အမျိုးသမီး မဆင်းရတဲ့ မုဒုံကန်ကြီး

weiweiJanuary 3, 20122min39237
အမျိုးသမီး မဆင်းရတဲ့ ...
သဘာဝရေကန်
ဘုရားနဲ့ ဘုန်းကြီးကျောင်းလဲရှိတယ်
တရုတ်စတိုင်မို့ မှတ်တမ်းတင်ထားလိုက်တယ်
အဝေးကတောင်ကို ဇွန်းနဲ့ခပ်စားလိုက်တာ ..
ကန်ဘေးက လမ်းကလေး
စေတီလေးလဲ ရှိတယ်
ကဗျာဆန်တယ် မဟုတ်လား

မွန်ပြည်နယ်ဘက်ကိုရောက်တာနဲ့ တောင်တွေကို စတွေ့ရပါတယ်။ တောင်ထိပ်တိုင်းမှာ ဘုရားတွေနဲ့ အရင်တုန်းကတော့ ထုံးဖြူဖြူဘုရား အခုတော့ ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားစေတီတွေ အများကြီး တွေ့မြင်ရပါတယ်။ ရော်ဘာပင်တွေ မျက်စိတဆုံးတွေ့ရတယ်။ ထန်းပင်ထန်းလက်တွေနဲ့ လမ်းခရီးကလဲ သာယာပါတယ်။

မုဒုံမှာ နံမည်ကြီး မုဒုံကန်ကြီးဆီကိုရောက်တော့ ကားပေါ်ကဆင်းဆင်းခြင်း “အမျိုးသမီးများ မဆင်းရ” ဆိုတဲ့ ဆိုင်းဘုတ်ကို စမြင်လိုက်ရတယ်။ အဆန်းပါလားလို့ ဓါတ်ပုံရိုက်ထားလိုက်တယ်။ ကားဆရာပြောပြတာက ဒီကန်ကြီးထဲမှာ နဂါးကြီးရှိတယ်တဲ့။ ဟိုးအရင်နှစ်တွေက အမျိုးသမီးရေကန်ထဲဆင်းတဲ့အခါ အချိန်အခါမဟုတ် လှိုင်းလေတွေ ထန်ပြီး ငလျှင်လှုပ်သလို ဖြစ်ခဲ့ဖူးတယ်တဲ့။ အဲဒီနောက်ပိုင်းမှာ နဂါးကြီးက အမျိုးသမီးတွေရေထဲဆင်းတာကို မကြိုက်တာလို့ ယူဆပြီး တားမြစ်လာခဲ့တာ ယနေ့အထိပဲတဲ့ …

ကျိုက်ခမီဘုရားမှာလဲ အမျိုးသမီးမတက်ရဆိုတဲ့ အယူအဆနဲ့ မုဒုံကန်ထဲ အမျိုးသမီးမဆင်းရဆိုတာတွေကို မြင်တွေ့ရတာ ခေတ်နောက်ကျလိုက်တဲ့ အယူအဆအဟောင်းအနွမ်းတွေလို့ တွေးလိုက်မိပါတယ်။ နဂါးနဲ့ပတ်သက်တဲ့ ပုံပြင်တွေ၊ ယုံကြည်မှုတွေရှိတဲ့ နေရာဒေသတစ်ခုလို့ သတိထားမိခဲ့တယ်။

ရေကန်က သိပ်မကျယ်ပေမယ့် ပတ်ဝန်းကျင်က သာသာယာယာရှိတာကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါကြောင်း ဓါတ်ပုံမှတ်တမ်းတင်ထားလိုက်ပါတယ် …

37 comments

  • water-melon

    January 3, 2012 at 9:53 pm

    မဝေကလည်း တကယ်ဟုတ်မဟုတ် စမ်းဆင်းကြည့်ပါလား
    ဖြစ်တယ်ဆိုတကယ်ပေါ့
    ရေထဲဆင်းတော့ ဒဏ်ငွေရိုက်ရင်တော့ 😀

