သို ့ ချစ်သူ ….. မှ …….

KingJanuary 4, 20123min1179

သံလွင်ချောင်းခြား

တို့နှစ်ဦးသား

မေတ္တာပေါင်းကူး

တံတားဖြူးလို့

မဝေးတော့ပါ

မေတ္တာကမ္ဘာ …………..

ကြုံဆုံခွဲခွာ

လူ့ဘဝမှာ

တွေဆုံကြုံကွဲ

ဖြစ်မြဲတိုင်းသာ

မှတ်ယူထားက

ရွှေစိတ်နှလုံး

အစဉ်ငြိမ်းသည် ……

သို့မဟုတ်က

အပူရုပ်က

လူလုံးကြွလာ

မြင်သူစိတ်ဝမ်း

မချမ်းမသာ

ဖြစ်ရရှာမည် ……..

သို့သော်ငြားလည်း

သစ္စာရှိစွာ

စောင့်နေမှာကို

စိတ်တွင်စွဲမှတ်

တွေးထင်မှတ်၍

ချစ်ခဲ့သမျှ

ထိုကာလကို

ပြန်မြင်ယောင်ရင်း

ကြည်နူးလှည့်ပါ

ချစ်ရသူရာ …… <3

!!!!!!!!!!!!!!!!! KING !!!!!!!!!!!!!!!!!

9 comments

  • alinsett

    January 4, 2012 at 6:25 pm

    သိပ်ကောင်းတဲ ့ကဗျာ..ပါ။

    ဖန်တီး ထားပုံလေးက ချစ်စရာကောင်းတယ ်။

  • windtalker

    January 4, 2012 at 7:44 pm

    ကဗျာ အောက်က ပုံလေး က
    ကင်း တို ့အတွဲ ပုံ လေး ထင်တယ်နော

  • KING

    January 5, 2012 at 6:10 pm

    @ ကိုအလင်းဆက်ရေ
    ဒီကဗျာက ကျောင်းမှာစာသင်တုံးက ဆရာမ မသိအောင် ခိုးရေးထားတာ
    အဲဒီနေ့က နှစ်ယောက်သား အတန်းရဲ့ နောက်ဆုံးခုံမှာ ကိုယ့်အာရုံနဲ့ကိုယ်နေကြတုံး
    ဆရာမလှမ်းပြောတာကို မကြားမိဘူး … ကြားမိတဲ့အချိန်မှာ ရှေ့ကိုကြည့်လိုက်တော့ တစ်တန်းလုံးရဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရတယ် .. အဲသည်နေ့ကတော့ တကယ့်အမှတ်တရပါပဲ …
    (စာကြွင်း။ ကျွန်တော်တို့အတန်းသည် လူ 158 တက်ရပါသည်) .. 😛
    =====================================================
    @ ကိုပေရေ
    ကျွန်တော်တို့အတွဲက အဲလိုဖြစ်ရင်ကောင်းမှာပဲ
    အခုတော့ ဟိုစည်းဒီစည်း သင့်တော် မသင့်တော်တာတွေ ကြောင့် ရင်နာနာနဲ့ အဲလိုတောင် မလုပ်ရပါဘူး …
    အဟင့် .. ရွှတ် … ဗျဲ ….. 🙁

    • ငပေါက်ဖော်

      January 5, 2012 at 6:22 pm

      သူ ့စီးတာတွေ..ကိုယ့်စီးတာတွေလုပ်မနေနဲ ့
      ကိုယ်မစီးရင် သများစီးသွားလိမ့်မယ်..
      မြန်မြန်စီး
      ပုံ၊
      ကုလားမ အာပုံ

      • KING

        January 5, 2012 at 6:30 pm

        မစီးဘူးတော့ မစီးရဲဘူး
        မစီးရဲတော့ မစွတ်ကြည့်ရဲဘူးပေါ့
        မစွတ်ကြည့်ရဲတော့ တန်တန် မတန်တန် မသိဘူး
        တန်တန် မတန်တန် မသိဘူးဆိုပြန်တော့ မတိုင်းရသေးဘူးပေါ့ဗျ
        မတိုင်းရသေးတော့ စီးသင့် မစီးသင့် ချိန်ဆပြန်ရော
        ချိန်ဆမိတော့ မစီးရဲပြန်ဘူး
        မစီးရဲတော့ ……………..
        ……………………………
        ………………………….. 😛

        • windtalker

          January 5, 2012 at 9:51 pm

          ဟွန်…အားလုံး ရှုပ်နေတာဘဲ
          သေဘီ ငပေါက်ဖော်

        • ငပေါက်ဖော်

          January 5, 2012 at 10:07 pm

          မသေခင်
          ဘီအီး အကြွေးလေးဆပ်သွားပါအုန်းချင့်

  • inz@ghi

    January 5, 2012 at 6:54 pm

    ၁၅၈ ယောက် ဆိုပဲ ..
    အတိအကျပါပဲလား ..လေးလေးကင်းရေ….

    အော် …အသေးစိတ် မှတ်မိနေသော …အမှတ်တရ လေးဖြစ်မယ် ထင်ပါရဲ့

    ခင်တဲ့ ဂီ

    • KING

      January 5, 2012 at 6:58 pm

      ခင်တဲ့ ဂီရေ
      အတိအကျဆိုတော့ မနှစ်က မို့ပါ … 😛

Leave a Reply