အခုတော.ကျနော်နေတတ်ပြီ

ဟိုအရင်တုန်းကပေါ.

အလုပ်ကနေအိမ်ပြန်ရောက်တာနဲ.
ကမန်းကတန်းထမင်းစား
အင်တာနက်ဆိုင်ကိုအမြန်သွား
သူများရောက်နေမလားလို.
အပြေးအလွှားရှာနေကျပါ။
တွေ.ပြီဆိုတာနဲ.တဒိုင်းဒိုင်း
သူပြန်မဟိုင်းမချင်းခေါ်တတ်ပါတယ်။

စတင်တဲ.ဇာတ်လမ်းလေးအစ
ပြန်တွေးကြည်.ရင်.2009ဒီဇင်ဘာ(25)
အေးမြတဲ.ဆောင်းတစ်ည
သူ.နဲ.စတွေ.ကြတာပေါ.။
အင်တာနက်အသင်းလေးတစ်ခုကတဆင်.
ကျနော်ဘဝထဲကို မိတ်ဖွဲ.လို.ဝင်အလာ
ကျနော်ကလဲဝမ်းမြောက်စွာကြိုဆိုခဲ.ပါတယ်။

သည်ရက်ကလေးကစလို့
နေ.စဉ်တွေ.နေကျ ညရှစ်နာရီကစ
ဆိုင်ပိတ်တဲ.ည ဆယ်.တစ်နာရီထိ
ကျနော်အလုပ်ပိတ်တဲ.ရက်တွေဆို

နေ.လည်ခင်းကအစညနေခင်းအထိ
မိနစ်ပေါင်းများစွာမှ နာရီပေါင်းများစွာ
နာရီပေါင်းများစွာမှနေ.ပေါင်းများစွာ
မကြာမကြာချက်တင်မှာတွေ.
သံယောဇဉ်ဖွဲ.စကားတွေလဲပြောဖြစ်ပါတယ်။
သည်လိုနဲ.အနေကြာ
တစ်စထက်တစ စွဲလမ်းလို.လာပါတော.တယ်။

ကျနော်နေတာမြန်မာပြည်အလယ်ပို်င်း
သူကတော.ဟိုးအဝေး အိမ်နီးချင်းနိုင်ငံလေးကဆိုတော.
လူချင်းတွေ.ဘို.တော.မလွယ်ကူ
ချက်တင်မှာမဆုံဖြစ်လို.သတိရရင်
ရင်ထဲကအဆွေးတွေကိုမေးလ်တွေ.ပို.လို.
အလွမ်းဖြေပါတယ်။
မတွေ.ဖြစ်တဲ.ရက်များကျနော်.မေးလ်များကနေ

သူပို.ပေးထားတဲ.ပုံလှလှလေးများ

မြင်ရတာနဲ.အမောပြေ ရင်ကိုအေးမြစေခဲ.ပါတယ်။

မြန်မာနှစ်အကူး
ရွှေရည်လူးတဲ.ပိတောက်တွေပွင်.တဲ.အချိန်
ချက်တင်မှာ ခဏဝေးတော.
ရင်ထဲမှာ အဆွေးပို ပိတောက်ဆိုပိတောက်
တစ်ယောက်ဆိုတစ်ယောက်လို.တောင်စိတ်ကူးတွေယဉ်မိပေါ.။

သည်လိုနဲ.
အပူတွေလွန်ကဲတဲ.နွေတစ်ရက်
တွေ.နေကျမဟုတ်တဲ.အချိန်
သူ.ကိုတွေ.လိုအားရဝမ်းသာခေါ်လိုက်မိတာက
ရင်နာစရာဇာတ်လမ်းအစလို.မတွေးမိခဲ.တာတော.အမှန်ပါ။
သူပေးထားတဲ. busy ဆိုတဲ.မက်ဆေ.
ကိုယ်ကလဲသတိမထားမိဘဲအခေါ်
ဘိုလိုတဝက်မြန်မာလိုကတဝက်
သူပြောလိုက်တဲ.စကား
“ဘီးဇီး လို.ရေးထားရင်တကယ်အလုပ်များနေတာ
ရှင်လဲပညာတတ်တစ်ယောက်
အက်တီကက်တော.ရှိဘို.ကောင်းပါသတဲ.”
ဖတ်လိုက်ရတယ်ဆိုရင်ဘဲ
အအေးလွနကဲနေတဲ.ရေကိုမော.သောက်မိသလို
ရင်ထဲမှာစူးသွားအောင်ခံစားလိုက်ရပါတယ်။

အဲဒီကအစ လိုင်းပေါ်မှာသူ.ကိုတွေ.
busy ဆိုတဲ.မက်ဆေ.များမြင်ရင်
မတွေ.ချင်ယောင်ဆောင်ရတာအမောပါ။
သည်လိုနဲ.တစစ နီးရာကနေတစ်ရွေ.ရွေ.
ဝေးသထက်ဝေးလို.လာပါတယ်။
တွေ.ပါရက်နဲ.မခေါ်တာများ
ချက်တင်ဟာရင်နာစရာလို.တောင်ထင်ယောင်မှားမိပါတယ်။

ူသူနဲ.ဝေးနေသောရက်များ
လေးဖြူရဲ.စာမျက်နှာနှစ်ဆယ်.ငါး
သီချင်းများကြားမိရင်
စကားလုံးလေးများက
နှလုံးသားကို ဝင်ဆောင်.
ရင်ဘတ်များတောင်အောင်.လာပါတယ်။

သူ.ကို သိပ်သတိရလွန်းသောတစ်ရက်
စတင်ဆုံဘူးတဲ.အသင်းထဲက
သူ. ကိုယ်ရေးဖိုင်ကို ဝင်ကြည်.မိမှ
ရင်နာစရာအစစ်ကို
မျက်ဝါးထင်ထင်မြင်မိပါတော.တယ်။
ကျနော်.ကို busy ထားတဲ.အချိန်တွေမှာ
သူကတော.ကျနော်မှတစ်ပါး
တစ်ခြားသော သူ.မိတ်ဆွေများကို
ကော်မင်.တွေရေး
ချစ်စရာကောင်းသောပုံလေးတွေပို.ပေးလို.ပေါ.။

နောက်ပိုင်းရက်များ ဆုံကြရင်လဲမနွေးထွေး
“အော် “, “ဟုတ်လား” “အင်းအင်း”
ရင်တွင်းကမပါတဲ.စကား
ဖတ်ရတာများလာတော.
ကျနော်ကပဲအလိုက်သိစွာ
အေးစက်နေတဲ.ဇာတ်လမ်း
အခမ်းအနားမပါဘဲ ရုပ်သိမ်းလိုက်ပါတယ်။

အခုများမှာတော.
ရထားတဲ.ဒဏ်ရာအနာတွေကျက်ပြီဆိုတော.
“မေ.လိုက်ပါအရင်ကဇာတ်လမ်းလေး”
သီချင်းလေးတအေးအေးနဲ.နေနိုင်ပါပြီ။

အခုကျနော်မှာအချိန်တွေအားလို. စာတွေလဲများများရေးနိုင်ပါတယ်။
ကျနော်ရေးတဲ.စာ အမှားတွေပါရင်ဆင်ခြင်ဘို.ထောက်ပြသူတွေလဲရှိပါတယ်။
ကျနော်ရေးတာကို နှစ်သက် ဆက်လုပ်လို.
လက်ခုပ်တီးအားပေးသူတွေကလဲတစ်ပုံတစ်ပင်ပါ။
ရင်ထဲမှာတင်းကျပ်လာရင် စာလုံးလေးတွေနဲ.ဖွင်.ချ
နားထောင်ပေးကြတဲ.မောင်နှမလေးတွေလဲရှိပါတယ်။
တစ်ခါတစ်ခါဆုံးဖြတ်ဘို.ခက်ခဲ အကျပ်အတည်းများတွေ.ရင်
ဝို်င်းဝန်းလို.ဖြေရှင်းပေးသူတွေလဲရှိပါတယ်။
တစ်ခါတစ်လေစိတ်ထွေပြားရင်
ဟာသလေးတွေအပြန်အလှန်ပြောလို.စိတ်အပူတွေကိုလျှော.ပါးစေပါတယ်။
ဒါကြောင်.လဲ ကျနော်.အတွက်လောကကြီးဟာနေပျော်
……………………………………………………………………………….

