ထူးဆန်းသောဖြစ်ရပ်

ThuyazawJanuary 3, 20121min1297

ကဲ ရွာသူ/ရွာသားအပေါင်းတို့ ကျွန်ုပ်တို့၏ ရန်ကုန်မြို့ကြီး ဘာတွေဖြစ်ကုန်သနည်း…………

အခင်းဖြစ်ပွားရာနေရာ

ရန်ကုန်၊ ဇန်နဝါရီ ၂

ဒေါပုံမြို့နယ် ဇေယျာသီရိ ရပ်ကွက် ၃ လမ်းရှိ အိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်မှ စ၍ ထူးဆန်းစွာ မြေကြီးအတွင်းမှ အပူလွန်ကဲမှု ဖြစ်ပွားခဲ့သည့် အတွက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့သွားကြကြောင်း တာဝန်ကျ လုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတို့က The Woice Weekly သို့ ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ ယနေ့နံနက် ၁ဝ နာရီခန့် အချိန်၌ ဒေါပုံမြို့နယ်၊ ဇေယျာသီရိ ရပ်ကွက် ၃လမ်းနေ ဦးညီညီလွင် + ဒေါ်ခင်ပြည့်စုံ တို့၏ အိမ်အရှေ့ဘက် မျက်နှာစာရှိ ဒုတိယအိမ်တိုင် အောက်ခြေ သံမံတလင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” ဖိနပ်မစီးဘဲ ရေသောက်သွားတာ ကနေ အရမ်းပူတာကြောင့် သတိထားမိ တာပါ။ ဝါယာရှော့ ဖြစ်တယ် ထင်ပြီး လျှပ်စစ်မီး မိန်းကို ချလိုက်တယ်။ လျှပ်စစ်ကလည်း ဖုန်းဆက်လိုက်တော့ ရပ်ကွက်ကို မီးဖြတ် လိုက်ပါတယ် ” ဟု ယင်းအိမ်ရှင် ဒေါ်ခင်ပြည့်စုံက The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက် မီးသတ်ဦးစီးဌာနနှင့် ဘူမိဗေဒ(အင်ဂျင်နီယာ) တို့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အခြေနေ မရှိဟု မှတ်ချက်ပေးသွားကြောင်း လုံခြုံရေး တာဝန်ယူထားသော မီသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

” အရမ်းပူတော့ သံမံတလင်းကို ဖောက်ပြီး ရေလောင်းထည့်ထား ရတယ်။ မနက်ကတော့ ၂ ခါ ရေလောင်းထဲထားတယ်။ လူအရမ်း များလာလို့ အိမ်ကို ပိတ်ထားတယ် ” ဟု ဒေါ်ခင်ပြည့်စုံက ဆိုသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ် ဦးစီးဌာနနှင့် ဘူမိဗေဒ ပညာရှင်တို့မှ ပေါက်ကွဲမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးထား သော်လည်း ယင်းနေအိမ်နှင့် အနီးတစ်ဝိုက်မှ နေအိမ်တစ်ချို့ ရှုခင်းသာ အိမ်ရာသို့ ပြောင်းရွေ့သွား ကြကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ချို့နှင့် တာဝန်ကျ မီးသတ် တပ်ဖွဲ့ဝင်တို့က ပြောကြားသည်။

 

7 comments

  • water-melon

    January 3, 2012 at 2:16 pm

    အော် ၂၀၁၂ ရောက်ပြီလေ
    ကောင်းမှုကုသိုဟ် များများလုပ်
    သူတို့တစ်အိမ်ထဲဘဲ ဖြစ်တာလား
    အောက်လမ်း အထက်လမ်း အလယ်လမ်းလုပ်တာ ထင်တယ်
    အမလေး ကြောက်လိုက်တာ

  • etone

    January 3, 2012 at 2:42 pm

    မနက်က အဲ့ဒီသတင်းကြားကြားချင်း သဂျီးရဲ့ ဇန်နဝါရီလအောက် သွားရေးမလို့ ရှာတာ မတွေ့လိုက်မိဘူး .. ။

    ထင်တာကတော့ ပြီးခဲ့တဲ့ တခါ ပေါက်ကွဲမှုကြောင့် မြေသားလွှာတွေ ပြတ်ရွှေ့ကြောင်းဖြစ်ပြီး … အချင်းချင်း ပွတ်တိုက်မိရာကနေ အပူထွက်တယ်ထင်ပါရဲ့ …. ရန်ကုန်တမျိုးလုံး တုန်ဟီးသွားလောက်အောင် တုန်ခါခဲ့တော့ … အောက်မြေလွှာတွေဆီလည်း သက်ရောက်မှု ရှိလိမ့်မယ် ထင်တယ် ..
    မပြောကောင်း မဆိုကောင်း ငရဲတံခါးများ ပေါက်ကွဲမှုကြောင့် နည်းနည်း ဟသွားသလား မှတ်တယ် ။ 😛

  • blackchaw

    January 3, 2012 at 2:53 pm

    သတိလေးနဲ့ သွားကြ
    သတိလေးနဲ့ စားကြ
    သတိလေးနဲ့ နေကြပါဗျို့။

  • koyinmaung

    January 3, 2012 at 8:32 pm

    ထူးခြားမှု့ရှိယင်နောက်ဆက်တွဲဆက်ရေးကြပါအုံး…

  • windtalker

    January 3, 2012 at 9:14 pm

    အင်း… ထူးထူးဆန်းဆန်း အကြောင်းအရာ တစ်ခုပါဘဲ ဗျာ
    နောက်ထပ် တွေ ့တာလေးတွေ ကိုလည်း ထပ်တင်ပေးပါဦး ခင်ဗျ

  • nature

    January 3, 2012 at 10:55 pm

    ဘုရား ၊ဘုရား အောက်မှာ မီးတောင်များရှိနေပြီးလားမသိဘူး။ 🙂

  • ထူးဆန်းသော ဖြစ်ရပ်မို ့ စိတ်ဝင်စားလို ့ဝင်ဖတ်တာ အခက်နှစ်ချက်သွားတွေ ့တယ်။
    (၁)ဖြစ်ရပ်ဆန်းမို ့စိတ်ဝင်စား
    (၂)အနီတစ်ယောက်တစ်မှတ်ရနေ

Leave a Reply