  • ငပေါက်ဖော်

    January 3, 2012 at 10:08 pm

    အမျိုးသမီး မဆင်းရဆိုတော့
    ရေငံပိုင် ဥရှင်ကြီးက မျက်နှာလိုက်တာလား ခင်ည

  • MaMa

    January 3, 2012 at 10:32 pm

    ကဗျာဆန်တယ်။ အရမ်းလှတယ်။ 🙂

  • hmee

    January 3, 2012 at 11:00 pm

    ကြောင်လျှာသီးပုံကို အကြိုက်ဆုံးပဲ ကြော်စားချင်လို့။ 🙂

  • nigimi77

    January 3, 2012 at 11:45 pm

    အင်း…အင်း…

    ဂျီးဒေါ်ဝေ ပိုစ့် ပျက်သွားမှာလဲ စိုးတယ် ။

    အားလဲ နာတယ် ခင်လဲ ခင်တယ်ပေါ့လေ ။

    ပြောစရာ ရှိတာတော့ ပြောရဦးမယ် ။

    အဲ့သည် မွန်တွေကို ပြောတာပါ ။

    သူ ့ အမေက မိန်းမ မဟုတ်လို ့ သူတို ့ အမေကလွှား ဘာကြီးလဲ ။

    ကျုပ်ရဲ ့ မြန်မာပြည် အတွင်း သွားချင်တဲ့ ခရီးစဉ် စာရင်းထဲမှာ

    အဲသည် အမျိုးသမီးများ မဆင်းရဆိုတဲ့ နေရာကို ရာသက်ပန် ပယ်ဖျက်လိုက်ပြီ ။

    ………………………

    ဒါနဲ ့ စကားမစပ်…..ဂျီးဒေါ်ဝေ..ရောက်တုန်းရောက်ခိုက် …အဲသည် ပေါက်တတ်ကရ

    ယုံကြည်မှုတွေက မဟုတ်မမှန်ကြောင်း ….ခေတ် ပညာတတ်တဦး အနေနဲ ့ ကြည့်ရင်

    ဒါဟာ လိင်ခွဲခြားမှု ပြသာနာ တခုဖြစ်ကြောင်းကို သက်သေပြတဲ့ အနေနဲ ့ ကန်ထဲကို

    တစ်ခေါက်လောက် ထမီ ကတောင်းကြိုက်ပြီး ဆင်းကြည့်လိုက်တာမဟုတ်ဘူး ။ 🙂

    ……………………….
    (မှတ်ချက်)

    ကျုပ်ရေးတဲ့ ကွန်မန် ့ကို ဖျက်ပစ်ရင် မီးဒုတ် နော်….။ 🙂

    • weiwei

      January 4, 2012 at 9:03 am

      ကလေးလေးတွေ (ယောက်ျားလေး) ရေထဲဆင်းကူးနေတာတွေ့ခဲ့ရတယ် …. မိန်းမဆို ကလေးတောင် ဆင်းခွင့်မရှိဘူးလို့ပြောတယ် …
      မခင်လတ်ပြောသလို မဆင်းနဲ့ဆိုတော့လဲ မဆင်းဘူးပေါ့ … ရေစိုတောင်သက်သာသေးတယ် …

      သက်သေပြရလောက်အောင် သတ္တိမရှိပါဘူး .. ရေဆို ကြောက်လွန်းလို့ … ကျွန်မတို့ကားထဲမှာ နိုင်ငံခြားသားပါလို့ လူတွေကလဲ ဝိုင်းကြည့်နေသေးတယ် … ထမီကတောင်းကြိုက်လို့ကလဲမရ (စကတ်နဲ့မို့လို့) … 😛

  • Khin Latt

    January 4, 2012 at 4:43 am

    မဆင်း နဲ့ ဆိုလဲ မဆင်းရုံပေါ့။ ရေစိုတောင်သက်သာသေး။
    ရှုခင်းတွေ က “အားပါးပါး …. လှမှလှ” 🙂

