ရန်ကုန်ပဲဆီသန့်(သို့မဟုတ်)စားအုန်းဆီ

ဖိုးထောင်January 4, 20121min17011

စာရေးရမှာ အလွန်အင်မတန်ပျင်းပေမယ့် ဂေဇက်သူငယ်ချင်းတို့အတွက် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပြောပြပေးချင်ပါတယ် ဆင်ခြင်နိုင်ရအောင်ပါခင်ဗျာ

အဖြစ်ကဒီလိုဗျ – လွတ်လပ်ရေးနေ့ ဒီနေ.မနက်ကပေါ့ အိမ်မှာ ဆီကုန်သွားလို့ဈေးသွားပြီး ဝယ်တယ် ဈေးထဲကကုန်စုံဆိုင်မှာ ဆီဈေးမေးတော့ ပဲဆီသန့်က —-၊ စားအုန်းဆီက —–၊ စသည်ဖြင့်ပေါ့ ဒါနဲ့ဆိုင်မှာတင်ထားတဲ့ရန်ကုန်ပဲဆီသန့်ကို မျက်လုံးရောက်သွားပြီး ကိုယ်တတ်နိုင်တဲ့အတိုင်းအတာ ပုလင်းဈေးလေးမေးလိုက် တော့ ၂၃၀ဝိ/- တဲ့ ကျနော်လည်း ၁၀၀ဝ တန် ၂ ရွက် ၅၀ဝ တန် ၁ ရွက် ထုတ်ပေးပြီး အအမ်း ၂၀ဝ ပြန်ယူလိုက်တယ်၊ အိမ်ရောက် တော့ ထုံးစံအတိုင်း ပဲူပုတ်လေးဆီဆမ်း ထမင်းလေးနဲ့လွေးတော့တာပေါ့ ဒီထိတော့ ဘာမှပြဿနာမရှိသေးပါဘူး ပြီးတော့ ဟင်းတွေဘာတွေချက်ပေါ့ ဒါနဲ့ တစ်နေ့ခင်းကုန်သွားတယ်ဆိုကြပါတော့ ညနေ ရ နာရီ ညစာထမင်းစားမယ်ဆိုပြီး မီးဖိုချောင်ဝင်တော့ အမှတ်မထင် ရန်ကုန်ပဲဆီသန့် ပုလင်းဋ္ဌကည့်မိတော့ အောင်မြတ်ငီး ပုံပါအတိုင်းပါပဲ ခဲနေလိုက်တာ မနက်က သူမဟုတ်တဲ့အတိုင်းပဲ ပြန်စဉ်းစားကြည့်မိတယ် ဘာတွေဖြစ်ကုန်ပြီလဲ ? ဘယ်အရာကမှားတာလဲ? ဆိုင်မှာဝယ်တုန်းကလည်း ပါကင်မပျက်ပါဘူး ဒါဆို——- အော် စီးပွါးရေးသမားတွေအတော်ကြောက်ဖို့ကောင်းတာပဲ
ဘယ်သူမပြုမိမိမှု ဒါက ကျနော့်အပြစ်ပါခင်ဗျာ

11 comments

  • pasi

    January 4, 2012 at 7:46 pm

    တကယ့်အဖြစ်အပျက်လေးပါခင်ဗျာ တရားခံအမှန်ကတော့ ဘယ်သူလဲမသိပါဘူး

  • kotun winlatt

    January 4, 2012 at 8:04 pm

    ဒါတွေမပြောတော့ပါဘူးးး အဲ့တာတွေမပြောတော့ပါဘူးးး

  • windtalker

    January 4, 2012 at 9:26 pm

    ပက်စီ လား ပစိ လား ပေစိ လား ( အသံမထွက်တတ်ပါသဖြင့် )
    အကောင်းဆုံး နည်းလမ်းကတော့
    အသိမိတ်ဆွေ ဆီစက်ပိုင် ဆီမှာ သွားပြီး မရောရသေးတဲ့ ဆီ ပေးပါ လို ့ပြောဝယ်တာ အကောင်းဆုံးပါဘဲ ။
    မိတ်ဆွေချင်း ဆိုတော့ ၊ ဘာမှ မဖြစ်လောက်တဲ့ အမြတ်အနည်းငယ် အတွက် အရောအနှော မပါတဲ့ ဆီသန် ့ကို ရမှာ ဖြစ်ပါတယ် ။
    တစ်ကယ်လို ့ဆီစက်ပိုင် အသိမရှိခဲ့ဘူး ဆိုရင် လည်း ၊ နီးစပ်ရာ ဆီစက်များမှာ သွားပြီး ၊ သေချာ ပြောဝယ် ရင် ရပါတယ် ။ ဈေးတော့ ပိုပေးရပါတယ် ။ မရောတဲ့ ဆီသန် ့ကို ရနိုင်ပါတယ်
    ဆီစက် ပိုင်ရှင်တွေ ကိုယ်တိုင် ပြောစကား အရ ၊ မရောဘဲ ရောင်းရင် သူတို ့အတွက် မကျန်လို ့၊ မရောမဖြစ် ရောကြပါတယ် တဲ့ ။
    ခင်မင်စွာဖြင့် အကြုံပြုသွားသူ
    မစ်စတာပေ

