ရှေ ့ကလူကလဲ

သားငယ္January 3, 20121min1435

ရှေ ့ကလူကလဲ..ကောင်းကောင်းမသွားဘူး..နောက်ကလူတွေကလဲ.ကောင်းကောင်း မလိုက်ဘူး
ဒီလိုလူတွေများနေသောမြန်မာပြည်မှာ  စည်းကမ်းပိုင်း စနစ်ပိုင်းကို အထူး ပြုပြင်သင့်ဟုထင်မိ
ဒါပေမယ့် စဉ်းစားစရာတွေကလဲ များ ပါတယ်။တစ်ချို ့ကိစ္စတွေမှာ လုပ်ပေးနိုင်ပြီး လုပ်မပေးသေးတာလေးတွေ
က ဘာလို ့လဲ..ဆိုတာ…တကယ်လုပ်မယ်ဆိုရင် အခုအချိန်မှာ လက်တွေ ့
လုပ်လို ့ရတဲ ့ကိစ္စတော်တော်များများ ပြီးစီးအောင်လုပ်ပေးဖို  ့လိုမယ်လို ့ထင်ပါတယ်ဗျာ။
အရင်က ခေါက်ရိုးကျိုးနေတဲ ့လူအင်အားကများနေ အင်အားကကြီးနေလို ့အခုမှာ တကယ်ပြုပြင် ပြောင်းလဲ
မယ့်လူတွေ ကမတွန်းလှန်နိုင်သေးလို  ့ တဖြည်းဖြည်းချင်းသွားနေရတာလား..
ပြုပြင်မယ်ဆိုရင်လည်း အားလုံးလိုလိုက ပြင်ရမှာတွေချည်းပါဘဲ တော်တော်ဆိုးဆိုးဝါးဝါး ပြီးပြီးရော လုပ်ခဲ ့
ကြတာတွေ ချည်းဘဲဆိုတော့ ကာ စတိလောက်မြေလှန် သလို လုပ်နေလို ့တော ့ပြောင်းလဲလာမှာ မဟုတ်ဘဲ
တကယ်ကို နိုက်နိုက်ချွတ်ချွတ် လိုက်လုပ်နိုင်ပါမှ အဆင်ပြေမှာပါ ။
အခု ချိန်မှာက ကောင်းဖို ့တကယ်လုပ်နေတဲ ့သူတွေက နည်းနေပြီး ဘေးထိုင် ဘုပြောနေတဲ ့သူကများနေ
အချိုူ ့ကလည်းကိုယ်ကျိုးအတွက် ဘယ်လိုအကျိုးတွေရနိုင်မလည်း ဆိုပြီး ချောင်းနေကြ တာဆိုတော့
ရွေပြည်တော် မျှော်တိုင်ဝေး နေရပေါ့..
အဓိက ကတော ့စည်းကမ်းပိုင်းပါဘဲ..ပြီးခဲ ့တာတွေကို ထားခဲ ့လိုက်ပါတော့
မပြောကြတော့ ဘဲ အခုချိန်ကစပြီးပြုပြင်မယ်ဆိုရင်တော့ ကောင်းတဲ ့အချိန်ကို အမြန်ဆုံးရောက်လာမှာပါ။
အပြစ်လုပ်ထားတဲ ့သူတွေက လဲ အလွာအသီးသီးက လူမျိုးအဖုံဖုံပါဘဲ . .
သူကောင်းလားဆိုတော့ မကောင်းဘူး ငါရောကောင်းလားဆိုတော ့ငါလဲမကောင်းခဲ ့မိဘူး..အများကိုပြောတာပါ။
ကောင်းတဲ ့သူကတော ့အထူးနည်းပါးလို ့အဆိုးတွေချည်းများနေတာပါ…
လမ်းဘေးမှာဈေးရောင်းတဲ ့ သူကအစ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများအဆုံး အားလုံး က ကိုယ့်အတွက်ဆိုတဲ ့
ကိုယ်ကျိုးစီးပွားကို ကြည့်ကြတာ များတယ် . ဒါကတော ့လူတွေရဲ ့အတ္တဘဲ ဆိုတော ့
ဒါပေမယ့်သတ်မှတ်ချက်မရှိတဲ ့အခါကြတော ့ ဘောင်တွေကျော်ကုန်အောင် အခွင့်အရေးတွေယူ ကုန်ကြရော..
ဘယ်သူသေသေ ငတေမာရင် ပြိးရော ဆိုတ ဲ့အဆင့်ကို ရောက်ကုန်ကြ တာဘဲ.
လမ်းဘေးမှာ ဈေးရောင်းတဲ ့ဈေးသည်ကလည်း ဈေးကိုမတန်တဆ အော်ရောင်းတာဘဲ အချဉ် မိမလားလို ့
လုပ်ငန်းရှင်ကြီးတွေကလည်း မတရား ခိုးထုတ် ခိုးသွင်း လုပ်ကြတာဘဲ..
မတရားတာ တရားတာထက် ကိုယ့်အတွက် ဘယ်လောက်ကျန်မယ်
ဘယ်လိုအတိုင်းအတာမျိုးထိ လုပ်မယ်ဆိုတာ မရှိတော့ ဘူး အတောမသတ်တဲ ့လောဘနောက် ကို လိုက်ကြ
တော့ တာဘဲ..အားလုံးကို တန်းတူသတ်မှတ်ချက်ပေးမယ် အဲ့စည်းကမ်းကို ဘယ်သူကမှ ကျော်လွန်လို ့မရနိုင်
ဘူးဆိုရင်..အကောင်းဆုံးဖြစ်မှာဘဲ..အဲ့လိုသတ်မှတ်စည်းကမ်းကို မထုတ်ပြန်တာက ..ဘာလို ့လဲ…
အခြေခံစားသောက်ကုန်တွေဈေးတတ်တယ်..ဘာကြောင့်လဲ..
ဝန်ထမ်းတွေလစာနဲ ့ စားသောက်နေထိုင်စရိတ် ကာမိအောင် ဘယ်လိုလုပ်မလဲ…
ကျနော် မြင်တာကတော ့လှည့်ကွက်တစ်ခုကို မကျာ်နိုင်သေးပါဘူး ပွင့်လင်း မြင်သာမှု ့လည်း မရှိသေးပါဘူး.
နောက်ကွယ်က မမြင်နိုင်တဲ ့အရာတွေ အများကြီး ကို ဖုံးကွယ်ထားပါတယ် ။

