မြန်မာ့အင်ကြင်းကျောက်များ

fattyJanuary 3, 20121min966

တလောက ဗိုလ်ချုပ်အောင်ဆန်းဈေးဘက်ရောက်တော့ အိမ်တွင်းအလှဆင်
အင်ကြင်းကျောက်မျိုးစုံအောင်တွေ့ခဲ့ပါသဗျ ..။
ရောင်းတဲ့သူကပြောပါတယ် နိုင်ငံယူသွားခြင်ရင် သယ်ယူခွင့် ပတ်စ် လုပ်ပေးမယ်တဲ့။
အင်း … တရုပ်ပြည်ဘက်သွားတုန်းက စားပွဲလောက်အကြီးကြီးတွေ
ထိုင်ခုံလောက်အကြီးကြီးတွေနဲ့ … အပင်တဝက်လောက် အင်ကြင်းကျောက်တွေ
ပေါလစ်တင်ထားတာတွေ့ခဲ့ရပါတယ် … ဟိုတယ်ရဲ့ဧည့်ခန်းမှာအလှပြတားပါတယ် ..။
ဘယ်ကလာတာလဲမေးတော့ ထုံးစံအတိုင်း မြန်မာပြည်ကပါတဲ့ ..။
သူတို့ကတောင်ပြန်ရောင်းနေပါသေးတယ် ..။

ဗိုလ်ချုပ်ဈေးကဆိုင်ကို စားပွဲအသေးတလုံးစာဝယ်ချင်ပါတယ်ဆိုတော့
ပစ္စည်းတော့ရှိတယ်တဲ့ သယ်ခွင့်တော့ရမှာမဟုတ်ပါဘူးတဲ့ ….
တရုပ်ပြည်ထဲကဟာပြန်လှည့်ဝယ်ရမလိုဖြစ်နေပြီပေါ့ဗျာ …။

6 comments

  • water-melon

    January 3, 2012 at 10:02 pm

    လှလိုက်တာ ဆွဲကြိုးလုပ်ပြီး ဝတ်ချင်တယ်ဗျိ့
    ဘယ်သူ ဖရဲကို ဝယ်ပေးမလဲ
    မြန်မာပြည်မှာရော ရှိသေးရဲ့လား
    ဈေးကောင်းတိုင်း လွှတ်ရောင်းနေတာ
    နောက်ဆုံးကျန်တော့ အစုတ်အပြတ်တွေဘဲ
    မလွယ်ပါဘူး

  • MaMa

    January 3, 2012 at 10:50 pm

    အင်ကြင်းကျောက်ဆိုတာ သစ်ပင်ကနေ ကျောက်ဖြစ်ရုပ်ကြွင်းဆိုလား ဖတ်ဖူးတယ်။
    ကြည့်ပြီး သဘောကျပေမယ့် တန်ဖိုးကတော့ သေးလိမ့်မယ် မထင်လို့ ဝယ်ဖို့တော့ မစဉ်းစားဖူးဘူး။ 😛

  • windtalker

    January 4, 2012 at 12:56 pm

    အဲဒီ အင်ကြင်းကျောက် ရယ်ပေါ့
    နွားထိုးကြီး ဘက်မှာ အရင်တုန်း က အရမ်းပေါခဲ့တာပေါ့
    အခုတော့…တွင်းလေးတွေ အပေါက်ဟောင်းလောင်းလေးတွေ နဲ ့ရယ်ပေါ့
    နေပြည်တော် အင်ပိုရီယမ် မှာတောင် အများကြီးတွေ ့ကြရမှာပေါ့…။

  • ဦးဦးပါလေရာ

    January 4, 2012 at 1:13 pm

    အင်ကြင်းကျောက်က ဒီအတိုင်းလဲ လှပြီး တန်ဘိုးရှိတာမှန်ပေမယ့်
    သူ့အကွက်အဆင်ပေါ်လိုက်ပြီး သင့်လျှော်အောင် ထွင်းထုတတ်ရင်
    ပိုပိုပြီး တန်ဘိုရှိတယ်လို့ ကြားဘူးတယ်။
    ကျောက်စိမ်းပန်းပုလိုပေါ့။
    မြန်မာပြည်က အသားကျောက်ပိုင်းကြီးတွေ ဝယ်သွားပြီး
    ဖြတ်တောက်ထုထွင်းပြီးတဲ့အခါ
    တန်ဘိုး အဆငါးဆယ်မကဖြစ်သွားတတ်သလိုပေါ့။

