BuddhismHistoryစစ်ကိုင်းကောင်းမှုတော်ဘုရားကြီး(ရာဇမဏိစူဠာစေတီတော်ကြီး) thihayarzarMay 30, 20101min1140စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး(ရာဇမဏိစူဠာစေတီတော်ကြီး) သည် မြန်မာသက္ကရာဇ် ၉၉၈ (ခရစ် ၁၆၃၆)တော်သလင်းလဆန်း ၁ဝ ရက် တနင်္လာနေ့တွင် အင်းဝဘုရင်သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။ ဉာဏ်တော် အတောင် ၁၀၁၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိသည်။ စေတီတော်ကြီးကို ၁၂ နှစ်ကြာမျှ တည်ဆောက်ခဲ့ရသည်။ စေတီမှာသပိတ်မှောက်ထားသည့် ပုံစံအလား တည်ထားသည်။ စေတီတော်အတွင်းတွင် စွယ်တော်၊ ဆံတော်၊ ဓာက်တော်မွေတော်၊ ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ မိုးကြိုးစေတီများ ဌာပနာထားသည်။ စေတီတော်ကြီးကိုတည်ထားရာတွင် အုတ်ချပ်ရေပေါင်း ၁၀,၁၂၆,၅၅၂ ချပ်ကိုအသုံးပြုခဲ့သည်။ Post Views: 114