A – တစ်ခု၊ တစ်ကောင်၊တစ်ယောက်

တစ်ခုသောနေ့၏

တစ်ချိန်သောအခါမှာ

တစ်ယောက်သော မိုက်ကယ်ဂျော်နီအောင်ပု ဟူသော

တစ်ယောက်တည်းသော ခပ်ကြောင်ကြောင် ခပ်ငေါင်ငေါင်

တစ်ယောက်သည်

တစ်စုံတစ်ခုကို ကြံစည်နေခိုက်လေသတတ်

တစ်ရံခါ ပြုံးလေသတတ်

တစ်ရံခါ မဲ့လေသတတ်

တစ်ရံခါ တည်ကြည်နေသတတ်

တစ်ရံခါ ဘာဖြစ်နေမှန်းမသိ

တစ်နေ့သ၌

တစ်ယောက်သော မိုက်ကယ်ဂျော်နီအောင်ပုသည်

တစ်မည်သော အရက်

တစ်ပုလင်းကို

တစ်ဖက်သောလက်ဖြင့်

တစ်ခုသော ဖန်ခွက်အတွင်းသို့

တစ်ဖက်သောလက်ဖြင့်ငှဲ့၍

တစ်ချက်တည်းလောင်းထည့်လိုက်လေရာ

တစ်မုဟုတ်ချင်း ပြည့်လုနီးပါးဖြစ်လေသတတ် တွင်

တစ်ဖြည်းဖြည်းခြင်း

တစ်ကျိုက် ပြီး

တစ်ကျိုက်

တစ်ခါတည်း မရပ်မနား သောက်ချလိုက်လေတော့သတည်း။

တစ်ခါတည်းသော မပြီးပြတ်သည့် ဤ အကြောင်းကို နောက်ထပ်

တစ်ခါ

တစ်ကြိမ် ထပ်၍ ရေးပါဦးမည်။

ငါ သည် အရက်တစ်ပုလင်းကို ဖွင့်ဖေါက်ပြီးသည့်နောက်

ငါ ၏လက်တို့ဖြင့်

ငါ ကိုယ်တိုင်

ငါ သောက်မည်ဟု ကြံစည်ထားသော

ငါ ၏ ကိုယ်ပိုင်ငွေကြေးဖြင့် ဝယ်ယူထားသော

ငါ ၏ အရက်ကို

ငါ ကိုယ်တိုင် သောက်ရန် အလို့ငှာ

ငါ အားထုတ်လေ၏။

ငါ ၏ လက်ဖြင့် ဖြည့်ကျည်းပြီးသော

ငါ သောက်မည့်အရက်သည်

ငါ ၏ ခွက် ( အရက်ခွက် ) ထဲသို့ ရောက်သည်ကို

ငါ သိလေသောအခါ

ငါ ၏ စိတ်ကို

ငါ ဆုံးမပြီးသည်နှင့်မနှေး

ငါ စတင်၍ အရက်သောက်လေသတည်း။

ငါ တစ်ခွက်သောက်ပြီးသည့်နောက်

ငါ နောက်ထပ်တစ်ခွက် ထပ်ထည့်ကာ

ငါ ထပ်သောက်ပြန်၏

ငါ ပြီးတော့

ငါ

ငါ တစ်ယောက်တည်း

ငါ ချည်းဘဲသောက်နေရတာ

ငါ သောက်မဲ့အရက်

ငါ မှ မသောက်ရင် ဘယ်သူသောက်မှာလဲ

ငါ သောက်မယ်

ငါ သောက်ဘို့ အရက်တစ်ခွက်

ငါ ကိုယ်တိုင်ထပ်ထည့်

ငါ ကိုယ်တိုင်သောက်တယ်ကွာ

ငါ ပြီး ငါ့ အလှည့်ပါလား

ငါ ပြီး

ငါ လိုက်တာ

ငါ ဘာကောင်မှန်းတောင်

ငါ မသိတော့ပါပေါ့လား။

12 comments

  • ငပေါက်ဖော်

    January 2, 2012 at 11:00 pm

    ငါသည်
    ငါ၏ဘောစိက ချီးပေသမှုပြု၍
    ငါ၏ အားလပ်ချိန်..အိပ်ငိုက်ချိန်.သောက်ကမြင်းကျောထချိန်များကို
    ငါအိ အားနာမှုကို အခွင့်ကောင်းယူပြီးသကာလ
    ငါအိ တာဝန်နှင့်မဆိုင်တဲ့ ကွမ်းယာဆိုင်အား
    ငါအိ စိတ်ပါ.မပါကိုတောင်မမေးစမ်းပဲ အတင်းအကြပ်အူးစီးခိုင်းသဖြင့်
