Window XP Speed မြန်အောင်လုပ်နည်း

agkyawthantMay 30, 20103min581

Window XP Speed မြန်အောင်လုပ်နည်း (၁)

ကျွန်တော်တို့ မိမိတို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာကို တစ်နေ့ထပ်တစ်နေ့ နှေးနှေးလာတယ်လို့ ခံစားရပါတယ်။ တကယ်တော့ စက်ဆိုတာလဲ လူလိုပါဘဲ ။ ခရီးဝေးသွားမယ်ဆိုရင် ပစ္စည်းတွေကို သယ်တဲ့နေရာမှာ အဓိကနဲ့ သာမည ခွဲခြားပြီ သယ်ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ အကုန်သယ်မယ်ဆိုရင်တော့ လေးတိလေးကန်နဲ့ ပတီကောင်းလို့ အီပဲ့အီပဲ့နဲ့ သွားနေရမှာပေါ့ ဒါကြောင့် အဲဒီလို့ အီပဲ့အီပဲ့ မသွားရအောင် အပြေးသမားလို့ ပြေးနိုင်အောင် ကျွန်တော် Window XP ကို ဘာတွေတွေ ဖြုတ် ဘာတွေတော့ တပ်စသည့်တို့ကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ် ။ ကျွန်တော်မှာ အချိန်ရှိသလောက် စုံအောင်ရေးပေးပါမည်။ ကျွန်တော်ပုုံတော့ မရိုက်တော့ပါဘူး။ နားမလည်လို့ မရှင်းရင် ကျွန်တော်ကို ဆက်သွယ်လိုက်ပါ။
နည်းလမ်း(၁)

Indexing Services ကို Disable ပေးနည်း

1. Start >> Control Panel >> Add/remove Programs ကို Double click လိုက်ပါ။
2. ကျလာတဲ့ Add/remove Programs Box မှ ဘယ်ဘက်မှာ ရှိတဲ့ Add / Remove Windows Components ကို click လိုက်ပါ။
3. Windows Components Wizard Box တစ်ခုထပ်ကျလာပါမည်။ Indexing Services ကို အမှန်ခြစ်ပေးထားက ဖြုတ်လိုက်ပါ။ မပေးထားရင် ဖြုတ်စရာမလိုပါ။ ပြီရင် Next ကို click လိုက်ပါ။ အလုပ်လုပ်ပါလိမ့်မည်။ ပြီရင် Finish ကို click လိုက်ပါ။ အဆင်ပြေကြပါစေ။
Read more: http://www.knowledgewar07.com/2009/08/window-xp-speed_26.html#ixzz0p7hDbmD8

Window XP Speed မြန်အောင်လုပ်နည်း (၂)

ကျွန်တော်တို့ Window XP အနေနဲ့ မလိုအပ်တာတွေကို ရှိနေရင် system resources ကို waste ဖြစ်စေပါတယ်။ ဒါကြောင့် မလိုအိပ်တာတွေကို ကျွန်တော်တို့ ဖြုတ်ထားလို့ ရပါတယ်။ အဲဒီအတွက် System ကိုတစ်စုံတစ်ရာ မထိခိုက်ပါဘူး။အခုကတော့ XP ပေါ်မှာ Visual Style တွေကို Disable ပေးလိုက်တာပါ။ ပုံစံလေးတော့ ပြောင်းသွားမှာဖြစ်ပါတယ်။

1. Start >> Control Panel >> System ကို click လိုက်ပါ။ System Properties Box ကျလာပါမည်။

2. Advanced Tab ကို click လိုက်ပါ။ Performance အကွက်မှ Settings ကို click လိုက်ပါ။ Performance Option တစ်ခုကျလာပါမည်။ အောက်မှာ ဖော်ပြထားသော စာများရှိတဲ့နေရာတွေကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီရင် OK နိုပ်ပါ။ အဆင်ပြေကျပါစေ။