ဒိအချိန်မှာ အရေးပေါ် အစည်းအဝေးတွေလုပ်ပြီး တော ့ အမြန်ဆုံးအကောင်အထည် ဖော်သင့်တဲ ့ကိစ္စတွေကို
အမြန်ဆုံး ပြုလုပ်သင့်နေပါပြီ..လွတ်တော်ထဲမှာ အဆင့်ဆင့် တင်ပြ မဲခွဲ ဆုံးဖြတ်ချက်ချ အချိန်တွေ အများကြီး
ပေးဆပ်ရပါဦးမယ်..ဗိုက်အရမ်းစာနေတဲ ့ အချိန်မှာ ထမင်း ဟင်းပွဲ ကြီးတစ်ခုကို ပြင်ဆင်ပြီးမှ စားမယ်ဆိုပြီး
အခုမှ စပြီး ဆန်စဆေးပါမယ်..ပြီးရင် ဟင်းတွေချက်ပြုတ် ပါဦးမယ် ဒါပြိးရင် ခမ်းခမ်းနားနားပြင်ဆင်ပါဦးမယ်
ဆိုပြီး ကြေ ငြာ စာတမ်းတွေဖတ်ပြ နေလို ့ကတော ့ကျနော့်အတွက်တော ့အဆင်မပြေသေးပါဘူး..
လောလောဆယ်မှာ ခဏတာ တင်းတိမ်အောင်တော ့ တစ်ခုခုကို အမြန်ဆုံးဖြည့်တင်းသင့်တယ်လို ့ထင်ပါတယ်။
ပြီးတော ့မှ တခမ်းတနား ပြင်ဆင်ပြီး ကောင်းကောင်းစားဖို ့လုပ်ပါမယ်…
ဒါဆို အဆင်ပြေမယ်ထင်ပါတယ် ။

