တိုက်ကြီးပေါ်မှာ မီချောင်းပြာနဲ့

စာကျက်နေတဲ့ မိန်းကလေး …။

တဲစုတ်ပျက်မှာ ရေနံဝါနဲ့

စာကျက်နေတဲ့ ကျနော့်သား ..။

သူတို့တွေမှာ

ဆရာဝန် အင်ဂျင်နီယာ ဘွဲ့စုံစွာနဲ့

ပညာကို ယူအောင်လံထူလိမ့် ….။

ကျနော့် သားကို

တက္ကသိုလ်မပို့

ပို့ရန်လည်း ငွေမရှိ

ရှိတာကိုစား

ရော့ …ဆိုက်ကားယူ

လူတွေကိုပေါင်း

ဘ၀ကျောင်းဆက်တက်

စိတ်မပျက်နဲ့

ဒါတသက်စားဘို့

တို့ရဲကအမွေပဲ

About breezes

ko ye' has written 6 post in this Website..

I wanna Computer Master.