၄.၁.၂၀၁၂ ဗုဒ္ဓဟူးည ပရီးမီးယားလိဂ်၂ပွဲ

မောင် ပေJanuary 4, 20121min13612

မင်္ဂလာပါ စာချစ်သူ စာဖတ်သူ ဘောလုံးဝါသနာရှင်များ ခင်ဗျာ ။
ကျုပ် တို ့မန်းတလေး ဂေဇက် ဒေါ့ကွန်း ဆိုတဲ့ ဝက်ဆိုက်ဂျီး ဟာ ဆိုရင်ဖြင့် သတင်း ၊ ပုလင်း ၊ ယမင်း ၊ သုတစွယ်စုံ ၊ ဝတ္ထုကဗျာ စုံစေ့နေအောင် ပြည့်စုံတဲ့ ဆိုက်ကြီး တစ်ဆိုက် ဖြစ်ပါတယ် ။ ဒါကြောင့်မို ့လည်း မဖတ်ဖူးသူ တွေ ဝင်ကြည့်မိခဲ့ရင် ၊ ဖတ်ပီးရင်း ဖတ်ချင် ဖြစ်ကြတာပါ ။ ဖတ်ဖူးပီးသား လူတွေကြတော့ ကြိုက်ကြပြီး ဆက်တိုက် အားသလို အဆင်ပြေသလို ဖတ်ကြပါတယ် ။ အပြင်လောက က စာရေးဆရာ ကဗျာဆရာတွေ လည်း ဒီဆိုက်ထဲမှာ ဝင်ရေးနေကြသလို ၊ ကလောင်စမ်း ၊ လက်စမ်းတဲ့ ကျွန်တော် တို ့လို ဝါသနာရှင်များ ရဲ ့ကြိုးစားမှုများ ကို လည်း တွေ ့ရှိရမှာပါ ။
အို..စာကလဲ အင်ထရိုနဲ ့တင် တော်တော်ရှည်နေဘီ ။
ဒီလိုဗျာ…
ကျုပ် ဘောလုံးပွဲ အကြောင်းတွေ ရေးတယ် ။
ကျုပ် ဘောလုံး ပွဲ ပို ့စ် တွေ ကို သေချာဖတ်ရင် ဒီလို တွေ ့ကြရမှာပါ ။
“ အေဘီစီ အသင်းကိုဘဲ ရွေးခြယ်သင့်ပါတယ် ၊ ရွေးခြယ်ထားရင် မမှားပါဘူး ၊ ဒီပွဲကိုတော့ အေအသင်း ၁-ဝ ဘီအသင်း လို ့ခန် ့မှန်းထားပါတယ် ။ ခန် ့မှန်းချင်ပါတယ် ။ ဘာကြောင့် ဒီအသင်း ကို ကျုပ် ရွေးပါတယ်ဆိုတဲ့ အချက်များ ” အစရှိသဖြင့် ရေးခဲ့ပါတယ် ။
ကျုပ် က ဘောလုံးဝါသနာရှင် ၊ အပြင်မှာ ဘောလုံးဂျာနယ် တွေ လဲ ဖတ်တယ် ။ အကြိုက်တွေ ့တဲ့ဟာ ရှိသလို မကြိုက်တဲ့ဟာတွေ လည်း တွေ ့ရတာပေါ့ ။ နောက်ပိုင်းကြ ၊ ကိုယ်တိုင်လည်း ဘောပွဲရှိတဲ့နေ ့တိုင်းမှာ ဘောလုံး ဝက်ဆိုက်ပေါင်းစုံ မွှေနှောက်နေကြ ဆိုတော့ ၊ ဖတ်မိရတဲ့ အချက်တွေ သတင်းတွေ ကို စုပြီး ၊ ဘယ်အသင်း ကောင်းနိုင်တယ် ၊ ဘာကြောင့် ဆိုတာ ၊ တွေ ့သမျှ သိသမျှ လေးတွေ ကို ပြန်ရေးချင်လာတယ် ။
ဒါကြောင့် အင်တာနက် ဆိုင်ထဲဝင်ပြီး မန်းဂေဇက် မှာ ရေးတယ် ဗျာ ။
ပြောချင်တာက
ကျုပ် က အာဏာရှင် လည်း မဟုတ် ၊ ဘိုးတော် လည်း မဟုတ် ၊ ကျုပ် ဟာ ယုံကြည်ကိုးကွယ် လောက်စရာ ကောင်လည်း မဟုတ်သည့်အတွက် ၊
“ ငါ ပြောသလို လုပ်ရမယ် ” ဘယ်တုန်းက မှ မသုံးခဲ့ပါဘူး ။ လူတိုင်းမှာ ကိုယ်ကြိုက်တာ ကိုယ် ရွေးခြယ်ခွင့်ရှိပါတယ် ။
“ ငါ ရေးမှ ဖြစ်မယ် ” လို ့လဲ ဘယ်တုန်းက မှ မတွေးခဲ့ပါဘူး ။
စာဖတ်သူအားလုံး ကို ကျုပ် လေးစားပါတယ် ။
ကျေးဇူးပြုပြီး ၊ အဲဒါလေး ကို သဘောပေါက်ပေးစေချင်ပါတယ် ။
ကျုပ် ဘာကြောင့်ရေးနေသလဲ ဆိုရင် ၊ ကျုပ် စာ ကို ဝင်ဖတ်တဲ့ ဘောလုံးဝါသနာရှင်များ အတွက် အချက်အလက်လေးတွေ ကို ပြချင်တာရယ် ၊ ဒီပွဲအတွက် ဒီလို အခြေအနေ ရှိတယ် ဆိုတာ ကို ဝေမျှချင်တာပါဘဲ ။