  • Thel Nu Aye

    January 4, 2012 at 9:56 pm

    အင်းရေလုံပြုတ်ပဲစားရတော့မယ်ထင်တယ်။ ဟိုဟာလဲဟိုဟာဖြစ်၊ ဒီဟာလဲဟိုဟာဖြစ်နဲ့။ စားစရာလဲဘာမှမရှိတော့ပါလား။ တောထွက်ပြီးသဘာဝသစ်ဥသစ်ဖုပဲစားမယ်ကြံတော့လဲတောကမရှိ။

  • ဦးဦးပါလေရာ

    January 4, 2012 at 11:59 pm

    စားအုန်းဆီအညံ့စားရောထားတာလဲ ဖြစ်နိုင်သဗျ။
    မရောရင်လဲ
    ဆီထွက်မလျှော့အောင် ဆီစက်မှာကတည်းက (ဆီကြိတ်တုန်းရောထည့်တဲ့) ရေ ကုန်အောင်မစစ်တာလဲပါနိုင်ပါတယ်။
    လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက ရေခဲသေတ္တာထဲထည့်တောင်မခဲတဲ့ နာမည်ကြီးတံဆိပ်တွေ ဒီနှစ်ထဲ အရည်အသွေးလျော့လာတာ တွေ့နေရပါတယ်။

  • လင်းဝေ

    January 5, 2012 at 10:56 am

    ရန်ကုန်ပဲဆီသန့် ဆိုပြီး အတိအလင်း လုပ်ရောင်းနေပြီး ဒီလို ရောတာတော့ လွန်လွန်းပါတယ်။

  • သားငယ်

    January 5, 2012 at 10:58 am

    အရည်အသွေးသာ လျှော ့လာတာ ဈေးနူန်းကတော့ တတ်တတ်လာလိုက်တာ …..ပြောကိုမပြောချင်ဘူး.

  • နွယ်ပင်

    January 5, 2012 at 11:08 am

    ဒါက ရန်ကုန်ပဲဆီသန့်က လုပ်တာဖြစ်သလို အတုထွက်တာလည်းဖြစ်နိုင်ပါတယ်
    အခုဟာက ရန်ကုန်ပဲဆီသန့်တို့ အမေထွားတို့လို့ ဆီတွေကို ဝယ်ပြီးရင် သုံးပြီးသား ဘူးခွံတွေကို
    ပြန်ဝယ်တယ်လေ အဲဒီတော့ အဲဒီဘူးခွံအလွတ်တွေကနေ အတုထွက်တာမျိုးရော မဖြစ်နိုင်ဘူးလား ………

  • မှော်ဆရာ

    January 5, 2012 at 11:34 am

    နာကတော့ ဘာမှ မပြောချင်တော့ဘူး
    အခုလောလောဆယ် စကိုင်းနက်ကို ဖုနေလို့
    ပျက်ပြန်ပြီ ရေအောက်ကြိုးတဲ့ ၂ ရက်လောက် ကြာပါဦးမယ်တဲ့
    ပလတ်စတစ်ကြိုးတွေနဲ့များ ဆက်ထားသလား အောင့်မေ့ရအောင် ပြတ်လွန်းတယ်

  • etone

    January 5, 2012 at 2:02 pm

    အင်း … ဘယ်လိုပြောရမလဲတောင် မသိပါဘူး … မနက်က မခဲတဲ့ဆီ .. အခုကျတော့လဲ ခဲတာ ဟုတ်လို့ … ။
    ရန်ကုန်ပဲဆီသန့်ကို တိုက်ရိုက်ဖုန်းဆက်ပြီး ကွန်ပလိန်းတက်ကြည့်ပါဦးလား ပေစိရေ ..

    ကုန်ပစ္စည်း ထုတ်လုပ်သူတွေနော် .. အတော်ခက်တယ် .. အထူးသဖြင့် စားသောက်ကုန် ရောင်းနေတဲ့ လူတွေ မလုပ်သင့် မလုပ်အပ်တာတွေ လုပ်တတ်ကြတယ် … ။ ရောင်းတတ်လျှင် အလှူစိတ်တောင်ဖြစ်ပါသေးသတဲ့ ဆိုတာ .. အခုနဲ့တော့ … မတူ။

    ကိုယ်ရော ဒီဆီ တကျော့ပြန်မစားရဘူးလို့ … တွေးများတွေးထားလေလျော့လား …. ။ ပေးရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ အရည်သွေးတော့ ရသင့်တာ အမှန်ပါပဲ .. ။ ပဲဆီစစ်စစ်မို့ ဈေးတင်မယ်ဆို .. တင်ပေါ့လေ … ။ မှီသလောက် ဝယ်သုံးကြမှာပါပဲ … ။

    ပဲဆီထဲ ဘာရောလိုက် ညာရောလိုက်နဲ့ .. ဟိုးတလောက ဆပ်ပြာမှုန့်ရောတယ်ဆိုလား … ကြားလိုက်ရသေးတယ် … ။ တော် ဘီ .. ရေလုံ ပြုတ်ပဲ ချက်စားဒေါ့မယ် 😆

  • york

    January 10, 2012 at 8:42 pm

    ကျွန်တော်ကတော့ရန်ကုန်ပဲဆီသန့်တာဝန်ခံဦးသန်ချောင်းပါ။ကိုပေစိ ရေ တစ်ခုခုတော့လွဲနေပြီ။ရန်ကုန်ပဲဆီသန့်သည်မြေပဲဆီစစ်စစ်ဖြစ်ကြောင်းအရောအနှောလုံးဝကင်းရှင်းကြောင်းအသက်နှင့်ရင်းပြီးအာမခံပါသည်။

Leave a Reply