လက်မရှိပေမယ့် လေယဉ်မောင်းလိုင်စင်ရတဲ့ မိန်းကလေး

ThuyazawJanuary 3, 20122min12512

အတုယူဖွယ်ကောင်းတဲ့ Post လေးမို့ တဆင့်ပြန်လည် ဝေမျှလိုက်ပါတယ်

Oxford နဲ့ Cambridge ကနေပြီးသူတို့ရဲ့ အဘိဓါတ်တွေကနေ မဖြစ်နိုင်ဘူးဆိုတဲ့ Can’t / Impossible ဆိုတဲ့ ဝေါ ဟာရတွေကို ဖြုတ်ချဖို့ ပြင်ဆင်နေကြပါပြီ ။

Jessica Cox ဟာ အသက် ၂၅ နှစ်ရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီးမွေးကတည်းက လက်တွေမပါရှိခဲ့ပါဘူး ။ Arizona မှ Tucson မြို့မှာနေထိုင်ပြီး ပထမဆုံးခြေထောက်နဲ့မောင်းတဲ့ လေယဉ်မှူးလိုင်စင်လက်မှတ်ကို ထူး ထူးခြားခြား ရရှိခဲ့သူလေးဖြစ်ပါတယ် ။

သူမမှာ လက်တွေမရှိခဲ့ဘူး ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ စကားစုဟာ သူမရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ယုံကြည် ချက်တွေကို မရပ်တန့်စေနိုင်ခဲ့ဘူး ။

သူမဟာ ပထမဆုံးခြေထောက်နဲ့လေယဉ်မောင်းဖို့ကြိုးစားခဲ့တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အဲဒီစကား စုကို သူမကြိုးပမ်းအားထုတ်မှုတွေက ဖယ်ထုတ်ခဲ့တယ် ။


ခြေထောက်တွေနဲ့တင် စတီယာရင်ထိမ်းခြင်း နဲ့ ကျွမ်းကျင်သေသပ်စွာ မောင်းနှင်နိုင်ခြင်းတွေက သူမကို ဒီလက် မှတ်ရရှိစေခဲ့တယ် ။ ပေတစ်သောင်းအထက်ကနေ လေယဉ်နဲပျံသန်းပြခဲ့တဲ့ သူမကို တကမ္ဘာလုံးက အံ့ဩမင် သက်ငေးမောခဲ့ရပါတယ် ။

“ သူဟာ တကယ့်ကို ကျွမ်းကျင်တဲ့ပိုင်းလော့တစ်ယောက်ပါ သူ့စိတ်ဓါတ်ဟာ ကျောက်စိုင်တွေလို မာကျောတယ် ” လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ San Manuel’s Ray Blair Airport မှ လေယဉ်မောင်းညွှန်ကြားသူ Parrish Traweek က ပြောဆိုခဲ့ပါတယ် ။ Parrish Traweek ဟာ လေယဉ် ထိမ်းသိမ်းရေး နဲ့ ပတ်သတ်ပြီး ပိုင်းလော့ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သူပါ ။

“ သူကားမောင်းတာ မြင်ပြီးတဲ့အခါ လေယဉ်ကိုပါ ဘာပြဿနာမှ မရှိပဲမောင်းနှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ Traweek က ပြောခဲ့တယ် ။

ဆရာဝန်တွေက သူမ ဘာကြောင့်လက်တွေမပါပဲ မွေးလာခဲ့ရတယ်ဆိုတာ မဖြေမထုတ်ပေးနိုင်ခဲ့ပေမယ့် သူမ ကတော့ လက်အတုတပ်ပြီးဘဝကို ဖြတ်သန်းဖို့ကို ရဲရဲ ဝံ့ဝံ့ ငြင်းဆန်ခဲ့တယ် ။

လက်တွေမရှိဘူး ဒါပေမယ့် ဘဝကို ကြိုးစားဖြတ်သန်းပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာကို ခြေဖျက်ပြခဲ့တယ် ။ ကျွန်တော် တို့မှာ လက်တွေရောခြေထောက်တွေရော အစုံရှိကြတယ် ဒါပေမယ့်ပါးစပ်ကနေ မဖြစ်နိုင်ဘူးလို့ တစ်ခုခု ကို ပြုလုပ်ဖို့ကြံတိုင်း ညည်းတွားနေလေ့ရှိကြတယ် ။ သူမကို အတုယူလို့ ကျွန်တော်တို့ လောကကြီးထဲ ဖြတ်သန်း ပျံဝဲဖို့ ကြိုးစားကြပါစို့လား ။

12 comments

  • nozomi

    January 3, 2012 at 3:43 pm

    မသန်ပေမဲ့ စွမ်းသူတွေပေါ့
    မြန်မာပြည်မှာလဲ သူ့လို အခြေအနေမျိုးနဲ့ ကျိုးစားနေတဲ့သူတွေ ရှိပါတယ် ၊ ဒါပေမဲ့ သူ့လောက်တော့ မလုပ်နိုင်ကြသေးဘူး ၊ ဒါကလဲ ပတ်ဝန်းကျင်ရဲ့ အားပေးမှု ၊ကူညီပံ့ပိုးပေးမှုတွေနဲ့ ဆိုင်မယ်

