ကိုယ်တိုင်ရေး ပုံတူ

black chawJanuary 3, 20122min27327

ကျွန်တော် ရွာမှာ ပို့စ် စတင်တာ AUG 3, 2011 မှာ ဖြစ်ပါသည်။ ဒီနေ့က ဘလက်ချောရဲ့ ရွာသက်တမ်း ငါးလပြည့်တဲ့ နေ့ပါဗျာ။
“SKY NET ကို ကျေးဇူးတင်” ဆိုသည့် ပို့စ် ဖြင့်ယောင်ချာချာ ဝင်လာခဲ့တာ ဖြစ်ပါသည်။
အခုနောက်ပိုင်း တံခါးစောင့်ကြီး အဖြစ်လူသိလာခဲ့ပေမယ့် ကျွန်တော့် ပို့စ်လေးတွေကို
မဖတ်ဘူးခဲ့ကြမှာ သေချာပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူများ ပြန်ဖတ်လို့ရအောင် လင့်လေးတွေ နှင့်တကွ
ဖေါ်ပြပေးလိုက်ပါသည်။ တခြားလူတွေ လိုပါပဲ။ ရွာထဲ စဝင်လာတော့ လူသစ်ဆိုပြီး မလေးမခန့်လုပ်တာတွေလည်း
ကြုံခဲ့ဖြတ်ခဲ့ရပါသည်။ အဲဒီအတွက် ဘာမှပြောစရာမရှိပါ။ ဒါ သဘာဝပါပဲ။
ကျွန်တော် ဖတ်စေချင်တာလေးတွေကို စုစည်းပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးကြပါလို့။

သဘောထားမကြီးတာလား မေးခွန်းဘောင်ကျော်သွားတာလား (၂၉-၈-၂၀၁၁ နေ့စွဲဖြင့် တင်)
https://myanmargazette.net/64512/uncategorized-other/copypaste

ဂယာလေဆိပ်ထဲက ကြော်ငြာ မင်းသား ဗုဒ္ဓ (၉-၉-၂၀၁၁ နေ့စွဲဖြင့် တင်)

travel

မှတ်မိသမျှ ဂယာ (၁၂-၉-၂၀၁၁ နေ့စွဲဖြင့် တင်)

travel

ဓါတ်ပုံများက ပြောသောစကား (၁၃-၉-၂၀၁၁ နေ့စွဲဖြင့် တင်)

travel

မှတ်မိသမျှ ဂယာ (၂) (၁၄-၉-၂၀၁၁ နေ့စွဲဖြင့် တင်)

travel

မှတ်မိသမျှ ဂယာ (၃) (၂၆-၉-၂၀၁၁ နေ့စွဲဖြင့် တင်)

travel

လျှပ်စစ်ဝန်ကြီးအတွက် ကော်လီနာရဲ့ အနီကတ်
https://myanmargazette.net/67857/creative-writing
ဒါလေးက ဧရာဝတီ ခေတ်စားတဲ့ အချိန်မှာ ရေးလိုက်တဲ့ ကဗျာလေးပါ။ ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့
ကဗျာလေးမို့ ဖတ်ကြည့်ကြစေချင်ပါတယ်ဗျာ။

မင်းသမီးနဲ့ ဓါတ်ပုံဆရာ အပေးအယူတည့်မှ ပုံကောင်းထွက်တယ်
https://myanmargazette.net/68961/creative-writing

အရက်သောက်ခြင်းသည် ဒုစရိုက်မဟုတ်
https://myanmargazette.net/69674/creative-writing

ခရီးသွားရင် အချိန်မေးလို့ မရဘူးတဲ့လား
https://myanmargazette.net/70105/creative-writing


ကိုယ့်ကိုယ်ကို အလိုင်းမင်း ချိန်ကြည့်ခြင်း

https://myanmargazette.net/70383/creative-writing

သူကြီးစစ်မယ့် ရွာတွင်းစာမေးပွဲ
https://myanmargazette.net/70498/creative-writing


မရှင်းဂန်းနဲ့ ပစ်တာလား၊ ဆနိုင်ပါနဲ့ ပစ်တာလား

https://myanmargazette.net/70607/business-economy


ကလင်းနင်း ဂဇက်

https://myanmargazette.net/70765/creative-writing

ဖတ်ကြည့်သင့်သော စာအုပ်တစ်အုပ်အကြောင်း
https://myanmargazette.net/70993/arts-humanities/languages-literature


