ကုန်တိုက်အလယ်က ကိုယ်လုံးတီးကြော်ငြာ

bigbirdJanuary 3, 20121min23527

တရုတ်နိုင်ငံမှာ ပစ္စည်းသစ်တစ်ခုဟာ ဈေးကွက်ထဲကိုဝင်ရောက်တိုးပေါက်နိုင်ဖို့မလွယ်လှပါဘူး။
အားပြိုင်ကောင်းတဲ့ကုမ္ပဏီနဲ့ပစ္စည်းတွေကများလွန်းတဲ့အတွက် မိမိပစ္စည်းကို သုံးစွဲသူတွေသိရှိမှတ်မိလွယ်စေဖို့ရန် ကြော်ငြာကောင်းကောင်းလိုတာတော့အမှန်ပါပဲ။
ကုမ္ပဏီတစ်ခုကတော့ အိုင်ဒီယာကောင်းတယ်ဆိုမလား၊ဘယ်လိုဆိုရမလဲတောင်မသိတော့ပါဘူး။
ထိုကုမ္ပဏီက ရေချိုးရာမှာသုံးစွဲတဲ့ဆပ်ပြာရေတံဆိပ်သစ်တစ်ခုကိုကြော်ငြာဖို့အတွက် လူစည်ကားရာကုန်တိုက်တစ်ခုမှာ မိန်းမပျိုလေး ၃ယောက်ကိုရေချိုးပြသရန်ငှားရမ်းခဲ့ကြပါတယ်။
သူတို့လေးတွေဟာ ဦးခေါင်းမှာပုဝါတစ်ထည်ကိုသာ ပတ်ထားပြီး တကိုယ်လုံးဘာမှဝတ်ဆင်
ထားခြင်းမရှိပါဘူး။
မျက်တောင်မခတ်ကြည့်နေကြတဲ့ လူတွေရဲ့အရှေ့မှာ အဆိုပါဆပ်ပြာရေကို ပျော်ရွှင်
ကြည်နူးစွာပွတ်သပ်ပြသကြရပါတယ်။ သူတို့လေးတွေရဲ့ခြေလှမ်းတိုင်းကို ဓါတ်ပုံမပြတ်ရိုက်နေ
သူတွေရှိသလို၊ တစ်ချို့ကတော့ဆပ်ပြာရေကို သူတို့ရဲ့ကိုယ်ပေါ်မှာ ကူညီသုတ်လိမ်းပေးကြပါ
တယ်။
မိန်းမသားတွေရဲ့ ခန္တာကိုယ်ကိုအသုံးပြုပြီးကြော်ငြာခဲ့တဲ့အတွက် သဘောမကျသူတွေရှိခဲ့သလို၊ အဆိုပါကုမ္ပဏီကလဲ မသင့်တော်ကြောင်းဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းကတော့ ခဏတာအတောတွင်းမှာပဲ လူသိများထင်ရှားလာ
ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်ပြည်က သတင်းတစ်ခုပါခင်ဗျာ။
အကယ်၍များ ဆပ်ပြာရေမဟုတ်ပဲကွန်ဒုံးဖြစ်ခဲ့ရင် ထိုကုမ္ပဏီက ဘယ်လိုကြော်ငြာ
မလဲဆိုတာ ရွာသားများထင်မြင်ချက်ပေးကြစေချင်ပါတယ်။(နောက်တာနော်-စိတ်ဆိုးကြေး)

27 comments

  • blackchaw

    January 3, 2012 at 2:26 pm

    လူစည်ဦးတော့မယ် ကိုငှက်ကြီးရေ။
    ရန်ကုန်မှာဆိုရင်တော့ အဟေး အခုချက်ခြင်းကို
    ပြေးကြမှာဗျ။ တရုတ်မှာဆိုတော့လည်း ………
    မားကက်တင်းမာယာလေးတွေကို မြန်မာလုပ်ငန်းရှင်တွေ အတုယူ
    ဂျ ဗို့ ဂေါင်း ဘာ ဒယ် ဘျာ။

