“လွတ်လပ်ရေးနေ့” အား ဂုဏ်ပြုပါ၏ ။

ယနေ့ (၄.၁.၂၀၁၂) တွင် ကျရောက်သော လွတ်လပ်ရေးနေ့အား ကျွန်ုပ်၏ လွန်စွာညံ့ဖျင်းလှသော photoshop ပညာဖြင့် အစွမ်းကုန် ခြယ်သကာ ဂုဏ်ပြုပါကြောင်း၊ အဆိုပါ ပုံအား (1024 x 768) ဆိုက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း …….. ။

Anzartone

9 comments

  • ငပေါက်ဖော်

    January 4, 2012 at 10:13 am

    ကိုတုံးနဲ ့အတူ
    လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
    လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူများ၊
    လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ အားလုံးကို ဂုဏ်ပြုပါသည်ခင်ဗျ

  • မြန်မာ ဖရဲသီးလေး

    January 4, 2012 at 10:21 am

    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုုံးကျိပ်အား ဂုဏ်ပြုပါသည်။

    ကြည့်နေ ဒီည လွတ်လပ်ရေး အကြောင်းပြပြီး ညစာစားပွဲကျင်းပလိမ့်မယ်။

    • အီသီယိုး-ပီးသီးယား-ဖရဲသီးငယ်

      January 4, 2012 at 10:46 am

      နာ့လဲ ခေါ်အုန်းလဟာ
      ငတ်နေတာကြာဘီလဟာ

      • ထိုင်ဝမ်-ပါကျဲ-ငပေါက်ကြီး

        January 4, 2012 at 3:27 pm

        လာခဲ့ တရုတ်ကြီး ဝက်လှီး အဲဟုတ်ပါဘူး ဝက်ကြီး အတွက်
        ဝက်ကင်
        ဝက်ပြုတ်
        ဝက်ဖုတ် ( မီးနဲ့ဖုတ်တာကိုပြောတာနော်)
        အစုံရှိတယ် ပြည်မကြီးက ဝယ်တားတဲ့ ဘီအီးနဲ့ စမောလေးတွေရှိတယ် 😛

    • KING

      January 4, 2012 at 10:48 am

      ဗိုလ်ချုပ်နှင့်တကွ လွတ်လပ်ရေးရအောင် ကျရာအခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ရင်ထဲက လှိုက်လှဲစွာ ဂါရဝပြုပါ၏ ….
      ===================================================
      ဟိုတယ်တွေက ဝိတ်တာတွေကို ဟိုတယ်တစ်ခု ဘယ်နှစ်ယောက်ဆိုပြီးခေါ်မယ်
      ပြီးရင် ဒံပေါက်ကျွေးခဲ့ရင်ပေါ့
      ညနေလောက်ကတည်းက အေးစက်နေတဲ့ ဒံပေါက်စားရမယ်
      ဆရာ့ ဆရာကြီးတွေကိုတော့ ဘယ်လိုကျွေးလဲမသိ … 😀
      ====================================================

  • ဦးဦးပါလေရာ

    January 4, 2012 at 1:04 pm

    ကိုတုံးနဲ့အတူ လွတ်လပ်ရေးနေ့ကိုလဲ ဂုဏ်ပြုပါ၏။

    ပိုပိုပြီးလွတ်လပ်အောင် ဆက်လက်ဆောင်ရွက်ခဲ့ကြသူများကိုလဲ ဂုဏ်ပြုပါ၏။

    အမှန်တကယ် လွတ်လပ်အောင် ဆောင်ရွက်နေဆဲ ပုဂ္ဂိုလ်များကိုလဲ ဂုဏ်ပြုပါ၏။

  • kotun winlatt

    January 4, 2012 at 1:20 pm

    လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သူများအားလုံးကို
    တလေးတစား ဦးညွှတ်အလေးပြုပါတယ်ခင်ဗျာ..။

  • Thel Nu Aye

    January 4, 2012 at 9:36 pm

    အင်မတန်သင့်လျှော်သောပုံနှင့်စာဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ကိုဦးညွှတ်ဂုဏ်ပြုပါတယ်။ အဖဗိုလ်ချုပ်ပေးတဲ့တသက်တာလက်ဆောင်မို့ ကဘာ တည်သရွေ့အရှည်တည်တံ့အောင်ထိန်းသိမ်းကြပါစို့။

  • manawphyulay

    January 5, 2012 at 11:28 am

    အာဇာနည်နေ့လိုတော့ လွတ်လပ်ရေးနေ့ကြီး ပပျောက်တာသွားတာကို မကြည့်မမြင်ချင်ပါဘူး။ ကျွန်မတို့တွေ မရှိကြတော့ရင်လည်း လွတ်လပ်ရေးကြီးကတော့ အမြဲတည်တံ့ဂုဏ်ပြုစေဖို့ အမြဲ ဆုတောင်းနေမိတယ်။ အမြဲတမ်းလူသားတိုင်း မမေ့သင့်တဲ့နေ့ထူးနေ့မြတ်တွေကို နောင်လာနောင်သားတိုင်း ဆက်လက်စောင့်ထိန်းသွားစေချင်ပါတယ်။ ဘာလိုလိုနဲ့ ၆၄ နှစ်တောင် ပြည့်ခဲ့ပြီးနော်… လွတ်လပ်ရေးဖခင်ကြီးတွေကိုလည်း ဒီနေရာကနေ ဦးညွှတ်လိုက်ရပါတယ်။

Leave a Reply