လောင်းတဲ့သူ ကတော့ လောင်းမှာပါဘဲ ။ အဲ..လောင်းတဲ့သူ ဟာ ကျုပ် စာ ကို ဖတ်ပြီးမှ လောင်းတာ မဟုတ်ပါဘူး ။ နောက်ပြီး လောင်းတဲ့သူ ဟာ ကျုပ် ခန် ့မှန်းချက် အတိုင်းလဲ လောင်းချင်မှ လောင်းမှာပါ ။
အဓိက က ပွဲတစ်ပွဲ ကို ချည်းကပ်ရာမှာ ၊ ကန်ကြမယ့် အသင်းနှစ်သင်း ဟာ ဘယ်လို အခြေအနေတွေ ရှိသလဲ ဆိုတာ ကို သိသွားရင် ကျုပ် ရေးရကျိုးနပ်ပါဘီ ။
အဲ မနေ ့ညက ကန်ခဲ့တဲ့ “ မန်စီးတီး ၃-ဝ လီဗာပူး ” ပွဲအကြောင်း ကို ပွဲပြီးသုံးသပ်ချက် လေး ပြောချင်သေးတယ်ဗျာ ။
မနေ ့တုန်း က ကျုပ် တင်တဲ့ ပို ့စ်မှာ အစောပိုင်းက လီဗာပူး လို ့ခန် ့မှန်းထားခဲ့ပေမယ့် ၊ မနေ ့ည ၈ နာရီကျော်တော့ ၊ စဉ်းစားရင်း..စဉ်းစားရင်းနဲ ့လီဗာပူး မဖြစ်နိုင်တော့ဘူး လို ့ ကောက်ချက်ချမိလာလို ့၊ ပို ့စ် မှာ မန်စီးတီး ကို အားပေးကြပါ လို ့ထပ်ရေးခဲ့ပါတယ် ။
ကွန်မင့် ဖြင့်လည်း မန် ့ခဲ့ပါတယ် ။
ဘာလို ့ဆုံးဖြတ်ချက် ပြောင်းသွားရသလဲ ဆိုတာကို ရှင်းပြရမယ် ဆိုရင် ၊ အာရှ ဘူကီ များ က ဖွင့်တဲ့ ကြေး က “ ဒဲ့ ” ဗျာ ။ အဲဒါ ကို ဘိရုမာ တွေ က မန်စီးတီး သရေရှုံး လို ့ဖွင့်လာတော့ ၊ အဲဒီအနေအထား က ဖိုက်တာများ ကို လီဗာပူး နေစေချင်တဲ့ သဘော ဖြစ်နေတယ် ။
လီဗာပူး က နေမယ် ဆိုရင်လည်း နေချင်စရာဘဲ ကိုး ၊ ဘာလို ့လဲ ဆိုတော့ ပြီးခဲ့တဲ့ ပွဲမှာ နယူးကာဆယ် ကို ၃-၁ နဲ ့ပြတ်ပြတ်သားသား အနိုင်ကစားထားတာ ဆိုတော့ ခြေတက်နေတယ် လို ့ထင်ကြ မြင်ကြမှာပါဘဲ ၊ လီဗာပူး သရေ ဆိုရင် အပြည့် မြတ် ပြီ ဆိုပြီး လီဗာပူး ကို ရွေးအောင် ဈေးက ဖွင့်ထားတဲ့အမျိုးဗျ ။
အဲဒီမှာ “မန်စီးတီး” စားတော့မယ် ဆိုတာ သေချာလာလို ့၊ ပို ့စ်မှာ လာပြင်ရေးရတယ် ခင်ဗျ ။
ကျုပ် ကိုယ်တိုင်လဲ မန်စီးတီး ကို အားပေးပြီး ၊ မန်စီးတီး ပထမ ဂိုး သွင်းပြီးတဲ့ အထိ ပွဲကြည့်ဖြစ်ခဲ့ပါတယ် ။
ဘောလုံး ပိုင်ဆိုင်မှု အနေအထားမှာ လီဗာပူး က ၅၂% မန်စီးတီးက ၄၈% ရှိခဲ့ပါတယ် ။ အဲဒါ က မန်စီးတီးက ဘယ်ရီ ၇၃ မိနစ်မှာ အနီကတ် ပြခံရပြီး မှ လီဗာပူး က အနည်းငယ် ပြန်သာခဲ့တာပါ ။
အစ က ၅၀=၅ဝ ပါ ။ မန်စီးတီး အတွက် အဂူရို က ပထမပိုင်း၁၁ မိနစ်မှာ အဖွင့်ဂိုး ကို သွင်းယူခဲ့ပြီး ၊ ၃၃ မိနစ် မှာ တော့ ယာယာတိုရေး က ဒုတိယ ဂိုး ကို သွင်းခဲ့ပါတယ် ။
ဒုတိယပိုင်း ၇၃ မိနစ်မှာ ဘယ်ရီ နှစ်ဝါ တစ်နီ နဲ ့ အထုတ်ခံရပြီး ၇၄ မိနစ်မှာ လီဗာပူး ပင်နတီ ဧရိယာထဲမှာ ဘောလုံးဖျက်တာ ကြမ်းလို ့မန်စီးတီး ပင်နတီ ကန်ခွင့်ရရှိခဲ့ပြီး ၊ မီလ်နာ က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ် ။ အဲဒီနောက်ပိုင်း ၁ဝယောက် မန်စီးတီး ကို လီဗာပူး တိုက်စစ်ဆင်ခဲ့သော်လည်း မန်စီးတီး ဂိုးသမား ဂျိုးဟတ် ရဲ ့အပိုင်သေချာ တဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးမရခဲ့ဘဲ ၃-ဝ နဲ ့ပွဲပြီးခဲ့ပါတယ် ။