  • windtalker

    January 4, 2012 at 12:58 pm

    တော်တော် သာယာလှပ တဲ့ ရှူခင်းများ သာပေပ
    သွားနိုင်သူဂျီး ကို အားကျပါ၏

  • သာမိညောင်

    January 4, 2012 at 1:23 pm

    လေးငါးခါလောက်ရောက်ဘူးတယ်
    သား ငယ်ငယ်တုန်းက မုဒုံကန်ကြီးထဲမှာ ရေဆင်းကူးဘူးတယ်
    ရေကန်ထဲမှာ ငါးတွေ တော်တော်များပုံရတယ်
    ငယ်ငယ်ဆိုပေမယ့် နည်းနည်းကြီးနေပြီဆိုတော့ ကန်ကြီးကန်ကို တစ်ပတ်ပတ်ကြည့်ဘူးတယ်
    ထန်းပင်တွေနဲ့ ကမ်ပတ်လမ်းအတိုင်းလျှောက်သွားလိုက်ရင် လူတွေသိပ်မရှိတဲ့
    ရေကန်ရဲ့ချောင်ခပ်ကျကျနေရာလို့ပြောနိုင်မလားဘဲ
    ကြည့်ရတာ အဲ့သည်အနီးပါးမှာ လူနေရပ်ကွက်ရှိပုံရတယ် ( ဒေသခံတွေသိမယ်ထင်တယ် )
    သား ရောက်ဘူးတဲ့အချိန်က နွေရာသီ ရေရှားချိန်ဖြစ်နေတော့
    အဒေါ်ကြီးတစ်ယောက်ရေဆင်းခပ်တာကိုယ်တိုင်မြင်ဘူးတယ် လေမတိုက်ပါဘူးပူလိုက်တာလွန်ပါရော
    ထမီဒူးခေါင်းလောက်ရေစိုတယ် ကြည့်ရတာ သူတို့ လုပ်နေကြလိုဖြစ်နေလားတော့ မပြောတတ်ဘူး
    ဆိတ်ကွယ်ရာ အရပ်ဟာဂိုးးးး
    အဲ့သည်အချိန်တုန်းက အမျိုးသမီးမဆင်းရဆိုတဲ့ ဆိုင်းဘုတ်တော့
    ရှိမရှိမပြောတတ်
    တိုက်ဆိုင်တာလားဘာလားတော့ မသိဘူး သားရောက်တဲ့အချိန်က
    လူတွေသိပ်အပြောများနေလို့ ရွာကနေ အစောကြီးထသွားရတာ
    မုဒုံကန်ကြီးကန်ကရေတွေနောက်နေပါသတဲ့ တိုင်းပြည်ကြီးပျက်တော့မယ်တဲ့
    ခုခေတ်စကားနဲ့ပြောရရင်တော့ 2012 ကဘာပျက်မှာလို ထင်တယ်
    ဒီကန်ကြီးက ဘယ်တော့မှ ရေနောက်တဲ့ကန်မဟုတ်ခဲ့ဖူးဘူးလို့ဆိုကြတာဘဲ
    ရာဇဝင်ရှိတယ်ဘာညာပေါ့ လွန်ခဲ့တဲ့ဘယ်တုန်းကလဲမသိဘူးပေါ့
    အဲ့သည်လိုဘဲကန်ရေတွေနောက်လို့ မင်းပြောင်းမင်းလွဲဖြစ်ခဲ့ဘူးတယ် ဘာညာပေါ့
    သားသားကိုယ်တိုင်တွေ့ခဲ့ရတာကတော့ ရေတွေက နောက်နေတာပေါ့ ( ဒေသခံတွေ မှတ်မိမှာပါ )
    အဲ့သည်တုန်းက မှတ်မှတ်ရရ သားသားက ငါးတန်းကျောင်းတော်သားကြီးပါ
    1986 ဖြစ်မယ်ထင်တယ် သေခြာတာ့မမှတ်မိဘူး ဖြစ်နေလို့ပါ မမှတ်မိဆို အဲ့သည်တုန်းက
    ပျက်ဂဒိန်မှ မပါလာတာ 😀
    တစ်ချို့ကလည်း ဒေါင်ဒင်အင်းပက်လို့ရေနောက်တာဘာညာပေါ့
    ဒီကန်ကြီးနဲ့ ဒေါင်ဒင်အင်းက ဘယ်လိုပတ်သက်သလဲတော့မသိပါဘူး
    ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပါဘဲ
    88 လဲရောက်ရော အရေးခင်းတွေဖြစ်ပြီး ဘာညာကွိကွ ဆန်ဈေးတွေတက်တော့တာပါဘဲ
    သားသားတို့တောင် ကဇွန်းဥပြုပ်ပြီးစားလိုက်ရသေးတယ်
    ဒီကန်ကြီးကန်နဲ့ ပတ်သက်ပြီးကိုယ်တွေ့ကြုံဘူးတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့အဆိုပါ
    ပုဂ္ဂိုလ်ရေးအကြောင်းကြောင့် ဒီအဒေါ်ကြီးပြောတာ ယုံသလိုလို ဘာလိုလိုပါဘဲ
    အဲ့သည်အဒေါ်ကြီးပြောတဲ့အချိန်ကတော့ သားသားကိုယ်တိုင်တောင်
    လူဖြစ်သေးပုံမပေါ်တော့ နာရီရောပျက်ဂဒိန်ရော အတိကျမသိပါဘူး
    အဖြစ်အပျက်တွေဖြစ်တဲ့အချိန်က နိုင်ငံရေးတွေ သိပ်မကောင်ပါဘူးတဲ့ ( ခုတော့ကောင်းတယ်လေ )
    အဲ့သည်အဒေါ်ကြီးရဲ့ လင်က စစ်သားလားရဲလားမသိဘူး
    အခြေနေအရ မြို့လုံခြုံရေးတွက် ကန်ကြီးကန်မှာလည်း စစ်အုပ်စုတစ်ခုကို လုံခြုံရေးထားရာမှာ
    အဲ့သည်အဒေါ်ကြီးရဲ့လင်ကလည်း တာဝန်ကျသူတစ်ယောက်အဖြစ်ပါဝင်ပါသတဲ့
    တာဝန်ကျတဲ့ လုံခြုံရေးတွေ ကန်ကြီးကန်ထဲက ငါးတွေခိုးဖမ်းတဲ့ အသေးစိတ်အချက်လက်တွေကိုတော့
    သက်ဆိုင်သူတွေကို အားနာလို့ မပြောလိုတော့ပါဘူး 😀
    တစ်နေ့မှာပေါ့

  • ဦးဦးပါလေရာ

    January 4, 2012 at 1:24 pm

    အဲဒီကန်ကြီးထဲကနဂါးက မိန်းမကြောက်လို့ ဖြစ်မယ်။ 🙂

    အမျိုးသမီးတွေ မဝင်ရ မတက်ရ မလုပ်ရ တွေကတော့
    အရမ်းကိုများနေသေးတာမို့ တော်လှန်ဘို့ မလွယ်သေးပါဘူး။

