မင်္ဂလာဈေးမီးလောင်မှုကြောင့် ရွှေ့ပြောင်းရမည့်စတုတ္ထထပ်နှင့်ပဉ္စမထပ်ရှိ ဆိုင်ခန်းများကို ဦးစားပေးအဖြစ် မင်္ဂလာဈေးသစ်(မင်္ဂလာမွန်ဈေး)တွင် နေရာချထားပေးမည်ဖြစ်ပြီး ကျန်အထပ်များရှိ ဆိုင်ခန်းများကို မင်္ဂလာမွန်ဈေးအနီးရှိဘောလုံးကွင်းတွင် ယာယီဈေးအဖြစ်သတ်မှတ်ပေးသွားမည်

introMay 30, 20101min550

မင်္ဂလာဈေးမီးလောင်မှုကြောင့် ရွှေ့ပြောင်းရမည့် စတုတ္ထထပ်နှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်းများကို ဦးစားပေးအဖြစ် မင်္ဂလာဈေးသစ်(မင်္ဂလာမွန်ဈေး)ရှိ ဆိုင်ခန်းအလွတ်အချို့တွင်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မေလ ၂ရ ရက်နေ့က ပြုလုပ်သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ကျန်အထပ်များများမှ ဆိုင်ခန်းများကို မင်္ဂလာမွန်ဈေးအနီး (Favourite Karaoke ဆိုင်နောက်) ရှိဘောလုံးကွင်းတွင် ယာယီအကွက်ငယ်များပြုလုပ်၍ ယာယီဈေးအဖြစ် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

အဆိုပါဘောလုံးကွင်းကို ယာယီဈေးအဖြစ် အသုံးပြုနိုင်ရန် မြေတိုင်းမှုများစတင်ပြုလုပ်လျက်ရှိပြီး မြေတိုင်းမှုများပြီးစီးပါက အကျယ်အဝန်းအလိုက် မြေကွက်ငယ်များပြုလုပ်၍ ဆိုင်ခန်းပိုင်ရှင်များကို မြေနေရာခွဲဝေပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Eleven Media Group မှ ဖော်ပြထားပါသည်။