ယုံကြည်မှု မရှိရင် အလုပ်မဖြစ်ဘူး

https://myanmargazette.net/71394/business-economy


သိရင် မသိချင်ယောင်ဆောင်နေ၊ မသိရင် သိအောင်မလုပ်နဲ့

https://myanmargazette.net/71995/creative-writing
ဒါလေးက ကျွန်တော် လိုင်းစပြောင်းတဲ့ ပို့စ်လေးပါ။
ငယ်ငယ်တုန်းက တပ်ထဲမှာနေခဲ့တဲ့အတွေ့အကြုံလေးကို ဇာတ်လမ်းလေးပုံစံနဲ့ ပြန်ရေးထားတာပါ။
ကိုယ်ကိုယ်ကို ယုံကြည်မှု ရှိစေခဲ့တဲ့ ပို့စ်လေးမို့ ပြန်ဖတ်ကြည့်ပေးစေချင်ပါတယ်ဗျာ။
ဒီပို့စ်မှာ ကြောင်ကြီးပေးခဲ့တဲ့ ကွန်းမန့်လေးကလည်း ကျွန်တော့်ကို အားရှိစေခဲ့တာမို့
ဖေါ်ပြပေးချင်ပါတယ်။ ကြောင်ကြီးရေ ကျေးဇူးပါဗျာ။

ကြောင်ကြီး says:

အခုလို သရုပ်မှန် တင်ဆက်မှုကို ကြိုဆိုပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာအဖွဲ့က
ဗိုလ်မှူးကြီး သောင်းဝေဦးရေးတဲ့ သူ့အထုပ္ပတ္တိစာအုပ်များမှာလည်း စစ်တပ်အတွင်း ဖွဲ့စည်းတည်ဆောက်မှု၊
သဘောသဘာဝများကို တစေ့တစောင်း သိရှိနိုင်ပါတယ်။ အခုလိုတော့ ပွင့်လင်းမှုမရှိဘူးပေါ့လေ။
အပြုသဘောနဲ့ ရေးသားတယ်လို့ ယူဆပါတယ်။ (လွန်လာရင်တော့ ဆဲမှာနော်)


ရဲစခန်းရောက်ဘလက်ချော

https://myanmargazette.net/72397/creative-writing
ဒီပို့စ်လေးကလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးကို ရေးထားတာပါ။ အားရခဲ့တဲ့ ပို့စ်လေးတစ်ခုပါ။
ပြန်ဖတ်ပေးစေချင်ပါတယ်ဗျာ။ သူကြီးပေးခဲ့တဲ့ ကွန်းမန့်လေးကို ကျွန်တော်အခုထိ အလွတ်ရနေခဲ့ပါတယ်။

kai says:

ဒီလိုခေတ်အပြောင်းမှာ.. မာဖီးယားလို.. လူဆိုးဂိုဏ်းတွေ လိုအပ်တယ်ဆိုတာ.. ပိုသေချာလာတယ်..
အင်း..
အလိုလိုထိမ်းညှိယင်းပေါ်လာမယ်ထင်မိတာပါပဲ.

MISS CALL မ၊ BILL ခိုးမ
https://myanmargazette.net/72570/creative-writing

ဒီပို့စ်လေးကလည်း ကျွန်တော် အားရခဲ့တဲ့ သရော်စာလေးပါ။ ဒီနေ့ခေတ်လူငယ်တွေ
ဟန်းဖုန်းတော့ ကိုင်ကြပြီး ဖုန်းဘေလ် နှမြောတဲ့ ကိစ္စလေးကို မီးမောင်းထိုးပြ သရော်ထားတာပါ။

ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေကတော့ အားလုံးလည်း ဖတ်မိပြီးဖြစ်မှာမို့လို့ မဖေါ်ပြပေးတော့ပါဘူးဗျာ။
ဓါတ်ပုံပို့စ်တွေထဲမှာ ကျွန်တော်ပြန်ကြည့်တိုင်း ကြိုက်တဲ့ပို့စ်လေးတစ်ခု ရှိပါတယ်။

နေထွက်ချိန်စစ်ဆင်ရေး
https://myanmargazette.net/73971/travel/photography-pictures-galleries-wallpapers-photo-tips
ဒီပုံလေးတွေကတော့ လှတယ်လို့ထင်ရပါတယ်ဗျာ။ ညီငယ်အင်ဇာဂီက အမှတ်တမဲ့ ပြောတာလား၊ လေးလေးနက်နက်ပြောတာလား
မသိပါ။ သူ့ကွန်းမန့်ထဲမှာ ဒီလိုမန့်သွားတာလေး မှတ်မိနေပါတယ်ဗျာ။

inz@ghi says:

နာမယ်ပေးပုံကိုရော ..ရိုက်ချက် အယူအဆကိုပါ သဘောကျမိပါသည်….