    ရှေးဟိန္ဒူယဉ်ကျေးမှု့ကအယူအဆတွေကို အမွေခံထားတာထင်တာပါပဲ။

  • kai

    January 4, 2012 at 4:36 pm

    မိန်းမမတက်ရ..
    မိန်းမမဝင်ရ…
    မိန်းမမထိုင်ရ
    မိန်းမ ရဟန်း( ဘိက္ခူနီမ) မလုပ်ရ…။
    မိန်းမအောက်ဝင်ရင်ရင် ဘုန်းနိမ့်တယ်..။
    ထမီ..အတွင်းခံစသည်တို့ကို… အမြင့်တွင်မလှမ်းရ..။
    မိန်းမ လင်ပြိုင်ထားခွင့်မရှိ..။
    မိန်းမကိုရိုက်နှက်ရင်.. ဥပဒေအရ… ပြင်းထန်စွာကာကွယ်ပေးထားတာမရှိ..
    စသဖြင့်.. ဓါတ်ပုံလေးတွေ.. အထောက်အထားလေးတွေ.. သတင်းလေးတွေ.. ဆိုရိုးစကားတွေ.. ဓလေ့တွေ… စုပြီး.. မြန်မာအမျိုးသမီးတွေ တန်းတူမရ.. တခြားနိုင်ငံတွေထက်… လူ့အခွင့်အရေးနိမ့်ကျနေမှုကို ပေါ်လွင်အောင် တယောက်ယောက်လုပ်လာမဲ့နေ့.. စောင့်နေချင်မိတယ်.။

    • etone

      January 6, 2012 at 11:39 am

      အောင်မလေး သဂျီးရေ … နောက်ကမာ္ဘပြောင်းသွားလျှင်တောင် အဲ့လိုနေ့ရောက်လာဖို့ အလှမ်းဝေးသေးတယ် … 🙁

      ရာဇဝင်လိုလို ၊ ပုံပြင်လိုလိုတွေထဲ မိန်းမတွေ ကို တဆင့်နိမ့်တယ်လို့ သတ်မှတ်ထားကြတာ အခုထိအဲ့ဒီအယူ သက်ရောက်မှုရှိတုန်းပဲ .. နောက်ပြီး … ယောကျာ်းရဲ့ ဘယ်ဘက်မှာပဲ အိပ်ရမယ် ညာဘက်မှာ အိပ်လျှင် ယောကျာ်းဘုန်းနိမ့်မယ်ဆိုတာကြီးကလည်း အခုထိ လူအတော်များများ လက်ခံကျင့်သုံးနေကြတုန်းပဲ .. ။

      တခါတလေကျတော့လည်း လောကကြီးက နားလည်ရခက်ပြန်တယ် .. ကန့်လန့်တိုက်တော့လည်း ဘုကလန့်တဲ့ … ။ အေးအေးတည့်တည့်နေတော့လည်း မထုံတတ်တေးတဲ့ … ဖျတ်ဖျတ်လူးနေတော့လည်း စပ်စလူးတဲ့ ။ ကိုင်း .. ဖျာလိပ်ထဲပဲ ဝင်နေတော့မယ် 😆

      (ကပေါက်ဖော်ရဲ့ ဖျာလိပ်ထဲမှာ ပေါင်းတင်ပါ မနိုဆိုတာကို သတိရသွားလို့ .. )

  • weiwei

    January 4, 2012 at 6:36 pm

    ဒီပို့စ်ကို အနှုတ်တွေပေးထားတာကို အံ့ဩသွားမိတယ် … ဘာကြောင့်များလဲလို့ စဉ်းစားကြည့်တယ် …
    ခရီးသွားရင်း ရောက်ခဲ့တဲ့နေရာတွေကို ဓါတ်ပုံတွေနဲ့ ဗဟုသုတရအောင် တင်ပြပေးတယ် … ဘာမှလည်း ထူးထူးထွေထွေ အငြင်းပွားနေတာလဲမရှိဘူး …
    ဘလိုင်းကြီး မဟုတ်တရုတ်တွေ ရေးပြနေတာလဲမဟုတ်ဘူး …
    တကယ်အံ့ဩတယ် …

    • nigimi77

      January 5, 2012 at 12:06 am

      ဂျီးဒေါ်ဝေ ။

      သား မပါဘူးနော် Thumb Down တာ ။

      Up လိုက်တယ် ။

      မရောက်ဖူးတဲ့ နေရာကို သိအောင် လုပ်ပေးလို ့ ။

      🙂

  • Khin Latt

    January 4, 2012 at 7:06 pm

    စိတ်ဝင်စားစရာ ခေါင်းစဉ်ပေမဲ့ ညက ကောင်းကောင်း မန့်ချိန် မရလိုက် ပါ၊
    အခုမှ ဝင်ပြီး ပြန်အကြည့် သူကြီး မှတ်ချက် ကို အနီးမှာ တွေ့လိုက်မိသမို့ ဝင် လျှာရှည် လိုက်ပါသည်။ သူကြီး ကို အာခံတာ၊ ဆန့်ကျင် ပြောတာ မဟုတ်ပါ။ စိတ်မရှိပါနှင့်။ 🙂

    ~~~~~~~~ မိန်းမမတက်ရ..မိန်းမမဝင်ရ…မိန်းမမထိုင်ရ မိန်းမ ရဟန်း( ဘိက္ခူနီမ) မလုပ်ရ…။
    မိန်းမအောက်ဝင်ရင်ရင် ဘုန်းနိမ့်တယ်..။ ထမီ..အတွင်းခံစသည်တို့ကို… အမြင့်တွင်မလှမ်းရ..။ ~~~~~~~~~~~