    ငါအိ ရွာထဲကဲချိန်များကို ပေးဆပ်ပြီးသကာလ
    ငါအိ အမူးသိုင်းကွက်ဖြစ်သော တွေ ့မရှောင် အူးနှောက်ဖြင့်
    ငါအိ အမြင်ကတ်လှသော အနှီမိုက်ခဲဂျိုနီအောင်လဘုကို မန် ့လှလျင်ဖြင့်
    ငါအိ ဘေးတွင် အမြည်းကင်းနေ၍
    ငအိ ဘေးတွင် ငါးရှဉ်ခြောက်စပ်တစ်ပွဲ အလျင်အမြန် အလိုရှိနေသည် ဟူအိ
    ပုံ၊
    အေ၊ ဝမ်းကောင်၊ဝမ်းခု၊ဝမ်းယောက်

  • Gipsy

    January 3, 2012 at 8:52 am

    သူသည်
    သူ၏စကား
    သူ့ဝါဒကို
    သူပြောငြားလည်း
    သူ၏အရက်
    သူ့အကြိုက်ဟု
    သူဆိုရာဝယ်
    သူကြိုက်သလို
    သူ့အလိုအတိုင်း ငါမလိုက်….။

  • kotun winlatt

    January 3, 2012 at 9:02 am

    ငါနှင့်ငါကြား ဗျာများနေဆဲ..
    ငါ့ကိုယ်ငါလည်း ဝေခွဲမရ..
    ငါဟာငါမဟုတ်..
    ငါမလုပ်ငါမပြုတ်…
    ငါမရှုပ် ငါမပြုတ်..
    ငါမှငါသို့…
    ငမ်းးငမ်းးတက်ရင်းးး
    ငါ့ဟင်းးတို့သည်…
    အမြည်းးးဖြစ်လေသတည်းးးးး။

  • Moe Z

    January 3, 2012 at 10:20 am

    ဘပု ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဆိုတာ မရှိဘူးတဲ့
    ငါစွဲတွေအရမ်းများနေပြီ လျှော့ဦး 😀 😀

    • ငပေါက်ဖော်

      January 3, 2012 at 10:29 am

      ငါမဆွဲရင် သများဆွဲသွားလိမ့်မကွဲ ့

  • water-melon

    January 3, 2012 at 11:41 am

    ငါသည် နိုင်ငံခေါင်းဆောင် ဖြစ်ခဲ့လျှင် ပြည်သူလူထုတွေရဲ့ ချစ်ခင်မှုကိုလိုချင်သည်
    ငါသည် ရဲတစ်ယောက် ဖြစ်ခဲ့လျှင် ပြည်သူလူထုတွရဲ့ လုံခြုံမှုကို ကာကွယ်ပေးချင်သည်
    ငါသည် ရှေ့နေတစ်ယောက် ဖြစ်ခဲ့လျှင် ကြီးတဲ့အမှု ငယ်အောင်၊ငယ်တဲ့အမှု ပပျောက်အောင်လုပ်ချင်သည်
    ငါသည် စည်ပင်သာယာ ဖြစ်ခဲ့လျှင် လမ်းတံတားတွေကို ခိုင်ခံအောင် ဆောက်ချင်သည်
    ငါသည် ရေ ဖြစ်ခဲ့လျှင် ပြည်သူလူထုကို အပြည့်အဝ သုံးစွဲစေချင်သည်
    ငါသည် လျှပ်စစ် ဖြစ်ခဲ့လျှင် ပြည်သူလူထုကို အပြည့်အဝ သုံးစွဲစေချင်သည်
    ငါသည် သားကောင်းတစ်ယောက် ဖြစ်ခဲ့လျှင် မိဘမွေးကျေးဇူးကို ဆပ်ဖူးချင်သည်
    ငါသည် အဖေတစ်ယောက် ဖြစ်ခဲ့လျှင် သားသမီး၏ လိုအင်ဆန္ဒကို ပြည့်ဝချင်သည်
    ငါသည် ❓