အမြင့်ပျံရိုက်ချက်များ
https://myanmargazette.net/74272/travel/photography-pictures-galleries-wallpapers-photo-tips
ဒါလေးကတော့ ရန်ကုန်ဆာကူရာတာဝါပေါ်က ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပါဗျာ။ အခုအချိန်များပြန်ရိုက်ရရင်
ဒီထက်ပိုကောင်းပိုလှမယ့် ဓါတ်ပုံတွေထွက်လိမ့်မယ်လို့ တွေးနေမိပါတယ်ဗျာ။

မရှိမဖြစ်
https://myanmargazette.net/74980/creative-writing
ဒါလေးလည်း ကျွန်တော် အားရတဲ့ ပို့စ်လေးပါပဲ။

ဉာဏ်ရည်နိမ့်သော ဘလက်
https://myanmargazette.net/75720/business-economy/ideas-plans
ဒါ ကျွန်တော် အကြိုက်ဆုံး သရော်စာလေးတစ်ပုဒ်ပါဗျာ။ ကြက်ဆူပင်နဲ့ ကြက်ဆူသီးတွေကိစ္စ
သရော်ထားတာပါ။

ကုလားအစ် နှင့် မြန်မာအစ်
https://myanmargazette.net/76328/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
မေတ္တာရှင် ရွှေပြည်သာ၏ စာအုပ်တစ်အုပ်ထဲမှ ကူးယူဖေါ်ပြသည့် ပို့်စ်လေးပါဗျာ။

ဒါဖတ်ပြီးမှ အတင်းပြောပါ။
https://myanmargazette.net/77165/creative-writing
ဟန်းဖုန်းကိုင်သူတွေရဲ့ အလွဲလေးတွေပါ။

မိမိကိုယ်ကို သတ်သေသူကို ထောင်ချသင့်လား
https://myanmargazette.net/77436/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion

နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရဲ့ ရင်ခုန်သံ
https://myanmargazette.net/77699/creative-writing

တတ်နိုင်သလောက်
https://myanmargazette.net/77882/creative-writing
ဒါ ကျွန်တော် တော်တော် အားရတဲ့ ပို့စ်လေးပါဗျာ။

အလေ့ကျပေါက်ပင်
https://myanmargazette.net/78571/creative-writing
ဒါလည်း ကျွန်တော်အားရခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကိုသစ်မင်းရဲ့ ကွန်းမန့်လေးက
ကျွန်တော့်အတွက် အမှတ်တရမို့ ဖေါ်ပြပေးချင်ပါတယ်ဗျာ။

thit min says:

(သစ် ပင် ဘ လက် ချော ရွှင် လန်း ပါ စေ)
“သစ်” ပင်ဖြစ်လာရင်
“ပင် “စည်နဲ့ခိုင်မာလာမှာပါ
” ဘ” ဝကိုပုံရိပ်ဖော်သလို
“လက်”တွေ့ကျတဲ့အပွင့်လေးတွေ
ချော”မွေ့နေတဲ့ရိုးတံမှာ
“ရွှင်”ပြစွာကခုံကြရင်တော့
“လန်း” ကြည်စွာရှူချင်ကြမှာဘဲ
“ပါ” ပအဆိုးတရားတွေကိုဖျောက်ပေးပြီး
“စေ ” တလုံးနဲ့”ခင်ဗျား”အားလုံးကိုပြုံးစေခဲ့သူပါ၊ကိုဘလက်ချောရေ။

ဇ ရှိသူများ အလိုရှိသည်
https://myanmargazette.net/78835/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို့်စ်လေးကတော့ ဖတ်ထားတာလေးကို ပြန်ရှယ်ပေးထားတာပါ။ ဖတ်ကြည့်ကြစေချင်ပါတယ်။

ရန်ကုန်သား အငှားလွမ်းတဲ့ မန်းတက္ကသိုလ်
https://myanmargazette.net/79661/travel/photography-pictures-galleries-wallpapers-photo-tips
ဒါကတော့ ရန်ကုန်သား သူများနယ်သွားပြီး ဓါတ်ပုံရိုက်ထားတာလေးပါဗျာ။