ဟုတ်ကဲ့………
ဗုဒ္ဓဟူးည ပွဲတွေ အကြောင်း ပြောကြရအောင် ဗျာ ။
ပွဲစဉ်များနဲ ့အချိန်များကတော့
၂:၃ဝ အဲဗာတန် (၁၁) – ဘော်တန် (၂၀)
။ နယူးကာဆယ် (၇) – မန်ယူ (၂)
*********************
အဲဗာတန် (၁၁) – ဘော်တန် (၂၀)
အဲဗာတန် ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီး ရ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၁၉ ပေးဂိုး၂ဝ ၊ ၂၄မှတ်
ဘော်တန် ပရီးမီးယားလိဂ်၁၉ပွဲကန်အပြီး ၄ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၁၄ ပွဲရှုံး ၊ ရဂိုး၂၃ ပေးဂိုး၄၂ ၊ ၁၃မှတ်
အဲဗာတန် ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ နိုင် ၊ သရေ ၊ နိုင် ၊ သရေ ၊ ရှုံး
ဘော်တန် ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ သရေ ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ ရှုံး
အဲဗာတန် အိမ်ကွင်းတွင် ဘော်တန် နှင့် တွေ ့ဆုံခဲ့မှုများမှာ
၁၀.၁၁.၂၀၁ဝ အဲဗာတန် ၁-၁ ဘော်တန်
၂၀.၃.၂၀၁ဝ အဲဗာတန် ၂-ဝ ဘော်တန်
အဲဗာတန် အသင်း ၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Tim Howard
နောက် Leighton Baines, John Heitinga, Phil Jagielka, Phil Neville
လယ် Royston Drenthe, Marouane Fellaini, Leon Osman, Jack Rodwell, Tim Cahill
ရှေ ့ Louis Saha
ဘော်တန် အသင်း ၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Jussi Jaaskelainen
နောက် Paul Robinson, Zat Knight, Gary Cahill, Sam Ricketts
လယ် Chris Eagles, Fabrice Muamba, Nigel Reo-Coker, Martin Petrov
ရှေ ့ Kevin Davies, Ivan Klasnic
ဈေးအနေအထားအရ အဲဗာတန် တစ်ဂိုးသွင်းလျှင် ခပ်ပါးပါးဆုံးရှုံးမည် ဖြစ်သည် ။
အဆင့်၂ဝနေရာကနေ အသည်းအသန် ရုန်းကန်နေတဲ့ ဘော်တန် ဟာ ရုန်းလေနစ်လေ ဖြစ်နေပါတယ် ။
အဲဗာတန် အသင်းကတော့ ပြီးခဲ့တဲ့ ပွဲမှာ ခြေစွမ်းတက်နေတဲ့ ဝက်ဘရွန်း ကို သူ ့ကွင်းမှာ ၁-ဝ အနိုင်ကစားခဲ့ပါတယ် ။
ဘောက်ဆင်ဒေးကနေစလို ့ရက်အများကြီးမခြားဘဲ ဆက်တိုက်ကစားနေကြတဲ့ နှစ်သင်းလုံးဟာ ပွဲပန်းတဲ့ဒဏ် ကို ခံကြရမှာပါဘဲ ။
သည်ပွဲကို ဘယ်အသင်းရွေးခြယ်ရမှန်း မသိလို ့၊ ဂိုးပေါင်းဘက် ကို စဉ်းစားကြည့်မိပါတယ် ။
သူတို ့နှစ်သင်း တွေ ့ဆုံခဲ့မှု များ ကို ပြန်ကြည့်ရင် နှစ်သင်းစလုံး သွင်းဂိုး ၂ ဂိုး ထက် များတဲ့ ပွဲနည်းတာမို ့၊ ဂိုးပေါင်းအောက် ကို ရွေးခြယ်လိုက်ပါတယ် ။
*********************
နယူးကာဆယ် (၇) – မန်ယူ (၂)