    ကျွန်မ အထင်တော့ အဖွားတို့ ခေတ် နဲ့ ယှဉ်ရင် ဖြစ်ဖြစ်၊ တစ်ချို့သောနိုင်ငံ များနဲ့ ယှဉ်လိုက် ရင်ဖြစ်ဖြစ် မြန်မာနိုင်ငံက မိန်းမတွေ ဟာ အများကြီးနေရာရတယ် လို့ တွေးမိလို့ပါ။
    မြန်မာပြည်ထဲ မှာ တကယ် ထက်ထက် မြက်မြက် အလုပ်လုပ်နိုင်တဲ့ မိန်းမတစ်ယောက်တွေ အများကြီး ရေတွက်မကုန်အောင်တွေ့နေရပါပြီ။
    ကျွန်မမြန်မာပြည်မှာ အလုပ်လုပ်ခဲ့တုန်းက အလွန်တော်၊ အလွန်ထက် ပြီး အုပ်ချုပ်ပုံ ကောင်းလှတဲ့ MD/ DG ရာထူးရှိ အစိုးရပိုင်း ဌာနဆိုင်ရာ ကျွန်မအတွက် Role Model အန်တီကြီးတွေ နောက်မှာ “ဟုတ်ကဲ့ မမ/ ဆရာမကြီး” စသဖြင့် ရိုသေလေးစားသမှုပြုနေသော ပုရိသယောင်္ကျားကြီး များကို တွေ့မြင်ပြီး သကာလ၊ ထိုထို သော မိန်းမ များ ဘာမလုပ်ရ စာတမ်းတွေ ဟာ ရာဇဝင် ထဲမှာ ကျန်နေခဲ့ပြီးပါပြီ။
    ယနေ့ခေတ်မှာ အဆင့်မြင့် နည်းပညာဆိုင်ရာ လုပ်ငန်းနေရာ အတော်များများ မှာ မိန်းမ တွေနေရာ ယူလာပြီ မို့ ထိုထိုသော စာတန်းများ ရှိနေလဲ ပြဿနာဟု မထင်ပါကြောင်း။
    ဥပမာ – ဒီရွာသူ တွေထဲ မှာ မမတို့၊ ဝေဝေ တို့လို အင်ဂျင်နီယာ အမျိုးသမီး များဟာ ပုရိသအမျိုးသား အများစုထက် သာလို့သာ အင်ဂျင်နီယာကျောင်း (မိန်းခလေး အတွက် ဝင်ခွင့် အမှတ်ဟာ ပိုမြင့်ပါတယ်) ကို ဝင်လို့ရတာပါ။ အလုပ်ခွင် ထဲမှာလဲ အမျိုးသမီး ရယ်လို့ နုပြ၊ ခိုပြ နေကြမှာ မဟုတ်ပါ။ အများတန်းတူ (တစ်ချို့ဆို သာတောင်သာသေး) အလုပ် လုပ်ပြနေ တာ လူအများ အမြင်အသိ ပါ။
    ထို့ကြောင့် ထိုထိုသော စာတမ်း၊ အတွေးအခေါ်များအတွက် ဆက်လက် ထိမ်းသိမ်းထား နေလဲ ကျွန်မတို့ အမျိုးသမီး ထုကြီး က စိတ်ထဲ ဗွေယူနေစရာ ဂရုထားစရာ မလိုတော့ပါ။
    ကျွန်မတို့ မိန်းမ တွေ ဟာ အဲဒီတားထား တဲ့ ရေကန်ထဲ ဆင်းရ မှ တိုင်းပြည်ကို ကောင်းအောင်၊ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်လို့ ရတာမဟုတ်ပါ။
    တစ်ဖက်က ဆိုရင်လည်း ကျွန်မ ကတော့ ဒီစာတန်း တွေ ရှိလဲရှိနေစေချင်ပါသေးတယ်။
    ဘာကြောင့်လဲ ဆိုတော့ – ကျွန်မ တို့ အမေ တုန်းကကျောင်းမှာ လက်ပြတ်အင်္ကျီ နဲ့ ဘောင်းဘီတို ဝတ်ရမှာကြောင့် ကာယလေ့ကျင့်ခန်း လုပ်ဖို့ အခွင့် မပေးခဲ့ သော ကျွန်မ ၏ အဖွား လို ရှေးရိုးစွဲလူကြီး များ (သို့) အဖွားတို့နောက်လိုက် ဆက်လက်ရှေးရိုးစွဲ လူများ ကို အနဲငယ် စိတ်ချမ်းသာ စိတ်ကျေ နပ် အောင်တော့ ထားချင်ပါသေးသည်။
    အနဲဆုံးတော့ အဲဒီ ထက်မြက်တဲ့ မိန်းမတွေကို မရှုစိမ့် ဖြစ်နေတတ် တဲ့၊ အဆင်းဘီးတွန်း ဖို့ အမျိုးမျိုး ကြိုးစားလေ့ရှိတဲ့ အချို့သော အမျိုးကောင်းသားကြီးများ (ရွာသားများကို လုံးဝ လုံးဝ မညွန်းပါ လုံးဝ မပါပါ ) များ စိတ်ချမ်း သာ နေနိုင်ပါသေးသည်။ ထိုသူများ စိတ်ချမ်းသာအောင် ကျွန်မတော့ ဒီလောက်တော့ သဘောထား ကြီးနိုင်ပါ၏။

