မန်းလေးတောင်ဘက်ကျုံးနဲ့ မြု့ိ့ရိုး ပြအိုးနဲ့ပစ္စင်………………

1 မန်းလေးတောင်ဘက်ကျုံးက မြို့ရိုးပုံလေးပါ
2 ဒီနေရာလေးကတော့ မန်းလေး လမ်း26ဘီလမ်း 75ဒေါင့် မက်သဒစ်ချပ်နားမှာပါ
3 အဝေးကြည့်ကြည့် အနီးကြည့်ကြည့် လှတာပါဘဲ
4 ကျုံးရေပြင်စိမ်းစိမ်း ကောင်ကင်တိမ်ပြာပြာ မြိုရိုးနီစွေးစွေး အလွမ်းတွေပေး
5 သစ်ပင်နဲ့ ရေပြင်အရိပ်ထင်နေပုံကလှပ
6 ရှေးကတည်းကရှိတဲ့မက်သဒစ်ချပ်ချ်
7 ကျုံးနံဘေးက သဘာဝ အင်စတော်လေးရှင်း

“ကျုံးတောင်ဘက်လမ်းက မြို့ရိုးနဲ့ ပြအိုးပစ္စင်”(အမှတ်တစ်)

 

ရန်ကုန်ရောက်တုန်းခဏ

ပုံတင်ချင်စိတ်က တားမရ ဆီးမရ။

အနီးအနားက အင်တာနက်ဆိုင်ပြေး

မန်းလေးသားတွေအတွက်အမှတ်တရ

အလွမ်းများကို ပေးချင်။

ဟိုအရင်ရက်တွေက

ကျုံးတစ်ပါတ် ပတ်

မှတ်တမ်းတင်ထားတဲ့ မြု့ိရိုး ပြအိုးနဲ့ပစ္စင်

ကျုံးရေပြန်ကြည်သန့်သန့်။

26ဘီလမ်း မင်္ဂလာတံတားတောင်ဘက်

ရှေးကတည်းက ရှိတဲ့ မက်သဒစ်ချပ်ချ်

သူ့တည့်တည့်က မြိုရိုး

ပြအိုးနဲ့ပစ္စင်

မွေးမြေကခွာတုန်းခဏ

အလွမ်းပြေအောင်တင်မိ

ကော်နက်ရှင်ရှိသလောက်

မဖြစ်စလောက်လေးများတင်မိရင်

ခွင့်လွှတ်နော်…………………..

ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(4-1-2012)

လွတ်လပ်ရေးနေ့

ရန်ကုန်ခေတ္တ

 

 

 

 

 

 

 

 

 

 

18 comments

  • ရန်ကုန်ကို မနက်5နာရီရောက်တယ်.
    ပြီး ဓါတ်ပုံသွားရိုက်တယ်။
    12နာရီအင်တာနက်ဆို်င်ရောက်တယ် ။
    ပုံတင်တယ်။
    12း59 တိတိမှာပြီးတယ်။
    ရန်ကုန်ကော်နက်ရှင်ကို အံတုပြီးတင်ပါတယ်။

  • windtalker

    January 4, 2012 at 1:27 pm

    အဝေးကြည့်ကြည့် အနီးကြည့်ကြည့်
    ကိုပေါက်ပို ့စ်မှာ လာပြီးကြည့်….
    ရန်ကုန်မှာ အကြံကုန်လို ့ …
    ကိုပေါက် တအားချက်မနေပါနှင့်လေ
    ရန်ကုန် ကွန်နက်ရှင် ကို အံတုပြီး ရင်
    ရန်ကုန်သူတွေ ကို လည်း အံသွားမတုပါနဲ ့မိတ်ဆွေ
    အံအတု တွေ နဲ ့တွေ ့မှာ စိုးလို ့ပါလေ
    ပုံ
    မန်းတလေးမှ စိတ်ပျော်နေသူ
    မောင်ပေ

    • ငပေါက်ဖော်

      January 5, 2012 at 6:34 pm

      မစ်ချတာပေကော
      အံအတုနဲ ့ ဘယ်နှကြိမ်တွေ ့ဖူးပါသလဲ ခင်ည

  • nature

    January 4, 2012 at 1:43 pm

    ကိုယ်ပျင်းတာကို ကော်နက်ရှင်မကောင်းဘူးဆိုပြီး ခေါင်းစဉ်တပ်နေတဲ့ ကျမအတွက်တော့ ရှက်စရာဖြစ်နေပြီ။ 🙁

  • KING

    January 4, 2012 at 3:03 pm

    ကျွန်တော် မန်းလေး သွားတုန်းက
    ရိုက်ထားတဲ့ ပုံတွေက ကိုပေါက်လောက် လှဘူး
    လှတဲ့ပုံလေးတွေ ယူထားလိုက်ပီ
    အရေးကြုံရင် သုံးလို့ရပီ
    ကျေးကျေး ကိုပေါက်

