သူတော်ကောင်းတို့သည် မယဉ်ကျေးသော သူနှင့်တွေ့သောအခါ အ .. ဒေါသ ( ဒေါသမဲ့စွာ နေလေ၏ )

အောက်တွင် ကျွန်ုပ် ဖေါ်ပြပါ လတ္တံ့သော အကြောင်းအရာသည် ကျွန်ုပ်နှင့်တစ်ကွသော ဗုဒ္ဓဘာသာဝင်များ

သိနှင့်ပြီး ( အထင် ) ဖြစ်သော အဖကို သတ်သော အဇာတသတ် ဘုရင် ၏ မသိခြင်း မောဟကြောင့်

ဒေါသဖြင့် အဖကို သတ်ခဲ့ပြီးသည် သကာလ နောင်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်၏

အဆုံးအမတွင်ယဉ်ကျေးခဲ့ပြီးသည့်နောက်

ထိုသော အဇာတသတ်ဘုရင်သည် ဗုဒ္ဓမြတ်စွာဘုရား ရှင်တော်မြတ်အား

အောက်ပါအတိုင်း ဝန်ချတောင်းပန်လေ၏

………………………………………….

ဒီဃနိကာယ်   သီလက္ခန်ပါဠိတော် မြန်မာပြန် – ၂ – သာမညဖလသုတ်

အသျှင်ဘုရား မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုး သွားခဲ့ပါ၏၊ အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသော အကြောင်းကြောင့် သတ်ခဲ့မိပါ၏၊ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ အသျှင် ဘုရား ဟု လျှောက်၏။

………………………………………..

အထက်ပါအတိုင်း အဇာတသတ်ဘုရင်မှ မိမိ၏အမှားအား ဝန်ခံပြီးသည့်အခါ

ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မှ အောက်ပါအတိုင်း မိန့်ကြားလေ၏။

………………………………………..

ဒီဃနိကာယ်   သီလက္ခန်ပါဠိတော် မြန်မာပြန် – ၂ – သာမညဖလသုတ်

၂၅၁။ မင်းကြီး မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ် သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို သတ်ခဲ့မိ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အား လျော်စွာ ကုစားသောကြောင့် သင်၏ ထို (အပြစ်) ကို (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊ မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်းဟု မိန့်တော်မူ၏။

…………………………………..

…………………………………..

ဤတွင် ကျွန်ုပ်အနည်းငယ် ပြောဆိုလိုသည်မှာ

သတ္တလောကသားတို့မည်သည် ရှစ်ပါးသော လောကဓံတရားတို့နှင့် ကြုံတွေ့ရမြဲဖြစ်သည်မှာ

လောကဓမ္မတာဟုပင် ဆိုခြင်ပါ၏။

( လာဘော စ လာဘ်ရခြင်း၊

 အလာဘောစ- လာဘ်မရ ခြင်း၊

ယသောစ- အခြွေအရံများခြင်း၊

အယသောစ- အခြွေအရံမဲ့ခြင်း၊

နိန္ဒာစ- ကဲ ့ရဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်း၊

ပ -သံသာစ- ချီးမွမ်းခြင်း၊ အချီးမွမ်းခံရခြင်း၊

သုခဉ္စ  ချမ်းသာခြင်း၊

ဒုက္ခဉ္စ- ဆင်းရဲခြင်း။ )

ကျွန်ုပ်တို့ ( အထူး ) သတိပြုရန်မှာ ဤသောလောက၌ ဆိုခဲ့ပြီးသည့် ထို လောကဓံ ရှစ်ပါးနှင့် ကင်းလွတ်သည့်

သတ္တဝါဟူသည် ( လုံးဝ ) မရှိဘူးခဲ့ခြင်းပင်တည်း။ ( သဗ္ဗညု ဗုုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်သည်ပင် အဝင်ပါ )

သို့ပါ၍

လောကဓံတရားတို့နှင့် တွေ့ကြုံရလေသောအခါ မတုန်လှုပ်ခြင်း သည် မင်္ဂလာ မည်ပေ၏ ဟု

ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်၏ အဆုံးအမတွင် နေထိုင်သင့်ကြပါကုန်၏ ဟု ရိုးသားစွာ တိုက်တွန်းပါပြီး