လူတွေ အများကြီးနဲ ့ဖွဲ ့စည်းထားလို ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုပေမယ့် ံလူသားတိုင်းအတွက် အခြေခံလိုအပ်ချက်
ကတော ့ ရှိပါတယ် လူတိုင်း စားဖို ့ နေဖို ့ပညာသင်ကြားဖို ့ နဲ ့ ကျန်းမာရေး စောင့်ရှောက်မှု ့အခြေခံ လိုအပ်ချက်
တွေကိုတော ့ အမြန်ဆုံး ဖြည့်စည်း ပေးဖို ့လိုအပ်ပါတယ်…ဒါတွေပြီးမှ ခေတ်မှီ ဖွံဖြိုး တိုးတတ်သော နိုင်ငံတော်သစ်
ဆီသို ့သွားရမှာပါ..

လူအများစုက အဆင်မပြေဖြစ်နေတဲ ့ အခြေခံလူတန်းစားတွေဖြစ်ပါတယ်။ သတ်မှတ်တ ဲ့ဝင်ငွေ အနိမ့်ဆုံး ဖြစ်ရပါမယ်။
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်တုန်းက အခြေခံ လစာက အနိမ် ့ဆုံး ဝန်ထမ်း ကို 450 ဒေါ်လာပေးပါတယ်။
ထမင်း တစ်လ လပေးစားရင် ဒေါ်လာ 100 ကျပါတယ် ။ ကျန်းမာရေးအတွက် နေထိုင်ရေးအတွက် ကုပ္မဏီ က စီစဉ်
ပေးပါတယ် ။ ကျန်တဲ ့ ဗာဟီရ အသုံးစရိတ် ကို 100 သုံးမယ်ထား ကိုယ့်အတွက် နောင်ရေး 250 စုနိုင်ပါတယ် ။
အိုဗာတိုင်ဆင်းလို ့ ရမယ့် ပိုက်ဆံက လစာထက်များပါသေးတယ် ။ဒါဟာ တကယ် အလုပ်လုပ်မယ့်သူတွေအတွက် အဆင်ပြေပါတယ် ။

ကျနော်တို ့ဆီမှာ ကျပြန်တော ့အခြေခံလစာ က 30000 လား  45000 လား  50000 လား တစ်ခုခုပါဘဲ..ဒီထက်နည်းပါး
တဲ ့လစာတွေရှိပါသေးတယ် ။ 10000 လောက်ရတဲ ့ လဖက်ရည်ဆိုင်က ဝန်ထမ်းလေးတွေ. ဆိုင်အကူဝန်ထမ်းလေးတွေ
အများကြီးရှိပါသေးတယ်..စားဖို ့ကျပြန်တော ့ထမင်းတနပ်ကို အညံဆုံး 500 တော ့အောက်ထစ်ပေးရမှာပါ ။
တစ်နေ ့ကို 1000 နဲ ့တစ်လ ကို 30000 ဆိုတော ့တစ်ခြား ဘာမှကို အသုံးမကျန်တော့ ပါဘူး။
အိမ်မှာလူပိုများများ ရှိရင် တော ့အလုပ်လုပ်ရတဲ ့သူကတော ့မချောင်အောင်ထမ်းရ ပါတော ့တယ် ။
အောက်ဆိုက် ကြားပေါက် နောက်ကို လိုက်ရပါတယ် ။ အဆင်မပြေလို ့ပါ ။
တစ်ချို ့ကြပြန်တော ့အဆင်ပြေနေရဲ ့သားနဲ ့လဲ အချောင်လိုချင်ကြပြန်ပါတယ် ။

