အချစ်နဲ့ အခြစ်ဆိုပြီး ပထမတစ်ခါ တင်ဖို့ ကျန်ခဲ့ပါသေးတယ်

ဒါပေမယ့်ဗျာ မြန်မာနိုင်ငံမှာနေတဲ့ ဗမာတစ်ယောက်အတွက် ယုံစားမိတဲ့ Connection က ကျွန်တော့်လို မလယ်မ၀ယ် ရန်ကုန်သားမဟုတ်တဲ့အတွက် ပညာပဲ ပြလိုက်လေသလား …. တင်ထားသမျှတွေဟာ အကုန် ပလုံ ဖြစ်ခဲ့ရတယ် … မတင်တော့ဘူးလို့ ရည်ရွယ်ထားပေမယ့်လည်း ပုံလေးတွေ မြင်တိုင်း တင်ချင်စိတ်က ထပ်ခါထပ်ခါ ပါလာပြန်တော့ … ဒီတစ်ခါ ဆက်လက် တင်လိုက်ပြန်ပြီဗျာ .. အင်ထရိုနဲ့တင် တော်တော်ရှည်နေပီ … :P

လူတိုင်းလူတိုင်းက အချစ်နဲ့ မကင်းနိုင်ကြဘူးလို့ ယူဆချင်ပါတယ် … မှန်လောက်ပါတယ်နော် .. မမှန်ဆိုရင်လည်း မမှန်ဘူးပေါ့ … ရှင်းရှင်းလေးပဲလေ .. အဲဒီလိုပဲ ဒီ အခြစ်နဲ့ ကင်းနိုင်မှာ မဟုတ်လောက်ကြဘူး … ဘယ်လောက်ကင်းတဲ့သူဖြစ်ဖြစ် အခုကျွန်တော် ပြောချင်တဲ့ အခြစ် (သို့မဟုတ်) မီးခြစ်ကို မမြင်ဘူး မကြားဘူးတဲ့သူ ရှိမယ်မထင်ပါဘူးဗျာ … အခုရေးထားတာကတော့ အချစ်အကြောင်းတော့ မဟုတ်ပါဘူး အခြစ်(သို့မဟုတ်)မီးခြစ် ပုံ လှလှလေးတွေကို ရွာသူ/သားတွေ အတွက် လက်ဆောင်ပါ … အချစ်တွေကတော့ ရွာထဲကိုစ၀င်ကတည်းက ပေးပြီးသားဆိုတော့ ထပ်မပေးတော့ပါဘူး … မရသေးတဲ့ ရွာသူ/သားတွေ အသစ်တွေကို ဒီပို့စ်နဲ့ အတူ ထပ်မံပေးလိုက်ပါတယ် … အာဘွား <3  .. :P

 

သူဂျီးအတွက် လက်ဆောင် … ဒိုင်း ညောင့် ဒိုင်း ညောင့် :P

ဦးကြောင်နဲ့ ဘဇင်းပုတို့ကလည်း သူဂျီးကို ပြန်ပစ်လို့ရအောင် …. ဒိုင်း ဒိုင်း ဒိုင်း … :P

ဒါက ရွာသူ/သားတွေအတွက် ကြိုက်တဲ့လူယူပစ်ကြ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ … :P

ဓါတ်ပုံဆရာ ကိုကို/မမ/ဦးဦး/ဒေါ်ဒေါ်/ညီလေး/ညီမလေး များအတွက်

အချက်အပြုတ် ၀ါသနာပါသူ ရွာသူ/သားများအတွက် လောက်ဆက် အဲ လက်ဆောင် … :P

ဆိုင်ကယ်ချစ်တဲ့သူများအတွက်

သူများဒီဇိုင်းနဲ့ တူတူ မကိုင်ချင်သူများအတွက် … :P

ရေခဲမုန့် ကြိုက်သူများအတွက်

ခွက်ချစ်သူများအတွက် … :P

ဝက်ဆိုရင် ဘယ်နေရာမှ မချန် အားပေးချင်သူများအတွက် … :P

လင်းပိုင်ချစ်တတ်တဲ့သူများအတွက်

အားလုံးပဲ အကြိုက်မတွေ့ရင်လည်း သီးသန့်လာတောင်းလှည့်ဗျာ

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းပို့သရင်း

အားလုံးကိုချစ်တဲ့

!!!!!!!!!!!!! KING !!!!!!!!!!!!!

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................