ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၁)

True AnswerJanuary 4, 20121min1073

2012 နှစ်သစ်မှာ
စွန့်လွှတ်မှုစွမ်းအားဖြင့် ပြီးပြည့်စုံသောလောကသို့
ရောက်ရှိနိုင်ရေး ရွာသူ/သားများအားလုံးအတွက် ဆောင်ရန်-ရှောင်ရန်လေးများကို
တင်ပြအပ်ပါသည်။ မိမိဉာဏ်ကြွယ်သလို အသုံးချကြပါရန် တိုက်တွန်းအပ်ပါသည်။

ကျွန်ုပ်တို့တတွေ….. စိတ်ထဲတွင် အဓိကထားနေမှု မှားယွင်းနေပါက
(အ ယောနိသောမနသိကာရက ) ဖြစ်ပေါ်ကာ …
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ နှင့် အဆင်း၊ အသံ၊ အနံ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာတို့ တိုက်ဆိုင်တိုင်း – တွေ့ကြုံရသမျှ အပေါ် လောဘ-ဒေါသ-သောက-အကုသိုလ် ဖြစ်ကာ ပူလောင် ဒုက္ခရောက်ရပါမည်။

ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော အကောင်းအဆိုးအတွေ့အကြုံ ဆိုသည်များထက် မိမိစိတ်၏ နှလုံးသွင်းမှန်မှု- ယောနိသောမနသိကာရ သည်သာ အဓိကကျပါသည်။

အဓိကထားရမည့်အရာကို အဓိကမထားတတ်ရင်တော့ မိမိ-စိတ်၏အဓိကထားမှုအမှား(ငြိတွယ်မှု ) clinging မှ ပူလောင်ယောင်ယက်ခတ်အောင် အကုသိုလ်ဖြစ်အောင် ပြုလုပ်ပါတော့သည်။

မိမိစိတ်၏အဓိကထားမှုအမှား(တရားခံ အစစ်ကို) မသိခြင်းကြောင့် (ဝါ) အဝိဇ္ဇာကြောင့် ဟိုလူကြောင့် ၊ ဒီလူကြောင့်၊ ဟိုလူ့လုပ်ရပ်ကြောင့်၊ ဒီလူ့လုပ်ရပ်ကြောင့် စိတ်ညစ်ရသည်။ ပြဿနာဖြစ်ရသည်။ ဆင်းရဲရသည်။ အကုသိုလ်ဖြစ်ရသည်။ ဘာဖြစ်ရသည်- ညာဖြစ်ရသည် စသည့်ဖြင့် ပုဂ္ဂိုလ်၊ သတ္တဝါ ကို သာ အပြစ်တင်ပါသည်။ တရားခံဖမ်းပါသည်။

တူညီသော အခြေအနေ ၊ တူညီသော စကားလုံးတစ်ခုကိုပင် ယောနိသောမနသိကာရ ရှိသူ အတွက် မဂ်ဖိုလ်ရ သည်အထိ ကျေးဇူးပြုကာ အ ယောနိသောမနသိကာရက ရှိသူ အတွက်….
ကျေးဇူးမဲ့စေခဲ့ကြာင်း မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့ ကြီး နှင့် သမီးမာဂဏ္ဍီသူငယ်မဇာတ်လမ်း (အပ္ပမာဒဝဂ်-သာမာဝတီဝတ္ထု) http://www.mawluu.com/2010/04/blog-post_30.html ကား သက်သေပင်ဖြစ်လေသည်။

အခြေအနေတစ်ခု၊ စကားလုံးတစ်ခွန်းက အကောင်းအဆိုး ဖြစ်စေသည်ဆိုသည်ထက် အမှန်က မိမိ၏ ယောနိသောမနသိကာရက(နှလုံးသွင်းမှန်မှု) ဖြစ်သလား၊
အယောနိသောမနသိကာရက (နှလုံးသွင်းမှားမှု) ဖြစ်သလား ဆိုသည်က ပိုမို အရေးကြီး အဓိကကျပါသည်။

ယောနိသောမနသိကာရက(နှလုံးသွင်းမှန်မှု)ကို တိုက်ရိုက်ဖစ်စေမည့် အနတ္တအဆုံးအမ nonself motto များကို အပိုင်းများခွဲလျှက် တင်ပြအပ်ပါသည်။
မိမိလိုတာကို ယူပြီး မလိုဟုထင်သောအရာများကို ပယ်နုတ်ကြပါကုန်။ လွယ်လွယ်နဲ့ လက်ခံဖို့မသင့်သလို လွယ်လွယ်နှင့်လည်း မပစ်ပယ်ဖို့တော့ လိုအပ်ပါသည်။