  • water-melon

    January 3, 2012 at 2:32 pm

    အောက်ဆုံးပုံက လူကြီးက ဘာကိုငုံကြည့်နေတာလဲ သိဘူး မျက်မှန်တပ်ထားတဲ့ဘေးကနော် 😯
    ကိုဇာဂိက ဒီထက်ကောင်းအောင်ရိုုက်နိုင်တယ်ဗျ ( အလကားနောက်တာ )

    ကိုဌက်ကြီးပြောသလို ကြော်ငြာရင်တော့ ကြောတော့ဘူး :opps:

  • etone

    January 3, 2012 at 2:35 pm

    အောင်မငှီး .. ဘီလို ဟာဂျီးတွေဒုံး …. ။ :mrgreen:
    အူဝဲလေးတွေများ အောက်မေ့နေသလား မှတ်ဒယ် … မိမွေးတိုင်း ဖမွေးတိုင်း နဲ့ … ဟွန့် …
    ဟို လူဂျီးတွေကလည်း သွားတွေ ဖြီးနေတာပဲ .. ဆပ်ပြာမြှုပ်တွေ ပါးစပ်ထဲစင်တာတောင် သိလိုက်မယ် မထင်ဘူး … ။ ဟီးဟီး … 😀 😀

    ကြေးစား ပြည့်တန်ဆာတွေကို အငှားခေါ်သုံးထားတာ ဖြစ်ပါလိမ့်မယ် … ။ ပြည့်တန်ဆာတောင် လူရှေ့ကွက်ကွက်ကွင်းကွင်း ပြရဲတဲ့ လူရှားတယ် … ။ 🙁

  • chityimhtoo

    January 3, 2012 at 2:55 pm

    ဟယ်..အသင်ငှက်ကြီး big bird။ဝိဇ္ဇာတွေသမာဓိပျက်တယ်။ဘောက်မဲ့ကြောင့် အဓိကနေရာတွေကို
    လိုက်ဖြတ်ရသတုံး။

    • bigbird

      January 3, 2012 at 2:57 pm

      မလုပ်ပါနဲ့ကွယ်…တော်ကြာသဂျီးက ရွာထဲပေးမဝင်မှဖြင့်….

  • manawphyulay

    January 3, 2012 at 3:51 pm

    အတုမြင် အတတ်သင်တွေပါကလား… ကိုရီးယားကားတွေ မြန်မာပြည်ဈေးကွက်ဝင်လာပြီးနောက် အိမ်ထောင်ရေး အရှုပ်အရှင်း လူမှုရေးပြဿနာများ မြန်မာပြည်မှာ ပိုမို များပြားလာပြီး ၂၀၁၁ အတွင်းမှာ မုဒိန်းမှုများသည် ပထမနှစ်ထက် အမြင့်ဆုံးဖြစ်နေတာကလည်း မြန်မာပြည်ရဲ့ တိုးတက်မှုပေလား… အရင်နှစ်က ခိုးမှုသည် အများဆုံးဖြစ်သည်လို့ စစ်တမ်းကောက်ခံပြီးနောက် ဒီ၂၀၁၁ မှာ မုဒိန်းမှုက စံချိန်ချိုးသွားပြီး သကာလ ဒီလိုပုံစံတွေ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်လာကြမယ်ဆိုရင်ဖြင့် အင်း တကယ့်ကို မတွေးဝံ့စရာပါပဲ… ဘယ်လိုခေတ်ကြီးထဲ ရောက်နေပါလိမ့်…

  • kotun winlatt

    January 3, 2012 at 3:57 pm

    အောင်မငီးးးးးးးးးးး
    ဘာဂျီးးးဒွေဒုန်းးးးးး
    ဘီလိုဒွေဖစ်နေကြတာဒုန်းးးးး
    ကြည့်ကျက်လည်းးးးးလုပ်ကြပါဟရို့….