ဒါ ငါ့အိမ်
https://myanmargazette.net/83785/creative-writing
ကျွန်တော်ကြိုက်ခဲ့တဲ့ ပို့စ်လေးပါဗျာ။

ရွာသားများအတွက် (ရွာသူများလုံးဝမဖတ်ရ)
https://myanmargazette.net/84369/creative-writing
သရော်စာလေးတစ်ပုဒ်ပါဗျာ။

ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ (ညိုခက်ကျော်)
https://myanmargazette.net/83058/creative-writing/short-story
ဒါကတော့ လေဒီခိုင် ရဲ့ အနုပညာလက်ရာလေးတစ်ခုကို ပြန်လည် ဖေါ်ထုတ်ထားတာပါဗျာ။

ကန္တာရစီးကြောင်း (ညိုခက်ကျော်)
https://myanmargazette.net/85967/creative-writing/short-story
ဒါလည်း လေဒီခိုင်ရဲ့ အနုပညာလက်ရာတစ်ခုပါပဲခင်ဗျာ။

ကျွန်တော်ရေးခဲ့တဲ့ ပို့စ်တွေထဲက မဖတ်ဖြစ်သေးဘူးလို့ ထင်ရတာလေးတွေကို
လင့်လေးတွေ ပြန်ရှာပေးထားတာပါ။ ကိုယ့်ကိုယ်ကို ပြန်လည်တူးဆွတာ မဟုတ်ရပါဘူးခင်ဗျာ။
ကျွန်တော့်ကို တံခါးစောင့် အဖြစ်ပဲ သိကြတဲ့ လူသစ်တွေအတွက် ရည်ရွယ်တာပါ။
အင်း လွတ်လပ်ရေးနေ့ မတိုင်မီတော့ စာရေးတာ နည်းနည်းလျှော့တော့မယ်လို့
မိတ်ဆွေများကို အသိပေးကြေညာပါတယ်ခင်ဗျာ။
မန်းဂဇက်မှာ ကျွန်တော်တို့လို ဝါသနာရှင်တွေ ရေးချင်တာလေးတွေ ရေးနို်င်စေဖို့
ဖန်တီးပေးထားတဲ့ သူကြီး ဆရာ kai ကို ကျေးဇူးတင်ကြောင်း လေးလေးစားစား ပြောချင်ပါတယ်ခင်ဗျာ။

27 comments

  • nozomi

    January 3, 2012 at 5:38 pm

    ကိုဘလက်ချော ရေ ကျွန်တော် မဖတ်ရသေးတာတွေလဲ အခုမှဖတ်ပဲ ပြန်ဖတ်ရတော့တယ်
    ကျေးဇူးပါ ဗျို့

    ကိုဘလက်ကြီးကို ကျွန်တော်က သိတော့ မသိချင်ယောင်ဆောင်နေရတော့မယ် ထင်တယ် 🙂

  • ငပေါက်ဖော်

    January 3, 2012 at 6:09 pm

    ဟုတ်ဗျာ..
    ကျနော်တို ့တံခါးစောင့်ကြီးရဲ့ တိမ်မြုပ်နေတဲ့ စာကောင်းလေးတွေ.အားပေးလိုက်ကြပါဦး..

  • windtalker

    January 3, 2012 at 7:47 pm

    ဒီရွာထဲရဲ ့သဘောကတော့
    မသိသေးရင် မသိသေးသလို
    သိပြီးတော့လဲ သိသွားသလို ပါဘဲ ကွယ်လဟယ်

  • MaMa

    January 3, 2012 at 7:51 pm

    ကိုဘလက်ရေ-
    ပန်းချီဆရာကို ပန်းချီပြန်ဆွဲမပေးနိုင်တာ နားလည်ခွင့်လွှတ်ပေးပါ။
    (ဂယာလေဆိပ်ထဲက ကြော်ငြာ မင်းသား ဗုဒ္ဓ) ဆိုတဲ့ ပိုစ့်က ကိုယ်ကိုယ်တိုင်လည်း ဗုဒ္ဓဂါယာသွားခါနီးချိန်ဆိုတော့ မှတ်မှတ်ရရ သတိထားမိလိုက်တဲ့ ပိုစ့်ပါပဲ။
    နောက်ထပ် (မှတ်မိသမျှ ဂယာ ၁၊ ၂၊ ၃ ) တွေကတော့ ကျမတောင်းဆိုလို့ ရေးပေးတဲ့ပိုစ့်တွေမို့လို့ ခုကြုံကြိုက်တုန်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။
    ကိုဘလက်ရဲ့ မှတ်မိသမျှ ဂယာ ပိုစ့်တွေဟာ
    ကျမရေးခဲ့တဲ့ ဗုဒ္ဓဂါယာခရီးမှ ပိုစ့်တွေရဲ့ မြစ်ဖျားခံရာ မူလအစ ပါပဲ။ 🙂