အနတ္တအဆုံးအမများ (သို့) 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၁)

အဓိက ထားရမှာ နဲ့ မထားရမှာ

– လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
လုပ်ချင်တာကို အဓိကမထားနဲ့။

-ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
ဖြစ်ချင်တာကို အဓိကမထားနဲ့။

– သိသင့်တာသိဖို့ကိုသာ အဓိကထား၊
သိချင်တာကို အဓိကမထားနဲ့။

– အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။

– ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ရောဂါရှိမနေဖို့ကို အဓိကထားပါ။

ကံတူ အကျိုးပေး

-ပြုလုပ်သည့်အတိုင်းပင် အကျိုး ဖြစ်သည်။

-သတ်ဖြတ်ခြင်း၏အကျိုးသည် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

-ကဲ့ရဲ့ခြင်း၏အကျိုးသည် ကဲ့ရဲ့ခံရခြင်းဖြစ်သည်။

-အမျက်ထွက်ခြင်း၏ အကျိုးသည် အမျက်ထွက် ခံရခြင်းဖြစ်သည်။

-မည်သူ့ကိုမျှ ကြမ်းတမ်းသည့်စကားကိုမဆိုပါနှင့်၊
ကြမ်းတမ်းသည့်စကားကိုဆိုလျှင်ထိုနည်းတူပြန်ဆို ခံရလိမ့်မည်။

-ခိုက်ရန်စကားကြောင့်ဒုက္ခပွားများလာတတ်သည်။

-သူတစ်ပါးကို ဒဏ်ပြုလျှင် သင်လည်းဒဏ်ပြန်ခံရလိမ့်မည်။

-မကောင်းမှုသည် လတ်ဆတ်သောနို့ကဲ့သို့ လျင်မြန်စွာ ဖောက်ပြန်ပြောင်းလဲမသွားပေ၊
ပြာဖုံးထားသောမီးခဲကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းလျှက်
လူမိုက်၏နောက်သို့ အစဉ်လိုက်လေသည်။

(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်)

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

3 comments

  • mandalarthu

    January 4, 2012 at 8:34 pm

    ဟုတ်ပါတယ် True Answer ေ၇
    သိပ်ကိုတန်ဖိုးရှိတဲ ့ဓမ္မ အသိနဲ ့ဘဝနေနည်းကို လမ်းပြပေးထားတဲ ့စာစုလေးပါဘဲ။ကျေးဇူးပါနော်။
    ဘဝမှာ မျှော်လင် ့မထားတဲ ့အခြေအနေတွေနဲ ့ရင်ဆိုင်လာတဲ ့အခါမှာ
    မိမိစိတ်၏ နှလုံးသွင်းမှန်မှု- ယောနိသောမနသိကာရ ရှိမှသာ
    အရာအားလုံးကို ကောင်းကောင်း ဆိုးဆိုး ဟန်မပျက်
    တည်တည်ငြိမ်ငြိမ်နဲ ့ရင်ဆိုင်နိုင်မှာပါ။ အဲဒါကတော့ အဓိကပါဘဲ ဆိုတာ
    ကျွန်မကတော ့ ဒီနှစ်ဦး ပိုင်းလေးမှာ မှ ကိုယ်တွေ ့သိခဲ ့ရတယ်။
    “အဓိကထားရမည့်အရာကို အဓိကမထားတတ်ရင်တော့ မိမိ-စိတ်၏အဓိကထားမှုအမှား(ငြိတွယ်မှု ) မှ ပူလောင်ယောင်ယက်ခတ်အောင် အကုသိုလ်ဖြစ်အောင် ပြုလုပ်ပါတော့သည်။”
    အဲဒါကလည်း အမှန်ပါဘဲ။မိမိစိတ်ကို မှန်ကန်သော အမြင်နဲ ့နှလုံးသွင်းတတ်ဖို ့တကယ်ကို လို အပ်ပါတယ်။

  • windtalker

    January 4, 2012 at 9:06 pm

    “ အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
    စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။ ”
    မှန်လွန်း တဲ ့ကောင်းလွန်း တဲ ့စကားအဆိုအမိန် ့ပါပေဘဲ ခင်ဗျာ
    စိတ်ထဲ မှာ ရှင်းနေရင် လူ လည်း နေရထိုင်ရ အရမ်းအေးချမ်း မှ အမှန်ပါဘဲ ဗျို ့

  • kotun winlatt

    January 4, 2012 at 9:21 pm

    လိုက်နာနိုင်အောင် ကြိုးစားရမယ်ခင်ဗျာ….
    ကောင်းလွန်းလှတဲ့ လမ်းညွှန်ချက်တွေပါ…။

Leave a Reply