
    ကျွန်တော်လဲ ဓါတ်ပုံ ရိုက်တာဝါသနာပါတယ် ။
    ကိုပေါက် ရိုက်တဲ့ ပုံတွေကိုကြည့်ပြီး ပညာ ယူရမယ်။ ကျေးဇူးပါ……..

  • မမရေ
    ကိုစိန်သော့ရေးထားတာတွေ
    ညီလေးဂီဂီက ညတိုင်းပြောပေးတာ
    ပုံတစ်ပုံခြင်းကို အသေးစိတ်ပြောပြပေးတာတွေကိုသေချာနားထောင်
    ကိုယ့်စိတ်ကူးလေးနဲ့ပေါင်းပြီးစမ်းသပ်ကြည့်မိတာပါ။

    မဝေရေ
    ပန်းချီကိုကျနော်လည်းပိုနှစ်သက်ပါတယ်။
    ဓါတ်ပုံက စက်ကိရိယာ အကူအညီယူပြီး ပြန်လည်တင်ပြတာ။
    ပန်းချီကတော့ ဖန်တီးသူရဲ့ အနုညာခံစားမူ့နဲ့ ကိုယ်တိုင်လက်ဖြစ်အတတ်ပညာ။
    အဲဒီမှာ ကြည့်သူရဲ့ခံစားချက်ခြင်းကွာသွားတာပါဘဲ။
    (နှစ်သက်တယ်ပြောသူအားလုံးကို ကျေးဇူးတင်သလို
    မနှစ်သက်ဘူးပြောတဲ့သူကိုလည်း “ကျနော်လိုသေးတယ်”ဆိုတာကို
    အမှန်အတိုင်းမြင်အောင်ထောက်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။)

    • weiwei

      January 3, 2012 at 1:59 pm

      ဓါတ်ပုံလေးတွေက သဘာဝပန်းချီကားလေးတွေကို အရမ်းလှလွန်းနေတာကိုမြင်ရင်း ပန်းချီအကြောင်း တွေးမိသွားတာ … ကျွန်မ ပန်းချီမဆွဲတတ်ဘူး .. ဒါပေမယ့် အကြာကြီး ထိုင်ကြည့်နေနိုင်တယ် … ဘာကြောင့် ပန်းချီကားတွေ ဈေးကြီးတာလဲကို ခဏခဏ စဉ်းစားမိတယ် …
      လူ့သဘာဝကိုက သဘာဝကို ငြီးငွေ့တတ်တယ်လို့ ထင်တာပဲ … ပြီးပြည့်စုံတဲ့ သဘာဝအလှထက် တစ်ခုခုလိုနေပြီး ရှာဖွေရတဲ့ ခံစားချက်ကို ပိုကြိုက်တယ်လို့ ထင်မိတယ် …. ပန်းချီကားဆိုတာ ပဟေဌိတစ်ပိုဒ်ကို ပုံဖော်ကြည့်ရသလိုဖြစ်နေပြီး လူကို ပိုဆွဲဆောင်နိုင်တယ်လို့ ထင်မိပါတယ် …

      ဓါတ်ပုံတွေ ရိုက်ချက် ပိုကောင်းလာပါတယ်… ၂၀၁၂ မှာ ဓါတ်ပုံပြိုင်ပွဲဝင်ဖို့တောင် အဆင့်မှီနေပြီ …

  • blackchaw

    January 3, 2012 at 12:21 pm

    မိုက်တယ်ဗျာ။
    ကြည့်ပြီးသားပုံတွေပါ။
    ဒါပေမယ့် တကယ်မိုက်တဲ့ ပုံလေးတွေပါ။
    ပုံ ၅ အကြိုက်ဆုံးပဲ ကိုပေါက်ရေ။

  • mihninlay

    January 3, 2012 at 4:08 pm

    လေးပေါက်ရေ 9.10.11 ပုံလေးတွေအရမ်းကြိုက်တယ်
    တော်တော်လှတယ်
    လေးပေါက်ပုံတွေပိုပိုလှလာတယ်
    ကဗျာလဲပိုဆန်လာတယ်

  • windtalker

    January 3, 2012 at 8:01 pm

    အိမ်း..
    ဈေး / တန်ဖိုး ဖြတ်ရ ရင်ဖြင့်
    တစ်ပုံ ကို ဒေါ်လာ သုံးထောင် စီပေဘဲ ရယ်လို ့သာလေ
    သဂျီးဆီကတောင်းဖို ့နော

  • မောင်ပေ မင်းဘဲ ငါးထောင်မပေးရင် မရောင်းနဲ့ဆိုထားတာ လကွာ
    ရောင်းဘူး ……………….ဈေးနည်းရင်

    • windtalker

      January 4, 2012 at 1:14 pm

      ဟုတ်ပါတယ်
      အဲဒါ က ဟို ပုံ လေ
      ဒါ က ဒီ ပုံ
      ငပေါက်ဖော် က တော့ အာပုံ မှ အာပုံ ဘဲ တဲ့

  • ပေါက်ဖော်အာပုံကြိုက်ရင် မန်းလေးခေါ်ပြီးဈေးချိုထဲက ကုလားမကြီးရောင်းတဲ့အာပုံခေါ်ဝယ်ကြွေးလိုက်လေ

  • inz@ghi

    January 5, 2012 at 6:49 pm

    အပေါ်က flash နဲ့ ဆော်ထားတဲ့ ပုံလေးတွေ ကိုနှစ်သက်သလို
    5 အဝေးကြည့်ရင်ဝိုးတဝါး ကိုနှစ်သက်ပါတယ်ဗျာ…

    ၁၀. ၁၁ ကတော့ pro လက်ရာဗျို့ …perfect ပါပဲ …..
    ကင်မလာ ထက် ကင်မလာနောက်က လူ က ပိုအရေးကြီးတယ်ဆိုတာ ပြနိုင်တဲ့ ပုံလေးတွေပါဗျာ….
    လေးပေါက် collection လုပ်ရင် မေ့မကျန်ခဲ့ရမယ့် ပုံတွေနော …
    လေးစားပါသည်ဗျာ…

    ခင်တဲ့
    ဂီ

  • ရွှေဘိုသား

    January 6, 2012 at 7:21 pm

    အင်းပညာရှင်တွေများ ကိုယ့်ကိုကိုယ် နှိမ့်ချတယ်ဆိုတာ မှန်ပါ့ဗျာ ပညာရှင်အဆင့်ဆိုတာလက်မခံဘူး
    ဝါသနာပါတဲ့ အင်းဘာဖြစ်ဖြစ် ဒီလို ပညာရှင်နဲ့ အသိဖြစ်ရတာ ကောင်းသဗျ

Leave a Reply