အခြေခံ ဝန်ထမ်းလစာတိုးမယ် အသံလေးထွက်လာယုံ ရှိသေး ဆန်ဈေးတတ်ပြီ ။ ဆီးဈေးတတ်ပြီ။
ဒါတွေကို ဘယ်လို ထိမ်းချုပ်လို ့ရနိုင်မလဲ..ကုန်သည်တွေကလည်း မတရား လောဘတွေနဲ ့ပိုလိုချင်ကြပြန်ပါတယ်။
ရှင်းပါတယ် ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရ လို ့ဆိုပါတယ် ။
ဥပဒေ ထုတ်ပါ အမိန် ့ကြေငြာပါ.. ဝန်ထမ်းတွေကို အခြေခံလစာ ဘယ်လောက်ပေးရမယ် ။
စက်ရုံတစ်ရုံမှာ ဝန်ထမ်းအင်အား ဘယ်လောက်ထားရမယ် …ထုတ်ကုန်ပေါ်မှုတည်ရပါမယ်။ လစာတိုးပေးလိုက်ရလို ့
ဆိုပြီး ဝန်ထမ်းအင်အား လျှော ့ချတာကတစ်မျိုး နည်းပါးတဲ ့ဝန်ထမ်းတွေကို မတရားစေခိုင်းတာက တစ်ဖုံ လုပ်တတ်
လွန်းလို ့…အလုပ်ချိန်ကို သတ်မှတ်ရပါမယ်  ။ ဒါမှ တနိုင်ငံလုုံးအတိုင်းအတာနဲ ့ အိုဗာတိုင် ဆိုလည်း အိုဗာတိုင်ပေါ့ ။
အခြေခံစားသောက်ကုန်ကို ဈေးနုန်းသတ်မှတ်ပေးရပါမယ်. ထုတ်ကုန်နည်းလို ့ဈေးတတ်တာ ဆိုရင် တိုးမြင့်ထုတ်နိုင်အောင်
လို ့ နိုင်ငံတော်က ထောက်ပံပေးရပါမယ် ။ ထုတ်ကုန်က မနည်းပါဘူး နိုင်ငံခြားကို မတရားပို ့နေတော ့ဈေးနန်းကွာဟ ကုန်တာပါ။
နာဂစ်ဖြစ်လို ့သူများက ဆန်လာလှုတယ် ဒီကကုန်သည်တွေက နိုင်ငံခြားပြန်ပို ့တောင်ရောင်းနေရလောက်အောင် ဒီနိင်ငံမှာ ကလည်း
လောဘဇော တွေတိုက်နေကြတာ လူကနည်းမှ မနည်းတာကို…အခုလည်း ဆန်တွေ နိုင်ငံခြား ပို ့တာပိတ်လိုက်သေးတယ်။
တောင်သူတွေက အိတ်စပို ့မရှိတော့ ဈေးလျှော ့ရောင်းရလို ့တွက်ခြေမကိုက်ပါဘူး. ကုန်သည်တွေက အောက်ဈေးန ဲ့
ရသလောက် ဝယ်ပါတယ်။ ဟော အခု ပြန်ဖွင့်ပေးလိုက်ပြန်ပြီ ဗျာ အောက်ဈေးနဲ ့ဝယ်တယ် အထက်ဈေးနဲ ့ပြန်ရောင်းတယ် ။

ဒါက လုပ်စားတာလား ဘာလားတော ့ လုပ်တဲ ့သူတွေဘဲသိမှာဘဲ..ကျနော်က တော ့မသိပါဘူး .ကုန်သည်တွေ ကံအရမ်းကောင်းနေတာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။ကားတွေသွင်းလာပါတယ်. ဒေါ်လာ 2000 နဲ ့ 3000 ကြားလောက်မှာ ဘဲတန်မယ့်ကားတွေကို ဒီက လူတွေက ဈေးအမြင့်တွေနဲ ့
ဝယ်ရပါတယ် ။ ဝယ်ခွင့်ပါမစ်တွေ သတ်မှတ်ထားပါတယ် အဆင့်မရှိရင် မဝယ်နိုင်ပါဘူး ဒါဟာ အခြေခံလူတန်းစားတွေထက် အဆင့်မြင့်လူတွေ
အတွက် ဖန်တီးပေးသလိုများ ဖြစ်နေမလား…

