ဘောလုံးပွဲများနဲ့နေဝန်းနီ

naywoon niJanuary 3, 20121min893

ဘောလုံးပွဲများနဲ့နေဝန်းနီ
မန်ယူနဲ့ အာစင်နယ်
ဘာမှလာမပြောပါနဲ့
သူတို့ကကွင်းကောင်းကောင်းမှာ
ပရိဿတ်အားပေးမှုနဲ့ ကန်နေကြရတာ….။
နေဝန်းနီတို့များ
ကွင်းခပ်ညံ့ညံ့မှာ
လက်တွေ့နေ့စဉ်ဘဝကိုရင်ဆိုင်ဖြတ်သန်း
နေ့တိုင်းကန်နေကြရတာ
နေပူသည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ
ပရိဿတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အားပေးသူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ဒိုင်ညစ်သည်ဖြစ်စေ မညစ်သည်ဖြစ်စေ
စောဒက တက်ခွင့်မရှိ
ကိုယ့်ဂိုးကိုယ်ရအောင်သွင်းကြေး
ပင်နတီဂိုးမပေးရရေးအတွက်
ပြင်ဆင်ချိန်မရှိ လေ့ကျင့်ချိန်မရှိ
အချိန်ပြည့်မှ တစ်ကယ့်အချိန်ပြည့်
ပွဲပေါင်းများစွာမှာ တစ်ပြိုင်နက်ထဲ ကန်နေရတာ
အာစင်နယ်ရှုံးသွားလို့
နေဝန်းနီဘဝပျက်လောက်အောင်လောင်းမထားဘူး
ဒါပေမဲ့
မင်းအချစ်ကိုမရရင်တော့
ဘဝနဲ့ထပ်ပေါင်းချစ်ခဲ့တဲ့အချစ်တွေအတွက်
ငါ့ဘဝပျက်လောက်ပါတယ်ဆိုတဲ့ အတွေးမျိုးနဲ့
အချိန်တိုင်းနေရာတိုင်းမှာ
ပြိုင်ဘက်မရွေး ကွင်းမရွေးပဲ
နေဝန်းနီတစ်ယောက်
ဘောလုံးကန်နေရပါကြောင်း………။

နေဝန်းနီ

3 comments

  • ငပေါက်ဖော်

    January 3, 2012 at 6:12 pm

    အင်းပေါ့.
    ကိုယ်ပိုင်ကွင်းမရှိေသေးတော့ ကွင်းမရွေးဘူးပေါ့
    ကိုယ်ပိုင်ကွင်းရှိတဲ့အခါ ကွင်းရွေးတော့မယ်မလား..
    ဟို..အဝေးကွင်းတို ့ဘာတို ့မှ ကန်မယ်တို ့ဘာတို ့ပေါ့ဗျာ
    ဟင်း..ဟင်း..
    လူလယ်ဂျီးသားသမီး
    သိနေဒယ်…သိနေဒယ်..
    😆

  • windtalker

    January 3, 2012 at 6:58 pm

    အချစ်ဆိုတာ လဲ ဘောလုံး လို ပါဘဲ
    သူ က ပိုကန်ရခက်တယ်
    ကွင်းမရွေးပေမယ့်
    ဂိုးသွင်းညံ့ရင်
    သေဘီခြာ

  • KING

    January 3, 2012 at 7:44 pm

    ပင်နယ်တီ သွင်းဖို့ကျတော့ စိတ်လှုပ်ရှားနေတယ် …
    ဖရီးကစ်ကြတော့ သွင်းရမှာ အားနာမိတယ် …
    အလိမ်အခေါက်နဲ့ သွင်းဖို့ကြတော့လည်း လှည့်စားဖို့ မဝံ့မရဲနဲ့ …
    အတင်းအားနဲ့ သွင်းမယ်ဆိုပြန်တော့လည်း သနားစိတ်ကလေးက ဝင်မိပြန်ရော …
    ဒါနဲ့ပဲ အားလုံးနဲ့အဆင်ပြေ လွတ်လွတ်ကျွတ်ကျွတ် တစ်ယောက်တည်းရင်ဆိုင်အတွေ့ ဖြေးဖြေးလေးသွင်းလိုက်တော့ …….
    လာဘ်စားထားတာလား ခေါက်ဆွဲစားထားတာလား အံ့ဩမှင်သက်နေတာလားမသိ
    အသာလေးဟပေးထပါလား …… ဒီလိုဟပေးထားတော့လည်း တလိမ့်လိမ့်နဲ့ ဝင်ပြီပေါ့ …
    ဒါမှငါကွလို့ ဟစ်ကြွေးမယ်ကြံကာမှ
    စည်းကြပ်ဒိုင်က အလံထောင် … ဒိုင်လူကြီးက ခရာတွတ်ပြန်တော့
    သွင်းမိပေမယ့်
    ဒိုင်တွေအမြင်ရ လူကျွံဘောဖြစ်ရတဲ့ ငါ့ဘဝပါလား …….. 😛

Leave a Reply