ရည်မှန်းချက်

manawphyulayJanuary 2, 20121min20213

မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ဝယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

13 comments

  • unclegyi1974

    January 2, 2012 at 8:40 pm

    ကြာပန်းထက်ကိုဓာတ်ပုံလေးသဘောကျသဗျ
    မနောရေးတဲ့စာအမြဲတော့မမှန်နိုင်ဖူးထင်တယ်နော်
    အများအားဖြင့်တော့မှန်နိုင်ပါတယ်

  • comegyi

    January 3, 2012 at 5:14 am

    ကျည်ပွေ့ကလည်း
    အတက်ပေါက်ချင်ပေါက်လာမှာပေါ့
    မမနောရယ်……

  • Khin Latt

    January 3, 2012 at 5:23 am

    ကြာပန်း မဝယ်ဘူးတော့ အဲဒါကို မသိဘူး။ အခုတော့သိပြီပေါ့။ ကျေးဇူးဘဲနော်။
    ရည်မှန်းချက် ကတော့ ထားနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
    ဒါပေမဲ့ တစ်ခါတစ်ခါ ငယ်တုန်းက ရည်မှန်းချက်တွေ ကတစ်မျိုး၊ ကြီးတော့ ဖြစ်လာတာတွေကတစ်မျိုး 😉
    အန်ကယ်ကြီး ပြောသလိုဘဲ ဓာတ်ပုံလေးက အသက်ပါလိုက်တာ။

    • small cat

      January 3, 2012 at 7:59 pm

      မနောကလည်းရေဘုယျ သဘောကိုပြောတာဖြစ်မှာပါ။ အများအားဖြင့်မှန်ပါတယ်၊ ကျည်ပွေ့အတက်ပေါက်တာက ရှိတော့ရှိတယ် ရှားတယ်ပေါ့ဗျာ။

  • ငပေါက်ဖော်

    January 3, 2012 at 8:09 pm

    ရေလာနေတုန်းမှာ ရေပိုက်ခေါင်းကို ဖွင့်ထားပါ
    အချိန်နဲ ့ပေးတဲ့ ဂျိုးဖြူရေဟာ အချိန်လွန်သွားရင် ထပ်မလွှေတ်ပေးတော့ပါဘူး

    အပျိုဂျီးတွေဟာလဲ ဒီလိုပါပဲ
    အပျိုဂျီးမဖြစ်ခင် အပျိုလေးဘဝကထဲက ဂျီးများပြီး ရေတွေကိုမဖွင့်မိရင် အပျိုဂျီးဘဝရောက်ပြီး ရေငတ်တတ်ပါတယ်

    အရဂါးနောက်ဒါ
    😆

    • koaung

      January 3, 2012 at 8:15 pm

      ရတယ်ရေငတ်ရင် ဘီယာသောက်မယ် 😀

    • KING

      January 3, 2012 at 8:31 pm

      ဂျိုးဖြူရေ မသုံးဘဲ ရေသန့်ဝယ်သုံးတဲ့ မမများကြတော့ …… 😛

    • ငပေါက်ဖော်

      January 3, 2012 at 8:37 pm

      အင်း
      ရှာကြံဖွေကြံသောက်တတ်ရင်တော့
      ရေမငတ်တော့ဘူးပေါ့ဗျာ
      😆

  • TTNU

    January 3, 2012 at 8:57 pm

    မနောရေ ပုံလေးကအသက်ဝင်လိုက်တာနော်။
    တီချာ ကူးသွားပြီနော်။ ကျေးဇူး။

    (တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ
    မပွင့်နိုင်တော့ပါဘူး။ )
    မနောရေ လရောင်ဆမ်းမှ လန်းစွာပွင့်ရှာသည့် ကုမုဒြာ ကရော….

