အချစ်နဲ့ အခြစ် (ရွာသူ/သားများအတွက်လက်ဆောင်)

KingJanuary 4, 20124min11811

အချစ်နဲ့ အခြစ်ဆိုပြီး ပထမတစ်ခါ တင်ဖို့ ကျန်ခဲ့ပါသေးတယ်

ဒါပေမယ့်ဗျာ မြန်မာနိုင်ငံမှာနေတဲ့ ဗမာတစ်ယောက်အတွက် ယုံစားမိတဲ့ Connection က ကျွန်တော့်လို မလယ်မဝယ် ရန်ကုန်သားမဟုတ်တဲ့အတွက် ပညာပဲ ပြလိုက်လေသလား …. တင်ထားသမျှတွေဟာ အကုန် ပလုံ ဖြစ်ခဲ့ရတယ် … မတင်တော့ဘူးလို့ ရည်ရွယ်ထားပေမယ့်လည်း ပုံလေးတွေ မြင်တိုင်း တင်ချင်စိတ်က ထပ်ခါထပ်ခါ ပါလာပြန်တော့ … ဒီတစ်ခါ ဆက်လက် တင်လိုက်ပြန်ပြီဗျာ .. အင်ထရိုနဲ့တင် တော်တော်ရှည်နေပီ … 😛

လူတိုင်းလူတိုင်းက အချစ်နဲ့ မကင်းနိုင်ကြဘူးလို့ ယူဆချင်ပါတယ် … မှန်လောက်ပါတယ်နော် .. မမှန်ဆိုရင်လည်း မမှန်ဘူးပေါ့ … ရှင်းရှင်းလေးပဲလေ .. အဲဒီလိုပဲ ဒီ အခြစ်နဲ့ ကင်းနိုင်မှာ မဟုတ်လောက်ကြဘူး … ဘယ်လောက်ကင်းတဲ့သူဖြစ်ဖြစ် အခုကျွန်တော် ပြောချင်တဲ့ အခြစ် (သို့မဟုတ်) မီးခြစ်ကို မမြင်ဘူး မကြားဘူးတဲ့သူ ရှိမယ်မထင်ပါဘူးဗျာ … အခုရေးထားတာကတော့ အချစ်အကြောင်းတော့ မဟုတ်ပါဘူး အခြစ်(သို့မဟုတ်)မီးခြစ် ပုံ လှလှလေးတွေကို ရွာသူ/သားတွေ အတွက် လက်ဆောင်ပါ … အချစ်တွေကတော့ ရွာထဲကိုစဝင်ကတည်းက ပေးပြီးသားဆိုတော့ ထပ်မပေးတော့ပါဘူး … မရသေးတဲ့ ရွာသူ/သားတွေ အသစ်တွေကို ဒီပို့စ်နဲ့ အတူ ထပ်မံပေးလိုက်ပါတယ် … အာဘွား <3  .. 😛

 

သူဂျီးအတွက် လက်ဆောင် … ဒိုင်း ညောင့် ဒိုင်း ညောင့် 😛

ဦးကြောင်နဲ့ ဘဇင်းပုတို့ကလည်း သူဂျီးကို ပြန်ပစ်လို့ရအောင် …. ဒိုင်း ဒိုင်း ဒိုင်း … 😛

ဒါက ရွာသူ/သားတွေအတွက် ကြိုက်တဲ့လူယူပစ်ကြ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ … 😛

ဓါတ်ပုံဆရာ ကိုကို/မမ/ဦးဦး/ဒေါ်ဒေါ်/ညီလေး/ညီမလေး များအတွက်

အချက်အပြုတ် ဝါသနာပါသူ ရွာသူ/သားများအတွက် လောက်ဆက် အဲ လက်ဆောင် … 😛

ဆိုင်ကယ်ချစ်တဲ့သူများအတွက်

သူများဒီဇိုင်းနဲ့ တူတူ မကိုင်ချင်သူများအတွက် … 😛

ရေခဲမုန့် ကြိုက်သူများအတွက်

ခွက်ချစ်သူများအတွက် … 😛

ဝက်ဆိုရင် ဘယ်နေရာမှ မချန် အားပေးချင်သူများအတွက် … 😛

လင်းပိုင်ချစ်တတ်တဲ့သူများအတွက်

အားလုံးပဲ အကြိုက်မတွေ့ရင်လည်း သီးသန့်လာတောင်းလှည့်ဗျာ

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းပို့သရင်း

အားလုံးကိုချစ်တဲ့

!!!!!!!!!!!!! KING !!!!!!!!!!!!!