  • သာမိညောင်

    January 3, 2012 at 11:49 am

    ငါ ဆရာကြီး ဦးဘဇင်းခင်ဗျား
    ငါ သောက်သည့်အရက် ကုန်ကျငွေတွေကို
    ငါ ၏ အဖေ အမေသာ ထမင်း အဟာရ မှီဝဲပါက ဗျာပါဒ လျှော့ကျ ရမည်ကိုမသိသော
    ငါ သည် ( နွား ) ပါတစ်ကား ဟု သံဝေဂနိဂုံးလေး ဖြည့်ထည့်လိုက်ရင်
    ငါ လူကောင်းဖြစ်တန်ပါရဲ့

  • small cat

    January 4, 2012 at 6:47 am

    ကိုအောင်ပု ဘီယာတွေသိပ်မသောက်နဲ့။ဗိုက်ကြီးရွှဲလိ်မ့်မယ်။

  • ငါသည် ငါ မဟုတ်ဟု
    ငါ မသိသေးသောကြောင့်
    ငါ ဟု ဆက်ကာ ကြွေးကြော်မိပြန်၏
    ထို့ကြောင့် ငါသည် ငါ မဟုတ်ဟု
    ငါ သိအောင် ငါလုပ်မည်ဟု ကြိုးစားပြန်သောအခါတွင်လည်း
    ငါ သိအောင် ဆိုတဲ့ ငါ ရှိနေသောကြောင့် ငါ သည် အခုချိန်ထိ ငါ ဖြစ်နေတုန်း၏ … 😛

  • windtalker

    January 4, 2012 at 1:12 pm

    ငါ…ငါ…ငါ
    ငါ ဆိုတာ မောင်ပေ ဘာကွယ်လဟယ်
    ကေပေါရင် ရန်ဂုန် ဂိုးမယ်
    နှူးဘာများနဲ ့ပျော်မယ် ပါးမယ်….
    ဟိုဆတ် ဒီဆတ် လဲ ဂိုးချင်ဒလယ်…
    ( မှတ်ချက် ကျုပ် ရေးတဲ့ ကွန်မင့် ကို ဝင်မပြောင်ရ ၊ ဝင်ပြောင်တဲ့သူ ဖင်မှာ ပွေးရှိလို ့ပြောင်တာ ဖြစ်တယ် )

  • ကြောင်ကြီး

    January 5, 2012 at 12:39 pm

    အောင်ဘုတယောက် ငါမှန်းမသိဖြစ်နေချိန်ဝယ် အချိန်မတော် အလည်ရောက်ရှိလာသော ဧည့်သူမလေးဖြိုးအား ငါမဟုတ် ငါမဟုတ် ဆိုကာ ငေါက်ငေါက်ထိုးလျက် အတင်းအဓမ္မ ပြုမူသောကြောင့် ဖြိုးလေးခင်ဗျာ ငိုယိုထွက်ပြေးရလေတော့သတည်း။

    မှတ်ချက်။ လက်ညှိုးငေါက်ငေါက်ထိုး ဆဲဆိုခြင်းဖြစ်သည်။

  • manawphyulay

    January 5, 2012 at 5:05 pm

    တစ်နေ့တစ်နေ့
    တစ်ရွေ့တစ်ရွေ့၊
    တစ်နေ့ တစ်ရွေ့
    တစ်ရွေ့တစ်နေ့။
    တစ်နေ့နေ့၊ တစ်ရွေ့ရွေ့
    တစ်ရွေ့ရွေ့၊ တစ်နေ့နေ့
    အဲဒီနေ့…………..။။

Leave a Reply