“အကျင့်ဆိုးလေးတွေ”

TTNUJanuary 3, 20121min22545

“အကျင့်ဆိုးလေးတွေ”

လူတိုင်းကိုယ်စီ ကိုယ့်အကျင့်နဲ့ကိုယ်ရှိကြတယ်။ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့အကျင့်၊
သူလိုကိုယ်လိုပုံမှန်အကျင့်၊ အမျိုးမျိုးပါပဲ။

ကောင်းတဲ့အကျင့်လေးတွေက မိသားစု ဆွေမျိုး ဝန်းကျင် အလုပ်ခွင် ဆက်ဆံရေးတွေ
အတွက် အားသာချက်ဖြစ်ပေမဲ့ အကျင့်ဆိုးလေးတွေကတော့ ဒုက္ခပေးတတ်တဲ့
အားနည်းချက်တွေ ဖြစ်နေတတ်တယ်ဆိုတာ မငြင်းသာပါဘူး။

ဒီအကျင့်ဆိုး စရိုက်ဆိုးလေးတွေ တန်းစီရေးရရင်တော့ မဆုုံးနှိုင်ပါဘူးလေ။ဒီတော့
အုပ်စု(၃)စု ခွဲကြည့်ရအောင်။

(၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့
(၂) သိလား၊ ငါဘာကြားခဲ့သလဲ သိလား
(၃) နောက်ကျတာတောင်းပန်ပါတယ်

(၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့

ဒီနေ့ ဖြေရှင်းရမဲ့ကိစ္စကိုမဖြေရှင်းဘဲ မနက်ဖြန်မှ (နောက်မှ) ကြည့်လုပ်ကြတာပေါ့ လို့
ရွှေ ့ဆိုင်းတတ်တဲ့ အကျင့်ဆိုးလေးပါ။ (Procrastination) လို့ခေါ်ပါတယ်။ ဒီအကျင့်လေး
ကလည်း စွဲမိရင် မလွယ်ဘူး။ အမြဲ အချိန်ဆွဲလုပ်ချင်နေရောပါလား။

လုပ်ငန်းတစ်ခုပြီးအောင်လုပ်ရမှာကို နေ့ရွှေ ့ ညရွှေ ့ လုပ်နေပြီး အပြီးသတ်ရမဲ့ နောက်ဆုံး
Deadline ကပ်လာမှ နေ့မအိပ် ညမအိပ် ညလုံးပေါက် အလုပ်တွေ လုပ်တတ်ကြပါတယ်။
အလျင်စလိုလုပ်ရတဲ့အတွက် လစ်ဟာမှုတွေရှိလာနှိုင်တယ်၊ ပြန်မစစ်နှိုင်တော့ အမှားတွေ
ပါသွားနှိုင်တာပေါ့။အချိန်ဆွဲလုပ်တတ်သူတစ်ယောက်ရဲ ့ “မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့”
စီမံကိန်းထဲမှာ မနက်ဖြန် တစ်ခုခုဖြစ်လို့ အဆင်မပြေဖြစ်သွားရင်ဆိုတဲ့ Plan (B) ပါမလာဘူး။

တစ်ခါက ကျမ Take-away Exam တစ်ခုဖြေခဲ့ဖူးတယ်။ စာမေးပွဲမေးခွန်းကိုနံနက် (၉)နာရီမှာ
ထုတ်ပေးပြီး ညနေ(၄)နာရီမှာ အဖြေလွှာကို တိတိကျကျပြန်အပ်ရတဲ့ စာမေးပွဲပါ။ ဖြစ်နှိုင်ခြေ
ရှိတဲ့ ခေါင်းစဉ်တွေစဉ်းစားထားပြီးစာကြည့်တိုက်က စာအုပ်တွေငှားထားလို့ရပါတယ်။
ကိုယ်ငှားခွင့် ရှိတဲ့ အုပ်ရေ ထက်ပိုငှားချင်ရင်တော့ သူငယ်ချင်းတွေရဲ ့စာကြည့်တိုက်ကဒ်တွေ
ငှားထားရပါတယ်။ တစ်ခါတစ်လေ ကိုယ်ငှားထားတဲ့ စာအုပ်တွေနဲ့မှ အဆင်မပြေရင်
ဖြေနေရင်းနဲ့ စာကြည့်တိုက်ကိုပြေးကြရပါတယ်။

ကျမရဲ ့ Procrastination ကဒီမှာ အစွမ်းပြတော့တာပါပဲရှင်။ စောစောကငှားထားတဲ့
စာအုပ်တွေထဲမှာ ကိုယ်ရှာချင်တဲ့ အချက်အလက်နည်းနေလို့ စာအုပ်ထပ်ရှာချင်ပေမဲ့
သူငယ်ချင်းတွေဆီက စာကြည့်တိုက် ကဒ် ငှားထား ရမှာကို မနက်ဖြန်မှ နောက်နေ့မှ လုပ်နေ
ခဲ့တာ တကယ်လိုအပ်တဲ့ အချိန်ကျတော့ သူတို့က မြို ့ထဲသွားတာတို့၊ အခန်းမှာမရှိတာတို့ နဲ့
အဆင်မပြေတော့ပါ၊၊ ဟန်ရေးပြင်နေတာနဲ့ ( နောက်မှ လုပ်တာပေါ့ လုပ်မိတာနဲ့) ကျမ
ကိုးကားစာအုပ်ရှာရတာတော်တော် အခက်ကြုံခဲ့ဖူး တဲ့ သာဓကလေးရယ်ပါ။

(၂) သိလား၊ ငါဘာကြားခဲ့သလဲ သိလား

လူဆိုတာ သူများအကြောင်းပြောရတာ ဝါသနာပါတတ်ကြပါတယ်။ ယခုစာဖတ်နေသူ
မိတ်ဆွေရော သူများအကြောင်း မပြောဖို့ ကြိုးစားဖူးပါသလား။ ကြိုးစားလို့ရော ရဖူး
ပါသလား။

ကျမတို့ အနည်းဆုံး…. မပြောဘူးဆိုတောင်မှ နားထောင်မိတတ်ကြပါတယ်။
ပြီးမှ ဒါ မဟုတ်သေးပါဘူး။ ကိုယ့်ကိစ္စ မဟုတ်ပါဘူး ဆိုပြီး နောက်ဆုတ်ချင်ဆုတ်ပေလိမ့်
မယ်။ သူများအကြောင်းဆိုရင် လူတိုင်းနီးပါးစိတ်ဝင်စားတတ်ကြပါတယ်။ ဒီနေရာမှာတော့
ကောင်းသတင်းရော ဆိုးသတင်းရော ကိုပြောတာပါ။ မနာလိုလို့လည်း နားထောင်ချင်တယ်။
မုဒိတာပွားချင်လို့ လည်းနားထောင်ချင်တယ်။ စိတ်ဝင်စားလို့လည်းနားထောင်ချင်တယ်။