သူတော်ကောင်းတို့မည်သည်

ဒေါသရှိသော သတ္တဝါနှင့်ကြုံရသောအခါ အ .. ဒေါသ( ဒေါသမဲ့စွာ ) ဖြင့် နေကြကုန်လေ၏။

ကျွန်ုပ်သည် အရိယာမဟုတ်သော စိတ်ကို ကောင်းစွာမစောက်တည်နိုင်သေးသော

လောကီသားမျှသာ ဖြစ်ပါ၏

သို့သော် ငါလောကီသားဘဲဟု ( ခံယူ၍ )  မည်သည့်အခါမျှ မိမိကိုယ်ကိုယ် ဦးချိုမတတ်ပါ

အကြောင်းအရာ တစ်ခုပေါ်တွင် မိမိ၏ ခံယူချက်ဖြင့် ပြောဆိုလုပ်ကိုင်ခြင်းအား

နောင်တမရပါ

( လောကီထဲမှ ) မိမိ၏ ခံယူချက်တွက် နောင်တရခြင်းသည် လူညံ့တို့၏ သဘောပင်ဖြစ်ခြေ၏။

ကျွန်ုပ် လူတော်တစ်ယောက်ဟု မခံယူနိုင်သေးသော်လည်း

လောကသားတို့၏ အရပ်ဌာနတို့တွင် ချိုးဖေါက်ခဲ့သော ဆဲရေးတိုင်းထွာခြင်းကြောင့်

ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု ဟူသော အမည်ကို

ဤ ဆိုဒ်အတွင်းမှ နှုတ်ထွက်ပါသည် ( သောက်ကျီးသောက်ကျယ် သောက်ကြောင် )

ခင်ဗျားတို့ တော်တော်စိတ်နုရင် နိုင်ငံရေးစကားမပြောနဲ့ ဖင်ခံစား

အားလုံးကို အထူးတိုက်တွန်းပါတယ် မိမိတို့စိတ်ကို ကောင်းစွာစောက်တည်ကြပါ

ကျုပ် ဘာမှ မဖြစ်ဘူး

ဘာမှ ဝမ်းမနည်းဘူး

ဘယ်သူ့ကိုမှ နှုတ်မဆက်ဘူး

ခင်ဗျားတို့ စိတ်ချမ်းသာဘို့ အပျင်းပြေ

နောင်များ ဖီးလ်းလာရင် ဝင်ဆဲဦးမှာ ဟုတ်ပါဘူးယောင်လို့

နောက်ထပ်နာမည် တစ်ခုနဲ့ ဝင်လာဦးမှာ

ပြောခြင်ပါသေးတယ် လက်ကြောသိပ်မတင်းဘူးဖြစ်နေတယ်

………………………………….

ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် တော်တော် ယဉ်ကျေးမယ်လို့ ထင်ရင် ဒီ .. ကျုပ် ဘရုတ်သုတ်ခ လုပ်ပျီး

ရေးထားတဲ့ ဘာလို့ခေါ်သဒုံး

ပို့စ်လား

ဒီအထဲမှာ ဘာမှ လာဝင်မရေးနဲ့ လာရေးတဲ့ကောင် လီးဘဲ 😀 😀 😀

( ဟဲဟဲဟဲ ကျုပ်က အလုပ်ပြုတ်သွားတဲ့ကောင်ဆိုတော့ မျက်ရည်တော့ ဘယ်ကျပြသွားမလဲ ဗမာပီပီ ဂိုဒေါင်လေးဘာလေး မီးရှို့ခဲ့မှာပေါ့ )

13 comments

  • KING

    January 3, 2012 at 8:58 pm

    အဆဲခံရလည်း ဝင်ရေးတယ်ဗျာ … 😛
    ခင်ဗျားရဲ့ မတူတဲ့ အတွေးအခေါ်တွေကို မြည်းစမ်းခွင့်မရတော့ဘူးပေါ့
    No body is perfect i am nobody … 😛

  • windtalker

    January 3, 2012 at 9:07 pm

    မှန်လဘာ
    အခုလို မီးလောင်ခြင်း အပေါ် သဲလွန်စ ကို ချီးမြင့်တော်မူသည့် အတွက်
    ကျေးဇူးကြီးမား လကြောင်းဘာ

  • မန်နေကြာပေါက်

    January 3, 2012 at 9:20 pm

    အိမ်း..အိမ်း..
    မိန်းမနဲ ့အဆင်ပြေရင်.ဘောပွဲ ပြန်နိုင်ရင်…အိပ်ရေးဝရင်…အလုပ်ပြန်ခန် ့မကွဲ ့
    စိတ်မကောက်နဲ ့…
    လခွီးပဲ..
    အဲအဲ..
    ကျေးဇူးပဲ
    ပုံ
    ဂျာပေါက်

  • water-melon

    January 3, 2012 at 9:26 pm

    အလုပ်ပြုတ်လုို့ စိတ်မညစ်နဲ့
    နာ့တောင် မိန်းမအလုပ်ထိုင်စားတာကြာပြီ (နောက်တာ)
    စိတ်ဓာတ်မကျနဲ့
    ကိုရီးယားလိုပြောရင် ဟိုက်တီးဆိုလား ဖိုက်တင်းဆိုလား မသိဘူး
    နင်ဘာဘဲဖြစ်ဖြစ်ချစ်တယ် ဆောရီး အားပေးတယ်

