N+ 040112 အသင်းအဖွဲ့များနဲ့ဒီမိုကရေစီ

natureJanuary 4, 20121min483

ယနေ့မြန်မာနိုင်ငံရှိအသင်းအဖွဲ့များဟာလည်း ဒီမိုကရေစီစံနစ်ကို စတင်ကျင့်သုံးသင့်ပြီလို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အသင်းအဖွဲ့အများစုဟာ အီးစီ များရဲ့ အာဏာရှင်ဆန်တဲ့ သင်းဖွဲ့စည်းမျဉ်းတွေကြောင့် အသင်းသားအများစုရဲ့ အခွင့်အရေးများဆုံးရှုံးနေကြပြီး အသင်းရဲ့လှုပ်ရှားမှုများမှာလည်း အသင်းသားများဟာ စိတ်ပါဝင်စားမှုလျှော့နည်းနေကြပါတယ်။အသင်းရဲ့စည်းကမ်းတွေကို ကြောက်ကြောက်နဲ့လိုက်နာနေရပါတယ်။

အထူးသဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်ဟာ အီစီအဟောင်းတွေရေးဆွဲခဲ့တဲ့ အာဏာရှင်ဆန်တဲ့သင်းဖွဲ့စည်းမျဉ်းတွေကို ဆက်လက်သုံးစွဲနေကြပါတယ်။ အသင်းရဲ့စည်းကမ်းတွေဟာ အီးစီတွေသဘောကျရေးဆွဲ ကြပြီး အသင်းသားတွေရဲ့ အခွင့်အရေးကို ဆုံးရှုံးစေပါတယ် ။ သင်းဖွဲ့စည်မျဉ်းမှာ အသင်းသားများသည် အသင်း၏စည်းကမ်းများကို လိုက်နာရန်တာဝန်ရှိပြီး မလိုက်နာက အသင်းမှထုတ်ပယ်ခြင်းခံရမည်လို့ပါပါတယ်။

အသင်းမှထုတ်ပယ်ဖို့ကိုလည်း အီစီတွေကပဲ ဆုံးဖြတ်ပါတယ်။ ထုတ်ပယ်ခံရမဲ့သူက ဝိတ်ပါလာရင်တော့ သူတို့အပြစ်လွတ်အောင် အသင်းသားတွေကို အစည်းအဝေးခေါ်တတ်ပါတယ်။ စည်းကမ်းလိုက်နာတာကတော့ကောင်းပါတယ်။ ဒါပေမဲ့ဒီစည်းကမ်းတွေ အီးစီတွေသဘောကျထုတ်ပြီး စည်းကမ်းမလိုက်နာရင် အသင်းကထုတ်မယ်ဆိုတာကို ကျွန်တော် နားလည်သလိုဘာသာပြန်ရရင်တော့ ငါ့စကားနားထောင် ၊ နားမထောင်ရင်အသင်းကထုတ်မယ်။အသင်းကထုတ်ရင် ဒိုင်ကိုလာပြီးအရောင်းအဝယ်လုပ်ခွင့်မရှိ။အရောင်းအဝယ်မလုပ်ရရင်ထမင်းငတ်သွားမယ်။ အတိုချုပ်ရရင်တော့ ငါ့စကားနားမထောင်ရင် မင်းတို့ထမင်းအိုးကွဲသွားမယ်ဟူသော ခြိမ်းခြောက်မှုကြီးဟုထင်မြင်မိပါသည်။

စည်းကမ်းလိုက်နာတယ်ဆိုတာကတော့ကောင်းပါတယ်။ ကွမ်းတံတွေးထွေးတယ်ဆိုတာ မကောင်းပါဘူး။ဒဏ်ရိုက်သင့်ပါတယ်။ ဒါပေမဲ့ကွမ်တံတွေး ၃ခါထွေးရုံနဲ့တော့ အသင်းကမထုတ်ပြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒိုင်စည်းကမ်းမှာ ကွမ်းတံတွေး ပထမအကြိမ်ထွေးရင် ဒဏ်ငွေ ၅၀၀ဝ ကျပ်၊ ဒုတိယ အကြိမ်ထွေးရင်ဒဏ်ငွေ ၁၀၀၀ဝ ကျပ်၊ တတိယအကြိမ်ထွေးလျှင် အသင်းမှ ထုတ်ပယ်မည်လို့တရားဝင်ရေးထားပါတယ်။ ကွမ်းတံတွေးကိုလည်း ၅၀၀ဝကျပ်ပေးပြီးထွေးရလောက်အောင် ချမ်းသာသူလည်းမရှိပါဘူး။ ဒါကိုပဲ ၃ကြိမ်ထွေးရင် အသင်းကထုတ်ပယ်မယ်။ သဘောကတော့ ကွမ်းတံတွေး ၃ကြိမ်ထွေးရင် မင်းတို့ထမင်းအိုးကွဲသွားမယ်ပေါ့။ စည်းကမ်းတိုင်းရဲ့နောက်ဆုံးမှာ အသင်းကထုတ်ပယ်မည်ဆိုတဲ့ခြိမ်းခြောက်မှုကြီးကိုထည့်တတ်ပါတယ်။

