သားတို့ရုပ်ရည်…

yannaingechMay 30, 20101min840

သူ့ငိုသံကြားမှ သင်ပျော်ရွှင်လိမ့်မယ်
သူအပေါ့သွားတိုင်း သင်ဝမ်းသာလိမ့်မယ်
သူအလေးသွားမှ သင်စိတ်အေးလိမ့်မယ်
တစ်ညကိုလေးကြိမ် သူ့အတွက် သင်အိပ်ယာကနိုးလိမ့်မယ်
နှစ်နာရီခြားတစ်ခါ သူ့ကို ကျွေးမွေးရမှ သင်စိတ်ချမ်းသာလိမ့်မယ်
သင့်ရင်ဘတ်ကို သူကန်တဲ့အခါ ကြည်နူးလွန်းလို့ သင်မျက်ရည်ဝဲမိမယ်
သင့်ပါးပေါ်ကျလာတဲ့ သူ့လက်သီးဟာ သင့်အတွက် အင်အားသစ်တွေမွေးဖွားပေးမယ်
သူတစ်ချက်တွန့်လိုက်တာနဲ့ သူဘာလိုလဲ သင်သိလိမ့်မယ်
သင့်ကိုသီချင်းဆိုတတ်အောင် သူသင်ပေးလိမ့်မယ်
ပုခက်တစ်လုံးဘေးမှာနေရဖို့ တစ်လောကလုံးကို သင်ဥပေက္ခာပြုလိမ့်မယ်