ကျွန်တော်ပြောခဲ့သမျှ မိန်းမတွေရဲ့ မှဲ့အကြောင်း

koyin sithuJanuary 4, 20121min1071

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် ကျွန်ုပ်အိမ်၏ မနီးမဝေးရှိ လှိုင်မြစ်ကမ်းနဖူးလေးသို့ ရောက်လာခဲ့လေသည်။ ထိုကမ်းနဖူးတွင် သဲတူးနေသော သင်္ဘောများ၊ ပေါလော မျောနေသော အမှိုက်ကလေးများကြားမှ ရေချိုးနေသော ကလေးသူငယ်များနှင့်တကွ၊ ငါးဖမ်းလှေငယ်လေးများရှိနေလေသည်။ သေချာစွာ လှမ်းကြည့်လိုက်သောအခါတွင် မြစ်လေးထဲတွင် ဗေဒါပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဦးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည် မြစ်ကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော Red Ruby ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနံဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကျီစယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိတ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ကိုရင် တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော ကျွန်ုပ် အစ်မ၏ ငယ်သူငယ်ချင်းဖြစ်သူ မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ကိုရင်တစ်ယောက် ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ ရည်းစားက ပစ်သွားလို့ လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြ%E

One comment

  • kai

    January 10, 2012 at 4:56 am

    ကော်မန့်ပိတ်နေလို့ ပြန်ဖွင့်ပေးလိုက်ပါကြောင်း…။ 🙂

Leave a Reply