  • MaMa

    January 3, 2012 at 7:51 pm

    ကိုဘလက်ရေ-
    ပန်းချီဆရာကို ပန်းချီပြန်ဆွဲမပေးနိုင်တာ နားလည်ခွင့်လွှတ်ပေးပါ။
    (ဂယာလေဆိပ်ထဲက ကြော်ငြာ မင်းသား ဗုဒ္ဓ) ဆိုတဲ့ ပိုစ့်က ကိုယ်ကိုယ်တိုင်လည်း ဗုဒ္ဓဂါယာသွားခါနီးချိန်ဆိုတော့ မှတ်မှတ်ရရ သတိထားမိလိုက်တဲ့ ပိုစ့်ပါပဲ။
    နောက်ထပ် (မှတ်မိသမျှ ဂယာ ၁၊ ၂၊ ၃ ) တွေကတော့ ကျမတောင်းဆိုလို့ ရေးပေးတဲ့ပိုစ့်တွေမို့လို့ ခုကြုံကြိုက်တုန်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။
    ကိုဘလက်ရဲ့ မှတ်မိသမျှ ဂယာ ပိုစ့်တွေဟာ
    ကျမရေးခဲ့တဲ့ ဗုဒ္ဓဂါယာခရီးမှပိုစ့်တွေရဲ့ မြစ်ဖျားခံရာ မူလအစ ပါပဲ။ 🙂

  • comegyi

    January 3, 2012 at 7:54 pm

    ကိုဘလက်ရေ့
    မဖတ်ရသေးတာတွေ အများကြီးပဲဗျ
    ကိုဘလက်ပို့(စ်)တွေကို….
    ဒီတော့ဗျာ …အေးဆေးဖတ်ဖို့ ကူးထားလိုက်တော့မယ်
    အခုတော့ ဒီလောက်ပဲ မန့်ခဲ့မယ်နော့
    ကျေးဇူးပါဗျို့….

  • koyinmaung

    January 3, 2012 at 8:23 pm

    (မရှင်းဂန်းနဲ့ ပစ်တာလား၊ ဆနိုင်ပါနဲ့ ပစ်တာလား) ပို့စ်ကိုခုမှဖတ်မိတယ်
    ကိုဘလက်ချေားရေ..
    ကြော်ငြာအကြောင်းရေထားတာအတော်ကောင်းသကို
    ဒါကြောင့်ဆေးခန်းသွားရင်အိပ်ကလေးတွေကိုင်လို့ဆရာဝန်အားမဲ့အချိန်ကိုစောင့်နေကြတဲ့
    အရောင်းစာရေးမလေးတွေကိုတွေ့တွေ့နေရတာကို….
    (သိရင် မသိချင်ယောင်ဆောင်နေ၊ မသိရင် သိအောင်မလုပ်နဲ့)ပို့စ်ကလဲ
    စစ်တပ်အတွင်းကိုယ်မသိနိုင်တဲ့အကြောင်းအရာပါ ဒီလိုရေးတဲ့သူရှိမှလဲသိခွင့်ရနိုင်တာမဟုတ်လား
    ကျေးဇူးဘဲ…ကိုဘလက်ရေ

  • TTNU

    January 3, 2012 at 8:37 pm

    ရေးထားတဲ့ Blogs တွေ အားရစရာတွေချည်းပါပဲ။
    (လွတ်လပ်ရေးနေ့ မတိုင်မီတော့ စာရေးတာ နည်းနည်းလျှော့တော့မယ်လို့) Why? Busy?