    လေယာဉ်မောင်းတာမှာ ခြေရော လက်ရော တပြိုင်တည်း သုံးရတဲ့ အချိန်တွေ ရှိတယ် ၊ သာမန်လေယာဉ်တွေကို သူမောင်းဘို့ဆို အဆင်မပြေလောက်ဘူး ၊ သူမောင်းလို့ ရတယ်ဆိုတာ သူ့အတွက် အထူးပြုလုပ်ထားတဲ့ လေယာဉ်ဖြစ်ရမယ် ၊ မြန်မာပြည်မှာက လောလောဆယ် သူ လို့ လူမျိုးအတွက် အထူးပြုပြင်ပေးထားတဲ့ လေယာဉ်ဆိုတာ မဖြစ်နို်င်သေးဘူး ၊ လောလောဆယ်တော့ ဒီပို့စ်လေး ဖတ်ပြီး စိတ်ဓါတ်ခွန်အား ယူလို့ရတာပေါ့ ၊ နောင်မှာတော့ မြန်မာပြည်မှာ သူလို လူမျိုး မပေါ်လာနိုင်ဘူးလို့ ဘယ်သူ အတိအကျ ပြောနိုင်ပါ့မလဲ

  • kotun winlatt

    January 3, 2012 at 3:51 pm

    အဲ….မြန်မာပြည်မှာလဲ..မစုပုံချစ်လားးး
    သူ့လိုပဲ လက်မပါဘူးးလေ ဒါပေမယ့်
    တက္ကသိုလ်ဝင်တန်းကို အောင်မြင်သွားတာလေ..
    မသန်ပေမယ့် စွမ်းးသူများးပေါ့ဗျာ…။

  • thuyazaw21451

    January 3, 2012 at 4:32 pm

    ဟုတ်ပါတယ်….. မသန်ပေမယ့် စိတ်ဓါတ်ခွန်အား ပြည့်ဝနေသူတွေဆို ပိုမှန်မယ်ထင်တယ်

  • manawphyulay

    January 3, 2012 at 4:34 pm

    အင်း ဒါဟာ မသန်ပေမယ့် စွမ်းပါတယ်ဆိုတဲ့ ကြိုးစားမှုရဲ့ ရလာဒ်ကောင်းတစ်ခုပါပဲ။ အတုယူမိပါတယ်။ ကျွန်မတို့လို ကိုယ့်အင်္ဂါစုံပါတဲ့သူတွေတောင် တစ်ခါတလေ မအောင်မြင်ရင် ကျဆုံးမှုကို မခံစားနိုင်ပဲ စိတ်ဓာတ်ကျတာ အခါခါပါပဲ။ ဒီလိုလူတွေတောင် ကြိုးစားနေသေးတာပဲ။ ကျွန်မတို့လည်း လုံ့လ ဝီရိယ ထားပြီး လုပ်ဆောင်မယ်ဆိုရင် လိုချင်တဲ့အရာတစ်ခုတော့ ပိုင်ဆိုင်နိုင်ကောင်းပါရဲ့နော်……….

  • ရွှေ မင်း သား

    January 3, 2012 at 9:07 pm

    ဒီကလေး မ ဓါတ်ပုံတွေ ၃၅ လမ်း မီး ပွိုင့် နဲ့ ၂၆ လမ်း မီး ပွိုင့်တွေ မှာ ပြထားဘို့ ကောင်းတယ်။

    • ဦးဦးပါလေရာ

      January 4, 2012 at 1:53 pm

      တကယ်တော့ မြန်မာတပြည်လုံး လူစည်တဲ့နေရာ
      ခရီးသွားများတဲ့နေရာတွေမှာ ပြထားသင့်တယ်။

      လက်အကောင်းကြီးနှစ်ဖက်နဲ့ လူလူချင်းထိုင်ရှိခိုးပြီးတောင်းစားနေတဲ့
      လမ်းဘေးက သူတောင်းစားတွေရော
      ထိပ်တန်းxxxကြီးစာရင်းဝင် သူတောင်းစားတွေရော
      အားလုံးသိအောင် ရှက်တတ်အောင်…။

  • MaMa

    January 3, 2012 at 10:46 pm

    အားကျစရာ၊ ဂုဏ်ယူစရာမို့ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

  • small cat

    January 4, 2012 at 5:22 am

    ကိုဇာဂနာပြောခဲ့တဲ့ ဂေါင်းမရှိတဲ့ ဆရာကြီးများလောက်မစွမ်းပါဘူးကွယ်….ခွစ်ခွစ်
    (နောက်တာ)

  • zaw min

    January 4, 2012 at 2:48 pm

    ဘဝကို စိတ်ပျက်အားငယ်မူမရှိစေရန် ငယ်စဉ်ထဲက ပြုစုပျိုးထောင်ပေးမူနဲ့ ဘယ်တော့မှ အရှုံးမပေးဘူဆိုတဲ့ စိတ်ဓိတ် တို့၏ရလဒ်ပါပဲဟုယူဆမိပါတယ်…ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ တည်ကြည်ခိုင်မာတဲ့စိတ်ဓါတ်ရှိနေဖို့ လွန်စွာအရေးကြီးပါသည်ဟု မိမိဘာသာယူဆမိပါတယ်…

  • “ဘီလူးကြီး”ogre

    January 4, 2012 at 6:34 pm

    စိတ်ကပဲအရာရာကိုရှေဆောင်တယ်ဆိုတာမှန်တယ်ဗျ
    စိတ်ကြောင့် မဖြစ်နိုင်ဘူးလို့ ထင်တာတွေ
    ဖြစ်ဖြစ်လာတာပဲ
    မသန်ပေမဲ့စွမ်းသူတွေပေါ့

  • mashwetote

    January 5, 2012 at 9:30 am

    ဘဝကို အရှုံးမပေးပဲနဲ့ when there is a will, there is a way (ကိုယ်လုပ်ချင်တဲ့ဆန္ဒ၊ အောင်မြင်လိုတဲ့ဆန္ဒ ပြင်းပြရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး) ဆိုတာကို တစ်ကမာ္ဘလုံးကို ပြသခဲ့တာပါ။ အရမ်းလေးစားပါတယ်။

Leave a Reply