    ~~~~~ မိန်းမ လင်ပြိုင်ထားခွင့်မရှိ..။ ~~~~~~
    ဒါကတော့ အခွင့်အရေး ရလဲ တန်ဖိုးမရှိတဲ့ ၊ ယုတ်နိမ့်တဲ့ အခွင့်အရေးမို့ ပေးလဲ ယူနေစရာမလိုပါဘူး။

    ~~~~~ မိန်းမကိုရိုက်နှက်ရင်.. ဥပဒေအရ… ပြင်းထန်စွာကာကွယ်ပေးထားတာမရှိ..~~~~~~
    မိန်းမမှ မဟုတ်ပါဘူး။ ခလေးဖြစ်ဖြစ် သက်ကြီးရွယ်အိုဖြစ်ဖြစ်၊ အဆုံး – သန်စွမ်းသော ယောင်္ကျား ကို ဖြစ်ဖြစ် ဥပဒေမဲ့ ရိုက်နှက်လို့ မရပါဘူး။
    ဒီအတွက် ဥပဒေ ကတော့ မရှိမဖြစ် ရှိရှိ ကို ရှိသင့်တာပါဘဲ။
    အနောက်နိုင်ငံ တွေမှာ ခလေးကို သူ့မိဘက ရိုက်ရင်တောင် ဒါဟာပြစ်မှုကျူးလွန်တာပါဘဲ။

    သူကြီး ရဲ့ အမျိုးသမီး တန်းတူ အခွင့်ရရေး concern အတွက် ကျေးဇူးပါ။
    ဒီ မှတ်ချက်မှာ မည်သူ့ကိုမျှ မထိခိုက်ဘူးဟု ထင်ပါသည်။
    သို့သော် ထိခိုက်သည်ဟု ထင်ခဲ့ပါမူ ဝန်တာရှိ ဝန္တာမိပါ အမျိုးကောင်းသားတို့။ 😉

    • windtalker

      January 4, 2012 at 7:20 pm

      ဖတ်လို ့အရမ်းကောင်းတဲ့ ကွန်မင့် ပါပေ ဘဲဗျာ
      ၂၀၁၂ အတွင်း ဖတ်မိတဲ့ ကွန်မင့်များထဲမှာ
      မခင်လတ် ကွန်မင့် ကို အကြိုက်ဆုံးပါဘဲ လို ့ဆိုပါရစေ ဗျား
      +1

    • MaMa

      January 4, 2012 at 7:21 pm

      မလတ်ရေ-
      အပြည့်အဝ ထောက်ခံလိုက်တယ်နော်။ 🙂

    • kai

      January 5, 2012 at 1:08 am

      ပြန်ရေးပေးတာလေးအတွက် ကျေးဇူးပါနော..။
      ဆိုတော့.. မြန်မာပြည်က ကမ္ဘာတန်း ဘယ်နေရာရှိနေသလည်း နံပါတ်ရစေချင်တာပါပဲ..။ ဒါက အမျိုးသမီးတွေထဲက တယောက်ယောက်လုပ်ဖို့ကောင်းတယ်..။ အင်မတန်မွန်မြတ်တဲ့ အလုပ်ဖြစ်မှာပါ..။ မြန်မာက.. ထိပ်ပိုင်း ၁ဝထဲပါနေတယ်ဆို.. ပထမဆုံး ကမ္ဘာသိအောင် မိတ်ဆက်ပေးသူက.. နိုဗယ်ဆုတောင် ရချင်ရသွားမှာပေါ့..။ 😆
      လောလောဆယ်တော့ မြန်မာက စာရင်းထဲတောင် ပါမနေသေးလို့ပါ..။

      http://filipspagnoli.wordpress.com/stats-on-human-rights/statistics-on-discrimination/statistics-on-discrimination-of-women/
      http://unstats.un.org/unsd/demographic/products/Worldswomen/WW2010pub.htm

      These are the categories that are measured by the Global Gender Gap Index:

      အာခံတာ၊ ဆန့်ကျင် ပြောတာ မဟုတ်ပါ။ စိတ်မရှိပါနှင့်။ 🙂
      – ~~~~~ မိန်းမ လင်ပြိုင်ထားခွင့်မရှိ..။ ~~~~~~
      လောလောဆယ်.. မြန်မာပြည်ဥပဒေမှာ ယောကျာ်း မယားပြိုင်ထားခွင့်ရှိနေတာလေး.. ထင်ရှားညွှန်းချင်တာပါ..။ (မှားရင် ပြင်ပေးပါခင်ဗျား)
      – ~~~~~ မိန်းမကိုရိုက်နှက်ရင်.. ဥပဒေအရ… ပြင်းထန်စွာကာကွယ်ပေးထားတာမရှိ..~~~~~~
      ဒါကတော့.. မြန်မာပြည်မှာ.. Domestic violence ဥပဒေမျိုး ပိုပြီး ထိရောက်အားပေးထုတ်ပေးစေချင်လို့ရေးလိုက်တာပါ…။
      ဒီလိုကြီးတော့ မလုပ်ကြနဲ့ပေါ့နော…။
      http://en.wikipedia.org/wiki/Domestic_violence