ဘာပဲဖြစ်ဖြစ် သူများမကောင်းသတင်းကို အတင်းအဖျင်းအဖြစ်သယ်ဆောင်လာသူ ကတော့
ရှိနေမှာပါပဲ။ ဒီလိုလာပြောရင် ကိုယ်တိုင်ကလည်း အတင်းပြောတတ်တဲ့ အကျင့်ဆိုးဖျက်ချင်
ရင်တော့ နားမထောင်ပါနဲ့။ အကယ်၍ တစ်စုံတစ်ယောက်က မပြောရမနေနှိုင်
လျှာယားတတ်သူ ဆိုရင်တော့ “ ဟုတ်လား? မကြားမိပါဘူး၊ မသိလိုက်ဘူး” စသည်တို့နဲ့
စကားသိမ်းပေးရပါမယ်။

ဒါနဲ့မှ အဲဒီမိတ်ဆွေက မရပ်သေးဘူးဆိုရင်တော့ သူ့ကို သတင်းအသစ်တွေပြောပြလိုက်ပါ။
“ကိုယ့်အကြောင်း” ဖြစ်ပါတယ်။

(၃) နောက်ကျတာတောင်းပန်ပါတယ်

တစ်ချို ့တွေ အမြဲနောက်ကျတတ်တယ်။ ကျမကျောင်းသားတွေထဲက အမြဲနောက်ကျတတ်တဲ့
ကလေးတွေကို ကျမ က “ပဲတီချဉ်” လို့ ခေါ်တယ်။ အချဉ်ဖောက်ထားရင် ထပ်ထည့်လည်း
ချဉ်နေတတ်တယ်၊ ချဉ်တဲ့ အလျဉ်လိုက်တဲ့ သဘောပါ။

ကျမမိတ်ဆွေတစ်ယောက်ဆိုရင် နောက်ကျတတ်လွန်းလို့ သူနဲ့တွေ့ဖို့ချိန်းရင် သူ့အကြောင်းသိ
တဲ့သူငယ်ချင်းတွေက သူ့ကိုနာရီဝက်ကြိုစောမှာထားရတယ်။

ငယ်ငယ်တုန်းက ကာတွန်းလေးတစ်ပုဒ်ဖတ်ဖူးတယ်။
လူတစ်ယောက် အထုပ်အပိုးတွေသယ်ပြေးလာနေတယ်၊ သူစီးမဲ့လေယာဉ်ပျံက ပြေးလမ်း
ပေါ်မှာ ပြေးနေပြီ၊ ဒီလူကပြေးလိုက်ရင်း မေးလိုက်တယ်၊
“Am I late?” တဲ့လေ။

နောက်ကျတတ်ရင် ဒီအကျင့်ကလေး ဆိုးမှန်းသိရင် ဘယ်လိုပြင်ကြမလဲ။
နှိုုးစက် ( သတိပေးသံပါတဲ့ နာရီ) ချထားရပါမယ်။ ဥပမာ တက်ရမဲ့ အတန်းက (၈)နာရီ
မှာစမယ်။ သွားမှာက မီးနစ်(၂၀) ကြာမယ်ဆိုပါစို့၊ အိမ်က (၇.၄၀)မှာထွက်ဖို့ သတိပေးသံ
ချိန်ထားရပါမယ်။

ကျမမောင်လေးလိုတော့ မလုပ်မိစေနဲ့နော်။ နှိုးစက်ပိတ်ပြီးပြန်အိပ်မိလို့ အလုပ်နောက်ကျ
ရပေါင်းများပြီ။ နောက်ထပ် ထပ်မွေးမိတဲ့ သူ့အကျင့်ဆိုးလေးက နှိုးစက်အသံမြည်တာနဲ့ ပြန်
ပိတ်မိတဲ့ အကျင့်ဖြစ်သွားပါရောလား။

ကျမတို့ ကိုယ်စီမှာ ရှိတတ်ကြတဲ့ အကျင့်ဆိုးလေးတွေ ဒီထက်မကပါဘူး။ တစ်ချို ့ အကျင့်
လေးတွေက (၁) ပြင်လို့ရတယ်
(၂) ပြင်မရလောက်အောင် စွဲမြဲဆိုးနေတယ်
(၃) သူများကိုမထိခိုက်ဘူး
(၄) သူများကို တစ်ခုခု ထိခိုက်စေတယ်
စသဖြင့် မဆုံးတော့ပါဘူးလေ။

အချုပ်ပြောရရင်တော့ အကျင့်ဆိုးတစ်ခုမှန်းသိရင် သူတစ်ပါး မထိခိုက်ခင် အရင်ပြင်၊
ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ့်ဖာသာ ကိုယ်ပြင်လိုက်တာ အကောင်းဆုံးပါပဲ။

45 comments

  • windtalker

    January 3, 2012 at 1:39 pm

    တီချယ်ရေ
    မာန ကြီးတာ တို ့ပေကပ်ကပ်လုပ်တာတို ့ကလည်း အကျင့်ဆိုးတွေ ဘဲ ထင်တယ်နော

    • TTNU

      January 3, 2012 at 2:25 pm

      ကိုဝင်းထော်ခါ
      မာန ကြီးတာ တို ့ပေကပ်ကပ်လုပ်တာတို ့ကတော့ … အင်း ..
      အကျင့်ကောင်းတော့မဟုတ်တာအမှန်ပဲ။
      သို့သော် မောင်ရင့် ဘေဘီက ဒီလို မာန ကြီးတာ တို ့
      ပေကပ်ကပ်လုပ်တာတို ့ လုပ်တတ်တယ်၊ ပြီတော့ မောင်ရင်ကလည်း
      ပန်းနဲ့ပေါက်နေတယ် လို့ မှတ်ယူမယ်ဆိုရင်တော့ အကျင့်ဆိုး မဟုတ်တဲ့
      မာယာ ပေါ့။

      ဟေ့လူ ၊ ငါ့ကို ခုတုံးလုပ်ပြီး ပါးစပ်မငှားနဲ့နော်။

      • windtalker

        January 3, 2012 at 8:52 pm

        အခုလို ဖြေကြားပေးတဲ့အတွက်
        ကျေးဇူးကြီးမားလှကြောင်းရယ်ပါ
        ီဟီဟိ

  • blackchaw

    January 3, 2012 at 1:50 pm

    တီချာကြီးရေ။
    အကျင့်ဆိုးတွေ အများကြီး ရှိပါတယ်။
    ပြင်ဘို့ ကြိုးစားနေတာလည်း ကြာပါပြီ။
    ဒီတစ်ခါတော့ တီချာကြီး စကားနားထောင်ပြီး
    အကျင့်ဆိုးတွေကို ပြင်နိုင်အောင်ကြိုးစားပါတော့မယ်ခင်ဗျာ။

    • TTNU

      January 3, 2012 at 2:44 pm

      ကိုချောရေ
      သူများကိုမထိခိုက်ဘူးဆိုရင်တော့ ..
      အရင်အတိုင်းပဲ ကောင်းပါတယ်။
      တီချာကြီးမှာလည်း အကျင့်ဆိုးတွေ ရှိပါတယ်လေ။

