သြော်… မနေ့ကရုံးဆင်းတော့ လိုင်းကားပေါ်မှာအားနေတော့ အရေမရ အဖတ်မရတွေ တွေးလာတာ…. ဘာမှဟုတ်ဘူး အားလုံးသိပီးသားပဲ အဲ့ဒါကိုလျှာရှည်အကျယ်ချဲ့ ပီးတွေးနေတာ။ ဒီလောက်ရန်ကုန်တစ်မြို့ လုံး “ဝုန်း” ခနဲ တုန်ဟီးပီးတော့ အဆောက်အဦးတွေငလျှင်လှုပ်သလိုခါရမ်းသွားတာ ဘာ့ကြောင့်များပါလိမ့် …. ဘာကြီးကြောင့် အနီးအနားက လူတွေကော အိမ်တွေပါ တစ်စစီဖြစ်သွားရတာပါလိမ့် … ဘယ်အရာက မြေကြီးထဲကို အနက်၁၅ပေ၊ အကျယ် ပေ၃၀လောက်နစ်ဝင်သွားတာပါလိမ့်….
နှစ်မြို့ နယ်ကျော်ကျော် လောက်ကမြင်ရတဲ့ မှိုပွင့်ပုံမီးခိုးလုံးကြီးက ဘာတွေကြောင့်ပါလိမ့် …. ဒီကန်မီကယ်တွေ၊ ပရဆေးတွေ ဆိုတာအဲ့ဒီလောက် ဆိုသလား …. အဲ့ဒါဆိုလက်နက်တွေဈေးကြီးပေးဝယ်မနေတော့ဘဲ အဲ့ဒီဟာတွေနဲ့ဖန်တီးလို့ရနိုင်တာပဲနော့်။ ;)
ဘယ်အရာက အဲ့ဒီလောက်ဆိုးဝါးသွားစေတာလဲ …. အလဂါးအရေမရ အဖတ်မရဒွေတွေးနေပြန်ပါဘီ။ တော်ပီ ဆက်တွေးရင် ငြိကုန်တော့မယ်… တခြားဟာပဲတွေးတော့မယ်။
၁၉၉၀ ခုနှစ်မှာ မေတ္တာညွန့်ရပ်ကွက်မီးလောင်တော့ ကျနော်တို့အိမ်လေးပါသွားရော.. ထမင်းထုပ်လေး ရထားလမ်းဘေးနား ထိုင်စားခဲ့ရတာရယ်.. ဘုန်းကြီးကျောင်းမှာနေခဲ့ရတာရယ်…. မြို့ ထဲနားကနေ ဟိုးးးးးးးးးးးးးးး ဒဂုံမြို့ သစ်မြောက်ပိုင်း အခုဒဂုံတက္ကသိုလ်ကျောင်းနားရောက်သွားတာရယ်… သတိရပီး ပြန်တွေးနေမိတယ်။ ပီးတော့ ၂၀၀၆ ခုနှစ်တုန်းက သူငယ်ချင်းနေတဲ့လှိုင်မြို့နယ် မီးလောင်တုန်းကလဲ သူငယ်ချင်းအိမ်လေးပါသွားတယ်။ သူတို့လဲထမင်းထုပ်နဲ့ အဝတ်အစားတချို့ အကူအညီတွေရပီး လှိုင်တက္ကသိုလ်နယ်မြေကနေ ဟိုးးးးးးးးးးးးးးးးး ဝါးတစ်ရာ (လှော်ကားနားလားမသိဘူး) အဲ့ဒီမှာနေရာချထားပေးခြင်း ခံရတယ်။ ဦးကျော်သူတို့အဖွဲ့ 
လာလုပ်ပေးတဲ့ ရေတုံကင်အသစ်တွေကလွဲပီး… ထူးထူးခြားဘာမှရဝူး။ ဟော.. အခုလူတွေများရလိုက်တဲ့အလှူငွေ…