မနက်က မြို ့ထဲကိုသွားတော ့ 124 အထူး ဘတ်နဲ ့လာပါတယ် ယာဉ်စီးခ 300 တောင်းလို ့ပေးလိုက်ရပါတယ်။ တင်လိုက်တဲ ့ခရီးသည် အထူးကားမဟုတ်ပါဘူး
မထူးကားပါဘဲ .. ကားပေါ်မှာ လူ 70 ကျော်လောက်ပါမယ် ထင်ပါတယ် ကတောင်မကလောက်ပါဘူး ။ စွတ်မောင်းမယ် စွတ်ကျော်မယ် ကားမောင်းတဲ ့သူကလည်း
နေ ့တွက်ကိုက်အောင်တင်ပါတယ် လူများများပိုရအောင် မြန်မြန်ကျော်မောင်းပါတယ်။  အဆင်မပြေတာကတော ့ခရီးသွားပြည်သူတွေပါဘဲ

ယာဉ်မောင်းတွေကို လစာနဲ ့မောင်းခိုင်း ခရီးသည် ပိုတင်တယ်ဆိုရင် အရေးယူ သတ်မှတ်မိုင်နှန်း သတ်မှတ် ငွေကြေး သတ်မှတ် အချိန် နဲ ့မောင်းခိုင်း
မယ်ဆိုရင် ခရီးသည်တွေရဲ ့အလုပ်မသွားခင်နဲ ့ အလုပ်က မောပန်းပြိးပြန်လာတဲ ့အချိန်လေးမှာ ကားပေါ်မှာခဏလောက်တော ့အနားယူခွင့်ရပါတယ် ။ယာဉ်တိုက်မှု ့
ကြောင် ့ဖြစ်ပွားတဲ ့ဘေးတွေလည်းကာကွယ်နိုင်မှာပါ။ခရီးသည်ပို ့ဆောင်ရေး အဖွ ဲ ့အစည်းတွေက လမ်းမှာ ယာဉ်စစ်တွေ ခန် ့ထားပါတယ် သူကလည်း ယာဉ်မောင်းတွေကို ဘယ်ကားက ဘယ်အချိန်က ဖြတ်သွားတယ် မှီသေးတယ် လိုက်ကျော်ခိုင်း ကားသမားဆီက  တစ်စီးကို 200…အော်…သူ ့ကို ပေးထားတဲ ့တာဝန်က ဘာလည်းဆိုတာ မေ ့သွားပြီ..သူလည်း အိမ်မှာအဆင်ပြေအောင် လုပ်ရသေးတာကိုး ကြားထဲက ခံရတာကတော ့ကျနော်တို ့လိုလူတွေပါဘဲ..အဆင်မပြေဘူးလားဆိုတော ့ ပြေပါတယ် ။

ဘယ်လိုပြေသလဲ လို ့ပြောရမယ် ဆိုရင်တော ့ လူက ရေထဲမှာ ရေက နှာခေါင်း မြုတ်တော့မယ်  ခြေဖျား ထောက်ထားရတယ် အဲ့လိုလေ..ထောက်ထားတဲ ့ခြေဖျားကို မချရဲဘူး
အသက်ရူရပ်သွားမယ်.. အဲ့လိုနေ နေရတာ..သဘောက တော ့အသက်ရှင်ဖို ့အတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရတယ်  ကျန်တဲ ့ ဝတ်ဖို ့စားဖို ့နေဖို ့ကို မတွေးနိုင်ဘူး
နှာခေါင်းလေး ရေထဲမြုတ်မသွားအောင် ခြေဖျားမနည်းအားတင်းပြိး ထောက်ထားရတယ် ညောင်းတော ့ညောင်းတာပေါ့ ဒါပေမယ့်လည်း မသေဖို ့ကတော ့လုပ်နေရဦးမှာဘဲ ။

