နိုင်ငံရေး အကျဉ်းသားများ သီးခြားစာရင်းဖြင့်လွတ်လာရန်ရှိနေ

WowJanuary 3, 20121min11610

ယနေ့ညနေ ကြေညာလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုပါက နိုင်ငံရေး အကျဉ်းသားများ လွတ်လာရန် အခွင့်အလမ်းနည်းပါးသဖြင့် “သီးခြားစဉ်းစားရန်ရှိသည့် စာရင်း” ဟူသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယနေ့ည ၁ဝနာရီက နိုင်ငံရေး အကျဉ်းသားမိသားစုဝင် တဦးက နယ်ဝေးအကျဉ်းထောင်မှ ထောင်အရာရှိတဦးအား လှမ်းမေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား သီးခြားစာရင်းဖြင့် ဖက်စ်ထိုးပြီးလာရန် ရှိသည်မှာ ဟုတ်ပါသလား ဟုမေးမြန်းရာ ဟုတ်မှန်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သည့် စာရင်းယခုအချိန်ထိ မရရှိသေးသဖြင့် စောင့်ဆိုင်းနေကြောင်း ဖြေကြားသည်ဟု ယင်းမိသားစုဝင်က YPI သို့ပြောသည်။

အကျဉ်းဦးစီး အရာရှိက ၎င်းအနေဖြင့် အကောင်းဆုံး မျှော်လင့်ပါကြောင်း သူတို့အတွက်က သီးခြားလာရန်ရှိသည်ဟု မိသားစုဝင်အား အတည်ပြုပြောဆိုသည်ဟု သိရှိရသည်။ ။
ဇန်နဝါရီ ၂ ရက်၊ ၂၀၁၂ (YPI)
http://www.thithtoolwin.com/2012/01/blog-post_03.html

10 comments

  • koyinmaung

    January 3, 2012 at 7:18 pm

    ဝမ်းသာစရာသတင်းဘဲဗျို့….

  • bigbird

    January 3, 2012 at 8:02 pm

    အရမ်းကိုမျှော်လင့်ထားပါတယ်ဗျာ။

  • Thel Nu Aye

    January 3, 2012 at 10:27 pm

    လွတ်ပါစေလို့ဆုတောင်းပါတယ်။ မနက်ဖြန်အတွက် ကာယကံရှင်မပြောနဲ့ကျွန်မတို့တောင်စိတ်လှုပ်ရှားနေ ပါပြီ။ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေအားလုံးလွတ်ပါစေ။ လွှတ်လိမ့်မယ်လို့လဲမယုံရဲ ယုံရဲယုံ ကြည်နေပါတယ်။

  • Wow

    January 4, 2012 at 1:55 pm

    နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ်ပြုပြီး လွတ်ပေးစေချင်ပါတယ်…

  • kotun winlatt

    January 4, 2012 at 7:36 pm

    အင်းးးးးးးး ဒီလိုနဲ့…
    နှစ်တွေလည်းးးးးကြာလာခဲ့ပါပြီလေ…
    မျှော်တလင့်လင့်နဲ့….
    တကယ်မှန်ရင်တော့ အကောင်းဆုံးပေါ့ဗျာ…။

  • သားငယ်

    January 5, 2012 at 2:07 am

    http://www.facebook.com/media/set/?set=a.272383876154644.63625.147259038667129&type=1

    တောင်းဆိုနေကြပါတယ်ဗျာ ဝင်ရောက်တောင်းဆိုနိုင်ပါတယ်….
    လူဆိုး ဘဲဖြစ်ဖြစ် လူကောင်းဘဲ ဖြစ်ဖြစ် အချုပ်အနှောင်ခံ ရတယ် ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ။
    အများအတွက် အလုပ်လုပ်နေတဲ ့ သူတွေကို ချုပ်နှောင်ထား မိရင် မကောင်းဘူးပေါ့ဗျာ။
    ကိုယ့်အတ္တ အတွက် သူများကို ချုပ်ထားတာဆိုရင်တော့ ပိုမကောင်းဘူးပေါ့ဗျာ…
    လူဆိုး တစ်ရာလွတ် တာထက် လူကောင်းတစ်ယောက်အချုပ်အနှောင် ခံ ရတာက မကောင်းပါဘူးဗျာ

