ဗဟုသုတလေးများမှ(၁)

aye.kkJanuary 4, 20121min10410

ကျမငယ်ငယ်က ကျောင်းပိတ်ရက် ညနေခင်းရောက်လျှင် ဘကြီးအိမ်ရှေ့ ဝရန်တာအုတ်ခုံလေးတွင် အမြဲထိုင်ပါသည် ၊ ညနေ(၅)နာရီလောက် ဈေးမှဆိုင်သိမ်းပြီး ပြန်လာလေ့ ရှိသောအမ(လီလီ)တစ်ယောက်က တစ်လမ်းတည်းနေကြသဖြင့် အမြဲလိုလိုတွေ့ ့မြင်နေပါသည် ၊ ထူးခြားသည်မှာ အမလီလီလမ်းလျှောက်နေပုံကား အများနှင့်မတူ တစ်မူထူးနေ၍ ဖြစ်ပါသည် ၊ တစ်ရက်လျှင်မနေနိုင်ရကာ ဘကြီးဖြစ်သူအား စူးစမ်းမေမြန်းမိပါသည် ။ ဘဘကြီးအား အမ(လီလီ)လမ်းလျှောက်လာသည်ကိုမြင်လျှင် ခေါ်၍ပြမိပါသည် ၊ အဲဒီအမကလမ်းလျှောက်လျှင်(ရှေ့ထွက်ဘယ်ချေ၊ညာလက်ကားကာ) ချေကားလက်ကားဖြင့် သွားသည် ဘာလို့အများနှင့်မတူရတာလဲဟု မေးသောခါ ၊ ဘဘကြီးက ဘဲလေးတွေလမ်းလျှောက်လျှင် မည်သို့ပုံစံနှင့်လျှောက်တာ မြင်မိသလဲဟုမေးပါသည် ကျမက ချေထောက်ကားပြီးသွားတတ်ကာ တောင်ပံလဲကားတတ်သည် ဟုအမြင်ကိုပြောပြမိပါသည် ၊ ထိုအခါတွင် ဘဘကြီးကရှင်းပြပါသည် ၊ ကျမ်းတခုတွင်ဖတ်သိဘူးကြောင်း လူမှာဤသို ့ဘဲသွားပုံနှင့်အလွန်တူပါက ထိုသူသည် အိုးအိမ်ပိုင်ဆိုင်ကာမနေရတတ်ကြောင်း ပြောပြပါသည် ကျမကတကယ်လားဟု ဘဘကြီးအား မေးလျှင် သမီးကြီးလာသည်ထိ စောင့်ကြည့်ပါ အိမ်ပိုင်နှင့်နေရမရ မြင်သိရမှာပါဟု ပြောပါသည် ထိုအချိန်ကအမ(လီလီ)သည် မိဘများနှင့်အတူနေထိုင်ကာ မျိုးရိုးမှာပညာတတ်ကာ စဉ်ဆက်ချမ်းသာသူ မိသားစုလဲဖြစ်ပါသည် ၊ အမ(လီလီ)တို့သည် ချမ်းသာစွာနေကြသူများလဲ ဖြစ်ကာဟုတ်မဟုတ်အား သိချင်စိတ်ပြင်းပြမိကာ ဘဘကြီးပြောပြသော ဗဟုသုတအား မှတ်မှတ်ရရ စိတ်ထဲထားမိခဲ့ပါသည် ။ ကျမအရွယ်ရောက်၍အလုပ်ရသောခါ ကျမနေထိုင်ရာ မြို ့လေးသို့အလည်တစ်ခေါက် လာပြန်လည်ပါသည် ၊ ဘဘကြီးပြောပြထားသောာစကားအား လည်းဟုတ်မဟုတ် အမြဲသိချင်နေစိတ်ပြင်းပျနေခဲ့မိပါသည် ၊ အမ(လီလီ)ကား အိမ်ထောင်ကျကာ သားသမီးများပင် ဘွဲ ့ရကျောင်းပြီးကြကုန်ပြီ ဖြစ်ပါသည် ၊ တစ်ပိုင်းတည်းနေ တစ်ရပ်ကွက်တည်းဖြစ်ကာ တစ်လမ်းတည်းနေသူများ လည်းဖြစ်ကြ၍ အမ(လီလီ)အားမိဘအိမ်မှာနေနေသည် ကိုမြင်တွေ ့မိပါသည် ။ ကျမမှာအားတုံ့အားနာစွာဖြင့်ပင်အမ(လီလီ)အား မနေနိုင်ရကာ အမအခုအိမ်ဆောက်ထားပြီးပြီလား ဟုမေးမိလျှင် အမကရှက်ရမ်းမိစွာဖြင့်ပင် အခုသားတွေကအိမ်ဆောက်ပေးမည်လို့တော့ ပြောပါသည်ဟုပြောပြကာ ဘာမျှဆက်မပြော တော့သဖြင့်ကျမလဲ စကားစပြတ်ကာ ကြောင်အမ်းအမ်းနှင့် ဖြစ်သွားရပါသည် ။ ဪ..ကျမသည်ပင်လျှင်ဇရာသို့ကပ်ခဲ့ပြီ ၊ အမ(လီလီ)ကား နေထိုင်ရာမိဘအိမ်၌ အရိုးထုတ်အထိနေသွားပေတော့မည်၊ ပြောပြသူဘဘကြီးသည်တောင် ဆုံးပါးခဲ့ပေပြီတကား..။ ဘဘကြီးသည်ကား စာပေကျမ်းဂန်နှံ ့စပ်လွန်းသည့်အပြင် စစ်ပြီးကာလကျောင်းပြီးခဲ့သူတစ်ဦး လည်းဖြစ်ကာ အကျင့်သီလ ဖြူစင်ကာ ကြာလိုလူ တစ်ဦးလည်းဖြစ်ပါသည် ။ သူပြောပြခဲ့သောဗဟုသုတ များစွာပင်ရှိပါသည် အချိန်နှင့်အခြေနေအရ ဖော်ပြရေးသား ချင်ပါသည် ၊ စာဖတ်သူတို့နှစ်သက်မှုမရှိပါက များစွာခွင့်လွတ်ကြပါကုန်..။