  • KING

    January 3, 2012 at 5:12 pm

    သမာဓိအားကောင်းရန်အလို့ငှာ
    ဟိုစပေါ့ရိုက် ဒီစပေါ့ရိုက် မလုပ်ဘဲတင်ပါက
    ပိုမိုအကျိုးရှိမည် ဖြစ်၏ …. 😛
    ပုံ
    ဇော်ဂျီကင်းးးးးးးးး

  • windtalker

    January 3, 2012 at 8:22 pm

    ဆပ်ပြာ လည်း မကောင်း
    ကွန်ဒုံး လည်း မကောင်း
    ဗိုင်အာဂရာ လို ဆေးမျိုး ဆိုလျှင် အလွန်ကောင်း
    ( အဲ့ဒလို ကြေငြာကြမယ် ဆိုရင် လို ့မေးထားလို ့ဖြေမိပါတယ် )
    ဟီဟိ

  • zay

    January 3, 2012 at 9:38 pm

    ကိုလုံးတီး နဲ့ ဆပ်ပြာကြော်ငြာ်တာဘားမှမဆိုင် အရည်အသွေးကောင်းရင်ဒီလောက်ကြော်ငြာစရာမလိုပါဘူး ရိုင်းကိုရိုင်းလွန်းတယ် အရှက်ကိုမရှိဘူး

  • Thel Nu Aye

    January 3, 2012 at 10:20 pm

    ပျော်နေလိုက်ကြတာ။ မျက်တောင်တောင်ခတ်ရဲ့လားမသိဘူး။ စိတ်ပျက်စရာ။

  • အော် ကြော်အောင်ညာတဲ ့ကြေညာတွေပါလား။
    အရှက်ဆိုတာ ဂျိုနဲ ့လားကွယ် မေးယူရတော့မယ်။

  • Big Bang

    January 4, 2012 at 12:26 pm

    လူက ကုန်ပစ္စည်းလောက်တန်ဖိုးမရှိတော့တဲ့သဘော…………….

  • windtalker

    January 4, 2012 at 1:37 pm

    အခုမှ သေချာတစ်ပုံချင်းစီ ကို ထပ်ချဲ ့ကြည့်မိတော့
    အောက်ဆုံးက ပုံထဲမှာ
    ကပေါက်ဖော် တစ်ယောက် သေချာ ကို ခေါင်း ရှေ ့တိုး ကြည့်နေတာ ဘဲ

    • အဲဒါချိုရင် .. အဲ .. မွှားလို့
      အဲဒါဆိုရင် ကင်မရာ ကိုင်ထားတဲ့သူတွေထဲမှာ
      ရွာထဲက လူတွေများ ပါလေမလားမသိ … 😛

  • ဦးဦးပါလေရာ

    January 4, 2012 at 3:18 pm

    ကြည့်လို့ကောင်းသားပဲ ။ သာဓုပါကိုရင်။

    ဒါမျိုးမြန်မာပြည်ရောက်လာလို့ကတော့ –
    အဲဒါရဲ့အဓိပ္ပါယ်က “အရှက်မရှိသူတွေသုံးတဲ့ ဆပ်ပြာရည်” လို့ ယူဆရမှာပေါ့။

    ဒါ့ထက် တရုတ်မှာ ဒါမျိုးလူကြားထဲလုပ်လို့ရပြီလား ???
    အံ့ဩပါ့……

  • kolusoe

    January 4, 2012 at 3:38 pm

    ကြည့်လို့တော့ကောင်းပါတယ်ဗျာ..ဒီက Marketing သမှားတွေလဲ အဲ့ဒီလိုပုံစံနဲ့ အရောင်းမြင့်တင်နိုင်ကြပါစေကွယ်

  • ငပေါက်ဖော်

    January 4, 2012 at 4:38 pm

    မောင်ပေ
    မျက်ခွံလေးဘာလေး အပေါ်လှန်ပါဦး..
    အောက်ချည်ပဲ စိုက်မနေနဲ ့

    သတိ
    ကြည်လင်ပြတ်သားမှုမရှိတဲ့ပုံတွေမတင်ရ
    အယ်ဒီပြာ သမာဓိပျက်တယ်
    ရှင်းရှင်းလင်းလင်း တင်ပြကြပါ

  • nature

    January 4, 2012 at 5:01 pm

    မော်ဒယ်တွေကို ကြော်ငြာခပေးရမှာကတော့ နင့်နေမှာပဲ။

  • jupitor7

    January 4, 2012 at 7:59 pm

    နိုင်ငံခြာမှာကြော်ငြာတာမို့လို့ပေါ့ဗျာ။ မြန်မာပြည်မှာသာ အဲ့ဒီလိုကြော်ငြာရင် မော်ဒယ်တွေအရိုးတောင်ကျန်ပါ့မလားမသိဘူး။….

