2011 အတွင်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သူများ (၁)

ရွာထဲမှာ ရွာသူ၊ ရွာသားပေါင်း (၇၂၀၃) ယောက် ရှိပါတယ်။ (မယုံရင် မေးကြည့်။ လက်နှစ်လုံးပဲ ရှိလိမ့်မယ်) အဲဒီထဲကမှ “၂၀၁၁ အတွက် Listing တစ်ခု လုပ်ချင်လို့ပါ” ဆိုပြီး ပြီးဆုံးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကိုယ့်အတွက် အမှတ်တရ ဖြစ်စေတာလေးတွေ၊ ထူးခြားခဲ့တာလေးတွေကို ရေးပေးကြဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ဒီနေ့ (၃.၁.၂၀၁၂) အထိ ကျွန်တော် အံစာတုံး အပါအဝင် (၂၀) ယောက်သော သူတို့ဟာ သူတို့ရဲ့ ၂၀၁၁ ခုနှစ်အတွက် အမှတ်တရ၊ ထူးခြားခဲ့တာတွေကို ရေးသားပေးခဲ့ကြပါတယ်။ ဒါတွေကို အခု ဒီနေရာမှာ အပိုင်း (၁) အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ဖတ်ကြ၊ မှတ်ကြ၊ မန့်လိုရာသာ မန့်ကြစေတော့သတည်း ……………. ။

Anzartone says:

ကျွန်တော် အံစာတုံး အနေနဲ့ ပြောရမယ်ဆိုရင် – လွန်ခဲ့တဲ့ (၂) နှစ်လောက်က Gmail, Gtalk, Account ဆိုတဲ့ စကားလုံးတွေ သူငယ်ချင်းတွေကြားမှာ ခေတ်စားနေပေမယ့် ကျွန်တော်မှာတော့ ဘာမှန်း မသိခဲ့လောက်အောင်ပဲ ‘အ’ ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 2011 အတွင်းမှာတော့ ကိုစောစံ (http://sawsan23.com/) ရဲ့ ကျေးဇူးကြောင့် hosting, domain name, wordpress တွဲဖက်ပြီး ကိုယ်ပိုင် Blog တစ်ခု တည်ဆောက် နိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော့်အတွက် 2011 ခုနှစ်အတွင်း IT ဘက်မှာ အားရလောက်တဲ့ တိုးတက်မှုတစ်ခုကို ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

pooch says:

ကျမအနေနဲ့ကတော့ ၂၀၁၁ ရဲ့ နှစ်ဝက်လောက်မှာ ရွာထဲ ရောက်လာပြီးတော့ အသိအမြင်တွေ ဗဟုသုတတွေ ရခဲ့ပြီး စာမဖြစ်ပေမဖြစ်မတတ်တခေါက်များကို စာစီတတ်လာပြီး ကျမဘဝရဲ့ ပထမဆုံးစာစုလေးကို ဒီရွာမှာ ရေးဖြစ်ခဲ့တာရယ် ရွာကမိတ်ဆွေများနဲ့ ခင်မင်သိကျွမ်းခွင့်ခဲ့ရတာပါပဲ…..

ဒါလေးကတော့ ကျမရဲ့ ၂၀၁၁ အတွက် ထူးခြားမှုလေးပါပဲ

inz@ghi says:

၂၀၁၁ မှာ ဒါ့ပုံဆြာ စဖြစ်လာတယ်ဗျ….
ပုံ၂သောင်းခွဲကျော်ရိုက်ဖြစ်ခဲ့တယ်…

အောက်တိုဘာလောက်ကစလို့ ..ပိုစ့် ပေါင်း ၈ဝလောက် ဂေဇက်ထဲမှာရေးဖြစ်ခဲ့သပေါ့ဗျာ…
မှတ်မှတ်ရရရှိနေမယ့် နှစ် ၁နှစ်ပါ

small cat says:

၂၀၁၁မှာ အင်တာနက်ဆိုတာကြီးအိမ်ပေါ်တက်လာပါတယ်။
မျက်မှန် မဖြစ်မနေတတ်လိုက်ရပါတယ်။
အကြောမတက်တတ်တဲ့သူ ဇက်ကြောတွေတက်လာပါတယ်။
အူကြောင်ကြောင် စာတွေ ရေးဖြစ်ခဲ့ပါတယ်။
ကျိန်းသေပေါက် လစဉ်ပုံမှန်ထွက်ငွေတစ်ခု ရရှိခဲ့ပါတယ်။

that naing oo says:

နားမလည်
ပါးမလည်း
အွန်လိုင်းပေါ်ရောက်တယ်
ချက်မယ် ပြုပ်မယ် ကြူမယ် ဖွမယ်
နောက်တော ့
ရေးတယ် ကဗျာတွေ ရူးတယ် ထူးရှယ်
နောက်တော ့
ကလိတယ် ကလိတယ်
ဟတ်မယ် ဖျက်မယ် ဆိုးလာတယ်
ပြီးတော ့ မျက်လုံးက
ပုလင်းဖင်ဖြစ်တယ်
ဂွမ်းတယ် ဂွမ်းတယ် …………….

hmee says:

မှတ်မှတ်ရရ ၂၀၁၁ အစမှာ ဂေဇက်ရွာသူ ဖြစ်လာပြီး တသက်လုံးစိတ်ကူးယဉ်ခဲ့ရတဲ့ စာရေးတဲ့သူ ဖြစ်လာဖို့ စပြီး အကောင်အထည်ဖော်ခွင့်ရတာ၊ ရွာကနေတဆင့် တခါမှတောင် မမြင်ဖူးပဲနဲ့ ငယ်ပေါင်းကြီးဖော်တွေလို စိတ်ထဲမှာ ခံစားခဲ့ရတဲ့ သူငယ်ချင်းတွေ ရလာတာ၊ အခုနှစ်ကုန်ခါနီးမှာ လူ့လောကမှာ မှီဆိုတဲ့ ကျွန်မရှိခဲ့ပါလားလို့ သက်သေပြမဲ့ သက်သေခံလေး နောက်တယောက် ထပ်ရတာ ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပါပဲ။

rain pricess says:

မှတ်မှတ်ရရ 5.6.2011 မှာအင်တာနက်သင်တန်းကိုစတက်ဖြစ်ခဲ.တာပါ
အွန်လိုင်းသူငယ်ချင်းဆိုတာအင်မတန်ရှားပါတယ် မသိတာတွေလည်းအများကြီးရှိပါတယ်
ဂေဇက်ဆိုတာ ကိုရှာတွေ.ခဲ.တာမန်ဘာဝင်တစ်ယောက်ကပြောလို.
အစကသိပ်စိတ်မဝင်စားခဲ.ပေမယ်.အခုတော. ဂေဇက်ရဲ.ညှို.ငင်မှုကိုမလွန်ဆန်နိုင်တော.ပါဘူး
စာပေကိုမြတ်နိုးပေမယ်.စာရေးဖို.ပါရမီမပါလေတော.စာဖတ်သူစစ်စစ်တစ်ယောက်သာ
ဖြစ်လာပါတော.တယ်
ဒီတော. ဂေဇက်မန်ဘာတစ်ယောက်ဖြစ်ခွင်.ရတာအရမ်းဂုဏ်ယူမိပါကြောင်း…….

windtalker says:

၂၀၁၁ ရေ ဂွတ်ဘိုင်
၂၀၁၂ မှာ အပီလန်းမယ် ဗျာ

Thel Nu Aye says:

2011 မှာ မန်းဂေဇက်ကိုဘယ်လိုကနေဘယ်လိုရှာတွေ့မှန်းမသိပဲရောက်ခဲ့ရတာပါ။ မသိတာတွေအများ ကြီးသိလာရပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်။ မန်းဂေဇက်တရက် မဖတ်ရရင်မနေနိုင်တော့တာ 2011 ရဲ့အမှတ်တရပါ။

ငပေါက်ဖော် says:

အနော်
စာတွေချစ်သွားတဲ့ နှစ်ပါ

ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု says:

မကျေနပ်တဲ့ကောင်ကို ကီးဘုတ်နဲ့ ကောင်းကောင်းဆဲတတ်သွားဘီ 😀 😀 😀

တောတွင်းပျော် says:

၂၀၁၁၊၉လပိုင်း၊၃ ရက်နေ ့ ၄လုံးထီ ဆုသေးတစ်ဆု ပေါက်တယ်။
အဲဒီနေ ့မှာပဲ ဟိုင်းလပ်ကားနဲ ့တောင်ပေါ်ကမောင်းဆင်းရင်း ဘရိတ်ပေါက်
ကားရော လူပါ တစ်ပတ်ဂျွမ်းထိုးလိုက်တယ်။
အဲ..အဲ..
၂၀၁၁ ရဲ ့ဒီဇင်ဘာနောက်ဆုံး ၃၁ ရက်နေ ့မှာ ဒီရွာထဲ ပိုစ်လေးတစ်ခု
ပထမဦးဆုံးအကြိမ် တင်လိုက်တယ်…….။

Khin Latt says:

၂၀၁၁ ကုန်ခါနီး တစ်ဖက်သတ် အပုတ်ချ နေတဲ့ အကြောင်းလေးတစ်ခု ကို ရင်ဖွင့်ချင်လို့ ဂေဇက်ကို ဝင်ခဲ့တယ်။
ပထမ က “အပျော်ကြံ” တာပါ။ အတည်တကျ နေဖို့ အစီအစဉ် မရှိပါဘူး။
ဒါပေမဲ့ ရွာထဲကို လည် ကြည့်လိုက်တော့ အရမ်းကိုဘဲ ချစ်စရာကောင်းတဲ့ ရွာသူ/သား တွေကို တွေ့ခဲ့တယ်။
အတိတ်ရေစက် ပါလို့လားမသိ။ တစ်ချို့ ဆို မမြင်ဘူးဘဲ၊ သူဘယ်သူမှန်းကို မသိဘဲ ရက်တိုတို လေးအတွင်း ခင်သွားမိတယ်။
ဒါနဲ့ဘဲ ကျွန်မ ရွာမှာ အခြေချ ဖြစ်သွားပါတယ်။
နောက်ဆက်တွဲ က
– သူများကိုလဲ ဆရာလုပ်ချင်၊ ကိုယ်လဲကောင်းကောင်း မသိတော့ စာပိုဖတ်ဖြစ်လာတယ်။
– မိတ်ဆွေ တွေတိုးလာတယ်။ သူတို့ ဆီက ဗဟုသုတတွေ အများကြီး ရလာတယ်။
– Facebook နဲ့ အခြား Website တွေ ကို မသုံးဖြစ်တော့ သလောက်ဖြစ်လာတယ်။
ဒီတော့ကာ ….. လက်ရှိမှာတော့
သူကြီးက ရွာက နှင်ထုတ်ရင်တောင်မှ သူ့ကို မိုက်ကြေး(ဆက်ကြေး) ပေးပြီး နေဖို့ ဆုံးဖြတ်ထားပါ၏။
ဒီလို Listing လုပ်ပေးတာ ကျေးဇူးပါဘဲ – ခြောက်မျက်နှာ ရေ ( Oppps … sorry) အန်စာတုန်း ရေ 🙂

နီကီတာ says:

၂၀၁၁ မှာ

* ဂေဇတ်ထဲ စတင်ဝင်ရောက်ခဲ့တယ်…
* ပို့စ်တွေ မတောက်တခေါက်စရေးခဲ့တယ်…
* facebook သုံးခြင်းကို စွန့်လွှတ်ခဲ့တယ်…
* ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေ စလှမ်းခဲ့တယ်…

kai says:

မနှစ်ကကျုပ် ဒီနှစ်ငါက အနိုင်ရခဲ့
သူတထူး ဒိုင်လုပ်တာမဟုတ်
ကိုယ်စောင့်နတ် မင်းဖြစ်တဲ့ငါ
နောင်အစဉ်နှစ်တို့ ဖြစ်စေ…။ ။