  • သားငယ်

    January 4, 2012 at 5:42 pm

    ဟုတ်ပါ့..ရွေလီ တမြို ့လုံးမှာ အင်ကြင်းကျောက်ရောင်းတဲ ့ ဆိုင်တွေ မှ မနည်းမနောဘဲ ရန်ကုန်မှာ
    ကျောက်မျက်ပေါတယ် ဆိုတာ ရွေလီက ဆိုင် 10 ဆိုင်စာလောက်ဘဲရှိတယ် ရွေလီမြို ့ထဲမှာ တင်
    ဆိုင်ခန်းပေါင်း သုံးထောင်ကျော် လေးထောင်လောက်ရှိတယ် ဗျ. ..အရည် အသား ကောင်းတဲ ့တကယ့်
    ထောင် ဘရိတ် သောင်း ဘရိတ် ကျောက်တွေက ဒိမှာ အရောင်းအဝယ် နည်းတယ် ကိုင်နိုင်တဲ ့သူ
    ရှားတယ် ဟိုမှာ ဘဲသွားရောင်းကြတာ များတယ် ကျနော် ဓာတ်ပုံတွေက ဖုန်းနဲ ့ညပိုင်းရိုက်ထားတာတွေ
    ဖြစ်နေလို ့.တင်မပေးတော့ပါဘူး ဒေါလာ ငါးသန်း ဆိုတဲ ့ကျောက် တွေ ဒေါ်လာ သန်း ကို ဆယ်ချီ ရောင်း
    မယ့်ကျောက်တွေ မှ အများကြီး.. အားလုံး မြန်မာပြည်မှလာသည် …တပတ်တပတ်ကို ၁၀၅ မိုင်ဂိတ် ကနေ ကယ်ရီကားတွေ ဖြတ်တာ နည်းမှမနည်းဘဲ…ဆယ်ဘီး ကားတွေန ဲ့ဖြတ်တာနော့်.
    .မှောင်ခိုတွေပေါ့..ရှေ ့ဆုံး ကားပေါ်မှာ ဗိုလ်မှုူးကြီးတစ်ဦးက
    လိုက်ပါ ပို ့ဆောင်ပေးတယ်ပြောတယ်။ ကျောက်တစ်ပိသာကို ပို ့ခ က
    ၇၀၀ဝ ပေးရတယ် ခဲတွေ ပေါ့ အသားကျောက်က ၁၀၀၀ဝ အရည်ကျောက်က တော့ ကိုယ့်ဘာသာသယ်
    ရတာ။ နည်းပေါင်းစုံနဲ ့ အပြင်ကို ထွက်ကုန်ကြတာပါဘဲ..
    ပြီးခဲ ့တဲ ့လပိုင်း လောက်က ဘဲ ၁၀၅ မိုင် ဂိတ်မှာ ဗန်ကားနဲ ့ကျောက်တွေမိတယ် ပစ္စည်းတန်ဖိုးက သိန်း
    ပေါင်း တစ်သောင်းငါးထောင်ကျော် ရထားတဲ ့ပစ္စည်းတွေ လို ့သိရပါတယ် ဗိုလ်ချုပ်ဈေးက ကုန်သည်
    ငါးယောက်ပစ္စည်းတွေပါ..အခုတော့ ပါသွားပြီပေါ့ဗျာ ..ငှားစီးတဲ ့ကားသမားနဲ ့ဂိတ်က ရဲတွေပေါင်းပြီး
    ဖမ်းတာလို ့ပြောတယ် ကားသမားကလက်ထောက်ချတာပေါ့..ရဲကပိုက်ဆံတောင်းမယ် ပစ္စည်းပြန်ရွေး
    ခိုင်းမယ် … ပစ္စည်းပြန်မရွေးရင် သူတို ့ကဖမ်းမိတဲ ့ အရည်အသွေးကောင်းတ ဲ ့ကျောက်နဲ ့ မကောင်းတ ဲ့
    ကျောက်ကို လဲပြိးတော့ ရွေလီက သူတို ့ကုလား ကုန်သည်တွေကို ပြန်ထုတ်ရောင်းခိုင်းပါတယ်။
    ဒါက ကျနော်ကိုယ်တိုင် အဲ့ဒီရဲမှုး ရယ် ရွေလီက ကုန်သည်ရယ် လဖက်ရည်ဆိုင်မှာအတူထိုင်သောက်ပြိး
    စကားပြောခဲ ့ဖူးလို ့လက်တွေ ့သိရတာပါ။

  • “ဘီလူးကြီး”ogre

    January 4, 2012 at 6:57 pm

    လူအကောင်းတွေ အပြင်မှာ
    ပစ္စည်းကောင်းတွေအပြင်မှာ
    အစားသောက်ကောင်းတွေအပြင်မှာ
    သယံဇာတအကောင်းတွေအပြင်မှာ
    သစ်အကောင်းတွေအပြင်မှာ
    ဒါတွေကကျုပ်တို့ဆီမှာပေါတယ်
    အကောင်းတွေပေါလွန်းလို့အစုတ်တွေရှာသုံးနေရတယ်..ကွိကွိ 😛

Leave a Reply