  • nature

    January 4, 2012 at 8:14 pm

    မိန်းမတို့ဣန္ဒြေ ရွှေပေးလို့်မရ ဆိုတဲ့ မိန်းမဈေးဖျက်တယ်ဆိုပြီး သွားရောက်ရိုက်နှက်ကြရင် ဘယ့်နှယ့်လုပ်ရပါ့…။

    • KING

      January 4, 2012 at 8:24 pm

      မလေးက လူတွေလား …. 😛

  • saiias.027

    January 6, 2012 at 12:42 pm

    ကြေငြာနှင့် မကိုက်ညီပါ .. .. ကျွန်တော် ဓါတ်ပုံ လိုက်မရိုက်လိုက်ရလို့….. အဟီး….

  • ssa

    May 19, 2012 at 12:02 pm

    အတော်ကောင်းတဲ့ Idea ဗျာ.
    တကယ့်နေရာတွေဖြတ်ထားတာတော့နာတာပဲ..ဟဲဟဲ

  • ရွှေအိမ်စည်

    May 19, 2012 at 1:14 pm

    ကျနော်..ဝက်တွေ ရဲ ့သဘာဝhttp://i.dailymail.co.uk/i/pix/2011/12/02/article-2069002-0F0530A200000578-290_634x413.jpg ကိုတော့…ဖတ်ဘူးကြားဘူးပါတယ်..ဒီကြော်ငြာကိုတော့…ကျနော်မတွေ ့ဘူးခဲ ့ပါဘူး…ကော်ပီကူးသွားပါတယ်..။။။

    အနီးအနားမွေးမြူရေးခြံမှ ဝက်ကလေးနှစ်ကောင်အားသရုပ်ပြတင်ဆက်မှုတွင်အသုံးပြုမှာမို ့မီရူဟာ ယခု
    ရက်သတ္တပါတ်တွင်ကျင်းပပြီးစီးမည် ့ထိုပြကွက်ကြောင် ့ထိုဝက်ကလေးများအားအသက်ဘေးမှကယ်တင်နိုင်
    မှာဖြစ်ပါတယ်…
    ” ဒီဝက်ကလေးတွေဟာ သူတို ့ကိုအိမ်မွေးအချစ်တော်တိရိစာ္ဆန်အဖြစ်မွေးနိုင်မည် ့သူကိုကျွန်မတို ့ရှာနေ
    တာမို ့တွေ ့မြင်စကထက်ပိုပြီး အခြေအနေကောင်းတဲ ့ဘဝနဲ ့ဆက်လက်ပျော်ရွှင်စွာနေနိုင်တော ့မှာဖြစ်ပါ
    တယ်…” လို ့အမေရိကန်၊ကိုရီးယား ကပြားအနုပညာရှင်ကဆိုပါတယ်…
    သူမရဲ ့ယခုမီယာမီပြပွဲဟာ သူမအတွက်တော ့ပထမဦးဆုံး ဝက်များနဲ ့အတူနေခြင်းမဟုတ်ပါဘူး…ယခင်က
    လည်း သူမရဲ ့သရုပ်ဆောင်မှုများကို ဓါတ်ပုံများမှတစ်ဆင် ့မြင်တွေ ့ခဲ ့ကြပြီးဖြစ်ပါတယ်…
    လာမည် ့စနေနေ ့တွင်ပြီးဆုံးမည် ့သူမရဲ့ တိုက်ရိုက်တင်ဆက်ပြသမှုအစီအစဉ်ဟာ ယခင်သူမရဲ ့ဓါတ်ပုံပြပွဲ
    များက မပေးနိုင်ခဲ ့သည် ့ခံစားချက်များအားပေးဆပ်နိုင်လိမ် ့မည်ဟု သူမကမျှော်လင် ့ထားပါတယ်…