  • nozomi

    January 3, 2012 at 1:55 pm

    (၁) ကတော့ ကျွန်တော့ကို ရည်ရွယ်ပြီး ပြောနေသလိုပဲ ၊ ပြင်ပါ့မယ် တီချယ်ကြီးခင်ဗျာ
    (၂) ကတော့ ကြုံရတယ် ကိုယ်အဖွဲ့ထဲက ပတ်သတ်တဲ့လူအားလုံးကို ပြောထားရတယ် အတွင်းမီးလဲ အပြင်မထုတ်နဲ့ ၊ အပြင်မီးလဲ အတွင်း မသွင်း နဲ့ လို့ လူ ဖြစ်နေလို့ မီး နဲ့တူတဲ့ ပြသာနာတွေ ရှိနေမှာပဲ ၊ အေး လုပ်ပါဦးကွာ ဆိုတာမျိုး လေတိုက်လိုက်ရင် ပိုများလာမှာ စိုးလို့ အပြတ်ဖြတ်ထားရတယ် ၊ အဲဒီ မီးကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ပြသာနာတွေက တော်တော်ရှုပ်တာပဲ

    • TTNU

      January 3, 2012 at 8:53 pm

      ကိုနိုဇိုမိ
      ကျေးဇူးတင်ပါတယ်။ (စကားနားထောင်လို့)
      Side effects မရှိတဲ့ အကျင့်ဆိုးလေးတွေကိုတော့ အမှတ်တရ
      ထားချင်ထားပါလား။ 🙂

      (အတွင်းမီးလဲ အပြင်မထုတ်နဲ့ ၊ အပြင်မီးလဲ အတွင်း မသွင်း နဲ့)
      ဒါလေးသဘောကျတယ်။

  • pooch

    January 3, 2012 at 2:35 pm

    အချိန်ရွှေ့တတ်တဲ့ အကျင့်ကြောင့် ပိုက်ဆံတွေ ပိုကုန်ခဲ့ အလုပ်တွေပိုရှုပ်ပြီး စိတ်ညစ်ဖူးပါတယ်…

    “ဟုတ်လား ၊ မသိလိုက်ဖူးလို့” ပြန်ပြောတတ်ဖို့ ကြိုးစားပါ့မယ်….(တော်တော်များများတဖက်သားကို စိတ်အနှောင့်အယှက်ပေးမိပြီးပြီလို့ ကိုယ့်ကိုယ်ကိုထင်ပါတယ်…)

    နောက်ကျတတ်ခြင်းကတော့ ပဲတီချဉ်ဆိုတဲ့ ဘွဲ့ကို တီချယ်ဆီကရော သူငယ်ချင်းများဆီကပါ ရခဲ့ဖူးလို့ ဘယ်လောက်ဆိုးဝါးတဲ့ အကျင့်ဆိုးလည်း ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး…..

    ၃ ခုလုံးနဲ့ ငြိနေလို့ပါ တီချယ် ဒီနှစ်ရဲ့ သံဓိဌာန်အသစ်တွေအနေနဲ့ ကို သေချာအလေးထားပြီးပြင်ပါ့မယ် လို့ ကတိပေးပါတယ်…

    ဒီအကျင့်ဆိုးတွေက သေချာအလေးထားပြီး ကိုယ်တိုင်ဂရုတစိုက်နဲ့ ပြင်ရမှာပါ.. ပြောပြပေးတဲ့ သတိပေးတဲ့လူရှိတာကိုပဲ ကျေးဇူးတင်ရမှာပါ..

    • TTNU

      January 3, 2012 at 9:05 pm

      Pooch ရေ
      (ဒီနှစ်ရဲ့ သံဓိဌာန်အသစ်တွေအနေနဲ့ ကို သေချာအလေးထားပြီးပြင်ပါ့မယ်
      လို့ ကတိပေးပါတယ်…)

      သန္နိဋ္ဌာန် အသစ်တွေရဲ ့ နှစ်ထောင့်တစ်ဆယ့်နှစ်လား သမီးရေ။

      (ကိုယ်တိုင်ဂရုတစိုက်နဲ့ ပြင်ရမှာပါ.)

      တစ်ယောက်တည်းပြင်ရမှာပျင်းရင် ချင်းငူနဲ့ ပြင်ပါလားကွယ်။ 😛

  • manawphyulay

    January 3, 2012 at 4:28 pm

    ဟုတ်ပါတယ် တီချယ်… တစ်ခါတလေ ကိုယ်နားမထောင်လည်း လာပြောတဲ့အခါ အားနာပါးနာနဲ့ နားထောင်ပေးရတာလည်း ရှိပါတယ်။ ကိုယ့်အကြောင်းကို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောတာလည်း ကြုံဖူးပါတယ်။ ငယ်တုန်းက စိတ်ဆိုးရင်တော့ စိတ်ဆိုးမိမှာ အမှန်ပေမယ့် အသက်ရလာတော့လည်း ဪ သူ ပြောချင်ရာ ပြောပါစေလေ ကိုယ်မဟုတ်ရင်ပြီးတာပဲဆိုတဲ့စိတ်၊ နောက်တစ်ချက်က ပြောတဲ့သူကို သနားစိတ်ဝင်မိတာလည်းတစ်ကြောင်း နောက် ကိုယ့်အတွက် အရေမရ အဖတ်မရ ဘာလို့ သူများအကြောင်း လေကုန်ခံပြောနေတာလည်းဆိုတာလည်း စဉ်းစားမိတယ်။ လူတွေက ပတ်ဝန်းကျင်မတူတဲ့အခါ ပုံသဏ္ဍာန်ကွဲပြား ခြားနားတာကို လက်ခံလို့ရပေမယ့် တစ်ခါတလေ သူများ မကောင်းကြံတတ်ကြတာ ဘာသဘောလဲဆိုတာလည်း နားမလည်နိုင်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်သေရင် ကိုယ့်နောက်ပါတာမှမဟုတ်တာ… ဒါကို စဉ်းစားမိရင် ဘယ်သူတွေပဲ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်နေမယ်ဆိုတဲ့စိတ် အတွေးကတော့ အမြဲဝင်နေမိတော့တာပါပဲ တီချယ်ရယ်…

    • TTNU

      January 3, 2012 at 9:11 pm

      (ဘယ်သူတွေပဲ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်နေမယ်
      ဆိုတဲ့စိတ် အတွေးကတော့ အမြဲဝင်နေမိတော့တာပါပဲ)

      တကယ်မှန်တဲ့ အတွေးအခေါ်ပဲ။
      ဒီလို ကျင့်နှိုင်ဖို့ အဓိကဖယ်ရှားရမှာက ဒေါသ နဲ့ မာန ပဲ။
      တီချာတို့ကို အနီးကပ်တိုက်ခိုက်နေတာကတော့ ဒိဋ္ဌိ ပေါ့။

      မနောရေ တစ်ခါတစ်လေကျတော့လည်း
      သိရက်နဲ့ ဝိဘက်ကြမ္မာငင်တတ်ပါတယ်လေ။

  • KING

    January 3, 2012 at 9:05 pm

    မီးစင်ပြီး ကြည့်ကရတာပေါ့ ကလည်း အကျင့်ဆိုးပဲလားမသိ
    ဒါဆိုရင်တော့ မဖြစ်ချေဘူး
    ဘယ်လိုပြင်ရပါ့မလဲ
    မီးစင်ပြီး ကြည့်ကရတဲ့ နေ့တွေက မနည်းတော့ဘူးဗျာ …