နယူးကာဆယ် ပရီးမီးယားလိဂ်၁၉ပွဲကန်အပြီး ၈ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၅ ပွဲရှုံး ၊ ရဂိုး၂၆ ပေးဂိုး၂၅ ၊ ၃ဝမှတ်
မန်ယူ ပရီးမီးယားလိဂ်၁၉ပွဲကန်အပြီး ၁၄ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၂ ပွဲရှုံး ၊ ရဂိုး၄၉ ပေးဂိုး၁ရ ၊ ၄၅မှတ်
နယူးကာဆယ် ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ ရှုံး ၊ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး
မန်ယူ ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ ရှုံး ၊ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင်
နယူးကာဆယ် အိမ်ကွင်းတွင် မန်ယူ နှင့် တွေ ့ဆုံခဲ့မှုများမှာ
၁၉.၄.၂၀၁၁ နယူးကာဆယ် ဝ-ဝ မန်ယူ
၄.၃.၂၀၁ဝ နယူးကာဆယ် ၁-၂ မန်ယူ
နယူးကာဆယ် အသင်း၏ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Krul
နောက် Simpson, Coloccini, Williamson, Santon
လယ် R Taylor, Cabaye, Tiote, Jonas
ရှေ ့ Best, Ba
မန်ယူ အသင်း၏ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး De Gea
နောက် Rafael, Smalling, Jones, Evra
လယ် Valencia, Carrick, Park, Nani
ရှေ ့ Rooney, Welbeck
ဈေးအနေအထားအရ မန်ယူ တစ်ဂိုးသွင်းလျှင် တစ်ဝက်ကျော် အမြတ်ရမည် ဖြစ်သည် ။
မနေ ့ည က မန်စီးတီးက လီဗာပူး ကို နိုင် သွားပြီ ဖြစ်လို ့၊ ဒီပွဲ ကို မန်ယူ အနိုင်ကစား မှာပါ လို ့စဉ်းစားချင်စရာပါဘဲ ။
တစ်ကယ်လို ့ မန်ယူ သရေဆိုရင် ၂ မှတ် ကွာမယ် ၊ ရှုံးရင် ၃ မှတ် ကွာမယ် ။ အနိုင်ကန်ရင်တောင် ဂိုးကွာခြားချက် ရှိနေလို ့အဆင့်(၁) ကို မရနိုင်သေးဘူး ။
နယူးကာဆယ် ဒီရာသီ အိမ်ကွင်း ၉ ပွဲ ကစားခဲ့တာမှာ ၄ နိုင် ၊ ၃ သရေ ၊ ၂ ရှုံး
မန်ယူ ဒီရာသီ အဝေးကွင်း ၉ ပွဲ ကစားခဲ့တာမှာ ရ နိုင် ၊ ၂ သရေ ၊ ဝ ရှုံး
မနှစ်က ဂိုးမရှိ ရလဒ်ကို ခဏမေ့ပြီး အခြား အချက်များ ယှဉ်ရင်ကို မန်ယူ ကို နယူးကာဆယ် ဘာမှ ယှဉ်လို ့မရပါဘူး ။
နောက်ပြီး မန်စီးတီး နဲ ့အမှတ်တူ ဂိုးကွာခြားချက် ခြင်း ယှဉ်ဖို ့အတွက် မန်ယူ တိုက်စစ်ဖွင့်လာတာ ကို မြင်ရမယ် လို ့ထင်ပါတယ် ။
လာမယ့် တနင်္ဂနွေ နေ ့မှာ ၊ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်အဖြစ် မန်စီးတီး ကွင်း မှာ မန်ယူ သွားကန်ရမှာပါ ။ ဆိုတော့က ဒီပွဲ ကို အနိုင်ကစားပြီး မန်ယူ ကစားသမားတွေရဲ ့ စိတ်ဓါတ် ကို “ဖာဂူဆန်” မြှင့်မယ့် သဘောရှိနေပါတယ် ။
ဒီပွဲမှာ
““ မန်ယူ ”” နိုင်မယ် ၊ ဘယ်နှစ်ဂိုး သွင်းမလဲ ဆိုတာကတော့ ၊ ဖာဂူဆန် ရဲ ့သဘောထား ကို ဘဲ စောင့်ကြည့်ရမယ် လို ့ပြောခွင့်ပြုပါ ။
*********************