    ်ကွန်နရှင် ကလည်း မကောင်းဘူးပေါ့ဗျာ ……

  • Wow

    January 5, 2012 at 11:46 am

    လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍လွှတ်တော်တွင် ဆက်လက်တင်ပြမည်…

    ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် သင်ပုန်းချေအထွေထွလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ဆက်လက်တင်ပြသွားရန် အစီစဉ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

    ”အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင်က မေတ္တာရပ်ခံ ထားတဲ့ကိစ္စပါ၊ ဒီကိစ္စကို နိုင်ငံတော်အစိုးရကိုလည်း တိုက်တွန်းထားပေမယ့် အခုထိ ဘာလို့ မဆောင်ရွက်သေး တာလဲတော့ မသိဘူး၊ သမ္မတကြီးက လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ ကျွန်တော်တို့ ညီနောင်တွေအားလုံး ပါလာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ထပ်ပြီးတော့လည်း မျှော်လင့်နေဦးမှာပဲ။ အသုတ်လိုက် လွှတ်ပေးနေတယ်ဆိုရင်လည်း မကြာခင်အချိန်မှာ ခြွင်းချက်မရှိ ယုံကြည် ချက်ကြောင့် အကျဉ်း ကျခံနေရတဲ့ ညီကိုတွေအားလုံးကို လွှတ်ပေးဖို့အတွက် သမ္မတကြီးကို ထပ်မံပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်”ဟု အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

    ဇန်နဝါရီလ(၃)ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် နိုင်ငံရေး အကျဉ်း သားပါဝင်မှု နည်းပါးရခြင်းနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် အတွင်းကျင်းပမည့် ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဆက်လက်တင်သွားရန် အစီစဉ်ရှိကြောင်း ကိုလည်း သိရှိရသည်။

    ”လွှတ်တော်ထဲရောက်တဲ့အခါမှာ ဘယ်နည်းဘယ်ပုံဆောင်ရွက်ရမယ်ဆိုတာ အသေးစိတ်ကတော့ အခု အချိန်မှာ ထုတ်ပြောလို့မရသေးဘူး၊ ဒါပေမယ့် ၂၀၁၂လွှတ်တော်အတွင်းမှာ ဖြစ်နိုင်ရင် သင်ပုန်းချေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်နိုင်ဖို့ လွတ်တော်လမ်းကြောင်းက ဆောင်ရွက်နိုင်တာမှန်သမျှ ဆောင်ရွက်ဖို့ ရှိပါတယ် “ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောသည်။

    နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ခွင့်ပြုပေးခဲ့သော်လည်း ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများလွတ်မြောက်မှုရာနှုန်းမှာ နည်းပါးဆဲဖြစ်သည့်အတွက် လာမည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် နိုင်ငံရေးအကျဉ်းသားများ ယခုထက်မို ပါဝင်နိုင်ရန်အတွက် လွတ်တော် ကိုယ်စားလှယ်များမှ မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

    ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွတ်တော် တတိယပုံမှန်အစည်းအဝေးများကို ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရှိရသည်။

