လွတ်လပ်ရေးနေ့တဲ့…ဟေ့

lionkingJanuary 3, 20121min16411

အောင်ဆန်းတိုက်ဖြုတ်၊ အားကုန်ထုတ်လို့
မာယုတ်မိစ္ဆာ၊ နယ်ချဲ့ချာတို့
ဝေးကွာခဲ့ပြီ၊ ဗမာပြည်ပေါ့။
အတည်ပေါက်မှတ် ၊ တို့လွတ်လပ်…လို့
မျိုးရပ်ဆွေဉာ၊ ဟစ်အော်ရှာတုန်း
ဗြုန်း…ဆို အောင်ဆန်းသေတော့သည်။
အောင်ဆန်းရေ…
သင်သေ ဖြောင့်ဖြောင့်၊ မဖြောင့်ဖြောင့်ကို
စောင့်ကြည့်ဆိုင်းကြည့် ရှာခဲ့ပြီ။
သင်ဟာသေသွား၊ နှစ်အားဖြင့်နော်
(၆၀)ကျော်လည်း၊ “ကျွန်”ထဲမှာဘဲ တဝဲလည်လည် ။
အသဲငယ်ငယ်၊ ဉာဏ်ငယ်ငယ်နဲ့
ဘယ်ဝယ်ဘယ်ကမ်း၊ ဆိုက်မှန်းမသိ
သေချာကြည့်သော် ငါ့မှာ ဗလာလက်နဲ့ပဲ။
…………………………………
ဗလာလက်ကို၊ သေချာချက်သော်
အသက်တမျှ၊ သုံးချဖို့ရန်
ငါတို့ဉာဏ်ကား၊ ထိုင်းကားထိုင်းလျက် ထုံကားထုံ။
…………………………………
ဗလာလက်ကို၊ သေချာချက်သော်
မာလျက်သာလျက်၊ ခန္ဓာအသက်တို့
မပျက်ခံ့ခိုင်၊ မတည်နိုင်ပဲ
ယိုင်ကားယိုင်လျက် ကျုံကားကျုံ။ ။
…………………………………
ဗလာလက်ကို၊ သေချာချက်သော်
တိုးတက်စီးပွား၊ မဖြစ်ငြားပဲ
မွဲကားမွဲလျက် မြုံကားမြုံ။ ။
…………………………………
ခြုံငုံသုံးသပ်၊ သေချာမှတ်သော်
အငတ်တိုင်းပြည်၊ တို့တိုင်းပြည်ကွ
အောင်ဆန်းရ ။
ဒီကနေ့ဟာ လွတ်လပ်ရေးနေ့တဲ့။ (မနက်ဖြန် ဇန်နဝါရီလ (၄)ရက်နေ့ကိုဆိုလိုသည်။)
ဘာလွတ်လပ်လို့လဲ။
ဘာမှ မလွတ်လပ်သေးဘူး
ဗိုလ်ချုပ်အောင်ဆန်းရေ။
ငါတို့ဟာ ဒီကနေ့အထိ
လွတ်လပ်ရေး အတုကြီးနဲ့ နေကြရတုန်း။
သင့်သမီးကတော့ ကြိုးစားရှာတယ်။
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
တိုင်းသူပြည်သား စည်းလုံးညီညွတ်ရေး
အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး
ဒီတိုင်းပြည်ဟာ
ဘယ်ပါတီ တက်တက်
ဘယ်အစိုးရ တက်တက်
ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲ။)
(အောက်ဆုံးအပိုဒ်ကား တိုင်းပြည်ဖခင်ကြီး၏ မိန့်ခွန်းမှ။)

11 comments

  • ငပေါက်ဖော်

    January 3, 2012 at 7:50 pm

    ဖသည်တွေတောင်မှ လွတ်လွတ်လပ်လပ် ခံစားလို ့ရတဲ့ ဖာနဲ ့ လွတ်လွတ်ခံစားလို ့မရတဲ့ဖာတိုင်းပြည်နဲ ့ ကွာသေးသဗျ
    ဟင့်
    ဆက်ပြောရရင် သများကို သများ ဇာတ်နာလာပြီ
    မောင်ပေရေ
    ဘောပွဲနိုင်ရင် မာဆတ် ပို ့ပေးပါ
    သများ ဇာတ်နာလို ့

    စကားမစပ်
    နက်ဖြန် လွတ်လပ်ရေးနေ ့
    ရွာဆူရွာစားအပေါင်းတို ့လဲ….လွတ်လွတ်လပ်လပ်ရှိကြပါစေသတည်း
    မလွတ်လပ်ရင် ဘောင်းဘီတုပ်နေလို ့ဟုမှတ်

    • windtalker

      January 3, 2012 at 9:11 pm

      အိုခေ
      မာဆတ် ကို ရိုးရိုး မဟုတ်ဘူး
      ထူးရှယ် ကို မှ
      မေးမြန်း သွားကြမယ်
      ဒါဘဲ