      • Khin Latt

        January 5, 2012 at 2:52 am

        သူကြီးရေ – အမှန်တရားကို ပုံနဲ့ သက်သေပြတာလား။ (jk) 😀
        မြန်မာပြည်မှာ မယားပြိုင်ထားခွင့်ရှိတယ် လို့ ကျွန်မလဲ ကြားဖူးပါတယ်။
        သို့ပင်သို့ငြားသော်လည်း – ကိုယ်ချင်းစာတရား ရှိကြလို့ ဘဲလား၊ စိတ်ဓာတ် မြင့်မြတ်ကြလို့လား၊ မိန်းမ ကိုချစ်/ကြောက် ကြလို့လား၊ မိန်းမ တွေယူပြီး တရားဝင် မထောက်ချင်လို့လား၊ အသိုင်းအဝိုင်းမှာ အမည်မဲ မှာစိုးလို့လား စသဖြင့် ပေါ့။
        မြန်မာယောကျာ်း တွေဟာ မယားပြိုင်ထားတာ ရာခိုင်နှုန်းရှားသလားလို့။ 🙂

  • koaung

    January 4, 2012 at 7:17 pm

    ကျနော်ဒို့တောမှာဒေါ့(အိုဗာဆီး) မိန်းမတွေက အပေါ်က ( လေဒီဖတ်စလို့ပြောတာ) 😀

  • bigbird

    January 4, 2012 at 10:52 pm

    ဘယ်သူတွေဘာပဲပြောပြော..မိန်းကလေးက ယောက်ျားသားတွေအောက် ဘုန်းကံနိမ့်တယ်ဆိုတာကိုယုံချင်ပါတယ်။
    ပွင့်ခဲ့တဲ့ ဘုရားတွေအားလုံးထဲမှာ မိန်းခလေးဘုရား မရှိခဲ့ပါဘူး။

    ယောက်ျားတွေ ကိုယ်ဝန်ဆောင်စရာမလိုပါဘူး။ တစ်လတစ်ခါလဲ အလုပ်မရှုပ်ပါဘူး။

    သဘာဝ ပေးလာကတည်းက ယောက်ျားတွေကို အပေါ်စီးကပေးလာတာပါ။
    အခုမှမိန်းခလေးတွေ အပေါ်ကိုလုလုတက်တာတော့ ကျနော်လဲပြောမတက်တော့ဘူး။ ha..ha.

  • တညင်သား

    January 4, 2012 at 11:00 pm

    အမျိုးသမီး တစ်ယောက်အနေဖြင့် မခင်လတ် ဝင်ရောက်ဆွေးနွေးတာ အလွန်ကောင်းပါတယ်………….
    ကျွန်တော်ကတော့ အမျိုးသမီး ကို သူများထက်အများးးးးးးးးးးးးကြီး အခွင့်အရေး ပိုပေးထားမှာပါ………မနက်စောစောအိပ်ယာထမယ် ဆိုလဲ ထပါစေ……….
    သူပဲ ထမင်းဟင်းချက်မယ် ဆိုလဲ ချက်ပါစေ……….
    သူကိုဦးစားပေးတဲ့အနေနဲ့ အဝတ်လဲ သူပဲ လျှော်ပါစေ……
    ကျွန်တော့်ဝင်ငွေထက် ၁ဝ ဆလောက် ပိုရှာချင်လဲ ခွင့်ပြုမှာပါနော်……:P

  • Khin Latt

    January 5, 2012 at 3:03 am

    ဝေဝေ ရေ ဝေဝေ့ရဲ့ လှပတဲ့ ပုံတွေနဲ့ ဗဟုသုတ ရစေတဲ့ Post မှာ အစ်မ comment နဲ့ ဆက်ပြီး အရုပ်ဆိုး ညစ်နွမ်းသွားစေခဲ့ တာ တောင်းပန်ပါတယ်။

    • weiwei

      January 5, 2012 at 10:28 pm

      အမျိုးသမီးတွေဘက်က ကူပြောပေးလို့ မခင်လတ်ကိုတောင် ကျေးဇူးတင်ပါသေးတယ် …
      ရွာထဲမှာ မခင်လတ်လို အမျိုးသမီးတစ်ဦးရှိနေတာ အားတက်မိပါတယ် ….

  • manawphyulay

    January 5, 2012 at 11:16 am

    အမျိုးသမီး ဆင်းရ လို့ ရေးထားလည်း မဆင်းရဲပါဘူး မမဝေရယ်… ရေက အရမ်းနက်တယ်နဲ့တူပါတယ်။ ရှုခင်းလေးတွေ မြင်ရတာ သွားလည်ချင်လိုက်တာနော်…

  • နွယ်ပင်

    January 5, 2012 at 11:45 am

    မရောက်ဖူးသေးတဲ့ နေရာမို့ မဝေရဲ့ပုံလေးတွေကြည့်ပြီး စိတ်ဖြေသွားပါတယ်

  • ဆူး

    January 5, 2012 at 4:53 pm

    ကန်ကြီးထဲ ကို အမျိုးသမီး မဆင်းရ ဆိုတော့ ရေစို သက်သာတာပေါ့ အဲလိုပဲ တွေးလိုက်တာ ပိုကောင်းမယ် ထင်တယ်။ မဖြစ်မနေ ဒီရေထဲကို ဆင်းမှ ရမယ် ဆိုရင်တော့ ဒီ ဆိုင်းဘုတ် ကို လုံးဝ ကြောက်စိတ်ဖြစ်နေမှာတော့ မဟုတ်ဘူး။