ဘယ်ကုမ္မဏီက သိန်းဘယ်နှစ်ဆယ်.. … ဘယ်အဖွဲ့ အစည်းကသိန်းဘယ်နှစ်ရာ… ဘာဖြစ်ဖြစ်ဘာမှထွက်မလာတဲ့ ဦးဘိုင်ကဘယ်လောက် (ဒီကုလားဘယ်လောက်တောင်ချမ်းသာလဲမတိဝူး) ဘာဝံကြီး ညာဝံကြီးတွေက လာကြည့်ပီး လှူသွားကြတာများ အားရစရာ… သမ္မတကြီးတောင်လာရောက်ကြည့်ရှု အားပေးသွားတယ်ဆိုတော့ မီးလောင်ခံခဲ့ရတာချင်း အတူတူများ ဒီလူတွေရတဲ့ နှုတ်ပိတ်ခ အဲ့မှားလို့ ထောက်ပံ့ကြေးတွေက ဘာလို့ပိုများနေတာပါလိမ့်…. ပီးတော့သူတို့လောင်သွားတဲ့ နေရာမှာပဲ အိမ်အသစ်လေးဒွေပြန်ဆောက်ပေးအုံးမှာတဲ့ … သြော်.. ကုသိုလ်ကံ ကလဲ အဲ့လောက်ကွာရလား သူငယ်ချင်းရယ်… ဆိုပီး လှိုင်ကနေ ဝါးတစ်ရာကိုရောက်သွားတဲ့ ယူနီတူတူတက်ခဲ့ရတဲ့ သူငယ်ချင်းကို သတိတွေရနေပါတော့တယ် ………………………
ထားပါတော့လေ … ဆင်းရမယ့်မှတ်တိုင်နားရောက်နေပီဆိုတော့ အရေမရ အဖတ်မရတွေ
တွေးမနေတော့ပါဘူး.. တော်ကြာမှတ်တိုင်ကျော်သွားမှဖြင့်ဆိုပီး အပေါက်ဝနားတိုးထွက်လိုက်တော့ …. ဆောင်းတွင်းကြီးအချိန်မတော်ရွာနေတဲ့မိုးက နဲနဲကနေ သဲသဲဖြစ်နေပီ မိုးတွင်းမဟုတ်ရင် ထီးသယ်တတ်တဲ့အကျင့်မရှိတာကြောင့် ရုံးကနေထီးငှားပေးတဲ့ရှိလို့သာပေါ့ မဟုတ်လို့ ဆံပင်တွေမိုးရေတွေစိုကုန်ရင်ဖိုးရိုးဖားရား(စလုံးပေါင်းရွီး) နဲ့ ရုပ်ပျက်တယ် ရှက်စရာကြီး။ ကျနော်ကတော့ အဲ့လိုရုပ်အပျက်မခံနိုင်ပါဘူး ထီမပါလဲ လုံချည်ကိုခေါင်းပါလုံအောင် ဆွဲခြုံပစ်လိုက်မှာ နောက်ပြဿနာနောက်မှရှင်း အခုလောလောဆယ်တော့ ရုပ်အပျက်မခံနိုင်ပေါင်။ ;)
အဲ့လိုနဲ့ တာမွေအဝိုင်း မှတ်တိုင်ရောက်တော့ကားပေါ်ကတိုးဆင်းပီး ငှားလာတဲ့ထီးကလေးဖွင့် ကိုယ့်အိမ်ဖက်ပြန်ပီးလမ်းလျှောက်ရတာပေါ့။ အဲ့ဒီမှာ ကျနော်တို့အိမ်အပေါ်ထပ်က လူကြီးတစ်ယောက် ရွှေညောင်ပင်ဒံပေါက်ဆိုင်ထဲကထွက်လာတာ တွေ့ တော့ ရှေ့ဆင့်နောက်ဆင့်လမ်းလျှောက်လာတာမို့ “ဟာ.. ဦးလေးတို့များမြင့်တယ်ကွာ.. ဒံပေါက်ပဲစားတော့တယ်ဟုတ်လား ..” လို့လှမ်းပီးနောက်လိုက်ပါတယ်။ ဦးလေးကြီးကလဲ “မဟုတ်ပါဘူးဟာ… ပဲဟင်းဝယ်စားတာပါဟ” တဲ့ ကျနော်က မိုးရွာနေတော့ခပ်သုတ်သုတ်လျှောက်ရင်း သူ့ကိုကျော်တက်ပီး ပြန်အော်လိုက်သေးတယ် “အထင်ကြီးတာစောသွားတယ် ဦးလေးရေ…..” လို့ပြောပြောနဲ့ငါးလှမ်း ခြောက်လှမ်းလောက်ကျော်သွားတော့ “ဖုန်း” ခနဲမြည်ပီး လင်းသွားတာနဲ့ လန့်ပီးငုတ်တုတ်လေးဝပ်လိုက်သေးတယ် ဗုံးပေါက်တယ်အောက်မေ့လို့ ပီးမှဘေးဘီဝဲယာလှည့်ကြည့်လိုက်တော့မှ ဟာ!! သွားပီးးးး ဘာဖြစ်သွားတာလဲမသိဘူး ဦးလေးကြီးက ကိုယ်တစ်ချမ်းမီးတောက်နေပီ အနီးအနားမှာလဲ လူကမရှိ ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ မိုးရွာထဲထီးဆောင်းထားတာဆိုတော့ ထီးကိုပိတ်လိုက်ပီး မီးဆွဲနေတဲ့ဦးလေးကြီးလုံချည်နဲ့ အင်္ကျီ ကိုရိုက်ပွတ်ပီးမီဲးငြိမ်းပေးလိုက်တယ် ပါးစပ်ကလဲ လာကြပါအုံးဘာညာ အော်လိုက်မိတယ်ထင်တာပဲ လူတွေအနားရောက်လာပီးကူပေးကြတယ်။ ဦးလေးကြီးရဲ့ ဘယ်ဘက်လက်ကတော့ တော်တော်လောင်ကျွမ်းသွားတယ် ကြောက်စရာတောင်ကောင်းတယ်။ အခြေအနေနဲနဲငြိမ်သွားတော့ ငြိမ်တယ်ဆိုတာ ကျနော်ရင်တုန်သွားတာ ငြိမ်သွားတာကိုပြောတာ ဦးလေးကြီးကတော့ အော်ပီးထွန့်ထွန့်လူးနေတယ် အဲ့ဒါနဲ့ အနားနီးနေတဲ့ ရွှေညောင်ပင်ဆေးခန်းထဲပို့လိုက်တယ် ဆရာမလေးတွေဆေးထဲ့ဖို့ဂရုစိုက်နေတာတွေ့ တော့ ခဏစောင့်နေ အခုအိမ်ကလူတွေခေါ်လာမယ် အခုပြန်လာမယ် လို့ပြောပီး ကားလမ်းကူးလိုက်ရင် ရောက်တော့မယ့် အိမ်ကိုမိုးရွာထဲအပြေးသွား အကြောင်းကြားပေးလိုက်တော့ သူ့ အိမ်ကလူတွေ ချက်ချင်းလိုက်သွားကြလေရဲ့ …. ၆း၃၀ လောက်ကဖြစ်တာ ၈း၀၀ လောက်သူတို့ပြန်လာတာစောင့်ပီး မေးကြည့်တော့မှ အကြောင်းအရင်းကိုသေချာသိရတော့တယ်။ ကဲ !! ပရိသတ်ကဒီနေရာကစပီးမှတ် ဟိုးးးး အပေါ်ကပြောခဲ့တဲ့ အရေမရ အဖတ်မရတွေ မှတ်မထားနဲ့နော်။ သူကဟင်းချက်တဲ့ မီနီဂက်စ်ဗူးလေး ၃လုံး ဂက်စ်ဖြည့်ပီး ပဲဟင်းပူပူဝယ်လာတယ်။ မိုးကရွာနေတော့ အဲ့ဒီဂက်စ်ဖြည့်ခဲ့တဲ့ ဗူးသုံးလုံးရယ် ပဲဟင်းပူပူရယ်ကို ဘယ်လက်မှာပေါင်းပီး ကိုင်လာတယ်။ ညာဖက်လက်ကထီးဆောင်းထားတယ် အဲ့ဒီပေါင်းကိုင်ထားတဲ့ ဘယ်ဘက်လက်ကနေကြာပီးပူလာတော့ ထပေါက်ရော… ဘယ်ဘက်တစ်ချမ်းက တော်တော်လောင်ကျွမ်းကုန်တယ်။ လက်ညှိုးဆိုအရိုးတောင် ကြေသွားတယ်လို့ ဆရာဝန်ကပြောတယ်တဲ့။
ပေါင်တွေလဲလောင်ပီးတော်တော်ထိသွားတယ် ပြန်လာတော့ ပတ်တီးလေးအဖွေးသားနဲ့ပေါ့…………… :( :( :(
ကဲ!! ကျနော်လဲ ဆေးဖတီးကိုစ့် ကိုဘယ်နားသွားသင်ရင်ကောင်းမလဲဗျာ …………………… ????

About CharTooLan

Char Too Lan has written 50 post in this Website..

ဇော်ကန့်လန့်