    • TTNU

      January 3, 2012 at 9:16 pm

      ကိုကင်းရေ
      မီးစင်ကြည့်ကတတ်တာ တော့ အကျင့်ဆိုး ဟုတ်ပုံမပေါ်ဘူး။
      Strategy ဖြစ်မယ်ထင်ပါတယ်။

  • MaMa

    January 3, 2012 at 9:49 pm

    တီတီနုရေ-
    ၁။ အချိန်ရွှေ့တတ်သလားဆိုတော့ အမြဲတမ်းတော့ မရွေ့တတ်ဘူး။ တခါတလေတော့ …. 😀
    ၂။ သိလား၊ ငါဘာကြားခဲ့သလဲ သိလား ဆိုသလို- စကားသယ်တာမျိုးတော့ မပြောတတ်/ချင်ဘူး။ (တီချာ ၁ မှတ်ပေး နော်)
    ၃။ အများနဲ့ ကိစ္စတွေမှာ နောက်ကျရင် အားနာဖို့ ကောင်းတာကြောင့် နောက်မကျအောင် ကြိုးစားပါတယ်။ မဖြစ်သာတဲ့ အခြေအနေတွေက လွဲလို့ပေါ့။
    ကျောင်းတုန်းကတည်းက သူငယ်ချင်းတွေစုရင် ကျမတို့အုပ်စုရဲ့ ကောင်းကွက်လေးက ဘယ်သူမှ နောက်ကျလေ့ မရှိဘူး။
    (အမှတ်များများ ရမလားလို့) 😀

    • TTNU

      January 4, 2012 at 10:19 am

      မမရေ
      အချိန်ရွှေ ့ဆိုင်းမိတာက အမြဲအဆိုးတော့ မဟုတ်တတ်ဘူး။
      တစ်ခါတစ်လေ အချိန်ရွှေ ့လိုက်မိလို့ ပိုကောင်းသွားမျိုးလည်းရှိတတ်ပါတယ်။
      “သိလား၊ ငါဘာကြားခဲ့သလဲ သိလား” နဲ့ ပါတ်သက်ပြီး အမှတ်ပြည့်ရသွားပြီပေါ့။
      Being late ကိစ္စ ကတော့ တီချာတို့ နေထိုင်ရတဲ့ အခြေအနေအရ
      မလွှဲသာနှိုင်တဲ့ ဟာမျိုး ဘတ်စ်ကားတိုးမရတာမျိုးတို့ လမ်းပိတ်နေတာမျိုးတို့ကြောင့်
      …ဖြစ်နှိုင်ပါတယ်။ နောက်ကျလေ့ မရှိအောင် လုပ်နှိုင်တာ လေးစားစရာပါ။

      မမ ကို တီချာ အစောကြီးကတည်းက အမှတ်တွေပေးထားပြီးသားပါ။
      မှတ်မိသေးလား။Hot News က မမ လို့ထင်ခဲ့တာလေ။

  • ငပေါက်ဖော်

    January 3, 2012 at 10:13 pm

    သများကတော့
    အအိပ်ကြီးတာ
    အစားကြီးတာ
    ဒေါသကြီးတာ
    အသောက်ကြမ်းတာ
    အပျင်းကြီးတာ
    ိစိတ်ကြီးတာ
    သဘောထားမကြီးတာ
    ကပ်စေးနဲတာ
    နောက်ကျတတ်တာ
    နှာခေါင်းကြီးတာ
    ဘာညာ..အကုန်မကောင်းတာတွေမှာ ပျော်နေတတ်တာကလွဲပြီး
    ကျန်တာ ကောင်းပါလယ်ချင့်

    • TTNU

      January 4, 2012 at 10:30 am

      ကိုပေါက်ဖော်ရေ
      (ကျန်တာ ကောင်းပါလယ်ချင့်)
      ကောင်းတာလေးတွေရှာရအောင်။
      (၁) ဘယ်သူတင်တဲ့ Post ကိုမဆို လိုက်လျောညီထွေဖြစ်အောင်
      Comment ပေးတတ်ခြင်း။
      (၂) လှုပ်နေတဲ့ ပုလင်းလေးမြင်လိုက်တာနဲ့ ကိုပေါက်ဖော် ဆိုတာ
      သိစေနှိုင်အောင် Profile Picture မပြောင်းခြင်း။
      (၃) မိမိ၏ ရေးအားဖြင့် စာဖတ်သူကို ပြုံးစေနှိုင်ခြင်း။
      (၄) ကိုပေါက်ဖော်ရေးထားတဲ့စာကိုဖတ်ပြီး စာဖတ်သူ (အထူးသဖြင့် တီချာ့ကို)
      မျက်မှောင်ကြုံ ့ မသွားစေခြင်း။
      ရေးလို့မကုန်သေးပါ။ ဆိုတော့…..
      ဒီထက်ကောင်းတာတောင် သူ့လောက်မကောင်းနှိုင်ပါဘူးကိုပေါက်ဖော်ရယ်။

  • comegyi

    January 3, 2012 at 11:34 pm

    တီချယ်ခင်ဗျား …..
    ကျွန်တော့်မှာ ဖျောက်မရတဲ့အကျင့်ဆိုးတွေ
    အများကြီးပါခင်ဗျ….
    အိပ်ရေးတွေဘယ်လောက်ပျက်ပျက်…စာကလေး တစ်နာရီ
    နှစ်နာရီလောက်ပေပြီး ဖတ်လိုက်ရမှ အိပ်ပျော်တာတို့…..
    ခရီးသွားရင်…ဝမ်းချုပ်တတ်တာတို့……
    အားနာတတ်လွန်းလို့ ….ခဏခဏ ခါးပါခဲ့ရတာတွေလည်း
    မနည်းမနောပါခင်ဗျ…
    ချိတ်ညစ်ချာဂျီး တီချယ်ရာ…..

