ဆေးလိပ်မီးခိုးလို

အဆုတ်ထဲက ပြန်ထွက်လာတော့ ..

အကျင့်ပျက်သွားတယ်..

တစ္ဆေဆိုတာ ညအခါ နာမည်ကြီးရုံကလွဲလို့

ဘယ်တုန်းက ဂုဏ်သရေ ရှိလို့လဲ

ဇန်န၀ါရီရဲ့ တိုက်စစ်ဟာ ဒီဇင်ဘာကို ကျော်လို့မရဘူး

အသက်အရွယ် အလိုက် မာနကို အမျိုးအစားခွဲကြည့်ရင်

ဘာသာရပ်အလိုက် အရှက်အကြောက်ကင်းမဲ့တာပဲ

ကောင်းပါပြီ………ဒီနေ့ကစပြီး….

လူတော တိုးတော့မယ်ရယ် အားခဲတယ်

ရိုးရာတူမှ လက်ထပ်မလား တွေးတောမယ်

စာအုပ်ထဲက ဥပမာတွေကို ဆက်စပ်မှတ်သားမယ်

ကျန်းမာရေးကအစ၊ ဂရုတစိုက် နူးညံ့သိမ်မွေ့မယ်

အားမနာတော့ဘူး ဆိုတဲ့

အရေးပါ ကတိကိုလည်း တည်ဦးမယ်

………..

ယုန်ကလေး တစ်ကောင်ရဲ့ စိတ်ကူးဟာ

ခရေစေ့တွင်းကျ သပ်ရပ်၍

သုံးရာသီ အိပ်မက်က လန့်နိုးလာ……..။           ။

About comegyi

comegyi comegyi has written 25 post in this Website..

art