အောက်ခြေရုံးတွေအကျင့်မပြောင်းသေးပါဘူး

lulinmgJanuary 3, 20121min48

စာရေးဆရာသတင်းစာဆရာကြီး လူထုစိန်ဝင်းက ဒီမိုကရေစီကို ပြည်သူတွေအယုံအကြည်မရှိအောင်အောက်ခြေရုံးတွေကပြုပြင်ပြောင်းလဲရေးတွေလုပ်ရမယ်လို့

7 Day New Journal မှာဖတ်လိုက်ရပါတယ်။…..

တစ်ကယ်ပြောရရင် အောက်ခြေရုူံးတွေကဥည်ဆိုးစနစ်တွေမဖျောက်နိုင်ကြသေးပဲ လွပ်လပ်သောတရားစီရင်ရေးစနစ်မရှိတာကိုတွေ့မြင်ရပါတယ် အဂတိလိုက်စားတာတွေကိုလည်း

မြင်နေရပါတယ် … မြို့နယ်တရားရုံးတစ်ခုကအမှု့တစ်ခုကိုလက္ခံစေချင်ရင်ငါးသောင်းတောင်းပါတယ်ငွေများတရားနိုင်စနစ်မပျောက်သေးပါဘူး။…

မိတ္တူစာရေးဆိုတဲ့လူကတရားသူကြီးနဲ့ပိုင်တယ် ဝင်ပေးမယ်ဆိုပြီးငွေတောင်းတယ် တရားလိုကလည်း ငါးသိန်းလောက် ပေးလိုက်တယ် တစ်ကယ်တမ်းတရားသူကြီးကိုမပေးဘဲ

ဖြတ်စားလိုက်တယ် နောက်တရားခံဘက်ကိုသွားပြီး ဒီအမှု့မှာအခြေအနေကောင်းအောင်လုပ်ပေးမယ် တရားသူကြီးလွှတ်လိုက်လို့လာတာပါဆိုပြီး တစ်ဆယ့်ငါးသိန်း တောင်းသွားတယ်

တရားသူကြီးကို ဆယ်သိန်းပေးပြီး သူက ငါးသိန်းစားသွားတယ် နောက်တရားသူကြီးကပြန်သိတော့ အချင်းချင်းပြဿနာတွေတက်ကြတယ် တစ်ဖက်တရားလိုကလည်းဒီကိစ္စကိုမကျေနပ်လို့

အထက်ကိုတိုင်တယ် ဘာမှဖြစ်မလာပါဘူး။……

ဒီမိုကရေစီမှာ အမိန့်ပေးစနစ်လွှမ်းမိုးနေရင်လည်း မရပါဘူး အောက်ခြေတရားရုူံးတွေဟာ စနစ်ဟောင်းကိုဖက်တွယ်ထားတုန်းပါပဲ အဂတိလိုက်စားလို့ကောင်းတုန်းပါပဲ။…..

တရားသူကြီးများဟာ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်စေရန် ကြိုးစားသင့်ပါတယ် တရားရုံးချိန်တွေလည်းမှန်မှန်ကန်ကန်တက်ဖို့လိုအပ်ပါတယ် နယ်မြို့တွေကတရားရုံးချိန်တွေဟာ

မတိကျ