လူအများနဲ ့ဆက်ဆံရတဲ ့နေရာတိုင်းမှာ လူအများအဆင်ပြေနိုင်မယ့် စည်းကမ်းတွေကို အမြန်ဆုံး နဲ ့အတတ်နိုင်ဆုံး ကောင်းအောင် ရွေးချယ်ပြီး လတ်တလော အဆင်ပြေအောင် လုပ်ပေးသင့်
ပါတယ် .စည်းကမ်းမလိုက်နာတဲ ့သူတွေကိုလည်း အရေးယူနိင်အောင် စည်းကမ်း ထိမ်းသိမ်းရေးမှုးတွေ နဲ ့ သေသေချာချာလုပ်ပေးသင့်ပါတယ် ။ တကယ်ကို စေတနာရှိတယ် အားလုံးကို
အမြန်ဆုံး အဆင်ပြေစေချင်တယ် ဆိုရင်ပေါ့ ။ နေရာတိုင်း မှာ ရန်များလှပါတယ် လည်သူစား စတမ်း  တကယ့်ကို အခြေအနေ ဆိုးကြီးပါ.. မမှားလိုက်နဲ ့ ပြင်ပေးမယ့်သူမရှိဘူး ဝို်င်းနွာကြမယ့်
သူတွေချည်းပါဘဲ ။ ဈေးမသိဘဲ ဈေးဝယ်ကြည့်ပါ ပစ္စည်းတစ်မျိုး ထဲ တစားတည်း က နေရာပေါင်းစုံမှာ ဈေးနှန်းပေါင်း စုံန ဲ့ပါ..မဝယ်တတ်ရင်တော့ ဘယ်လိုမှအဆင်မပြေပါဘူး ။
တခြား ကိစ္စတွေလည်း အများကြီးပါဘဲ..သိသိလျှက်နဲ ့မသိချင်ယောင်ဆောင် နေကြတ ဲ့သူတွေက ပိုသိပါတယ်..ဘာတွေလုပ်ရမလဲ ဆိုတာကို

လောင်းကစားသမားကလည်း လိုင်းကြေးပေးပြီးလုပ်နေတုန်းပါဘဲ ..ကေတီဗွီ …လည်းရှိနေတာဘဲ…မာဆက် အများကြီးဘဲ ခဏဘဲ..ရဲတွေကလည်း မသိဘူးလားဆိုတော့ သိတာဘဲ..
လိုင်းကြေးလေးရနေတော ့လည်း မျက်စိမှိတ်ထားတာဘဲ..ကျနော် တို ့နားက မာဆက်တွေ ဆိုရင်ဖွင့်ထားတာ ရ နှစ်လောက်ရှိနေပေါ့..ကလေးက အစ သိတယ် မာဆက်နေရာကို နှစ်လုံးဒိုင်
ဘောလုံးဒိုင် ..ဒါတွေလည်း အများကြီးဘဲ..ကျနော်လူမှန်းသိတတ်စထဲက ဖွင့်နေတဲ ့ဒိုင်တွေအ ခုထိဖွင့်နေတုန်းဘဲ..ညနေဆိုရင် ရဲကဆိုင်ကယ်လေးနဲ ့လာလာတောင်းတောင်းသွားတာ
လဖက်ရည်ဆိုင် မှာထိုင်နေတဲ ့ကျနော်က တွေ ့နေတာ ရိုးနေပေါ့….ကျနော်လည်း ဘာမှ မတတ်နိုင်ပါဘူး ဘာမှလည်းမလုပ်နိုင် ပါဘူး ..စိတ်ထဲမှာရှိနေတာလေးတွေ လျှောက်ရေးမိတာပါ။

စိတ်ထဲမှာ ဘာတွေဘယ်လို ခံစားနေရမှန်းမသိဘူး ဗျာ တစ်ခုခုလိုနေသလို ဖြစ်နေတာန ဲ့ရေးလိုက်မိတာပါ..အားလုံးကို တောင်းပန်ပါတယ် အမှားတွေများလျှင်ခွင့်လွတ်ပေးကြပါလို ့……