    • TTNU

      January 4, 2012 at 11:02 am

      ကိုကမ်းကြီးရေ
      အိပ်ရာဝင်ခါနီးစာဖတ်မှအိပ်ပျော်တဲ့အကျင့်ရှိသူ တော်တော်များများ
      တွေ့ဖူးတယ်။ တီချာငယ်ငယ်တုန်းကလည်းဒီလိုပဲ။ တရုပ်ကားတွေ
      ကိုရီးယားကားတွေ မိုးချုပ်ချုပ် ကြည့်ပြီးလည်း စာလေးတစ်ပိုဒ်လောက်တော့
      ဖတ်လိုက်ရမှ အိပ်ပျော်သလိုလိုပဲ။ အသက်ကြီးပိုင်းရောက်လာတော့
      အိပ်ရာဝင်စောလာတာမျိုး၊ အမှတ်လေးနဲ့ အိပ်ဖြစ်သွားတာမျိုးလေးတွေ
      အစားဝင်လာတာပါ။

      (ခရီးသွားရင်…ဝမ်းချုပ်တတ်တာတို့…)
      ဒီပြဿနာတူတယ်။ အိမ်သာအသစ်ကိုဖင်ရှက်နေတဲ့ရောဂါလို့ခေါ်တယ်။
      သိပ်ဒုက္ခရောက်တယ်နော်။

      အားနာလို့ငွေချေးလိုက်ပြီးပြန်မရတာလည်း ငယ်ငယ်တုန်းက အကျင့်ဖြစ်ခဲ့ဖူးတယ်။
      (၅၀)ကျော်လောက်ကစပြီး လူချင်းသိတာနဲ့ Notify အရင်ပေးထားတယ်
      ပိုက်ပိုက်အချေးအငှားလုံးဝဝါသနာမပါဘူးလို့။ :mrgreen:

  • Khin Latt

    January 4, 2012 at 4:40 am

    တီချယ်ကြီး ရေ – မှန်လိုက်တာ။
    ကိုယ့် လုပ်ချင်တာ၊ ပြောလိုက်တာက သူများတွေကို နစ်နာ ထိခိုက်စေတယ် ဆိုတာ မတွေးတတ်တာ ကလဲ အကျင့်ဆိုးပါဘဲ။
    ဖျောက်ဖို့ ကြိုးစားလိုက်၊ ပြန်ပေါ်လာလိုက် နဲ့ သံသရာ လည်ဆဲပါ။
    သတိမပြတ်ထားနိုင်အောင် ဒီလိုမျိုး သတိလေး တွေပေးနေလို့ ကျေးဇူးပါ တီချယ်ကြီးရှင့်။ 🙂

  • small cat

    January 4, 2012 at 5:48 am

    ကျနော်ကတော့ ၁ ကိုတော့ပြင်ရမယ်ဆရာမကြီးခင်ဗျာ၊ ၂ ကိုတော့ ဝါသနာမပါပါဘူး။ ၃ ကတော့ ရံရံခါပေါ့။

  • thit min

    January 4, 2012 at 6:55 am

    Tomorrow never comes ဆိုတဲ့စကားကိုကျနော်သိပ်ကြိုက်တာဘဲ။
    ဒီ မှာတော့ တရက်ဟာတဘဝစာ မလို့ တရက်ပျက်ကွက်ရင် ဘဝအတွက်များစွာနစ်နာပါတယ်။
    ကျနော့ ဗီအိုင်ပီက ကျနော့ကို ပြောတယ် ချဲလဲန့်တွေနဲ့နေ့စဉ်ပျော်ပါးနေတယ်တဲ့။
    တကယ်တော့ Challenge ဆိုတာ Opportunity=အခွင့်အရေးက
    ရုပ်ဖျက်လာတာ( Blessing in disguise) မို့
    ခုဘဲ(မနက်ဖန်မဟုတ်) ဆွတ်ခူးယူလိုက်တာပေါ့။ရိုးရိုးလေးပါ။
    ————————–
    သူတပါးအတင်းကတော့ ပြောတာကို နားထောင်တဲ့အခါ “ငါဘာကူညီနိုင်”လဲ လို့ ပြောင်းပြီးစဉ်းစား
    ပေးပါတယ်။ မကောင်းသတင်းဆိုရင်တော့ သူလိုမဖြစ်အောင် သင်ခန်းစာ ဆောင်ရတာပေါ့။
    လူသားတွေဆက်နွယ်မှုအရ ရပ်တန့်သွားဘို့ကမဖြစ်နိုင်လေတော့ ဇကာနဲ့စစ်ပြီး ပစ်သင့်တာပစ်ရတာ
    ပါဘဲ။ တချို့နေရာတွေမှာ “အတင်း” မဟုတ်ပေမဲ့ သတင်းတွေကလို ကို လို နေတာပါ။
    ကျနော်တို့လို ဂျပန်တောထဲ တိုးနေရသူတွေအတွက်တော့ အဲဒီသတင်းမျိုးတွေဟာ အသက်ရှင်ရပ်တည်
    မှုဆိုတဲ့နေရာကိုတောင် ရောက်နေပါတယ်။ကိုယ့်စိတ်ကို ပြင်ဆင်ပြီး “နားထောင်တတ်” ရဘို့ပါဘဲ။
    ————————
    နောက်ကျတတ်တာနဲ့ပါတ်သက်ပြီးတော့ ကျနော် စောပြီး သွားကြည့်လိုက်တယ်။
    စိတ်သက်သာရာ ရတာ ကို ကောင်းကောင်းခံစားလိုက်တယ်ပေါ့နော်။
    နောက်ပိုင်းတော့ ဘယ်ကိုဘဲသွားသွား ပလဲန်လေးနဲ့ စီစဉ်တယ်။
    အချိန်ဘယ်လောက်ယူမယ်လို့ ပိုပိုလိုလိုတွက်ပြီးလုပ်တော့ ကိုယ့်တန်ဖိုးတက်လာတယ်ပေါ့။
    တိကျမှုရဲ့ရလာဒ်က တော့ တော်တော်စိတ်ချမ်းသာရပါလား ဆိုတဲ့ စိတ်က နောက်ဆိုပြုပြင်သွားတယ်။
    ကိုယ်တွေ့ပါ။
    လေးစားခင်မင်လျှက်
    မောင်သစ်မင်း

    • TTNU

      January 4, 2012 at 12:30 pm

      ကိုသစ်ရေ…
      “Tomorrow is another day”. ဆိုတဲ့ အဆိုလေးကို တီချာလည်းကြိုက်တယ်။
      ဒါပေမဲ့ ..ကိုသစ်သိမလားပဲ၊ ဇော်ဝင်းထွဋ်အမေ အဆိုတော် ထား သီဆိုခဲ့တာ
      ” မောင်ရေးလာမဲ့စာချွန်လွှာ နက်ဖြန်သို့မဟုတ်ဘယ်သောအခါ”…တဲ့။
      မျှော်လင့်နေသူများအတွက်ကတော့ မနက်ဖြန်များစွာ ရှိနေဦးမှာပါပဲ။

      နားထဲဝင်လာမဲ့ အတင်းအဖျင်းတွေကို ဇကာနဲ့စစ်ပစ်နားထောင်မယ်ဆိုတဲ့
      idea လေးက တီချာအတွက် အသစ်ကလေးပါ။ ကျေးဇူးတင်ပါတယ်။