  • small cat

    January 4, 2012 at 5:14 am

    ဓလွတ်လပ်ရေးနေ့ မတိုင်မီတော့ စာရေးတာ နည်းနည်းလျှော့တော့မယ်လို့ဓ
    ၃ ရက်နေ့နဲ့ ၄ ရက်နေ့ကြားထဲကို စာရေးတာလျော့မယ်ပေါ့။
    ကဲ အခုပဲလွတ်လပ်ရေးအလံတင်အခမ်းအနားပြီးသွားပြီ ပြန်ရေးပေတော့။

  • thit min

    January 4, 2012 at 6:28 am

    ကိုဘလက်ရေ
    စာကောင်းတွေခင်ဗျားရေးခဲ့တယ်။ အဲဒါခင်ဗျားအတွက်ရေးတာ။
    ပိုကောင်းသောစာတွေရေးခဲ့ပြန်တယ်။ အများရဲ့စာတွေကိုပြန်ရေး အထူးပြုနေတာ။
    အကောင်းဆုံးစာတွေရေးပြန်သေးတယ်။
    (၁) ကြွားဝါခြင်းမရှိတာ (ငါဘာကောင်ဘဲလို့၊ငါဘာလုပ်တယ်လို့ပြောလေ့မရှိတာ)
    (၂) သူတပါးကိုမနာလိုစိတ်ကင်းတာ (တံခါးစောင့်နှင့် တဦးချင်း၏စာများပြန်လည်ရေးသားခြင်း)
    (၃) မုဒိတာပွါးနိုင်တာ (တံခါးစောင့်နှင့် တဦးချင်း၏စာများပြန်လည်ရေးသားခြင်း)
    (၄) စေတနာထားနိုင်တာ (အတတ်နိုင်ဆုံးကော်မန့်များ မပျက်မကွက်လိုက်ရေးလေ့ရှိတာ)
    (၅) “မာန်မာန” ကင်းတာ။ (ကိုထူးဆန်းကို ခင်ခင်မင်မင်တောင်းပန်သောစကားများ)
    အဲဒီစာတွေဟာ ရီးယားအော့ဖ်သဘက်စ် ပါ ဆရာဘလက်ချော ခင်ဗျား။
    လေးစားခင်မင်စွာ
    မောင်သစ်မင်း

  • nature

    January 4, 2012 at 12:55 pm

    ရွာတံခါးစောင့်တဲ့ blackchaw က ကိုယ့်ရွာတံခါးကိုအခုမှစောင့်ဖို့သတိရတယ်ထင်တယ်။ 🙂
    Blackchaw ရဲ့ ထူးခြားတဲ့ ပို့စ်အဟောင်းလေးတွေကိုဖတ်လို့လွယ်အောင် လုပ်ပေးတဲ့အတွက်ကျေးဇူးပါ။

  • kotun winlatt

    January 4, 2012 at 1:13 pm

    ကိုယ်တိုင်ရေးပုံတူလေးကို လာဖတ်ပါတယ်ခင်ဗျာ…
    ကိုဘလက်ရေးတဲ့ စာလေးတွေကို နောက်မှ ဖြည်းဖြည်းချင်း
    ဖတ်မယ်ဗျာ..ကိုးနတ်ရှင်ကလည်းးစုတ်ပြတ်သတ်နေတာမို့
    ဒီတစ်ပုဒ်ကိုပဲ ဖတ်သွားတယ်နော်..
    ရွှင်လန်းချမ်းမြေ့ပါစေနော်…။

  • ဦးဦးပါလေရာ

    January 4, 2012 at 1:45 pm

    “ဂယာလေဆိပ်ထဲက ကြော်ငြာ မင်းသား ဗုဒ္ဓ ” ကစပြီး သတိပြုမိပါသဗျာ။
    ကိုဘလက်ရဲ့ပိုစ့်တွေက
    လက်ရာရော
    စေတနာရော
    သိသာထူးခြားပါတယ်။

  • kai

    January 4, 2012 at 4:45 pm

    နစ်နိမ်းကို.. ကလောင်အမည်ကို.. blackchaw လို့ဘာကြောင့်ပေးသလည်း.. သိချင်သား…။
    ပြောရရင်.. တချို့ရွာသူားတွေ.. နာမယ်ပေးကြတာ.. စိတ်ဝင်စားစရာကောင်းတယ် ထင်မိတယ်..။

    • မှော်ဆရာ

      January 4, 2012 at 5:31 pm

      ဆွမ်းခံတဲ့ သပိတ်ကို အားကျလို့ ပေးထားတာပါ …
      မဲလဲမဲတယ် ချောလဲ ချောပါတယ် ..
      ဆရာဘလက်ရဲ့ ကိုယ်တိုင်ရေးပုံတူကို ကြည့်ရှုသွားပါကြောင်း ……