    • manawphyulay

      January 5, 2012 at 10:58 am

      တီချယ်ရေ ကုမုဒြာကလည်း ည သန်းခေါင်မှ ပွင့်တယ်ဆိုပေမယ့် ဟိုတစ်လောက အိမ်ကို သူများပေးလို့ သွားတာ ည ရ နာရီပဲရှိသေးတယ် ပန်းတွေအကုန်ပွင့်နေတာကို တွေ့ရတယ်။ သူလည်း စောပွင့်တယ်လို့မြင်မိပါတယ်။

  • aye.kk

    January 4, 2012 at 6:37 am

    မနောဖြူလေးရေ..
    ကြာ(ရိုးရိုး)ကနံနက်ခင်းမှာပွင့်တာမှန်ပါတယ်..
    ပဒုမ္မာကြာကလရောင်ဆန်းမှအလန်းဆုံးလို့သိထားဘူးပါတယ်..
    ကုမုဒြာကြာကလအရောင်အားကောင်းမှသာပွင့်လန်းပါတယ်..
    ရေမြင့်ကြာတင့်ဆိုတဲ့စကားထုံးလေးအရ..
    ရေမြင့်တက်သမျှကြာကလိုက်ပြီးမြင့်နိုင်လို့လူဆိုတာကြာလိုမြင့်မြင့်ကျင့်ဘို့ဥပမာစကားဆိုရိုးထားခဲ့သတဲ့..
    နောက်တခုကကြာရွက်မှာမိုးစက်မိုးပေါက်ရေအပြင်မည်သည့်ရေပေါက်တို့မျှအတင်မခံပါဘူး..ဒီလိုပါဘဲလူအကျင့်သီလကိုကျင့်ကြံတဲ့အခါမှာလည်းကိသဒေါသအနာတို့ကျရောက်အပေါက်မခံဘဲ
    ကြာရွက်လိုသာပမာထားရှိဘို့တင်စားခိုင်းနှိုင်းခဲ့တာပါတဲ့သိတာလေးပြောပြလိုက်ပါရစေကွယ်..။

  • Zayar kyaw

    January 11, 2012 at 5:28 am

    မမရဲ ့ ပိုစ့်တစ်ခုက ဖတ်တဲ့ လူတိုင်းကို အတွေးအခေါ်တွေ ၊ အသိပညာ ဗဟုသုတ တစ်ခုခုတော့ ရစေတယ်ဗျာ ၊၊ အမြဲတမ်း အားပေးနေပါတယ် မမရဲ ့မောင်လေး ( WTA)၊၊

  • ဆူး

    January 22, 2012 at 5:02 pm

    ကြာလင်ပန်း အမျိုးအစား ကြာတွေတော့ အိမ်မှာ အရောင်စုံရှိတယ်။
    ပဒုမ္မာကြာလည်း အိမ်မှာ စိုက်ထားတယ် မပွင့်နိုင်သေးဘူး။
    တော်ဝင်နှင်းဆီမှာ မနက်စာ မုန့်သွားစားတိုင်း အားကျမိတာ အမောပဲ.. ကြာပန်းတွေ အဲဒီမှာ ကြည့်ကြည့်ပြီး မြေပဒေသာကျွှန်းမှာ သွားသွားဝယ်ဖြစ်မိသွားတယ်။ ပြောချင်တာတော့ ကြာပန်းတွေက မနက်ပိုင်းပွင့်ပါတယ်။ ကုမုဒြာ ကြာတော့ မစိုက်ဖူးဖူး.. ရွာထဲမှာ သူများပြောတာ ကြားဖူးတယ် အဲဒီကြာက ည ၁၂နာရီမှာ ပွင့်တယ်။ အိမ်မှာ ရှိရင် အိမ်သားတွေ ရန်များတယ် ဆိုလား ကြားဖူးလို့ အရူးမထဖြစ်သေးဘူး။ ကြာထဲမှာတောင် ကြာ ထုံစံနဲ့ မညီတဲ့ ကြာရှိသေးတယ် ဆိုတော့ လူထဲမှာလဲ လူ့သဘာဝ နဲ့ ဆန့်ကျင်တဲ့ လူတွေ ရှိမှာပါ။ ကျည်ပွေ့ အတက်ပေါက်ပါမှ ဆိုတဲ့ စကားလေလိုပဲပေါ့။

    ပုံလေးကတော့ တော်တော် လှပါတယ်။ အသက်ဝင်လှတယ်။

Leave a Reply