      ကိုသစ်ပြောသလို ကိုယ့်စိတ်ကိုယ်ပြင်ပြီးနားထောင်နှိုင်ဖို့ အရေးကြီးတာတီချာ
      သဘောတူပါတယ်။ ဒါပေမဲ့ ပြင်နှိုင်စွမ်း ကတော့ လူတိုင်းအတွက်
      Easier said than done. လို့ထင်မိတယ်။ ဒီတော့ ကိုသစ်ပြောသလို
      (၁) ” ငါဘာကူညီနှိုင်မလဲ ” စိတ်နဲ့ အရင်နားထောင်ကြမယ်။
      (လွယ်ကူတယ်၊လုပ်နှိုင်တယ်)
      (၂) သူလိုမဖြစ်အောင် သင်ခန်းစာ ဆောင်ဖို့ လည်း ကောင်းတယ်။
      (လွယ်ကူတယ်၊လုပ်နှိုင်တယ်)
      (၃) ဇကာနဲ့စစ်ပြီး ပစ်သင့်တာပစ်ဖို့ ပိုကောင်းတယ်။
      (စစ်တတ်၊ စစ်နှိုင်တဲ့ အရည်အသွေခန်းပါလာပြီ) (နည်းနည်းစ ခက်ပြီ)
      (၄) ကိုယ့်စိတ်ကို ပြင်ဆင်ပြီး “နားထောင်တတ်” ရဖို့ အကောင်းဆုံးပါ။
      (အခက်ဆုံးထင်ပါတယ်။ တီချာတို့ လူတွေဆိုတာ သူများကိုပိုင်သလောက်
      ကိုယ့်ကိုယ်ကို မနှိုင်ဆုံးပဲ လို့ ကြားဖူးပါတယ်)

      (တိကျမှုရဲ့ရလာဒ်က တော့ တော်တော်စိတ်ချမ်းသာရပါလား ဆိုတဲ့ စိတ်က နောက်ဆိုပြုပြင်သွားတယ်။ကိုယ်တွေ့ပါ။) ဆိုတဲ့ ကိုသစ်ရေ..
      Precision and Punctuality ရဲ ့ တန်ဖိုးကို သင်တိုင်းကလေးတွေနဲ့ တီချာနဲ့
      တစ်ရန်ပါပဲ။ သူတို့လေးတွေ စိတ်ထဲမှာ ဘဝကြီးဆိုတာ
      ” နောက်မှ ကြည့်လုပ်ကြတာပေါ့” နဲ့ ဆွေမျိုးတော်တယ်မှတ်နေသကိုး။

      လေးလေးနက်နက်ဝင်မန်းပေးတဲ့ ကိုသစ်ကိုကျေးဇူးတင်ပါတယ်။

  • ဟိုသီချင်းကို သွားသတိရတယ်အခုမှပဲ
    ဆရာရွှေတိုင်ညွန့်ရေးတဲ့ “အကျင့်ဆိုး” ဆိုတဲ့သီချင်း
    အကုန်အလွှတ်မရလို့ ချမရေးပြတော့ဘူးဗျာ
    ဆရာချစ်ဦးညိုက အုန်းနှဲကျေးရွာ စာပေဟောပြောပွဲမှာ ပြန်ဆိုထားတာ ရှိတယ်ဗျ
    မူရင်းအဆိုရှင်က စိန်ဂျွန်း … ဘယ်သူလဲဆိုပဲ
    အဲဒီသီချင်းက အခုထိအောင် အံဝင်နေတုံးပဲ ….

    • TTNU

      January 4, 2012 at 12:35 pm

      ကိုဇော်ဂျီကင်းရေ..
      ဆရာရွှေတိုင်ညွန့်ရေးတဲ့ “အကျင့်ဆိုး” ဆိုတဲ့သီချင်း တီချာရှာလိုက်ဦးမယ်။
      တစ်ပိုင်းတစ်စပဲသိတယ်။

      လူတွေမှာ အကျင့်ဆိုးတွေ အနည်းနဲ့အများ ရှိနေကြမှာပါလေ။

  • TTNU

    January 4, 2012 at 11:17 am

    မလတ်ရေ………..
    နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ ့တိုးမိ…တဲ့ တက်နေကြည်ကပြောတာပါ။

    Small Cat ရေ…….
    (၁) နဲ့ ပါတ်သက်ပြီး မြန်မာစကားပုံရှိသမို့လား၊ ဘာတဲ့
    “နောက်မှခူးမယ်ပြောရင် ကန်စွန်းရွက်ကတောင် (ရီ) ရိသတဲ့။”
    တစ်ချို ့က ရယ်တယ်ပြောကြတာ၊ တကယ်တော့ မခူးဖြစ်လို့ ရိသွားတယ်ပေါ့။

    Gossiping အလုပ်ကတော့ ယောင်္ကျားတန်ဖိုး အမှန်ထားသူတွေ
    လုပ်မဲ့ ကိစ္စမဟုတ်ပါဘူး။

    ရံဖန်ရံခါနောက်ကျတာကတော့ လူတိုင်းလိုလိုပါကွယ်။
    တီချာ ကလေးတွေကို လေ့ကျင့်ပေးနေတာ Punctuality ဖြစ်ဖို့ပေါ့နော။
    ဒီထဲမှာ သိပ်စောလွန်းတာ။ သိပ်နောက်ကျလွန်းတာတွေကလည်း Bad habits ထဲမှာပါတာပါပဲ။

  • weiwei

    January 4, 2012 at 11:34 am

    ကျွန်မအကျင့်ဆိုးကတော့ နံပါတ် (၁) ပဲ ..
    အရင်တုန်းက ကျွန်မအလုပ်စားပွဲရှေ့မှာ “ယနေ့ပြီးနိုင်သောအလုပ်ကို မနက်ဖြန်သို့ မရွေ့ပါနှင့်” ဆိုတဲ့ စာလေးကပ်ထားတယ်။ ဒါပေမယ့် အဲဒီစာလေးက ကျွန်မကိုလှောင်နေသလိုပဲ … ကျွန်မစိတ်ထဲက မနက်ဖြန်ကိုမရွေ့ဘူး သဘက်ခါမှ လုပ်မယ်လို့ချည်း ပြန်ပြောနေမိလို့လေ … 😛

    ကျန်တဲ့ (၂) နဲ့ (၃) ကတော့ ပြောပလောက်အောင် အကျင့်မဆိုးပါကြောင်း ….

  • alinsett

    January 4, 2012 at 11:38 am

    တီတီနု… ရေ..
    အရမ်းကောင်းတဲ ့ စာလေးပါ

    အဲဒီ လို အတွေး..ပါ တဲ ့ စာလေးတွေ ကို ဖတ်ချင်နေတာပါ

    ဆက်လက် ဝေမျှ..ပေးပါဦး..

    ခင်မင်စွာ..
    အလင်းဆက်

  • TTNU

    January 4, 2012 at 12:39 pm

    မဝေရေ…
    တီချာကျောင်းတုန်းကစာကြည့်စားပွဲမှာကပ်ထားတာ
    “ပျင်းလျှင်ဖျင်းမည်” တဲ့။
    အိပ်ချင်လာတဲ့အခါ ဖျင်းပစေကွာ လို့ တွေးခဲ့ဖူးတယ်။

    အလင်းစက်ရေ…
    ကျေးဇူးတင်ပါတယ်နော်။

  • inz@ghi

    January 5, 2012 at 6:47 pm

    တီချယ်ကြီးရေ ….
    ဂီက အပျင်းကြီးတယ်ဗျ……ဘယ်တော့မဆို ကပ်ကပ် တွန်းတတ်တုန်း ….
    ကသီလင်တ ဖြစ်တုန်း ..တခါတခါ …ပျက်ကွက် ကျရှုံးရတုန်း …
    ကျနော် မရင့်ကျက်သေးတာ အမှန်ရယ်….

