မော်လမြိုင်က မွန်ပြတိုက်

weiweiJanuary 2, 20124min1216

မော်လမြိုင်သားတွေတောင် တကူးတက သွားကြည့်ကြမယ့် နေရာတစ်ခု ဟုတ်မယ်မထင်ပါဘူး။ ကျွန်မတို့ကို လိုက်ပို့တဲ့ မော်လမြိုင်သားစစ်စစ်ကတောင် တစ်ခါမှ မရောက်ဖူးဘူးလို့ ပြောပါတယ်။ မြို့ပေါ်မှာတည်ရှိပြီး ဝင်ကြေး ၂၀ဝ ကျပ်ပေးရပါတယ်။ ကျောင်းသားကျောင်းသူ အခမဲ့ဖြစ်ပါတယ်။ ၂ ထပ် အဆောက်အဦးတစ်ခုဖြစ်ပြီး အထဲမှာ လေ့လာနေတဲ့ဧည့်သည်တစ်ယောက်မှ မရှိနေတာက ပြတိုက်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ အတွင်းမှာ အလင်းအားမကောင်းပဲ မီးချောင်းသာဖွင့်ထားတာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေခဲ့ပါဘူး။ အေဒီ ၁၅ ရာစုနဲ့ ၁ရ ရာစုက ပန်းချီ ပန်းပု တွေကို ပြသထားတာတွေ့ရပါတယ်။ အများအားဖြင့် ဘုရားဆင်းတုတော်တွေပုံစံတွေဖြစ်ပါတယ်။ ယိုးဒယားလက်ရာနဲ့ အတော်လေးဆင်တူတာကို တွေ့ရပါတယ်။
အားလုံးမဟုတ်ပေမယ့် ရိုက်မိသလောက်ထဲက အဆင်ပြေမယ်ထင်တာလေးတွေ ရွေးတင်ပေးလိုက်ပါတယ် …

ပြတိုက်အဝင်ဝက အပင်လေး
ပန်းချီကားတွေကို ဓါတ်ပုံရိုက်ခဲ့လိုက်တယ်

စာတိုက်သေတ္တာ

ရှင်စောပု ဘုရင်မ
ဘုရင်မ ဥသျှောင် (အေဒီ ၁၅ ရာစု)

ရှင်စောပုဘုရင်မအသုံးပြုခဲ့တဲ့ ဥသျှောင်အစစ်ကို ရွှေတိဂုံစေတီကနေ တွေ့ရှိခဲ့ပြီး ယခုအခါ လန်ဒန်ကပြတိုက်မှာ ရှိနေပါတယ်။ မွန်ပြတိုက်မှာ ပြထားတာက ပုံစံတူပြုလုပ်ထားတာဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ပြတိုက်ဆိုတာ နိုင်ငံနဲ့လူမျိုးတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ ရတနာများစုဆောင်းထားရှိရာနေရာဖြစ်ပါတယ်။ ကြီးကျယ်ခံ့ညားတဲ့ အဆောက်အဦးနဲ့ အပြင်အဆင်တွေ ရှိသင့်ပါတယ်။ ကျွန်မပြတိုက်တွေ အများကြီး ရောက်ဖူးတယ်။ သမိုင်းတွေကို ဝါသနာပါလွန်းလို့ မဟုတ်ပေမယ့် လေ့လာသင့်တယ် သိသင့်တယ်ထင်လို့ သွားကြည့်လေ့ရှိပါတယ်။ နိုင်ငံရပ်ခြားကပြတိုက်တွေကိုရောက်ရင် ကြီးကျယ်ခန်းနားမှုကို အနဲဆုံးခံစားခဲ့ရတာချည်းပါပဲ။
မွန်ပြတိုက်ကလေးကတော့ မွန်ပြည်နယ်က ဘုရားတွေနဲ့ယှဉ်လိုက်ရင် အလွန်သေးငယ်ပြီး သာမန်ဖြစ်လွန်းနေတာကို သတိထားမိခဲ့ပါတယ်။ ကိုယ်ပိုင်စာ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ တိုင်းရင်းသားပြတိုက်ကလေးကို ယခုထက်ပိုပြီး ဂုဏ်ယူဝံ့ကြွားနိုင်တဲ့ ပြတိုက်ကလေးဖြစ်လာပါစေလို့ ဆန္ဒပြုရင်း အမှတ်တရ မှတ်တမ်းတင်ထားလိုက်ပါတယ် ….

6 comments

  • weiwei

    January 2, 2012 at 10:31 pm

    ဘုရားဖူးသွားရင်း ရောက်ဖြစ်ဖို့ မလွယ်တဲ့နေရာမို့လို့ ဦးစားပေးပြီး ဓါတ်ပုံတင်ပေးလိုက်ပါတယ် …
    နောက်နေ့တွေကျမှ ဘုရားတွေနဲ့ ထူးထူးခြားခြားနေရာတွေ၊ စိတ်တိုင်းမကျတဲ့ အယူအဆတွေနဲ့ ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေ ဆက်ပါအုန်းမယ် ….

  • inz@ghi

    January 2, 2012 at 10:41 pm

    တွေ့လား ဒို့လူမျိုးတွေ ယဉ်ကျေးမှု အဆင့်မြင့်မားခဲ့တာ …

    ပုံ…
    သမိန်ဂီ့..

  • hmee

    January 2, 2012 at 11:09 pm

    မော်လမြိုင်သားတွေ သိပ်မရောက်ဘူးဆိုတာ ဟုတ်မှာ။ ရုပ်တုတွေမှာ ဖုန်တွေ အများကြီး မြင်မိတယ်။

  • water-melon

    January 3, 2012 at 11:55 am

    တစ်ခါတစ်ခေါက်တော့ ရောက်ချင်ပါသေးရဲ့

    ဘာလို့ အင်္ဂလန်က ယူသွားတာလဲ
    ဗြိတိသျှတွေဆီမှာ မြန်မာပြည်က လက်ရာတွေအများကြီးဘဲ
    နှမြောတာ မင်းတုန်းမင်းရဲ့ ဆင်စွယ်ကုလားထိုင်ဘဲ
    ပြန်တောင်းလို့မရဘူးလား သူကြီး

  • windtalker

    January 4, 2012 at 2:10 pm

    ကျုပ် မောင်ပေ သည် လည်း မွန်သွေး ၅ဝ ပါတာမို ့
    သေချာ လေ့လာသွားပါကြောင်း ရယ်ပါ

  • KING

    January 4, 2012 at 2:27 pm

    ကျွန်တော်လည်း အောက်ပိုင်း အဲ မြန်မာပြည်အောက်ပိုင်းဆို နှစ်သက်လွန်းလို့
    လာရောက် ကြည့်ရှုလေ့လာသွားပါတယ်
    မြန်မာပြည် ခြေထောက်ဖျားက အကြောင်းလေးတွေ သိရင်လည်း
    ဝေမျှကြပါအုံး …

Leave a Reply