    • ငပေါက်ဖော်

      January 3, 2012 at 10:07 pm

      မြန်မာလိုပြန်ရင် ဟင်တိုက် ဖင်တိုက်လားခင်ည

  • nigimi77

    January 3, 2012 at 10:58 pm

    လာရေးတဲ့ ကောင် ” လဲဗီး ” ဆိုရင်တော့

    ကျုပ်ကတော့ ” လဲဗီး ” မကြိုက်ဘူး ။

    ” Lee ” ပဲ ကြိုက်တယ် ။

    Size ကတော့ 30 နော် ။

    ခါးကို ပြောတာပါ ။

  • kai

    January 4, 2012 at 1:35 am

    ကိုရင်အောင်ပုရေ..
    ဒီနှစ်၂၀၁၂ကစလို့.. ဒီရွာထဲဘယ်သူ့ဘယ်သူကိုမှ.. ဆဲခွင့်မပေးတော့ပါဘူး..။
    အရင်က.. ကိုရင်အောင်ပုဆဲရေးတာတွေမှာ စေတနာတချို့တွေ့ရတာမို့.. အထူးအနေနဲ့ခွင့်ပြုထားပေမဲ့.. ဒါကိုအကြောင်းပြုပြီး..တချို့ရွာသူားတွေကိုပါ.. ကူးစက်သွားတဲ့အတွက်.. စာဖတ်သူ..စာရေးသူ..သက်ကြီးဝါကြီးနဲ့ ..ရဟန်းတွေကိုပါ.. ထိုက်သင့်ပေးအပ်တဲ့. အပြန်အလှန်.လေးစားသမှုမရှိဘူးဖြစ်သွားရပါတယ်..။

    ဆိုတော့…
    အဲဒီစည်းကမ်းလေးလိုက်နာပေးစေလိုပြီး.. ရွာထဲပျော်ပျော်ပါးပါး.. (အမည်လည်းမပြောင်းပဲ)ဆက်နေစေလိုပါတယ်..။ 🙂
    သေသေချာချာစဉ်းစားကြည့်ရင်.. ဒီရွာကြီးဟာ.. ရွာသူားတွေကိုပေးဆပ်ခြင်းနဲ့သာ.. ရပ်တည်နေတာပါနော..
    အပြန်အလှန်အားဖြင့်..ရွာသူားတွေက.. ပြန်ပေးဆပ်ရင်း.. ပျော်စရာအသိုင်းအဝိုင်းလေးတည်ဆောက်ထားသမို့.. .. ကောင်းမွန်တဲ့.. နေအပ်..နေကောင်းတဲ့အရပ်ပါ…။ စွန့်ခွာအပ်တဲ့အရပ်မဟုတ်ပါဘူး..။

    ပြီးတော့..
    အောက်ကလင့်ခ်က ပို့စ်(အဆဲခံခြင်လို့ကိုရေးတယ် ( ၃ ))မှာ.. ကိုရင်အောင်ပု.. ကြမ်းတမ်းတဲ့စကားသုံးနှုန်းထားတာ..(ဆဲထားတာ) ပို့စ်ပိုင်ရှင် ကိုရင် FR ကမကြိုက်ပါဘူး..။ 🙄
    တောင်းပန်ပေးဖို့ တောင်းဆိုထားပါတယ်..။(ကျုပ်ကတော့ အချက်အလက်အခြေအနေအရ… တောင်းပန်သင့်တယ်ထင်လို့… တောင်းပန်ပြီးပါပြီ)
    တောင်းပန်ခြင်း..ခွင့်လွှတ်ကြေအေးခြင်းဆိုတာ.. မြင့်မြတ်တဲ့လူသားတွေ လုပ်သင့်တဲ့အလုပ်ပါ..။ ( ဂေါတမဗုဒ္ဓလည်း ဟောထားပါတယ်)
    အဲဒီလိုဆိုရင်.. အကုသိုလ်စိတ်တွေ.. အပြစ်တွေ.. သံသရာမလည်ပဲကြေပါတယ်..
    တိုက်ရိုက်တောင်းပန်ပေးလိုက်ပါလို့.. တိုက်တွန်းပါရစေ…။ 😆