    သည်တော့ …..
    သည်လို တန်ဖိုးရှိတဲ့ စာတွေ ဖတ်ဖတ်နေရင်း ကိုယ့်ကိုကိုယ် သတိပေးနေရခွင့်ရတဲ့အတွက်
    ကျေးဇူးအလွန်တင်ပါသည်ခင်ဗျား..

    ခင်တဲ့ ဂီ…

    • TTNU

      January 5, 2012 at 7:06 pm

      မောင်ဂီရေ…
      တော်တဲ့သူတွေရဲ ့ အဓိကအားနည်းချက်က….
      အပျင်းကြီးခြင်းတဲ့။
      ၈၀% လောက်မှန်တယ်။ မင်းလုပ်သလို Data collection
      နဲ့ လုပ်ထားတဲ့ Marketing data တွေလို စံနစ်တကျကောက်ထားတဲ့
      ဟာတော့မဟုတ်ပါဘူး။ ဆရာ/ ဆရာမ အိုကြီးတွေရဲ ့
      Experience + records = Experecords တွေအရပါ။

  • ကြောင်ကြီး

    January 6, 2012 at 11:17 am

    အကျင့်ဆိုးတွေမှာ အတွင်းကလာတာနဲ့ အပြင်လွှမ်းမိုးမှုကြောင့် ဖြစ်ရပြီး များးသောအားဖြင့်က အဲဒီနှစ်ခုစပ်ဖြစ်တာများတယ် ထင်ပါတယ် တီချယ်ကြီး။ ပျင်းတာ အချိန်ဆွဲတာ၊ စပ်စုတာ၊ ကိုယ်သိတာကို သူတပါးကို ပြောချင်လွန်းတာ စတာတွေက မိမိကိုယ်ပိုင် ဗီဇနဲ့ပိုဆိုင်ပြီး အချိန်မလေးစားတာမျိုးကြတော့ ပြင်ပအသိုင်းအဝန်း သက်ရောက်မှုကြောင့် ပိုဖြစ်တယ်ထင်ပါတယ်။

    • TTNU

      January 7, 2012 at 9:19 pm

      ကိုကြီးကြောင်ရေ..
      နောက်ကျမှဖတ်မိလို့ ပြန်ရေးတာနောက်ကျသွားပါတယ်။
      ဗီဇအကျင့်နဲ့ အပြင်လွှမ်းမိုးမှုကြောင့် ပေါ်လာတဲ့အကျင့် ဒီအကျင့်ဆိုး
      နှစ်ခု အနက်မှာ ကျမ အမြင်မှာတော့ ဗီဇအကျင့်ကပိုဆိုးမယ်ထင်ပါတယ်။

  • နွယ်ပင်

    January 6, 2012 at 11:42 am

    တီချယ်ကြီးရေ နံပါတ် (1)ကတော့ နွယ်ပင်တို့ ခဏခဏလုပ်ဖြစ်နေတာလေ
    ဒီနေ့အလုပ်မနက်ဖြန်မသယ်ဘူးဆိုပြီး လုပ်နေတာပင်မယ့် တော်ကြာ ပျင်းတဲ့ စိတ်ကြောင့်
    တော်ပါပြီ နောက်နေ့မှပဲ လုပ်တော့မယ်ဆိုပြီး ခဏခဏလုပ်ဖြစ်နေတာပေါ့ (ပြင်ရမယ်ဆို ဒါက
    ထိပ်ဆုံးကပဲ) …..
    ဒိလို အတွေးပါတဲ့စာလေးနဲပ သတိပေးလို့ ကျေးဇူးပါ တီချယ်ကြီးရှင့် …………

    • TTNU

      January 7, 2012 at 9:24 pm

      နွယ်ပင်လေးရေ…
      ဂဇက်တစ်ရက်လောက်မဝင်ဖြစ်လိုက်တာနဲ့
      ပြန်စာလေးနောက်ကျသွားပါတယ်ကွယ်။
      “ဒီနေ့မပျင်းဘူး” လို့စာတမ်းလေးကို
      စာကြည့်စားပွဲမှာကပ်ထားလေသမီးရယ်။ 😛

  • amatmin

    January 6, 2012 at 11:47 am

    တီချယ်ရေ.
    နံပါတ် ၁ ကို လျော့ချ ဖို့ ဆုံးဖြတ်လိုက်ပြီဗျ.. အဲဒါ အခက်ဆုံးပဲ
    ဇကာ နဲ့ စစ်ပြီးနားထောင်ရ မဲ့ ၂ ကို လည်း ကြိုက်တယ်.. တချို့ကျတော့လည်းစိတ်ဝင်တစားနားထောင်ပေးမှကြည်ဖြူသကိုး 🙂
    ၃ အချက်ကတော့ ကိုယ်တိုင်လည်း အတော်မုန်းပါတယ်ဗျာ..
    အကျင့်ဆိုးလေးတွေ ကိုတတ်နိုင်သလောက် လျော့ကြည့်ပါ့မယ်..

    • TTNU

      January 7, 2012 at 9:28 pm

      အမတ်မင်းရေ…
      (ဇကာ နဲ့ စစ်ပြီးနားထောင်ရ မဲ့ ၂ ကို လည်း ကြိုက်တယ်..)
      ဟုတ်ပြီ။ တစ်ခါတစ်လေ Good listener ကို လူချစ်လူခင်ပေါပါတယ်။
      ဒါပေမဲ့ ဖြူသည်မည်းသည် မပြောမှနော။ 😀

  • etone

    January 6, 2012 at 3:01 pm

    တီချယ်ကြီးပြောတဲ့ သုံးခုစလုံး ကျွန်မကိုများ ရေးထားသလားလို့ ထင်ရလောက်အောင် တိုက်ဆိုင်လွန်းပါတယ် … 🙂
    ကျွန်မမှာ အချိန်ဆွဲတတ်တဲ့ အကျင့်ရှိတယ် … မကောင်းမှန်းသိပေမယ့် … တဒင်္ဂ သက်တောင့်သက်သာနေမယ်ဆိုတဲ့ စိတ်လေးမဖျောက်နိုင်တာကြောင့် … အချိန်ဆွဲထားတတ်တယ် … ။ တစ်ခါတစ်လေ စိတ်ထဲကလည်း တွေးသေးတယ် … အချိန်ဆွဲထားတာနဲ့အမျှ အဲ့ဒီအလုပ် လုပ်စရာမလိုတော့ဘူးဆိုတဲ့ပြောင်းပြန်အခြေနေများ ဖြစ်သွားမလားလို့ပေါ့လေ … ။ ( ဥပမာ .. ထမင်းစားပြီးသား ပန်းကန်မဆေးသေးပဲ ရုပ်ရှင်ကြည့်နေတဲ့ အခါ … မျက်စိနောက်လို့ တယောက်ယောက်က ယူဆေးသွားတာမျိုးပေါ့ .. 😀 )