 

11 comments

  • MaMa

    January 4, 2012 at 8:29 pm

    မြန်မာစာသတ်ပုံ လေ့ကျင့်ခန်းတွေလုပ်ပြီး ဆရာဖြစ်သင်တန်းဆင်းလာတဲ့ မောင်ကင်းရဲ့ သင်ခန်းစာကို လာရောက်ဖြေဆိုသွားတယ်။
    အဖြေမှန်ရင် ဝက်ပုံလေး ဆုချရမယ်။
    မောင်ကင်းသည် အချစ်စစ်ကို ရှာဖွေရာမှ အရှာမတော်သဖြင့် လက်သည်းရာ အခြစ်ကြီးများကို ရရှိသွားသည်။ 😆

  • windtalker

    January 4, 2012 at 9:12 pm

    အခြစ်ကြမ်း တဲ့ မောင်ကင်း ပါကလား
    အာရှ သူ ပုကွပိန်ချောပြို၊ပျို ဖြူ များသည်သော်လည်းကောင်း
    ဥရောပ မှ ပြို၊ပျို ချောများသည် လည်းကောင်း
    အာဖရိက သူ လေးများသည် သော်လည်းကောင်း
    သတိထားကြပါကုန်

  • Thel Nu Aye

    January 4, 2012 at 9:26 pm

    ချစ်ရမှာကြောက်လို့မောင်ကင်းရဲ့အခြစ်တွေပဲယူခြစ်တော့မယ်။ ခြစ်ပြီ***********ဒိုင်းညှောင့်။

  • kotun winlatt

    January 4, 2012 at 9:45 pm

    ဲခြစ်ခြင်ပါဒယ်….ခြစ်မယ်…ခြစ်မယ်….

  • ဦးဦးပါလေရာ

    January 5, 2012 at 12:48 am

    ရှာနိုင်လှချည့်လားဟင်..။

    ဆေးလိပ်တကယ်ညှိသောက်မယ့်သူအတွက်တော့ ရေခဲမုန့်ပုံလေးက အဆင်အပြေဆုံးပဲ။

  • manawphyulay

    January 5, 2012 at 11:24 am

    ပေးတာကလည်း ရွာထဲမှာ လူတွေအများကြီးရှိတာကို တစ်ခုပဲပေးတယ်… ကင်မရာက မဲနှိုက်ရမှာလား… လုယူရမှာလား သဂျီးလို ဘာအတွက် vote ပေးလို့ ပေးရမှန်းမသိပဲ vote လုပ်မှာလား… တစ်ခုတော့ ပြော…ဒါပဲ… 🙂

  • Moe Z

    January 5, 2012 at 1:30 pm

    အူးလေးကင်းရဲ့ အချစ်နဲ့အခြစ်တွေက မိုးစက်အတွက်အသုံးမတည့်လို့မယူတော့ဘူး 😀 😀
    နောက်တာ .. ဆိုင်ကယ်ပုံလေး သဘောကျတယ်

  • etone

    January 5, 2012 at 2:46 pm

    ဆိုင်ကယ်ပုံလေးကတော့ ကိုပေ့အတွက်ပေ့ါ … ။
    ကင်မရာလေးကတော့ ဂီဂီ ၊ လေးပေါက် ၊ ဦးစိန်သော့ ၊မှော်ဆြာ တို့အတွက် … ထင်ပါရဲ့ … ။
    ကျွန်မအတွက်ကတော့ … toilet လေးပဲ ဖြစ်မယ် .. 😆