12 comments

  • ကာဆယ်ကို အသာဟယ်ဟု ဖာဂူဆန်က သာကူဆန်ကို မသောက်ဘဲ
    ပြောခဲ့သည် … 😛
    ဒီလိုဆိုခဲ့ပြန်တော့
    လာဟယ် ကာဆယ် သွင်းမယ်ဟေ့ အမ်မီရိုဘီ (၁)လုံး
    မန်ယူက သူရဲကောင်းများနေတော့
    ဘယ်သူတွေသွင်းမလဲ မသိဘူးဗျာ
    ဒီတော့
    ကာဆယ် 1-2 မန်ယူ လို့သာ ….
    ပုံ
    အာရှတင်မက ဥရောပက ပျိုမဒီများအကြိုက်
    ဇော်ဂျီကင်းးးးးးးးး

    • windtalker

      January 4, 2012 at 8:38 pm

      အာရှ တင် မက ဥရောပ က ပါ ပါသတဲ့
      အို ဘာတဲ့ အမြှောက် ကို နှံပြည်စုတ် နဲ ့ပစ်သလို မျိုး
      မျက်လုံးထဲ မြင်နေတယ် နော….
      ဟီဟိ

      • KING

        January 4, 2012 at 8:56 pm

        လူတာ တေးပေမယ့်
        ကြီးတာရှိတယ်နော်
        တစ်ခြားမထင်နဲ့ စိတ်နော် … 😛

        • windtalker

          January 4, 2012 at 9:27 pm

          ပြောကြပါဒလယ်
          အာဖရိကန် နစ်ကာမဒီလေးတွေ က
          မောင်ကင်း ကို သေးတယ် မထင်နဲ ့တဲ့
          သူ ့ဟာ က XL ဂျီးတဲ့
          အင်းကျီ….ဘောင်းဘီ ပြောပါဒလယ်

  • water-melon

    January 4, 2012 at 3:44 pm

    ကဲ ( ဝ-၃ ) မန်ယူကွ

  • ဖင်မှာပွေးရှိလယ်

    January 4, 2012 at 4:33 pm

    မင်္ဂလာဘာဘောချစ်သူ အပေါင်းတို ့
    ကျနုပ် ဘောမောင်ပေဟာဆိုလျင်ဖြင့် မန်းလေးမြို ့၊ဘောရပ်ကွက်၊ဘောလမ်းမှာ ငယ်စဉ်တောင်ကျီး
    ခလေးဘဝကတဲက ဘောနဲ ့ယဉ်ပါးလာခဲ့သဖြင့် ဘောသုံးလုံးကြေ ဘောဂုရုကြီး မဟုတ်.တဟုတ်..
    အယ်..
    အင်ထရိုကလဲ တော်တော်ရှည်လိုက်တာ..
    အဟမ်း.