    ဒုတိယ အချက် ပါးစပ်ကလည်း … စိတ်ထက်မြန်လို့ ထိန်းဖို့တော့ ကြိုးစားနေပါတယ် .. ဒါပေမယ့် … အခုလတ်တလော သိသိသာသာကြီး ကိုယ့်ကိုယ်ကို ပြုပြင်လိုက်နိုင်တာက နောက်ကွယ်ကပြောခြင်းပါပဲ … တီချယ်ကြီးဆွေးနွေးသွားသလို မနာလိုလို့ပဲဖြစ်ဖြစ် ၊ မုဒိတာ ပွားလိုလို့ပဲဖြစ်ဖြစ် ပြောတယ်ပေါ့နော် … ဒါပေမယ့် စကားဆိုတာမျိုးက တဆင့်စကား တဆင့်ကြားပြီး .. အဓိပါ္ပယ်ကောက်လွဲသွားတာမျိုးဖြစ်တတ်တယ်လေ … ဒီတော့ရာ .. ကိုယ့်နှုတ်လေးကို ကိုယ်အတတ်နိုင်ဆုံး ထိန်းပါတယ် … မြင်လျှင်လည်း .. မြင်တယ် .. ကြားလျှင်လည်း ကြားတယ်လောက်ပဲ စိတ်ထဲမှာ ထားတော့တယ် .. ။ မြင်တဲ့ ကြားတဲ့အပေါ် ဝေဖန် ပိုင်းခြားမှု မလုပ်တော့တဲ့အခါ နောက်ဆက်တွဲပြောစရာဆိုတာမျိုး ဖြစ်မလာတော့လို့ … အခုဆို နေလို့ ထိုင်လို့ .. အရင်က ထက်ပိုကောင်းသွားတယ် … ။

    အချိန်ဆွဲ ၊ အလုပ်ရွှေ့လုပ်တတ်တဲ့ လူအတွက်တော့ နောက်ကျခြင်းဆိုတဲ့ ဝေါဟာရပါ ဒွန်တွဲနေတတ်တာပေါ့ … ။ ဒါပေမယ့်လည်း ကိုယ့်အကြောင်းကိုယ်သိပြန်တော့ … နာရီကို သိသိကြီးနဲ့ မြန်ထားတတ်တယ် … တကယ်တမ်း နာရီကြည့်လျှင် မြန်ထားတဲ့နာရီကို ပြန်နှုတ်ပြီး ပြန်ကြည့်တော့တာပေါ့ … ဒီတော့ ဒုံရင်းက ဒုံရင်းပါပဲ … ။
    နောက်ကျတတ်ပေမယ့် အမြဲမဖြစ်အောင်တော့ ကြိုးစားပြီး နာရီ လှည့်ထားပါတယ် 😛
    မဆီမဆိုင် မျိုးကျော့မြိုင် သီချင်းလေး သတိရသွားပြီ … ။ 😀

    • TTNU

      January 7, 2012 at 9:37 pm

      အိတုန်လေး…
      (1) I can do it tomorrow.
      (2) Guess what? You know what I’ve heard?
      (3) I’m sorry, I’m late.

      ဒီဂါထာလေး (၃) ပုဒ် ရွတ်လိုက်ရင် အကုန်အဆင်ပြေသွားပြီ။ 😛

  • padonmar

    January 7, 2012 at 10:34 pm

    တီတီနုရှင့်
    (၁)ကိုယ်လုပ်ချင်တာတွေကများလွန်းနေတော့ ဟိုဟာလဲမပြီး ဒီဟာလဲမပြီးမို့လို့ အနားနားကပ်ရင် ညလုံးပေါက်လုပ်ရတာ အကျင့်ပါနေပါတယ်။
    (၂)အတင်းပြောရင် ငြင်းရမှာ အားနာတာရော ၊information အဖြစ်ကြားချင်မိတာရောနဲ့ နားထောင်မိပါတယ်။
    ဒါပေမယ့် သူတပါးထိခိုက်မယ့် စကားကို ကိုယ့်ပါးစပ်ကနေ ထပ်ပြီး မပြန့်အောင် စောင့်ထိန်းပါတယ်။
    (၃)စောစောရောက်တတ်သူတွေထဲလည်း မပါ၊
    သူများက စိတ်မရှည်အောင် စောင့်ရသူထဲလည်းမပါ၊
    အသင့်အတင့်လေးတော့ နောက်ကျတတ်ပါတယ်၊
    မကောင်းမှန်းလည်းသိပါတယ်။
    ကြိုးစားပြီးပြင်ပါ့မယ် တီချယ်။

    • TTNU

      January 8, 2012 at 9:25 pm

      ပဒုမ္မာရေ…
      (၁) အချက်မှာ ပဒုမ္မာနဲ့ တီချာနဲ့တူတယ်။တီချာလေ အဲဒီလို
      ဟိုဟာမပြီး ဒီဟာမပြီး ဖြစ်ပြီဆိုရင် အခန်းတစ်ခုလုံး ပွစာတက်နေတော့တာပဲ။
      ငယ်ငယ်တုန်းကဆိုရင် အနားလာ ဆော့တဲ့ မောင်တွေညီမတွေထဲက
      တစ်ယောက်ယောက်တော့ အအော်ခံရပြီ။ အဲလိုဆိုးခဲ့ဖူးပါတယ်။

  • naywoonni

    January 7, 2012 at 10:41 pm

    အဲဒိအကျင့်ဆိုးတွေရှိလို့ အိမ်ကနာရီကို ဆယ့်ငါးမိနစ်လောက်ရှေ့တိုးထားရတယ်…။ ကိုယ်က အချိန်ရွှေ့ချင်တာနဲ့ ကွက်တိဖြစ်သွားရော…………။

  • nature

    January 7, 2012 at 11:02 pm

    ကျွန်တော်လည်းနံနက်လေ့ကျင့်ခန်းလုပ်ဖို့ Alarmပေးထားတာ ချက်ခြင်းမထချင်တာနဲ့ ၅မိနစ်ကြိုပေးတယ်။ နာရီ နှိုးစက်သံကြားပြီး ၅မိနစ်လောက် နှပ်လို့ရအောင်ပေါ့။ အဲ … အိပ်ယာထဲမှာနှပ်ရင်းနဲ့ ၅မိနစ်ကျော်တော့နောက်ကျရော။ ဒါကြောင့်မို့နာရီ Alarm ကို အချိန်တိပဲကိုက်ပေးတော့တယ်။ ထရင်ချက်ခြင်းထ။ ချက်ခြင်းမထရင်နောက်ကျပြီ must do atonce ပေါ့။

  • TTNU

    January 8, 2012 at 9:34 pm

    ဆရာနေဝန်းနီရေ… နာရီရွှေ ့ထားပြီး သူများနာရီမှားနေပြီလို့
    တီချာ သွားပြောမိတယ်လေ။
    ကိုနေချားရေ… နှိုးစက်ကို ၁၅မိနစ် စောပေးရင်ကော?
    Mr.Know-All ရေ… နောက်ကျပေမဲ့ ကျေးဇူးပါ။

Leave a Reply