စာရေးရမှာ အလွန်အင်မတန်ပျင်းပေမယ့် ဂေဇက်သူငယ်ချင်းတို့အတွက် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပြောပြပေးချင်ပါတယ် ဆင်ခြင်နိုင်ရအောင်ပါခင်ဗျာ

အဖြစ်ကဒီလိုဗျ – လွတ်လပ်ရေးနေ့ ဒီနေ.မနက်ကပေါ့ အိမ်မှာ ဆီကုန်သွားလို့ဈေးသွားပြီး ဝယ်တယ် ဈေးထဲကကုန်စုံဆိုင်မှာ ဆီဈေးမေးတော့ ပဲဆီသန့်က —-၊ စားအုန်းဆီက —–၊ စသည်ဖြင့်ပေါ့ ဒါနဲ့ဆိုင်မှာတင်ထားတဲ့ရန်ကုန်ပဲဆီသန့်ကို မျက်လုံးရောက်သွားပြီး ကိုယ်တတ်နိုင်တဲ့အတိုင်းအတာ ပုလင်းဈေးလေးမေးလိုက် တော့ ၂၃၀၀ိ/- တဲ့ ကျနော်လည်း ၁၀၀၀ တန် ၂ ရွက် ၅၀၀ တန် ၁ ရွက် ထုတ်ပေးပြီး အအမ်း ၂၀၀ ပြန်ယူလိုက်တယ်၊ အိမ်ရောက် တော့ ထုံးစံအတိုင်း ပဲူပုတ်လေးဆီဆမ်း ထမင်းလေးနဲ့လွေးတော့တာပေါ့ ဒီထိတော့ ဘာမှပြဿနာမရှိသေးပါဘူး ပြီးတော့ ဟင်းတွေဘာတွေချက်ပေါ့ ဒါနဲ့ တစ်နေ့ခင်းကုန်သွားတယ်ဆိုကြပါတော့ ညနေ ၇ နာရီ ညစာထမင်းစားမယ်ဆိုပြီး မီးဖိုချောင်ဝင်တော့ အမှတ်မထင် ရန်ကုန်ပဲဆီသန့် ပုလင်းဋ္ဌကည့်မိတော့ အောင်မြတ်ငီး ပုံပါအတိုင်းပါပဲ ခဲနေလိုက်တာ မနက်က သူမဟုတ်တဲ့အတိုင်းပဲ ပြန်စဉ်းစားကြည့်မိတယ် ဘာတွေဖြစ်ကုန်ပြီလဲ ? ဘယ်အရာကမှားတာလဲ? ဆိုင်မှာဝယ်တုန်းကလည်း ပါကင်မပျက်ပါဘူး ဒါဆို——- အော် စီးပွါးရေးသမားတွေအတော်ကြောက်ဖို့ကောင်းတာပဲ
ဘယ်သူမပြုမိမိမှု ဒါက ကျနော့်အပြစ်ပါခင်ဗျာ

About ဖိုးထောင်

has written 22 post in this Website..