    ဒီနေ ့၂သင်း
    ဘသူနိုင်မလဲဆိုတာ
    ပွဲပြီးရင် သိမယ်
    ကြိုက်တဲ့အသင်းလောက်ပါ
    နိုင်ရင် ပျော့ဆတ်ကို လိုက်ပို ့ပါ..ရှုံးရင် ကိုယ့်ဘာသာစိုက်ပေးလိုက်ပ
    ပုံ
    ဘောဘုရင်ပေ

  • ကိုပေါက်ဖော်ကြီး. ပြောတဲ့ ပျော့ဆတ်ဆိုတာ ခုမှပေါ်လာတာနေမှာ။ဟဲဟဲ ကိုမောင်ပေ ကဘောလုံးဝါသနာအိုး
    ကိုပေါက်ဖော်က ဒိုင်သာလုပ်ပါတော့။အားလုံးကွက်တိ။

  • windtalker

    January 4, 2012 at 7:36 pm

    အဲဗာတန် အိမ်ကွင်း တွင် ဘော်တန် နှင့် ကန်ခဲ့သော ရလဒ်များ
    ၁၀.၁၁.၂၀၁ဝ အဲဗာတန် ၁-၁ ဘော်တန်
    ၄.၃.၂၀၁ဝ အဲဗာတန် ၂-ဝ ဘော်တန်
    ၇.၂.၂၀၀၉ အဲဗာတန် ၃-ဝ ဘော်တန်
    ၂၆.၁၂.၂၀၀ရ အဲဗာတန် ၂-ဝ ဘော်တန်
    ၁၈.၁၁.၂၀၀၆ အဲဗာတန် ၁-ဝ ဘော်တန်
    ၁၇.၁၂.၂၀၀၅ အဲဗာတန် ဝ-၄ ဘော်တန်
    နယူးကာဆယ် အိမ်ကွင်း တွင် မန်ယူ နှင့် ကန်ခဲ့သော ရလဒ်များမှာ
    ၁၉.၄.၂၀၁၁ နယူးကာဆယ် ၁-၁ မန်ယူ
    ၄.၃.၂၀၁ဝ နယူးကာဆယ် ၁-၂ မန်ယူ
    ၂၃.၂.၂၀၀၈ နယူးကာဆယ် ၁-၅ မန်ယူ
    ၁.၁.၂၀၀ရ နယူးကာဆယ် ၂-၂ မန်ယူ
    ၂၈.၈.၂၀၀၅ နယူးကာဆယ် ဝ-၂ မန်ယူ
    ၁၄.၁၁.၂၀၀၄ နယူးကာဆယ် ၁-၃ မန်ယူ

  • kotun winlatt

    January 4, 2012 at 8:00 pm

    မန်ယူမှ…မန်ယူပါပဲ…
    ဆြာပေရေ…..

    • ကြောင်ကြီး

      January 5, 2012 at 11:35 am

      ပြောင်းပြန်ကွာ…

  • windtalker

    January 5, 2012 at 2:39 pm

    ပထမပိုင်း ၄၅ မိနစ် အချိန်ပို ၂ မိနစ်
    ဒုတိယပိုင်း ၄၅ မိနစ် အချိန်ပို ၄ မိနစ် ကစားပြီး သကာလ
    မန်ချက်စိန် ယူနှပ်ထွက် သည် မြန်မာနိုင်ငံမှ အားပေးသူများနှင့် တစ်ကမ္ဘာလုံးမှ ပရိသတ်များအား
    ပြင်းထန်စွာ နှိပ်စက် သွားချေပြီ တကား
    ဒီလိုမှန်းသိ ၊ အဘိုးဂျီး ၇ဝ ပြည့် မွေးနေ ့မှာ ဟက်ပီးဘက်ဒေး မလုပ်ပါဘူးဗျာ
    အခုတော့ လစ်သွားရှာပေါ့ ….
    ဖာဂူဆန် ရေ အမျှ အမျှ အမျှ

Leave a Reply