Moe Z says:

သေချာတာကတော့ မနှစ်ကထက် ဒီနှစ်အသက် ၁နှစ်ကြီးသွားတယ်ဆိုတာပဲ
သဂျီးနဲ့အမြင်မတူဘူးနော 😛

ကိုပေါက်(မန္တလေး) says:

2011 အတွင်းမှာ စာရေးသူထက် လက်ဆော့သူအဖြစ်ပိုပြီးရွာထဲက အသိများပါတယ်။
နဂိုရ်အခံရှိတဲ့ဓါတ်ပုံ ပိုး ပိုရင့်သွားတဲ့နှစ်လို့ဆိုနိုင်ပါတယ်။
ကျန်တဲ့ဆိုက်တွေမှာ တော့ စာဘဲရေးတယ် ဓါတ်ပုံမတင်ပါ။
အချိန်အများကြီးပေးရလို့ဖြစ်ပါတယ်။
2011 ထဲမှာ လူကြိုက်အများဆုံးလို့ ထင်ရတာကတော့
(1)အတိတ်သို့အလွမ်း(ကဗျာ)
(2)ရွာကိုပြန်လာကြပါဗျုးိ(ကဗျာ)
(3) တစ်စေ့တစ်ဆုပ် တစ်မူတ်တစ်ခွက်( shade journal တွင်ပုံနှိပ်ပြီး)
(4)နွေးသီး (ဝတ္တု)
(5)ထမီချွတ်၏ မချွတ်၏ ( shade journal တွင်ပုံနှိပ်ပြီး)
ဒီပိုစ်လေးက ဆိုက်ပေါင်းစုံမှာလူကြိုက်များခဲ့ပါတယ် စုစုပေါင်း ဝင်ကြည့်သူအရေအတွက်
(4000)ရှိပါတယ်။
ဖတ်မဖတ်တော့ မသိပါဘူးခင်ဗျာ။

2011 အတွင်းကျနော့်အတွက်လုံးဝအထူးခြားဆုံးသောပိုစ်ကတော့
(31-12-2011)နေ့မှာတင်တဲ့
လက်သီးပုန်းအနီ တူညီခြင်းအစိမ်း …………………ပိုစ်ပါဘဲ။
လက်မအောက်စိုက်တာ 8ခုတိတိလက်ခံရပြီး ကျနော်အတွက်ပေးသမျှကော်မင်းအားလုံးလောက်
အနီပေးခံရပါတယ်။
တစ်နှစ်လုံးရေးတဲ့အထဲမှာ လူမုန်းအများဆုံးပိုစ်လို့ ကျနော်က မှတ်တမ်းတင်ပါတယ်။
ဒါပေမယ့် 2010ခုနှစ်မေလက စလို့ အခုအချိန်အထိ ရွာထဲမှာနေရ တာကိုလုံးဝကျေနပ်နှစ်သက်ပါတယ်။
ပိုထူးခြားတယ်လို့ပြောရရင် 2011 ခုနှစ်အတွင်းမှာ ရွာသူရွာသားအတော်များများနဲ့ ရန်ကုန်မှာရော မန်းလေးမှာပါ လူချင်းခင်မင်ရင်းနှီးခွင့်ရပါတယ်။
မန်းလေးမှာ (ပေါက်ပေပု) အသင်းဖွဲ့စည်းပြီးပါကြောင်း။
မောင်းခတ်လိုက်ပါတယ်။

KING says:

နောင်တတွေရခဲ့တယ် …… 😛
မတူအောင် ရေးခဲ့တယ်နော့ … 😀

nature says:

ကျွန်တော် ကဒီနှစ်ဦးပိုင်းကမှ ရွာထဲဝင်လာတာပါ။ ဝင်ဝင်ချင်း nigimi77 နဲ့ မိုးပြာနဲ့ ချဲရသေးတယ်။ ကျွန်တော်မန့်ရင်တော့ လူကိုသိပ်မကြည့်ဘူး။ ချဲပေမဲ့လည်း nigimi77 ရဲ့ သူတို့ဆီကအမဲဂိုဏ်းများ ပိုစ့်မှာ မန့်သူတယောက်မှ မရှိပေမဲ့ ရေးတာကြိုက်လို့ ဝင်မန့်ခဲ့တယ်။ ခုတော့လည်းရွာထဲမှာ သူကြီးကအစ ရွာသားအားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းပါတယ်။

koaung says:

၂၀၁၁ မှာမှဘားဂလစ်စပြီးသုံးတတ်လာလို့ ပျော်လို့မဆုံးပါ 😀

ဒါတွေအားလုံးဟာ ရွာသူား (၂၀) ယောက်တို့ရဲ့ ၂၀၁၁ ခုနှစ်အတွင်းက အမှတ်တရ၊ ထူးခြားခဲ့တာလေးတွေပါပဲ။ ကျန်ရှိနေသေးတဲ့ ရွာသူား အပေါင်းကိုလည်း မောင်းခတ်လိုက်ပါတယ်။ “2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ” ဆိုတဲ့ နေရာမှာ ရေးသားပေးကြပါဦးလို့ …. ။ အပိုင်း (၁) ပြီးပြီ ။

Anzartone
(http://anzartone.tk/)

6 comments

  • ငပေါက်ဖော်

    January 3, 2012 at 11:12 am

    သုတေသီ ကိုကိုတုံးပေါ့ဗျာ..
    စာရင်းပေးပြီးဘီမိုလို ့..ထပ်မပေးတော့ပါဘူး..
    အားလုံးပြီးရင် ဘယ်လိုပြုစုပေးမလဲဆိုတာလေး စိတ်ဝင်တစား ဖတ်ဖို ့စောင့်နေပါ၏

  • Moe Z

    January 3, 2012 at 11:32 am

    ကွန်မန့်ကို ပို့စ်ပြန်လုပ်ပြစ်မယ်ဆိုတာသိရင် အတည်ရေးပါတယ်
    အခုတော့ မှတ်တမ်းဝင်သွားပြီဆိုတော့ ထားလိုက်ပါတော့
    ကိုယ့်အပြစ်နဲ့ကိုယ် 😛

    • ငပေါက်ဖော်

      January 3, 2012 at 11:43 am

      ♫♪….♫♪……♫♪ ဇိအပြစ်နဲ ့ဇိသာ ရှိပါချေတော့လေကွယ်..ဟယ်..♫♪………..♫♪….♫♪
      ဒလိုမှန်းသိ သများလဲ ကောင်းကောင်းရေးပါတယ်လို ့
      ခုတော့
      ♫♪….♫♪..များပြစ်နဲ ့များသာ.ရှိပါစေတော့လေဂွဲ ့.ဟယ်….♫♪….♫♪..♫♪

  • windtalker

    January 4, 2012 at 2:08 pm

    ဟယ်
    အခုမှ သေချာ ဖတ်ကြည့်လို ့ အခုမှ သိရတယ်
    တို ့ပြောတာဒွေ ကို သေချာမှတ်ထားတယ်
    ကြောက်ချာဂျီး ပါဗျို ့
    ဘာဘဲဖြစ်ဖြစ်
    ရှဲရှဲနီ
    အညာဆေးရိုး ( မှတ်ချက် = ပေါက်ဖော် ဆေးရိုး ရောင်းသည် )
    မင်ဂါဘာနော
    နှစ်သစ် မှာ
    စိတ်သစ် ကိုယ်သစ် နဲ ့ ပိုက်ဆံအသစ်တွေ တစ်ထောကြီးရ
    ကျန်းမာပျော်ရွှင် ပါစေ ဗျား

  • မှော်ဆရာ

    January 4, 2012 at 5:51 pm

    နာဒါတွေ ကြိုမြင်နေတယ်
    နာဒါတွေ ကြိုမြင်နေတယ် …
    ဒါကြောင့် ဒီနှစ်ထဲမှာ ၁+၁ = ၃ ဖြစ်သွားတာ ထည့်မရေးတာ 🙂

Leave a Reply