10 comments

  • windtalker

    January 4, 2012 at 7:13 pm

    တစ်ကျောင်း တစ်ဂါထာ ဆိုသလို ပေါ့နော်
    ဘာဘဲဖြစ်ဖြစ် ဗဟုသုတ တိုးရပါတယ် ။
    ကျုပ် မိတ်ဆွေ ငပေါက်ဖော် ဆိုရင် လမ်းလျှောက်တော့မယ် ပြင်လိုက်ရင် တစ်ကိုယ်လုံး ကို ၃၆ဝ ဒီဂရီ လောက် လှည့်ပြီးမှ စလျှောက်တာ ကလား ။

  • Khin Latt

    January 4, 2012 at 7:28 pm

    အစ်မအေး ရေ –
    ဘဲလို လမ်းမသွား ဘဲ ပုံမှန် သူလို ငါလို သွား တဲ့ သူ တွေ ထဲမှာလဲ ရိုးသားလွန်းရင် အိမ်ပိုင် မရှိ ကြသူတွေ ရှိနေတော့ လဲ ……………..
    နောက်ပြီး အစ်မလီလီ က သူ့မိဘ အိမ်မှာ နေရတာ ပိုပြီး အားသန်လို့ သူ့ကိုယ်ပိုင်အိမ်အတွက် ဆန္ဒမပြင်းသလားဘဲ။
    ဘဘကြီး ရဲ့ ဗဟုသုတကို ဆန့်ကျင်ပြောတာ မဟုတ်ပါဘူး။ တစ်ဖက်က တွေးကြည့်တာပါ။
    သူကြီး က “သူမတူသော အတွေးဖြင့် ရေးရ မည်” လို့ ပြောထားလို့။ (သူကြီး ကို လွှဲချသည်) 😉
    ဒါပေမဲ့ အဲဒီ “သူမတူသော အတွေးဖြင့် ရေးဆိုတဲ့ motto” ဘယ်ရောက်သွားလဲမသိ…….

  • water-melon

    January 4, 2012 at 7:30 pm

    မော်ဒယ်တွေ catwalk ကတော့ရော
    ဘယ်လိုမြင်လဲဟင်
    ကျွန်တော် သိတဲ့ ကားယားကားယား ကတော့………

  • weiwei

    January 4, 2012 at 7:37 pm

    ကျွန်မအဖေနဲ့ ကျွန်မနဲ့ ပုံစံတူ ဘဲသွားသွားတဲ့သူတွေပဲ …
    အိမ်ပိုင်တွေ တစ်လုံးမက (ကြွားတာမဟုတ်ပါ :P) ရှိပါတယ် …
    တစ်ဖက်ကလှည့်တွေးရင်တော့ ဘဲသွားသွားတာ ဘယ်လိုမှကြည့်မကောင်းပါဘူး … အဲဒီတော့ လူကြီးတွေက ကလေးတွေကို အဲဒီလိုမသွားစေချင်လို့ ခြောက်လှန့်တဲ့သဘောနဲ့ ပြောခဲ့တာဖြစ်ပါလိမ့်မယ် …

  • kotun winlatt

    January 4, 2012 at 7:43 pm

    ဗဟုသုတဆိုလို့ ကျနော်သိတဲ့ ဗဟုသုတအကြောင်းလေးပြောချင်တယ်..
    ဒါပေမယ့် မပြောတော့ပါဘူးဗျာ နောက်မှပို့စ်တစ်ပုဒ်အနေနဲ့ရေးတော့မယ်..။

  • MaMa

    January 4, 2012 at 7:58 pm

    ဗဟုသုတ ရပါတယ် မအေးရေ။
    ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့ ဆုံးဖြတ်လို့ မရနိုင်ဘူးလို့ ထင်မိတယ်။
    နောက်ထပ် အဲလို ဗဟုသုတလေးတွေ ရှိရင်လည်း သိချင်ပါတယ်။