5 comments

  • Khin Latt

    January 3, 2012 at 5:47 am

    ကျွန်မ လဲ သိပ် နားလည်သူ မဟုတ်တော့ ဘယ်လို ဖြေရှင်းရမယ် မသိပေမဲ့ ဒီလို ပြသနာလေးတွေ ရှိကြောင်း ပြောပြတာ ကျေးဇူးတင်ပါတယ် သားငယ်ရေ။
    ဒီလို ရေးတော့ အနည်းဆုံး ပြသနာ ကို သိသွားတာပေါ့။
    ဒီလိုနဲ့ ဖြေးဖြေးချင်း အဖြေရှာလို့ရသွားမှာပါ။
    စိတ်ရှည်ဖို့ရယ်၊ စည်းလုံးဖို့ရယ်၊ တာဝန်ယူတတ်ကြဖို့ရယ် …… စသဖြင့် တော့လိုတယ် ထင်တာပါဘဲ။

  • kai

    January 3, 2012 at 7:10 am

    မြန်မာပြည်ရဲ့ ပြဿနာတော်တော်များများက..နိုင်ငံရေး စံနစ်ကြောင့်ဖြစ်နေတာမဟုတ်ဖူးလို့.. သုံးသတ်မိတယ်..။
    စိတ်ဓါတ်ရေးရာနဲ့.. ရှေးစွန်းစွဲအယူတွေ.. အရင်လျှော့နည်းပပျောက်အောင် လုပ်ရမယ်လို့ ထင်ပါတယ်..။

    ကွန်ဆာဗေးတစ်တွေ..မင်းလုပ်ကြီးစိုးနေတဲ့တိုင်းပြည်ဟာ.. မတိုးတက်ပါဘူး..။ တိုးတက်လို့ကို မရပါဘူး..။
    လူလူချင်းတန်းတူညီမျှမှုကလည်း အကြီးအကျယ်ဆိုးဆိုးဝါးဝါးကို ဖေါက်ဖျက်ခံနေရတာပါ..။
    လူလူချင်းတန်းတူညီမျှမှုကိုလည်း.. လူတွေက သိတောင်မသိတော့နိုင်လောက်အောင်.. ရိုက်သွင်းခံထားရတယ်ပဲ.. မြင်မိပါတယ်..။

    ဆိုတော့…
    နိုင်ငံရေးစံနစ်မှာ.. အလုပ်လုပ်သူတွေနဲ့..မလုပ်သူတွေ.. ခွဲခွဲခြားခြားဖြစ်သွားအောင်.. အမြတ်ခွန်ဥပဒေတွေကို.. စံနစ်တကျပြဌာန်းပြီး.. ပြင်းပြင်းထန်ထန်ကို.. အရေးယူဆောင်ရွက်သင့်တယ်မြင်မိပါတယ်..။
    ဒါက ပထမခြေလှမ်းဖြစ်သင့်တယ်..ထင်ပါကြောင်း…။

  • small cat

    January 3, 2012 at 8:04 am

    “ကျနော် မြင်တာကတော ့လှည့်ကွက်တစ်ခုကို မကျာ်နိုင်သေးပါဘူး ပွင့်လင်း မြင်သာမှု ့လည်း မရှိသေးပါဘူး.
    နောက်ကွယ်က မမြင်နိုင်တဲ ့အရာတွေ အများကြီး ကို ဖုံးကွယ်ထားပါတယ် ။”

    သီးနှစ်သီးရဲ့မျှော်စင်ကျွန်း အခွေ ကြည့်ပြီးကြပြီလား၊ မကြည့်ရသေးတဲ့ရွာသားတွေ ကြည့်ဖြစ်အောင်ကြည့်ကြပါ။ အိမ်ဆောက်တဲ့ အကြောင်းလေးကိုပေါ့။

