သံလွင်ချောင်းခြား

တို့နှစ်ဦးသား

မေတ္တာပေါင်းကူး

တံတားဖြူးလို့

မဝေးတော့ပါ

မေတ္တာကမ္ဘာ …………..

ကြုံဆုံခွဲခွာ

လူ့ဘ၀မှာ

တွေဆုံကြုံကွဲ

ဖြစ်မြဲတိုင်းသာ

မှတ်ယူထားက

ရွှေစိတ်နှလုံး

အစဉ်ငြိမ်းသည် ……

သို့မဟုတ်က

အပူရုပ်က

လူလုံးကြွလာ

မြင်သူစိတ်ဝမ်း

မချမ်းမသာ

ဖြစ်ရရှာမည် ……..

သို့သော်ငြားလည်း

သစ္စာရှိစွာ

စောင့်နေမှာကို

စိတ်တွင်စွဲမှတ်

တွေးထင်မှတ်၍

ချစ်ခဲ့သမျှ

ထိုကာလကို

ပြန်မြင်ယောင်ရင်း

ကြည်နူးလှည့်ပါ

ချစ်ရသူရာ …… <3

!!!!!!!!!!!!!!!!! KING !!!!!!!!!!!!!!!!!

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................