    ” ဓါတ်ပုံများကပေးဖို ့ခက်ခဲတဲ ့ခံစားမှုသဘောတို ့၏ထိတွေ ့ခြင်းဆိုင်ရာအနုပညာအာရုံများကို ပြည်သူ
    တွေအနေနှင် ့ကျွန်မရဲ ့ခန္ဓာကိုယ်နဲ ့ဝက်တွေအတူလှုပ်ရှားသွားလာနေခြင်းမှ နားလည်နိုင်လိမ် ့မည်ဟုကျွန်
    မဆန္ဒရှိပါတယ် …” လို ့သူမကဆိုခဲ ့ပါတယ်…

    ကိုရီးယားတွေးခေါ်ပညာရှင်ကြီးရဲ ့သမီးလည်းအတွေးအခေါ်တွေကတော ့လန်းနေတာပဲ …
    အဲဒီလို ဝစ်လစ်စလစ်အနုပညာမျိူးကတော ့အမျိူးသားထုကြီးအကြိုက်ပေါ ့…

    She admits she has a fear of germs.
    But for her new art installation, Miru Kim has decided to live with pigs for 104 hours, non-stop.
    The former medical student is staying in a pen at the front of one of the galleries at Art Basel Miami 2011, and visitors can watch her, naked, through the window.
    She will eat and sleep alongside the animals for the next four days.
    And getting down in the dirt wasn’t easy for the 30-year-old, who suffered badly with obsessive-compulsive disorder as a child.
    ‘It’s a very concentrated industrial environment, so the level of smell is toxic,’ she told the Huffington Post.

    ‘I get into a mental zone when I am doing a shoot. After I’m done, however, if I can’t get the smell off my feet, it’s very disturbing.’
    Kim, the daughter of a Korean philosopher, has gained notoriety for stripping off and photographing herself naked in strange places such as abandoned factories, tunnels and bridges.
    She said the work helps her get over her fears – ‘fear of darkness, fear of dangerous activities in general, and fear of dirt’.
    She was inspired to create I Like Pigs And Pigs Like Me after reading French philosopher Michel Serres’s book Five Senses: A Philosophy of Mingled Bodies, which explores the characteristics of skin.

    ‘Skin is not only an envelope protecting the inner body, or a membrane that allows exchange between exterior and interior of the body,’ Kim said. ‘It also serves as a mingling point between the outer world and inner self, and between body and soul.
    ‘When I mingle with pigs, I feel my existence more then ever.’
    Kim became fascinated with pigs during a university dissection when she was a student at Columbia University in New York.
    But she went on to develop a strong attachment to the animals.
    ‘That is when I noticed that their anatomy and skin colour is close to ours,’ said Kim about her first intense encounter.
    ‘Pigs are sensitive, intelligent creatures and when I enter the pen with them on these farms they react with fear or curiosity at first.’

    Using two normal pigs from a nearby farm, Miru will literally save their bacon after the weekend’s performance is up.
    ‘They will lead a very happy life and are already better off than when we found them,” said the America-Korean artist.

    ‘We are looking to place them as pets with a family or at a community farm after the show.’

    Her Miami performance isn’t the first time Kim has lived with pigs, but previously, visitors had only been able to see photographs of her experience.
    Now she’s hoping her live performance, which ends on Saturday, will convey elements that her previous photo series couldn’t.
    ‘I want people to feel the process of my body mingling with pigs, the sense of touch that is harder to grasp in the final photographs,’ she said.

  • sugar sugar

    May 19, 2012 at 2:34 pm

    ဒေါ် မြလေး ပြောသလို
    ” ပြောကို မပြောချင်ဘူး ”
    ဒီမှာဆိုရင်စီလိုက်မယ့် အမျိုးဗျ။

  • R Ga

    May 19, 2012 at 4:49 pm

    အော် ကြော်ငြာ အော်ကြော်ငြာ…။

    ကြာညော် ကြာညော်။

Leave a Reply