    http://myanmargazette.net/90063/creative-writing/my-thinking-different

    • Anzartone

      January 4, 2012 at 10:12 am

      ဘဒ္ဒန္တကြီး ခင်ဗျ …
      ကျွန်တော် အနေနဲ့ ဘဒ္ဒန္တကြီးကို ရွာထဲမှာ အခုနာမည်နဲ့ပဲ ဆက်နေပေးဖို့၊ ရွာထဲကနေ ထွက်မသွားဖို့ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဘဒ္ဒန္တကြီးဟာ ခင်မင်စရာ ကောင်းတဲ့ လူတစ်ယောက်လို့ ကျွန်တော် မြင်မိလို့ပါ။
      ဘဒ္ဒန္တကြီးကို ကျွန်တော် တစ်ခုလောက် ပြောချင်တာကတော့ အဟဲ … ဆရာ လုပ်တယ်လို့တော့ မထင်စေချင်ပါဘူး။
      အဝင် ဆိုးပေမယ့် ရောဂါကို လျင်လျင်မြန်မြန် ပျောက်ကင်းသက်သာစေတဲ့ ဆေးတစ်ခွက်နဲ့ ‘ဖရုသ’ ရဲ့ အနက်ကို အမြဲတမ်း တွဲဖက် မထားသင့်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။
      နောက်တစ်ခု ကျွန်တော် ပြောချင်တာကတော့ ….
      ဘဒ္ဒန္တကြီး ဆဲလည်း ဆဲခံရမှာပါပဲ ……. 😀 😀 😀

    • ငပေါက်ဖော်

      January 4, 2012 at 10:19 am

      သဂျီးချင့်
      ကိုရင် အောင်လဘု မဟုတ်ပါဘူးချင့်
      ဘုန်းကြီးဝတ်ပြီး အူးဘဇင်း အောင်လဘု ဖြစ်သွားပါဘီချင့်

  • ကြောင်ကြီး

    January 5, 2012 at 11:05 am

    အောင်မာ ဒင်းက အခုတလော ငြိမ်နေလို့ မသောက်တော့ဘူး မှတ်တာ၊ ခွက်ပုန်းချသေးသကိုး။ ကိုအောင်ဘု ရွာထဲမနေတော့ရင် သူ့နာမည်ကို ကျုပ်ယူမယ်။ သဂျီးက တရုတ်နဲ့ပေါင်းပြီး ရွာကမ်းနားမှာ ရေနက်ဆိပ်ကမ်းဆောက်တော့မှာ။ အဲဒီကျမှ မျက်နှာငယ်လေးနဲ့ နာမည်ပြန်လာ မတောင်းနဲ့။ ပြောပြီးစလစ် နံပါတ်တစ်။
    ပုံ
    ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု (ခ) ဦးကြောင်ကြီး

    • inz@ghi

      January 5, 2012 at 7:23 pm

      သဂျီးက ဘယ်တီလုပ်နဲ့ ပေါင်းမှာတုန်း ဂျ ….ဂေဇက်တီလိခ် လုပ်ပါဦး အူးကြောင်…
      စကားမစပ် ဟိုမြေပုံလေး ရဘီနော …ပို့လိုက်မယ်…နက်ဖန် ..အာဟိ

  • True Answer

    January 5, 2012 at 1:12 pm

    လိင်တူချစ်တူများဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပေးတတ်တဲ့
    ကိုအောင်ပုရေ-

    ကိုအောင်ပုကို အရင်က အကြံပေးဖူးပါတယ်။
    လ-အက္ခရာနေရာမှာ ရ-အက္ခရာ ပြောင်းလဲသုံးစွဲပါလို့ ဆိုတာကိုး မပြောချင်ဘူး။
    လ-အက္ခရာပဲ စိတ်ထဲစွဲနေတာကိုး။

    ကိုအောင်ပု မရှိရင်တော့
    လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေအတွက်
    ဘယ်သူ ရည်တည်ပေးမှာလဲဗျာ။
    း)
    လိင်တူချစ်သူများအတွက် တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်ဗျာ။ ကိုအောင်ပု။
    ——————————————————————————-
    ကိုအောင်ပုရေ –

    – လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
    လုပ်ချင်တာ(သို့) မလုပ်ချင်တာ ကို အဓိကမထားနဲ့။

    -ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
    ဖြစ်ချင်တာ(သို့) မဖြစ်ချင်တာ ကို အဓိကမထားနဲ့။

    ——————————————————————

  • padonmar

    January 6, 2012 at 12:49 am

    ပုပုက ရွာ့ခေါင်းလောင်းကြီးပါ(အိမ့်ဆည်းလည်းအဆင့်ထက်ပိုပါသည်)
    မရှိမဖြစ်ပု ဘာတွေစိတ်ကောက်နေတာလဲ၊ရွာထဲနှံ့နှံ့စပ်စပ် မလည်တာကြာလို့ မသိပါ၊
    ဘာဘဲဖြစ်ဖြစ် ပုပုအမြန်ပြန်လာပါ။

    နာမည်လည်းမပြောင်းစေလိုပါ။

Leave a Reply