      • KING

        January 3, 2012 at 9:16 pm

        ဆီမာဆတ်ဆိုရင် လက်တို့ပါအုံး …. 😛
        ဘာမှတော့ မလုပ်ပါဘူး
        ရွာထဲမှာ ဗဟုသုတ ပိုရှိသွားအောင်
        ဓါတ်ပုံလိုက်ရိုက်ချင်လို့ပါဂျ … 😀

        • KING

          January 3, 2012 at 9:34 pm

          18876 မဟုတ်ဘူးလားဗျ …

  • aye.kk

    January 4, 2012 at 7:59 am

    ဗိုလ်ချုပ်စတေး..
    လွတ်လပ်ရေး..
    ပေးခဲ့အမွေတို့တိုင်းပြေ..
    စစ်ကျွန်သိမ်းအောက်..
    ငါတို့ရောက်..
    နောက်ကျခဲ့ပေငါတို့တွေ..
    ဗိုလ်ချုပ်သိက..
    တမလွန်မှ..
    အရိုးတွန်မည်သဘောက်ဤ..
    မျက်နှာမထောက်..
    စစ်လောက်ပိုးကား
    ချစားယုတ်မာ..
    အာဏာချီးပုံ..
    မူးယစ်ထုံက..
    ဘုံဝငရဲဆင်းမည်တည်း..။

  • အဂ္ဂမဟာ သရေစည်သူ ၊ အဂ္ဂမဟာသီရိသုဓမ္မာ ဦးသိန်းစိန်

    January 4, 2012 at 11:05 am

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
    တိုင်းသူပြည်သား စည်းလုံးညီညွတ်ရေး
    အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး
    ဒီတိုင်းပြည်ဟာ
    ဘယ်ပါတီ တက်တက်
    ဘယ်အစိုးရ တက်တက်
    ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲ။

  • lionking

    January 4, 2012 at 2:29 pm

    မနက်ကကြားလိုက်ရ၏။ ဦးသိန်းစိန်၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ။ ဖတ်သူ ဒုသမ္မတ စိုင်းမောက်ခမ်း။ ကောင်းတော့ကောင်း၏ ရှက်ဖို့ဆိုတာလိုများဖြစ်နေမလားလို့။
    အားမရလိုက်ပုံများ ဗျာ။
    လွတ်လပ်ရေးနေ့ဟာ ပေါ့သေးသေးမဟုတ်ဘူး ဆိုတာကို ကြီးသူတွေက သေသေချာချာ အလေးဂရုပြုမှ နောက်သားတွေ အလေးထားကြတော့မပေါ့။
    အခုတော့ဗျာ ခိုးသွာတဲ့ ထမီ ပြန်ရအောင်လုပ်ပေးတဲ့သူကို ပိုက်ဆံ (၁၀၀)ချော့ပေးလိုက်သလိုမျိုး
    မလေးမစားဂုဏ်ပြုရက်တယ်ဗျာ။
    အနာဂတ်နိုင်ငံတော်မှာ ဒီလိုမျိုးဂုဏ်ပြုခြင်းကို ယနေ့မှစ၍ ထာဝစဉ် ပပျောက်ပါစေသား။

    • koaung

      January 4, 2012 at 2:35 pm

      ဟုတ်ပါဘူးဗျာသူဒို့က အရိုးပဲကိုက်လိုက်ရလို့ပါ 😀

  • lionking

    January 4, 2012 at 4:54 pm

    ရွှင်စေလန်းစေ
    ကျန်းမာစေကြောင်း
    ဆုမွန်တောင်းရင်း
    နှစ်ဟောင်းမှာ မှား
    လမ်းအမှားကို
    အများပြည်သူ
    မကြည်ဖြူပဲ
    ကြီးကဲကြသူ
    အုပ်ချုပ်သူနဲ့
    ပြည်သူပြည်သား
    လူအများသည်
    ထားကာနေရစ်ပါလေတော့။
    ရှေ့နှစ်တွေမှာ
    များစွာအမှား
    မပွားရအောင်
    သတိဆောင်လျက်
    တွဲလျက်ညီညာ
    သူငါချစ်ရင်း
    ညီရင်းအစ်ကို
    စိတ်တွင်သိုလျက်
    စိုစိုစည်စည်
    တို့တိုင်းပြည်ကို
    တိုးသည်တက်သည်
    ဖွံ့ဖြိုးသည်နှင့်
    သာသည်မာသည်
    လန်းဖြာသည်သည်
    ကြာကြာရှည်ရှည်
    တည်တည်တံ့တံ့
    ခံ့ခံ့ထည်ထည်
    ကြည်ကြည်သာသာ
    တိုးကာတက်အောင် ပံ့ပိုးစို့လား။ ။
    ပြည်သူအများ ကိုယ်စိတ်နှစ် ကျန်းမာချမ်းသာကြပါစေ။

Leave a Reply