    • MaMa

      January 4, 2012 at 7:55 pm

      နစ်နိမ်းတွေကို ကိုယ်တိုင်ဖြောင့်ချက်ပေးခိုင်းပါလား သဂျီး 😆

    • ဆယာလေး ( အော်စကာ ) အထီး

      July 30, 2012 at 1:24 pm

      မီးကတော့အကုန်လုံးကိုစိတ်ဝင်စားနေတာ ကြာပီ
      ဟိဟိ

  • သူကြီးသိချင်ရင်ကျနော်ပြောမယ်။
    သူ့အရက်မူးတုံးမေးထားတာလေ။
    သူ့အဖေက ကိုမဲ အမေက ဒေါ်မှောင်
    အဖေနဲ့အမေကို ဆတူချစ်တော့ စကားလုံးတစ်လုံးထဲကို ယူပြီး ဘလက် လို့ယူလိုက်တယ်။
    သူ့ချစ်ဇနီးက မချောချော အဲတော့ အားလုံးပါအောင်
    ဘလက်ချော ကဲပေးတော့ တစ်ရာ ဖြေခ

  • padonmar

    January 4, 2012 at 8:46 pm

    “သဘောထားမကြီးတာလား မေးခွန်းဘောင်ကျော်သွားတာလား”ကိုသတိထားမိခဲ့ပါတယ်။
    သူငယ်ချင်းတွေတောင် အဲဒီကိစ္စဆွေးနွေးအဖြေထုတ်ကြည့်ကြသေးတယ်။
    လူနဲ့စာကိုစတွဲမိတာတော့ ဂယာမင်းသား ဘဲ။
    ကိုဘလက်ကိုမှတ်မှတ်သားသားဖြစ်မိတာတော့ အမြင့်ပျံရိုက်ချက်များပါ။
    တံခါးစောင့်တာဝန်ယူလိုက်တော့ ရွာ့နှလုံးသားဖြစ်သွားတာပေါ့။

  • ကြောင်ကြီး

    January 5, 2012 at 1:12 pm

    ဘလက်ချောဆိုတာ စိန်သူဌေးကြီးဖြစ်ပါတယ်။ အရမ်းချမ်းသာပြီး စိတ်ကောင်းရှိပါတယ်။ စိတ်တိုင်းကျလဘက်ရည်ဆိုင်က ဆိတ်ရိုးစွတ်ပြုတ်ကို သူအော်ဒါလုပ်ချက်တာပါ။။။

  • blackchaw

    January 5, 2012 at 2:27 pm

    ကျွန်တော့်ရဲ့ ကိုယ်တိုင်ရေးပုံတူ ပို့စ်မှာ
    ကျွန်တော် ဘလက်ချော ကို အသိအမှတ်ပြု
    ကွန်းမန့်ချီးမြှင့်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    အားလုံးကိုလေးစားပါကြောင်း…။

  • manawphyulay

    January 5, 2012 at 4:07 pm

    ဦးဦးဘလက် သဂျီးမေးတာ ဖြေလိုက်ရမလား… ဘာကြောင့်ဘလက်ချောလို့ ပေးလဲလို့ မနောတို့လည်းအရင်က တွေးကြည့်ခဲ့ဖူးတယ်။ အဟဲ တွေ့ဆုံပွဲမှာ တွေ့တော့မှ ဒါကြောင့်ပေးပါလားလို့ မြင်မိတော့တယ်… ငါးလပြည့်ပြီးဆိုတော့ မုန့်ဝယ်ကျွေးတော့မယ်ပေါ့လေ ဟုတ်လား…

  • inz@ghi

    January 5, 2012 at 6:36 pm

    အကြွေးဆပ်ပြီဗျာ …..
    ကျနော် ကွန်းမန့် ဝင်မရေးတာ ရက် အနည်းငယ်ကြာပြီထင့် …
    မရေးဆို ..မအားတာကတကြောင်း ….ကိစ္စရပ် အချို့ကြောင့် ရေးချင်စိတ်ကုန်တာက တကြောင်းပေါ့ဗျာ….