  • Thel Nu Aye

    January 4, 2012 at 8:27 pm

    များသောအားဖြင့်ရှေးလူကြီးတွေကသူတို့မလုပ်စေချင်တာကိုတိုက်ရိုက်မပြောပဲအခုလိုသွယ်ဝိုက်ပြောလေ့ရှိပါတယ်။ ဥပမာ-အရင်တုန်းကဟင်းချက်ရင်မြေအိုးတွေနဲ့ချက်တော့စလောင်းဖုံးကမြေနဲ့လုပ်ထားတာကို ကလေးတွေကယူယူတီးတော့မြေစလောင်းဖုံးတွေခဏခဏကွဲတယ်။ အဲတော့စလောင်းနှစ်ချပ်တီးရင်ကျား လာမယ်လို့ခြောက်တော့ကလေးတွေကမတီးတော့ဘူး။ အဲလိုပဲထမင်းစားပြီးပြီးချင်းရေချိုးရင်အ စာမြန်မြန်ကျေပါတယ်။ ခဏနေထမင်းပြန်ဆာပါတယ်။ အဲဒီတော့ ထမင်းစားပြီးပြီးချင်းရေချိုးရင်ရေ ဖျဉ်းစွဲတတ်တယ်ဆိုပြီးပြောတော့ဆန်သက်သာရောပေါ့။ အဲလိုလေးတွေရှိပါတယ်။ ဒါပေမဲ့ရှေးထုံးလဲမပယ်နဲ့ ဆိုရိုးရှိလေတော့အရာရာကိုစဉ်းစားချင့်ချိန်ပြီးယုံကြည်ဆောင်ရွက်တာကောင်းပါတယ်။

  • aye.kk

    January 5, 2012 at 4:27 am

    ကိုဝင်းတော့ကာ,မလတ်,water,weiwei,kotun,mama,thel nu aye, တို့အားလုံး
    အခုလိုဝိုင်းပြီးဝေဖန် အကြံညဏ်ပေးတာ ကျေးဇူးပဲနော် ၊ ငယ်ငယ်ကစိတ်ထဲသိချင်တာတွေမှန်သမျှ
    အမေးမြန်းတအားထူလို့ ဘကြီးက(စာကလေး)မောင်လူအေးထက်ဆိုးတဲ့ကောင်မလေးတဲ့
    နှိုက်နှိုက်ချွတ်ချွတ်လဲအရမ်းမေးတတ်ခဲ့ဘူးပါတယ် ၊ သိခဲ့ဘူးတဲ့ဗဟုသုတလေးတွေ ထပ်မံရေးသားချင်ပါတယ် အားလုံးရဲ ့အမြင်လေးကိုလည်းစိတ်ဝင်စားပါတယ်ဆိုတာပြောပြလိုက်ပါရစေ..။

  • thit min

    January 5, 2012 at 5:00 am

    လူကြီးတွေကအဲဒီစကားမျိုးတွေကို “ဖြစ်နိုင်ချေ” ဆိုတဲ့အခြေခံပေါ်မှာ သူတို့ရဲ့အတွေ့အကြုံအရ
    ကြားဘူးနားဝအရပြောလေ့ရှိကြပါတယ်။၁၀၀% မှန်မယ်လို့မပြောနိုင်ဘူးပေါ့နော်။
    ဖိနပ်ကိုရှပ်တိုက်စီးရင် ဆင်းရဲတာရှည်တယ်လို့ပြောကြတာလဲကြားဘူးတယ်။
    အဲဒီအကျင့်ရှိတဲ့ကျနော့ သူငယ်ချင်းတယောက်တော့ ပိုက်ဆံချမ်းသာပါတယ်။
    ဒါပေမဲ့ ပေါ့ပေါ့နေတတ်တော့ ပိုက်ဆံရှာလိုက်အပျော်အပါးတွေလုပ်လိုက်နဲ့ အဓိပ္ပယ်မဲ့လှတဲ့
    ဘဝ ပေါ့ပေါ့ကြီးကိုတော့ မြင်နေရသလိုပါဘဲ။ ကျနော့အမြင်လေးပါ။

  • aye.kk

    January 5, 2012 at 5:51 am

    ကိုသစ်ရဲ ့အမြင်လေးကိုသိခွင့်ရတာကျေးဇူးပါ..
    ကျမငယ်ငယ်တုံးကလေချေနင်းလျှောက်သံတအားပြင်းတယ်..
    အမေတို့ကဆင်းရဲတာရှည်မယ်ဖြေးဖြေးနင်းလျှောက်ပေါ့နော်..
    ကြီးလာတော့ဝန်ထမ်းလုပ်မိခဲ့တယ်..
    အခွင့်ရေးမယူတတ်ခဲ့တော့..ပါတ်ဝန်းကျင်နဲ့မိသားစုတွေရဲ ့ဝေဖန်ပြစ်တင်ခံရတယ်
    မိဘလက်ထက်နဲ့အခုဘဝကမိုးနဲ့မြေဆိုသလိုပါဘဲကွာခြားခဲ့ပါတယ်..အားလုံးကကိုယ်ပြုတဲ့ကံတရား
    အပေါ်လိုက်ပြီးပြောင်းလဲနေတယ်လို့လဲထင်မြင်နေမိပါတယ်…။

Leave a Reply