    ကြယ်စင်(မြစ်မခ)
    ဇန်နဝါရီ ၄၊ ရန်ကုန်မြို့။

  • Wow

    January 5, 2012 at 12:03 pm

    အကျဉ်းသားထပ်လွတ်ရန်ဒေါ်အောင်ဆန်းစုကြည်ပြောကြား

    အစိုးရသစ်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃ဝ ကျော်သာ အကျုံးဝင်သဖြင့် ထပ်မံ လွှတ်ပေးရေးအတွက် ဆက်လက် တိုက်တွန်းကြရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
    ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝါရင့်နိုင်ငံရေးသမားဟောင်းများ မိတ်ဆုံစားပွဲ အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
    ယမန်နေ့က အင်းစိန်ထောင်မှ အထွက်တွင် ထောင်ဝန်ထမ်းများနှင့်အတူ တွေ့ရသည့် ဦးကြည်သန်း (ဓာတ်ပုံ – ဧရာဝတီ)
    “လွှတ်ပေးစေချင်သလောက်၊ မြန်စေချင်သလောက် မြန်မြန် မလွှတ်ပေးတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါ မလွှတ်ပေးပါဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မရောက်ပါဘူး၊ ကျမတို့ အနေနဲ့ ဒီလို လွှတ်ပေးဖို့ လိုတဲ့ဟာကိုလည်း ဆက်ပြီးတော့ ပြောရမယ်” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
    ယခင် လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်ကနှင့် မတူဘဲ ယမန်နေ့က ထောင်အသီးသီးမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် အနည်းငယ်သာ ပါဝင်နေသည်။
    “အကျဉ်းကျနှစ်တွေကို လျှော့ပေါ့ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အားမရတာတွေ ကျမတို့ ကြားရပါတယ်။ ကျမတို့လည်း အားမရပါဘူး။ ဒါဟာ မလိုအပ်ဘူး ဆိုတာ ကျမတို့လည်း သိနေတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
    နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ ရှိသော်လည်း ယခုကဲ့သို့ အကန့်အသတ်ဖြင့် လွှတ်ပေးနေခြင်းမှာ အစိုးရအဖွဲ့အတွင်းမှ သဘောထား တင်းမာသူများနှင့် သမ္မတဦးသိန်းစိန်၏အုပ်စုအကြား အားပြိုင်နေမှုကြောင့်ဖြစ်သည်ဟု သိရသည်။
    “အားလုံးကို ဇန်နဝါရီလထဲမှာ ပြန်လွှတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သမ္မတရုံးမှ အရာရှိတဦးက ဆိုသည်။
    အကျဉ်းသားအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အတိုက်အခံတို့ မည်သို့ ဝေဖန်မည်ကို သမ္မတရုံးက သဘောပေါက်ပြီး တုန့်ပြန်ချက်များကို စောင့်ကြည့်လေ့လာနေသည့်အတွက် Facebook ကဲ့သို့သော မီဒီယာကွန်ရက်များအပါအဝင် ပြည်တွင်းပြည်ပ မြန်မာပြည်သားတို့ မည်သို့ ပြောဆိုနေကြသည်ကို သိရှိနေသည်ဟု ဆိုသည်။
    နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ဆွေးနွေးပြီးမှ သမ္မတက ဆုံးဖြတ်ချက်ချခြင်း ဖြစ်ကြောင်း၊ သဘောထားတင်းမာသူတို့က နိုင်ငံရေးနှင့်ဆက်နွယ်သူများအားလုံး လွှတ်ပေးရေးကို လက်မခံကြောင်း အစိုးရ သတင်းရပ်ကွက်များထံမှ သိရသည်။
    အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများနှင့် မကြာသေးခင်က တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးသိန်းစိန်၏ လက်ရှိအနေအထားနှင့် ပတ်သက်ပြီး သဘောပေါက်သင့်သည်ဟု ယနေ့ ပြောကြားခဲ့သည်။
    “ကျမ ပွင့်ပွင့်လင်းလင်း ပြောခဲ့တဲ့ အတိုင်းပဲ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အရှိန်အဝါကို ကျမ ယုံကြည်တယ်။ ဒါပေမယ့် လူတဦးတယောက်တည်းနဲ့လည်း ပြောင်းလဲဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝါရင့်နိုင်ငံရေးသမားများနှင့် တွေ့ဆုံပွဲတွင် ပြောလိုက်သည်။
    ဤအတောအတွင်း ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို နိုင်ငံရေး စိတ်ဝင်စားသူများက မကျေမနပ်ဖြစ်နေကြသည်။