    သတ္တဝါတခု ကံတခုပဲ ဆိုတော့ သံသရာမှာ မဖြစ်ဘူးတဲ့ ဘဝ မရှိဘူးဆိုပြန်တော့.. ကျားကလည်း မ မကလည်းကျား.. ကံဇတ်ဆရာ ရေးသမျှ ခြေချော်မကျအောင်တော့ ကုသိုလ် ကောင်းမှု ပြုထားလို့ လူဖြစ်နေတာလို့ပဲ မြင်ပါတယ်။

    မဆင်းရ ဆိုတဲ့ ကန်ထဲကို အမျိုးသမီးတွေ မဆင်းပဲ ရေပေါ်က လျှောက်လို့ ရအောင် တံတားထိုးမယ် ဆိုရင် နဂါးကြီးပေါ်က ထမိန်တွေ တလွားလွားနဲ့ ကျော်သွားသလိုများ ဖြစ်မလား..
    လျှောက်တွေးကြည့်တာ..

    • Khin Latt

      January 6, 2012 at 4:23 am

      ဒါမှ တို့ “ဆူး ” ကွ။
      မျက်စိ ထဲ မြင်ကြည့်မိတယ်။ 😉

  • inz@ghi

    January 5, 2012 at 7:16 pm

    သဂျီးနဲ့ တပ်မ ၇ရ ရဲ့ အနီကတ်တွေကို ဖြုတ်ပေးခဲ့ပါကြောင်း ….
    မွန်တွေ ဘာဖစ် ညာဖစ် လို့ ရေးတဲ့လူတွေ …. ထမင်းဝအောင် စားထားပါစေလိုကြောင်း….
    ထမင်းဝရင် လက်ဖက်နဲ့ ထန်းလျက် ကျွေးချင်လို့ ဖြစ်ပါကြောင်း…..ဟီး…

  • zaw min

    January 5, 2012 at 10:13 pm

    မော်လမြိုင်ကိုရောက်တုံးက မဝင်ခဲ့ရဘူး…အလုပ်ကိစ္စတွေကများနေတာနဲ့…မဝေရဲ့ ခရီးသွားဓါတ်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်….ပုံတွေကိုကြည့်ရင်းနဲ့ ကိုသိန်းတန်(မြန်မာပြည်)ရဲ့ သီချင်းလေးကို သတိရသွားတယ် မုဒုံ ကန်တော်ကြီးမှာ လျှောက်လည်….စိတ်ကြည်နူးဖို့ကောင်းတယ်…

  • cupid19

    January 5, 2012 at 10:54 pm

    nigimi77 .>>> sout paw gyi…ha ha

  • nigimi77

    January 6, 2012 at 12:02 am

    အေးပါ….Cupid19 လေးရယ် ။

    နင် ပြောသလို ဆောက်ပေါကြီး လို ့ပဲ ထားပါတော့ ။

    ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ nigimi77 ကို အထူးသတိပြုမိသွားတယ် ဆိုတာတော့

    မငြင်းနဲ ့နော်…. 🙂

    ဘယ်နေရာက ဘယ်လို ပေါနေတာလဲ ဆိုတာကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ ့တော့

    သိချင်သား ။ အားကိုးပါတယ် ။ လက်စွမ်းလေးပြလိုက်ပါဦး ။

  • padonmar

    January 6, 2012 at 12:40 am

    ဝေဝေ့ဇွန်းနဲ့ခပ်စားတာ ဘာပါလိမ့်လို့ တော်တော်တွေးယူလိုက်ရတယ်။တုံးထှာ။

    ဒို့လည်း ရေထဲမဆင်းရတာနဲ့တော့ စိတ်မကောင်းမဖြစ်မိပါဘူး။

    မခင်လတ်ကိုထောက်ခံပါ၏။
    သူကြီးရဲ့ မိန်းမကခြေထောက်နဲ့နင်းပြီး အုန်းတံပျက်စည်းကျိုးအောင် အရိုက်ခံနေရပုံကိုတော့ စိတ်ဝင်စားသား 😀 😀 😀

    • kai

      January 6, 2012 at 4:13 am

      အဲဒါ… ဝိကီကပုံပါဆိုနေမှ..ဟာပဲ…ဟာကို.. ဗျာ..
      ဒုက္ခပဲ..။
      အိမ်မှာ.. တံမြက်စည်းလည်း မရှိပါဘူး..။
      ဖုံစုပ်စက်ပဲ ရှိတယ်..။ 😆

      • Khin Latt

        January 6, 2012 at 4:20 am

        သူကြီးရယ် ဘာလို့ hint ပေးနေရတာလဲ။ ဖုန်စုတ်စက် နဲ့ စွဲလိုက်မှ။ တံမြက်စည်း ကမှ ခံသာဦးမယ်။ 😉

    • ဆူး

      January 6, 2012 at 4:42 pm

      တံမြက်စည်း မရှိတာ ကျိုးသွားလို့ ဖုန်စုပ်စက် ပြောင်းသုံး လိုက်တာ ဖြစ်မယ် ထင်တယ်။

Leave a Reply