ရလဒ်

KingJanuary 3, 20121min1269

ချစ်သူရေ….

ကြာတော့ကြာခဲ့ပါပြီ…

ဒါပေမဲ့

မေ့ပစ်လို့မရတဲ့…..ငါတို့အချစ်တွေ

ပတ်သက်ခွင့်မရှိတဲ့…..အနေအထား

ရက်စက်ဖူးတဲ့..ကံတရားရယ်လို့

အတိတ်ကို…ပြန်မတမ်းတချင်ဘူး….

မပြောဝံ့တဲ့ …… ငါရဲ့ …. ကတိစကားတွေကိုပေါ့

အသစ်ရှာသွားတဲ့….မင်း…အတွက်….

မြေမြုပ်သဂြိုလ်ဖို့…..ခိုင်မာခဲ့ပြီလေ…

ရင်ခုန်ဖူးတဲ့…..ငါ…ကိုယ်တိုင်တောင်

ကြောက်တတ်နေခဲ့ပြီ…….

နောင်…မင်းကိုတွေ့ရင်….

ဘယ်ဘက်ရင်အုံပြန်မခုန်ပါစေနဲ့လို့…..

မင်းကို…အပြစ်မမြင်တဲ့..ငါ….

အချစ်များစွာနဲ့ပေါ့။         ။

9 comments

  • windtalker

    January 3, 2012 at 9:03 pm

    ကင်းဂျီး ကဗျာ ကို ဖတ်အပြီး သီချင်းဆိုချင်မိတယ် ။
    “ မင်းကို သတိရရင် ၊ အပြစ်မမြင်ပါဘူး ၊ ငါလွမ်းနေဦးမယ် ၊ အချစ်များစွာအတွက် ”

  • ငပေါက်ဖော်

    January 3, 2012 at 9:07 pm

    ဦးကင်းချင့်
    ဘယ်ဘက်ရင်အုန်က ပြန်မခုန်ချင်သော်လဲ
    တခြားအစိတ်အပိုင်းတစ်ခုခုက ခုန်နေရင်ကောချင့်

    ဟေ့
    မောင်ပေ
    သူများအသဲကွဲတာ သွားမနှောင့်ယှက်နဲ ့
    ဒါဗျဲ

  • MaMa

    January 3, 2012 at 10:53 pm

    မောင်ကင်း –
    ပြောတော့ – (မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် … မိမိအတန်းကို ကောင်းအောင်ကြိုးစားမည် …)
    လုပ်တော့- (မင်းကို…အပြစ်မမြင်တဲ့..ငါ….၊ အချစ်များစွာနဲ့ပေါ့။ ။)
    😛

    • KING

      January 4, 2012 at 10:43 am

      ဟီးးးးး
      ဒါကတော့
      ခံစားချက်က ခံစားချက် … 😛
      အလုပ်က အလုပ်ပေါ့ … 😀

  • alinsett

    January 4, 2012 at 6:44 pm

    ကဗျာ မှာတော့ ဘုရင်တစ်ပါး…ပါပဲ..လို ့တောင် ပြောချင်လာပါပြီ။

    သိပ်ကောင်းပါတယ် ။

    အဲဒီလို ကဗျာမျိုးကို ကြိုက်တယ ်။
    …………………… ကို သိပ် အလေးမထားတဲ့ကဗျာ.. ။ ။ ………………….ဆိုတာ အသံ..လို ့ ပြောရင် တော့ ဘယ်ကဗျာ ဖြစ်ဖြစ် …………………မမဲ့ပါဘူးနော် ။

    ဒါကို မော်ဒန်ကဗျာကို ………………….မဲ ့တွေ…လို ့ပြောသူတွေ..သိစေချင်တယ် ။
    မော်ဒန်ကဗျာတွေ.. ……………………………. မမဲ့ပါဘူး။

    • KING

      January 4, 2012 at 7:45 pm

      ကိုအလင်းဆက်ရေ
      ကဗျာ မှာတော့ ဘုရင်တစ်ပါး…ပါပဲ..လို ့တောင် ပြောချင်လာပါပြီ။
      အဲလိုမပြောပါနဲ့ဗျာ
      သူများတွေ ဟားတိုက်ရီမောနေပါအုံးမယ်ဗျ
      ကျွန်တော်က ကဗျာအကြောင်း သိပ်မသိဘူးဗျ
      ရင်ထဲမှာ ရှိတဲ့ဟာ စာသားနည်းနည်းစီပြီး ချရေးလိုက်တာ
      အားပေးတဲ့အတွက် ကျေးဇူးပါ

  • kotun winlatt

    January 4, 2012 at 8:08 pm

    အပြစ်မမြင်ပါဘူးးးးချစ်ချင်တာအရူးးးးးး
    ကဗျာလေးးးလာကာငေးးးးး
    တော်ကြာဝေးးးးး
    ထိုင်ကာဆွေးးးးး
    ဪ..အနေကဝေးးးးး

  • inz@ghi

    January 5, 2012 at 7:18 pm

    အင်း ….
    သည်လူကြီး သိပ်နုနေတယ် ..ခုတလော ….
    သည်တော်ကီမျိုးနဲ့ကတော့ …စကီလေးတွေရဲ့ အသည်းအညှာ ကို ဆွဲခါ ပစ်ဖို့ လုံလောက်ပါရဲ့ ….

    😛

    စကားမစပ် ကဗျာ ..သင်ပေးကြပါလားဂျာ ….
    ရွာထဲမှာ ကဗျာ သင်ပေးကြပါ….

    • KING

      January 5, 2012 at 8:31 pm

      ကဗျာလား
      ကျွန်တော်ကတော့ ငယ်ငယ်တုံးက ကျောင်းမှာသင်ရတာပဲရှိတယ်
      အရွယ်ရောက်လောက်တော့ နှလုံးသားက စေခိုင်းသမျှ
      ဦးဏှောက်က စဉ်းစားရင်း လက်က ချရေးလိုက်တာပဲ
      ကာရံနဘေ ဒွေးချိုး မော်ဒန် ဘာတွေ ညာတွေ သေချာမသိပါဘူးဗျာ
      ကျိန်းသေသိတာတစ်ခုကတော့ ရင်ထဲက ထွက်ကျဖို့လိုတယ်ဆိုတာပါပဲ
      ချစ်တတ်ရင် ကဗျာထွက်ကျလာပါလိမ့်မယ် … 😛

Leave a Reply