  • ငပေါက်ဖော်

    January 5, 2012 at 3:25 pm

    ပကာသနတွေ..
    တစ်ခုမှ မလိုချင်ဘူး
    သွား..သွား….သွား..
    စေတနာရှိလျင်..အပြင်မှာလာပေး..
    😆

  • ဆူး

    January 5, 2012 at 4:42 pm

    မခြစ်တွေ များလှချည်လား.. ဆူး ကတော့ ဝက်ရုပ်နဲ့ အခြစ် ကို သဘောကျတယ်။ အဲဒီ ဝက်ရုပ် အစား နဂါးရုပ်ဆို ပိုပြီး ကောင်းလေမလား တွေးမိတယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ကူးတော့ အလွန် ကောင်းပါတယ်။

  • KING

    January 5, 2012 at 7:57 pm

    @မမ
    မမသည် အချစ်လေ့ကျင့်ခန်းအလုပ်တော်သဖြင့် ကျွန်တော်မောင်ကင်းမှ အမှန်ခြစ်ပေးလိုက်သည် … 😛
    ဝက်ပုံလေးပါ ဆုချလိုက်ပါတယ် … (ဒါမှ ကျောင်းသူလေး မမ ပျော်သွားမှာ … 😛 )
    =========================================================
    @ကိုပေ
    သတိပေးတာ နောက်ကျသွားပြီ … အခုတောင် အာရှသူလေးနဲ့ ခြစ်မိသွားပြီ … စာအုပ်ဆိုင်မှာ ဘော့ပင်ဝယ်ရင်း ခြစ်မိသွားတာ … မှင်ရာလေးတောင် မဖျက်ရတေးဘူးးးးးး … 😛
    =========================================================
    @Thel Nu Aye
    မောင်ကင်းရဲ့ အခြစ်တွေကို ယူမယ်ဆိုရင် .. ထွက်မပြေးနဲ့ လာပြီ …. ဘော့ပင်ကိုင်ပြီး လိုက်လာပါသည် … 😛
    =========================================================
    @kotun winlatt
    အစ်ကိုဆိုရင်တော့ အချစ်မခံနိုင်ဘူး .. ဒါဗျဲ … 😛
    =========================================================
    @ဦးဦးပါလေရာ
    ဆေးလိပ်မသောက်ရနယ်မြေဖြစ်တဲ့အတွက် မီးခြစ်တွေကို မီးမွှေးသည့်နေရာမှာ သုံးရန်အတွက်သာ ဖြစ်ပါသည်။ ဆေးလိပ်သောက်မည့် မည်သူ့ကိုမဆို မပေးနိုင်ပါ … 😛
    =========================================================
    @ မမမနော
    ကင်မရာက နမူနာ ပြထားတာ ပုံစံတူတွေက အများကြီးဗျ
    ပေး၍မကုန် လှူ၍ မခန်း နိုင်အောင် ရှိတယ် … 😛
    =========================================================
    @ မိုးဇိ အဲ မိုးဇက်ရေ
    အူးလေးကင်းရဲ့ အချစ်နဲ့အခြစ်တွေက မိုးစက်အတွက်အသုံးမတည့်လို့မယူတော့ဘူး 😀 😀
    နောက်တာ .. အဲဒီလိုပြောတော့ အတည်ယူမှာပေါ့ …………………
    =========================================================
    @ မအိတုန်က
    နိဗ္ဗာန်ဆော် ဆိုတော့ toilet ကမကောင်းဘူး … ကျန်တာယူလေဗျာ … 😛
    =========================================================
    @ဦးဖော်
    အဲလိုလား ပေးမယ် ပေးမယ် အကုန်ပေးမယ် အကြွေးတွေပါ … 😛
    =========================================================
    @မဆူးးးးးးးးး
    နဂါးရုပ် မီးခြစ်ရှိဝူးးးးးးး … မဆူးက နဂါးနှစ်ဖွားလားဗျ … တားနဲ့ တူမလားလို့လေ .. 🙂
    =========================================================
    ငါးစားစွာဖြင့်
    KING .. 😛

Leave a Reply