6 comments

  • alinsett (gazette)

    April 1, 2014 at 5:13 pm

    အိုးးးးး
    ကဗျာဆန်ဆန် လှပသော
    ဝတ္ထုလေးတစ်ပုဒ်လိုပါပဲလားးး
    မျက်လုံးထဲ မြင်လာအောင် ရေးထားလိုက်ပုံများ

  • snow smile

    April 1, 2014 at 5:40 pm

    အော် စာ ရေး အား ကောင်း လာ စေ တဲ့ နောက် ခံ သ မိုင်း ကြောင်း ပေါ့ လေ
    :))))))

  • ကောင်းချက်
    May 30, 2010 က တင် တဲ့ ကဗျာ

    2-4-2014 မှ ကော် မင်း နှစ် ခု ရ သည်

    ပိုစ်တင်လို့ ကော်မင်းမရသူ များ စိတ် မပျက်ကြပါ နှင့်

  • snow smile

    April 2, 2014 at 12:34 pm

    အော် . . . . . . .
    ကော် နက် ရှင် မ ကောင်း တာ ရယ်
    မ မြင် လိုက် ကြ တာ ရယ်
    . . . . . . . . . . . ရယ်
    . . . . . . . . . . . ရယ်
    . . . . . . . . . . . ရယ်
    အ ဟီးးးးးးးးးးးးးးးး
    (လေး ပေါက် တ ကယ် စာ ရေး ကောင်း သူ ပါ)

  • naywoon ni

    April 3, 2014 at 4:49 am

    ကျွန်​​တော်​တင်​ကာစ က​ကော်​မန်​့တစ်​ခုမှမရတဲ့ ကဗျာ​တွေအများကြီးပါ အဲ့တုန်​းက စီနီယာများ ကြီးစိုးတဲ့ အချိန်​ကိုး ခု​တော့ အဲ့စီနီယာများ မရှိကြ​တော့ပြန်​ဘူး အချိန်​​တွေက ​ရွေ့လျား​ပြောင်​းလဲလာတဲ့ သ​ဘော​ပေါ့ မှတ်​မှတ်​ရရ ” လူသားဆန်​ချင်​တဲ့ ဒုက္ခ ” မတိုင်​ခင်​ ကဗျာ အပုဒ်​ ၂ဝ ​လောက်​ရှိမလားမသိ ​ပေလျကန်​ပစ်​ထား ခံရဖူး​ပေါ့ ​နောက်​မှသိတာက ​ကော်​မန်​့လိုချင်​ရင်​ ကိုယ်​က အရင်​စ မန်​့ရသတဲ့ စီနီယာတစ်​​ယောက်​က​ပြောဖူးရဲ့ ကျွန်​​တော်​က ​ကော်​မန်​့လိုချင်​လို့​ရေးတာမဟုတ်​ဖူးဆိုပ်​ီး ​ခေါင်​းမာစွာနဲ့ ကျွန်​​တော့ပို့စ်​​တွေမှာ ၂​ယောက်​၃​ယောက်​ ဝင်​မ​ရေး​သေးပဲ ​ပြော​လေ့ ​ရေး​လေ့ မရှိခဲ့တာပါ ​ကေ်​မန်​့ အ​ရေအတွက်​နဲ့ ပို့စ်​ကိုတန်​ဘိုးဖြတ်​မရနိုင်​ပါဘူး တစ်​ခါတစ်​​လေ ​ပြောင်​းပြန်​အချိုး​တောင်​ကျ​နေတတ်​ပါ​သေးတယ်​ ။

  • ကော် မင်း က တော့ သူ ပေး ချင် မှ ရ တာ လေ
    စာ ရေး တော့ ကော် မင်း လို ချင်မိ ပေ မယ့်
    ကော် မင်း ရ ချင် လို့ စာ ရေး တာ မဟုတ် တာ တော့ သေ ချာ ပါ တယ်။
    အဲ တော့ ကော် မင်း ရ ဘို့ အ တွက် တော့ ထပ် ပြီး လုံ ့ လ မ စိုက် ချင် တော့ ဘူး ဗျာ

Leave a Reply