– Show shadows under menus
– Show shadows under mouse pointer
– Show translucent selection rectangle
– Use drop shadows for icons labels on the desktop
– Use visual styles on windows and buttons
Read more: http://www.knowledgewar07.com/2009/08/window-xp-speed_9861.html#ixzz0p7jt61GL

Window XP Speed မြန်အောင်လုပ်နည်း (၃)

ကျွန်တော် ကွန်ပျူတာကို နေ့စဉ်သုံးနေရင် မလုပ်အပ်တဲ့ လုပ်ဆောင်မှုတွေကို ပိတ်ထားသင့်ပါတယ်။ ဒါမှလဲ ကွန်ပျူတာဟာ Speed မြန်မြန်နဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ မလိုအပ်တဲ့ Network Files နဲ့ Printers ကို ပိတ်ထားတဲ့နည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ပိ်တ်ရတာလဲဆိုရင် folder တစ်ခုကိုဖွင့်တဲ့အချိန်တိုင်း သူ့အနေနဲ့ လုပ်ဆောင်မှုကို ကြေငြာနေလို့ဖြစ်ပါတယ်။ ဒီ Network Files နဲ့ Printers ပိတ်ထားပေးမဲ့ Window Explorer ကို ဖွင့်တဲ့ အချိန်တိုင်း အလိုအလျောက် ကို Network Files နဲ့ Printers ကို ရှာဖွေပေးပါတယ်။ ဒါကြောင့် Folder တွေဖွင့်တဲ့အခါ လုပ်ဆောင်မှုမရှိအောင် Network Files နဲ့ Printers ကို ပိတ်ထားလိုက်တာ အကောင်းဆုံးပါ။

SPEEDUP FOLDER BROWSING

1. My computer ကို Open လိုက်ပါ။
2. Tools ကို click လိုက်ပါ။
3. View Tab ကို click လိုက်ပါ။
4. Automatically search for network folders and printers ကို ရှာပြီ အမှန်ခြစ်ဖြုတ်လိုက်ပါ။
5. Apply ကို click လိုက်ပါ။
6. Ok ကို click လိုက်ပါ။

Window XP Speed မြန်အောင်လုပ်နည်း (4)

ကျွန်တော် ကွန်ပျူတာ မြန်အောင် လုပ်နည်းတွေကို အဓီက တင်ပြနေပါတယ်။ ဘာလို့တင်ပြနေရတာလဲဆိုရင် ကိုယ်လေ့လားချင်တာကို လေ့လာဖို့ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို အမြဲ မြန်ဆန်နေဖို့လိုပါတယ်။ ဒါကြောင့် မိမိ ကွန်ပျူတာမှာ waste ဖြစ်နေတဲ့ အရာတွေကို ရှင်းထုတ်ဖို့လိုပါတယ်။ ဒါကြောင့် ရှိနိုင်တဲ့နေရာတွေကို ကျွန်တော် လေ့လာမီသလောက်တင်ပြပေးတာပါ။ ဒီနည်းကတော့ မိမိတို့ ကွန်ပျူတာမှာ folder တွေ အများကြီးရှိလာတာနဲ့အမျှ Window XP Directory အနေနဲ့ waste တွေကို တိုးလာစေပါတယ်။ အဲဒီလို တိုးပွားမှုတွေကို ရပ်တန့်ပြစ်အောင် ကျွန်တော်တို့ Registry ကို ထပ်ပေါင်းစရာလေးရှိလာပါပြီ ဒါပေးမဲ့ မကျွမ်းကျင်ဘူး စက်ကလဲ ပြောသလောက် မလေးရင်တော့ မစမ်းပါနဲ့ ။ ဘာလို့လဲဆိုတော့ Registry က အမှားမခံလို့ပါ။ လေ့လာချင်ရင်တော့ လုပ်လိုက်ပါ။ အမှားအယွင်းရှိနိုင်ရင် Registry ကို Backup လုပ်ထားသင့်ပါတယ်။ ဘာမှတော့ ပြ ဿနာ မတက်ပါ. ကျွန်တော်အသုံးပြုနေပါတယ်။ (>> ဒီသင်္ကေတက ကျွန်တော်တို့ ဘယ်မှ ဘယ်သို့ သဘောဖြစ်ပါတယ်။)