  • water-melon

    January 4, 2012 at 3:17 pm

    မက်သဒစ်ချပ်ချ် က နှစ်ခုရှိတယ်နော့ လေးပေါက် ၂၆ လမ်းပေါ်မှာလေ
    နေ့တိုင်း ၂၆ ဘီလမ်း ၊၆၆လမ်း က ဖြတ်နေပေမဲ့
    သတိမမူ ဂူမမြင် ဘူးဖြစ်နေတာ

  • “ဘီလူးကြီး”ogre

    January 4, 2012 at 7:10 pm

    ကိုပေါက်
    ဒါ့ပုံဒွေက ကောင်းဒယ်
    အနော်အားပေးနေတယ်နော် ..အပေါက်ဝမှာစောင့်နေ ကာဖီတိုက်..ဒါဗြဲ

  • Thel Nu Aye

    January 4, 2012 at 8:35 pm

    ပုံလေးတွေအမြဲလှတယ်။ သစ်ပင်ပုံဆိုရေလည်မိုက်တယ်။ ရန်ကုန်ရောက်နေတယ်ဆိုတော့ရန်ကုန်ရှု့ခင်း လှလှလေးတွေလဲရိုက်ပါအုံး။ ကိုယ့်ရန်ကုန်ကိုယ်လှလားလို့ခံစားကြည့်ချင်လို့။ မန်းတလေးနဲ့ဘယ်ဟာပို လှလဲသိချင်လို့ရိုက်ပါအုံး။

  • nature

    January 4, 2012 at 8:45 pm

    ပြအိုး ပစ္စင် ဆိုတာ ဘာတွေလည်းကိုပေါက်။

  • နန်းမြို့ရိုးပေါ်မှာ ရှိတဲ့ အဆောက်အဦနဲ့ပါတ်သက်တဲ့ပစ္စည်းအခေါ်အဝေါ်ပါ။
    ကျနော်သေသေချာချာရှာပြီး တိတိကျကျတင်ပေးပါမယ်။
    ကျနော်စိတ်ထဲသိတာကိုတင်လိုက်ရင်မှားမှာစိုးလို့ အချက်အလက်ပြန်ရှာပြီးပြောပါမယ်နော်။

  • ရန်ကုန်ရောက်ရောက်ခြင်း လမ်းလျှောက်ထွက်တော့ မန်းလေးမှာ မမြင်ဘူးတဲ့ပုံတွေ တွေ့ရပါတယ်
    မြူတွေထနေတာပါ ။
    အဲဒီပုံတွေရိုက်ထားပါတယ်။
    ကျနော်တည်းတဲ့အိမ်နဲမဝေးတဲ့ ဂန္ဒမာ မောလ် နားကဂေါက်ကွင်းမှာ မြူတွေထနေတဲ့
    ပုံတွေ အများကြီးရိုက်ထားတယ်။
    တင်ပေးမှာပါ

  • inz@ghi

    January 5, 2012 at 6:56 pm

    အားပေးသွားပါတယ် လေးပေါက်…
    မြူဆိုလို့ …. မြူနှင်း လို့ ပြင်ခေါ်မယ်နော …. ခွင့်ပြုမယ်မလား ….ဗျ…

    စကားမစပ် သည်မှာ မနေ့ညက မဆိုစလောက် နှင်းကြတယ်ဗျ. …၁၅မိနစ်လောက်လေးရယ် …
    နည်းလည်းနည်း ကျဲလည်းကျဲတယ်.. အဲ့…ဒါကတော့ နှင်းပွင့် ပေါ့နော ….

  • amatmin

    January 6, 2012 at 4:48 pm

    ကိုပေါက်ရေ မန်းလေးရောက်ပေမဲ့ နားရုံလေးပဲ အချိန်ရခဲ့လို့ ဘယ်မှ မရောက်ခဲ့ဘူးဗျာ.
    ပုံတွေ နဲ့ ပဲ စိတ်ဖြေ သွားပါတယ်..ဒါနဲ့ နန်းတွင်းဝင်လေ့လာရင် သတ်မှတ်ချိန်ရှိလားဗျ..

  • ခွင့်ပြုပါ၏။
    ကြော်သလိုခိုက်………………………….
    ကော်နက်ရှင်နှိပ်စက် စိတ်ပျက်စရာ
    ပုံ့တင်လို့မရတာ နှစ်ရက်တိတိ

  • ရွှေဘိုသား

    January 6, 2012 at 7:18 pm

    လေးပေါက်တို့များ ရန်ကုန်ရောက်နေတုန်းတောင် ရွှေမန်းမြို့ ရဲ့အလှတွေ ဖော်ပြသွားသေးတာ
    တော်တော်ကို မြို့ချစ်တဲ. သူပဲ

Leave a Reply