    “တစ်နေ ့ကို 1000 နဲ ့တစ်လ ကို 30000 ဆိုတော ့တစ်ခြား ဘာမှကို အသုံးမကျန်တော့ ပါဘူး။
    အိမ်မှာလူပိုများများ ရှိရင် တော ့အလုပ်လုပ်ရတဲ ့သူကတော ့မချောင်အောင်ထမ်းရ ပါတော ့တယ် ။
    အောက်ဆိုက် ကြားပေါက် နောက်ကို လိုက်ရပါတယ် ။”

    သူတို့လိုအဆင့်ရှိသူတွေကများပြီး လူထုအများနဲ့ဆက်ဆံရတော့ လူပိုသိပါတယ်။ လူအများရဲ့ပစ်မှတ်ဖြစ်နေပါတယ်။အထက်အောက်ဆက်ဆံရေးပိုင်းမှာလည်း အဆင်မပြေရင် ၊ ရှာမပေးနိုင်တဲ့သူတွေဆိုရင်ပိုထိလွယ်ခိုက်လွယ်ပါတယ်။ ပိုပြီးအပြောခံရပါတယ်၊
    သူတို့လိုအဆင့်တွေကိုပဲ ပြုပြင်ခိုင်းနေတယ်၊ဖြစ်နိုင်ခြေရှိပါ့မလား။

    “တစ်ချို ့ကြပြန်တော ့အဆင်ပြေနေရဲ ့သားနဲ ့လဲ အချောင်လိုချင်ကြပြန်ပါတယ် ။”

    ကာရာ၊မာဆတ်သွားဖို့ ရှာတဲ့အဆင့်တွေပေါ့။ အဲသူတွေကတော့ ဌာနဆိုင်ရာအရာရှိ ကဇက်တက်အော့ဖစ်ဆာလောက် အဆင့်တွေပေါ့။ ဒါတောင် အကုန်လုံးမဟုတ်သေးပါဘူး၊ အချို့ဌာန အရာရှိအဆင့်တွေ ရပ်တည်နိုင်ဖို့တောင်အနိုင်နိုင် တောင်းရမ်းစားနေရတာ။
    မယက ဥက္ကဌအဆင့်လောက်ဆိုရင်တော့ တိုက်ဆောက် ကားစီးသွားနိုင်ပါပြီ။

    “ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရ လို ့ဆိုပါတယ် ။
    အဲဒီလူတွေပဲ ဥပဒေအထက်မှာရှိနေတာပါ။
    ကျားကြီးတော့ခြေရာကြီး၊ ပါးစပ်လည်းကြီးပါတယ်၊သူတို့တွေကြတော့ မိသားစုလိုက်ကို စီးပွားရေးလုပ်ငန်းကြီးတွေ ကို လက်ဝါးကြီးအုပ်နိုင်သွားပါပြီ။ သူတို့ ရဲ့ပိုင်ဆိုင်မှု ၅% လောက်စီကိုပဲ ၊ပြုပြင်ပြောင်းလဲရေး အခြေခံလိုအပ်ချက်တွေမှာ ချသုံးလိုက်စမ်းဘာ။ ဆင်းရဲမှု ပပျောက်ရေးတဲ့………………..
    ပြောစရာတွေကတော့အများကြီးရှိသေး

  • Shwemoe

    January 3, 2012 at 9:53 am

    ရိုင်းရိုင်းပြောရရင် လခလေး သုံးသောင်းလောက်နဲ့ မိသားစု = ?
    သူတို့ လူမမယ်လေးတွေ ငွေရမဲ့ အလုပ်မှန်သမျှ အကုန်လုပ်ရတော့မှာ၊
    ဒီတော့ ………

  • ခေတ်အခြေအနေမပြောင်းလဲသရွေ ့တော့ ခက်နေအုံးမ.ှာပါ။တကယ်တော့ မူဝါဒတွေထက် လူကောင်းဖို ့လိုမယ်
    ထင်ပါတယ်။

Leave a Reply