1. Start မှ Run ကို click လိုက်ပါ။ Regedit လို့ရိုက်ပြီ Enter ခေါက်လိုက်ပါ။
2. HEKY_LOCAL_MACHINE >> System >>CurrentControlSet >>Control >> Filesystem ကို click လိုက်ပါ။
3. ပြီရင် နေရာလွတ်မှာ Right Click ထောက်ပြီ ကျလာတဲ့ Box မှာ DWORD Value ကို click လိုက်ပါ။ ပြီရင် NtfsDisableLastAccessUpdate လို့ ရိုက်လိုက်ပါ။
4. ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာပေါ်မှာ Right click ထောက်ပြီ Modify ကို click လိုက်ပါ။ Value data ကို “1” လို့ ပြောင်းလိုက်ပါ။ ပြီရင် Ok ပေါ့။ ပြီပါပြီ။

Window XP Speed မြန်အောင်လုပ်နည်း (5)

ကျွန်တော် Window Xp Speed မြန်အောင် အတွက်ဘဲ ရေးဖြစ်နေပါတယ်။ အခုရေးမှာကလဲ ဒါဘဲ ဖြစ်ပါတယ်။ XP menu တွေ အလုပ်လုပ်တာ မြန်ဆန်လာအောင် သူ့ရဲ့ value ကို မြှင့်တင်ပေးလို့ရပါတယ်။ အဲဒီလို မြှင့်တင်ပေးချင်အားဖြင့် Menu တွေရဲ့ အလုပ်လုပ်ပုံကို မြန်လာစေတယ် ဆိုထားပါတယ်။ မိမိတို့ စမ်းကြည့်ပါ။ ဒါပေးမဲ့ ဘယ်တော့မှ မမေ့သင့်တာကတော့ Registry ကိုတော့ Backup လုပ်ထားသင့်ပါတယ်။ Registry က အမှားမခံလို့ပါ။
1. Start မှ Run (win keys+ R) ကို ဖွင့်လိုက်ပါ။

2. Regedit ကို ရိုက်ထည့်ပြီ Ok သို့မဟုတ် Enter ခေါက်ပါ။

3. HKEY_CURRENT_USER >> Control Pannel >> Desktop စတဲ့အတိုင်း အဆင့်ဆင့်ဝင်လိုက်ပါ။

4. ပြီရင် ညာဘက်မှာ ပေါ်နေတဲ့ အထဲက MenuShowDelay ကိုရှာလိုက်ပါ။ပြီရင် Right click ထောက်လိုက်ပါ။ Modify ကို Select လုပ်လိုက်ပါ။ ပြီရင် Reduce Number ကို 100 လို့ပြောင်းပေးလိုက်ပါ။ မှုရင်းအတိုင်း တွေ့ရမှာက ‘0’ ဖြစ်ပါတယ်။ (ကျွန်တော် Registry ကို လေ့လာတဲ့နေရာမှာ နှစ်မျိုးသွားတွေ့ပါတယ်။ တစ်နေရာက 50 ကနေ 100အတွင်းလို့ ဆိုထားပါတယ်။ တစ်နေရာကတော့ Menu Show Delay က 400 ဖြစ်သင့်တယ်လို့ဆိုထားပါတယ်။)

5. ပြီရင်တော့ 0k ပေါ.။

Source : http://www.knowledgewar07.com  မှ

ပြန်လည်ကူးယူတင်ပြပါသည်။ ကျေးဇူးတင်စကားပြောမယ်ဆိုရင်

www.knowledgewar07.com ကို ပြောပေးပါ ခင်ဗျာ။

One comment

  • မန်း ရိပ်

    August 23, 2010 at 1:29 pm

    အခုလို ပညာဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါပဲ

Leave a Reply