    “နိုင်ငံရေးသမား နည်းနည်းပဲ လွတ်တဲ့အတွက် လွတ်ငြိမ်းချမ်းသာ မခေါ်နိုင်ပါဘူး။ စိတ်ပျက်ဖို့ကောင်းတယ်” ဟု ဝါရင့်နိုင်ငံရေးသမား ရွှေတောင် ဦးအုန်းမောင်က ယနေ့ ပြောလိုက်သည်။
    ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့မှ နိုင်ငံရေး အကျဉ်းသား စာရင်း ပြုစုရေး တာဝန်ခံတဦးက သူ့နည်းတူ တုန့်ပြန်လိုက်သည်။
    “နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဦးခွန်ထွန်းဦးလို တိုင်းရင်းသား ခေါင်းဆောင်တွေ လုံးဝ မလွတ် ပါဘူး။ အရှင်ဂမ္ဘီရလည်း မလွတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
    အစိုးရက ပြည်သူနှင့်တိုင်းပြည်အပေါ် လိမ်ညာနေသကဲ့သို့ ဖြစ်နေသည်ဟု ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောသည်။
    “ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီတို့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း သမ္မတကြီးကို ယုံကြည်တယ် ဆိုပြီး ဝင်လာခဲ့ကြတာ။ အခု လုပ်ရပ်က သမ္မတကြီးက ယုံကြည်ရတဲ့သူလား၊ မယုံကြည်ရတဲ့သူလား ဆိုတာ ဝေခွဲရ ခက်ကုန်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
    ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာသူ ဦးကြည်သန်းက “အစိုးရကလည်း အရင် စစ်အစိုးရမဟုတ်တော့ဘူး။ ကျနော်တို့အနေနဲ့ ဘာအာဃာတမှ မရှိဘူး။ အားလုံးပြန်လွှတ်ပေးပါ။ အစိုးရသစ်အနေနဲ့ အားလုံး စိတ်ပျက်မယ့်ဟာမျိုးကို ဆက်ပြီးတော့ မလုပ်စေချင်ဘူး” ဟု ဆိုသည်။
    ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်း လှုပ်ရှားခဲ့သည့် ဦးကြည်သန်းသည် ထောင် ၉ နှစ်ကျော် ချမှတ်ခံခဲ့ ရသူဖြစ်သည်။
    စီးပွားရေးသမား တချို့ကလည်း အငြင်းပွားဖွယ် ဖြစ်ရပ်ကြောင့် မြန်မာ့ စီးပွားရေး တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု သုံးသပ်ကြသည်။
    “နိုင်ငံရေးအကျဉ်းသား မလွှတ်ရင် စီးပွားရေး ပိတ်ဆို့မှုကလည်း ရုပ်သိမ်းမှာ မဟုတ်ဘူး။ အဲဒီတော့ ၂၀၁၂ မှာ စီးပွားရေး အတွက် အကောင်းမြင်ခဲ့တာတွေ အားလျော့ကုန်တယ်။ စီးပွားရေး ပိတ်ဆို့မှု ဆက်ရှိရင် ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဘာဆို ဘာမှ ပီပြင်မှာ မဟုတ်ဘူး” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဗဟို အလုပ်အမှုဆောင် ကုန်သည်တဦးက ပြောသည်။
    စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ မဟာဘွဲ့ တက်ရောက်နေသူ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသား တဦးကလည်း “ဆန္ဒပြဝတ်ပြုဆု တောင်းပွဲ လှုပ်ရှားမှုမျိုးတွေ ထပ်ဖြစ်လာမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရသစ်အပေါ် ယုံကြည်မှု ကိုလည်း ကျစေလိမ့်မယ်” ဟု ဆိုသည်။
    ၂၀၁၁ ခုနှစ် အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆၃၅၉ ဦး လွတ်မြောက်လာပြီး ထိုအထဲတွင် ရှမ်းပြည်တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်၊ ဇာဂနာ၊ စုစုနွေး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂ဝ ကျော်လည်း ပါဝင်သည်။
    သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ဇန်နဝါရီလ လွတ်ငြိမ်းချမ်းသာခွင့်
    ယခင် – ယခု
    သေဒဏ် – ထောင်ဒဏ်တသက် (နှစ်အကန့်အသတ်မရှိ)
    ထောင်ဒဏ် နှစ် ၃ဝ အထက် – ထောင်ဒဏ် နှစ် ၃၀
    နှစ် ၂ဝ နှင့် ၃ဝ အကြား – နှစ် ၂၀
    နှစ် ၂ဝ အောက် – ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတပုံအား လျှော့ပေါ့ပေးမည်

    ဧရာဝတီ

  • True Answer

    January 5, 2012 at 2:53 pm

    တကယ် ဖြစ်ပါစေဗျာ။ မျှော်လင့်ပါတယ်။

Leave a Reply