ပဲလောကမှာ တလောက ဇော်ငယ်လိမ်တဲ့အကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဇော်ငယ်ဟာကုန်စည်ဒိုင်အပြင်ဖက်မှာ ကြိုရောင်းကြိုဝယ် ၊ ပဲချေး၊ ပဲပေါင်၊ ငွေချေး စတာတွေကိုလုပ်နေတဲ့သူဖြစ်ပါတယ်။ သူရဲ့လိမ်လည်မှုမှာ ကုန်စည်ဒိုင်မှာလာရောက်ရောင်းဝယ်နေတဲ့သူတွေထိတာနဲပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးအစည်းအဝေးခေါ်ပါတယ်။ စည်းကမ်းတွေထုတ်ပါတယ်။ ပိုင်ဆိုင်မှုကိုတင်ပြရမယ်ဆိုတာ ၊ စာချုပ်နဲ့သာအရောင်းအဝယ်လုပ်ရမည်ဆိုတာကတော့ ကောင်းပါတယ်။စာချုပ်တွေကို အီးစီတွေရှေ့မှာချုပ်ရမယ်ဆိုတာကတော့ တော်တော်ခက်ပါတယ်။

2005 ခုနှစ် ဝန်းကျင် ဒိုင်က အီးစီအဟောင်းတွေလက်ထက်တုန်းက မသိနားမလည်၍လား ၊ ဒိုင်မှထုတ်ပယ်ခွင့်အာဏာကြောင့် တရားသူကြီထက်ပင်ဩဇာကြီး၍လားတော့မသိပေ။ ခပ်တည်တည် ရာဇဝတ်မှုမကင်းသော စည်းကမ်းချက်များကိုပင်ချမှတ်၍ အသင်းသားများကို လိုက်နာစေခဲ့ပါသည်။ မမှန်သော အလေးတင်းတောင်းများကို လိုက်နာရန်စည်းကမ်းထုတ်ခဲ့ခြင်းပင်ဖြစ်သည်။ အသင်းသားများမှာမသိနားမလည်သူများ၍ တညီတည်းဖြစ်လျှင်ပြီးရောဟုသဘောတူညီသူများရှိသလို သိနားလည်သောသူများကလည်း တိုင်တန်းပါက ရာဇဝတ်မှုမြောက်မမြောက်မသေချာသော်လည်း လောလောဆယ်ထမင်းအိုးကွဲမည်ကတော့ သေချာနေသဖြင့် မလှုပ်ရဲကြချေ။ နောက်ပိုင်းတွင်တော့ဒါကို သိ၍လားမသိထိုစည်းကမ်းမှာ ပျောက်သွားခဲ့ပါသည်။

ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ ဒါကြောင့် အာဏာရှင်ဆန်တဲ့ ၊ အသင်းသားများ၏ အခွင့်အရေးကို ဆုံးရှုံးစေတဲ့ ၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ သင်းဖွဲ့စည်းမျဉ်းများကို ဒီမိုအရေစီစနစ်ဖြင့် အသင်းသားများကပါဝိုင်းဝန်း၍ သင်းလုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အသင်းသားများ၏ လျှို့ဝှက်ဆန္ဒမဲဖြင့် အသစ်ရေးဆွဲ ကြစေလိုပါသည်။

 

https://myanmargazette.net/90448/creative-writing

 

3 comments

  • windtalker

    January 4, 2012 at 7:18 pm

    အဖြစ်သင့်ဆုံး ပါဘဲ ၊ ဘုရင့်နောင် ကုန်စည်ဒိုင် တင်သာမက ၊ မန်းတလေးဒိုင် ၊ မုံရွာဒိုင် ၊ မကွေး ၊ မိတ္ထီလာ ပခုက္ကူ အို..တစ်နိုင်ငံ လုံး က ဒိုင် တွေ အကုန်လုံး ၊ သမာသမတ်ရှိရှိ အုပ်ချုပ်ကြဘို ့လိုအပ်နေပါပြီ ဗျို ့

  • MaMa

    January 4, 2012 at 7:38 pm

    နေရာတိုင်းမှာ (အထူးသဖြင့်) အသင်းအဖွဲ့တွေလို လူအများစုပေါင်းပါဝင်တဲ့ နေရာတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုတွေရှိမှသာ အဖွဲ့အစည်းအနေနဲ့ အောင်မြင်နိုင်ပါတယ်။
    အသင်းသူားများကို အသင်းရဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်လာအောင် စည်းရုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
    ခေါင်းဆောင်ပိုင်းက သပ်သပ်၊ အသင်းဝင်တွေက သီးသန့်ဖြစ်နေမယ်ဆိုရင် အောင်မြင်တဲ့ အသင်းမဖြစ်နိုင်ပါဘူး။

  • ဦးဦးပါလေရာ

    January 5, 2012 at 1:00 am

    ဒီနိုင်ငံမှာကတော့ လူများစုလုပ်တတ်တာက ကိစ္စကြီးငယ်ပေါ်လာတိုင်း စည်းကမ်းသစ်ထုတ်လိုက်၊ လုပ်ထုံးလုပ်နည်းတွေ ဆွဲဆန့်လိုက်၊ နောင်ပြဿနာမဖြစ်အောင်ဆိုပြီး ကြွက်မနိုင်ကျီမီးနဲ့ရှို့လိုက် – နဲ့ မရောင်ရာဆီလူးတတ်တာပါပဲ။

    ပဲဘိုးလိမ်တဲ့ကိစ္စတခုထဲအပေါ်ပြောရရင် လိမ်သူပဲ တာဝန်ရှိပါတယ်။ အဲဒါ လိုက်ဖမ်းလေ။ ပြီးတော့ သင့်လျှော်တဲ့ အပြစ်ပေးလေ။

    ဒုတိယ တာဝန်ရှိတာကတော့ အခွန်ထမ်းပြည်သူတွေရဲ့ ဥစ္စာစည်းစိမ်ကို တရားသဖြင့် အကာအကွယ်ပေးရမယ့်…….

Leave a Reply