    ဘဘ ဘလက်အပေါ် တာဝန်မကျေသလို မိတ်ဆွေမပီသ သလို ခံစားရတယ်ဗျို့ ….
    မနေ့က ညအိပ်ချိန်ကမှ သည်နေ့ ပိုစ့်၂ခု ကို ရေးဖြစ်တာဗျ …အင်တာနက် က သူများ ငှားထားလို့ ဖုန်းထဲ
    save လုပ်ပြီး သည်နေ့ နေ့လည်မှ ဝိုင်ဖိုင်ရတဲ့ နေရာကနေ တင်ဖြစ်တာပါ ….
    သည်တော့ ပိုစ့်ကျတက်ပြီး ကွန်းမန့်ကျ မရေးဘူး ထင်မှာစိုးလို့ပါဗျာ …

    ဘဘ ဘလက်ရဲ့ ကိုယ်တိုင်ရေး ပုံတူကို ကျနော် အားပေးသွားပါတယ်ဗျ…
    အားပေးသွားတယ်ဆိုတာထက် …အားပေး ခဲ့ပါတယ် ပြောရမယ်ဗျ
    ဘာကြောင့်လဲ ဆို သည် ပုံတူ အကြမ်း ကောက်ကြောင်း ခြစ် စဉ်ကာလမှာ
    ဂူဂဲလ် ချက် ကတဆင့် ကျနော့်ကို ကျနော် မဖတ်ဖူးသေးတာတွေ ဦးဦးဖျားဖျား မျှဝေပေးတဲ့အတွက်ပါဗျာ…

    ကျနော့် ကိုယ်ပိုင် အမြင်နဲ့ ပြောရရင် ရဲစခန်းရောက်တဲ့ အကြောင်းလေးက အရေးအသားကို အနှစ်သက်ဆုံးပါလို့
    ကျေးဇူးတင်ပါတယ်ဗျ…

    ခင်တဲ့ ဂီ

  • amatmin

    January 6, 2012 at 9:39 am

    ကိုဘလက်ရေ..
    ကျွန်တောရွာထဲ ဝင်စမှာ သဘောအကျ ဆုံးကတော့ ဆရာသစ် နဲ့ ကိုဘလက်အပြန်အလှန်အားပေးမှုတွေကိုပါ..
    တယောက်နဲ့ တယောက်အပြန်အလှန် လေးစားမှုက တဆင့် ကောင်းမွန်တဲ့ကွန်မန့်တွေကို
    ကိုဘလက်ပို့စ် တွေမှာ တွေ့ရတတ်လို့ အမြဲစောင့်ဖတ်ပြီး အားပေးခဲ့ပါတယ်..
    အခုလို လင့်ခ်တွေပေးထားလို့ ပြန်ဖတ်ရတော့လည်းကောင်းနေဆဲပဲဗျ…

  • pooch

    January 6, 2012 at 1:42 pm

    ကိုဘလက်ကို ဂယာပိုစ့်တွေမှာ စပြီး သတိထားမိတာပါ .. နောက်ရဲစခန်းရောက်တဲ့စာ…
    နောက်တော့ တံခါးစောင့်ကြီး…တံခါးစောင့်ရတာ သူတကာထက်ပိုပင်ပန်းပါတယ် ….စာချစ်စိတ်တို့ စေတနာတို့ အပင်ပန်းခံလိုစိတ်တွေ မရှိရင် ဒီအလုပ်က ဘယ်သူမှ မလုပ်နိုင်ပါဘူး…

  • Moe Z

    January 6, 2012 at 2:54 pm

    ဘဘဘလက်ကို ဂယာလေဆိပ်ထဲမှ ကြော်ငြာမင်းသားဗုဒ္ဓဆိုတဲ့ပို့စ်ကနေစပြီး အားပေးလာကြောင်းပါ လူဗြိုဂျီးမဟုတ်မှန်းလည်း အစကတည်းကသိပါတယ် 😀 နောက်တာပါ
    တစ်ချို့ပို့စ်တွေမှာ ဉာဏ်မမီလို့မမန့်ဖြစ်တာကိုနားလည်ပေးစေလိုပါကြောင်း 😛

  • ဆယာလေး ( အော်စကာ ) အထီး

    July 30, 2012 at 1:15 pm

    နာမည်ကြီးနေတဲ့ ချိုပေါ့ကျ အဖျော်ဆရာဆိုတာ ဒီလိုစာတွေ ရေးသားခဲ့ သေးတာပါလားဗျ။
    စေတနာတွေ ရောင်ပြန်ဟပ် ပါတယ်ကွယ်။

Leave a Reply