စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး(ရာဇမဏိစူဠာစေတီတော်ကြီး) သည် မြန်မာသက္ကရာဇ် ၉၉၈ (ခရစ် ၁၆၃၆)တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့တွင် အင်းဝဘုရင်သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။ ဥာဏ်တော် အတောင် ၁၀၁၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိသည်။ စေတီတော်ကြီးကို ၁၂ နှစ်ကြာမျှ တည်ဆောက်ခဲ့ရသည်။ စေတီမှာသပိတ်မှောက်ထားသည့် ပုံစံအလား တည်ထားသည်။ စေတီတော်အတွင်းတွင် စွယ်တော်၊ ဆံတော်၊ ဓာက်တော်မွေတော်၊ ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ မိုးကြိုးစေတီများ ဌာပနာထားသည်။ စေတီတော်ကြီးကိုတည်ထားရာတွင် အုတ်ချပ်ရေပေါင်း ၁၀,၁၂၆,၅၅၂ ချပ်ကိုအသုံးပြုခဲ့သည်။

About thihayarzar

thiha yarzar has written 76 post in this Website..