၁၂၅လမ်း တိုက်ပြိုကျခြင်း

Ma MaJanuary 4, 20121min16419

ယနေ့နေ့လည် ၁၁ နာရီကျော် ပတ်ဝန်းကျင်ခန့်က မင်္ဂလာတောင်ညွန့်(ပြောသာပြောရတယ် ဖြစ်လိုက်ရင်လည်း မင်္ဂလာတောင်ညွန့်ပဲ။ သင်္ကြန်ဗုံးပေါက်တော့လည်း မင်္ဂလာတောင်ညွန့်၊ ဈေးမီးလောင်တော့လည်းသူ၊ နောက်ဆုံး မနေ့တစ်နေ့က ပေါက်ကွဲမှုဖြစ်တော့လည်းသူပဲ ဒီတော့ အ မင်္ဂလာတောင်ညွန့်လို့တောင်ပြောရမလိုပါပဲ) မြို့နယ်၊ သပြေကုန်းရပ်ကွက် ၁၂၅ လမ်းရှိ သုံးထပ်တိုက် ရဲ့ အပေါ်ဆုံး(ညာဘက်ခန်း) ရေချိုးခန်း၊ အိမ်သာမှာ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးပြီး ချင်း မီးသတ်၊ ရဲ ၊ အရေးပေါ်ကားများရောက်လာလို့ လွတ်လပ်ရေးနေ့က တော်ကလေးကို စည်းကားသွားခဲ့ပါတယ်။ အပေါ်ဆုံးထပ် ရေချိူးခန်း အိမ်သာ ပြိုကျမှုကြောင့် အောက်ထပ်က အိမ်မှာ အပျက်အစီး အနည်းငယ်သာရှိခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုများ မရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဖြစ်နိုင်တာကတော့ စက်ဆန်း ပေါက်ကွဲမှု တုန်ခါအားရဲ့ အကျိုးသက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ဒီအဆောက်အဦကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်။
Credit to RGa
(ပိုစ့်တင်မရဘူးဆိုပြီး မေးလ်ပို့လာလို့ တင်ပေးလိုက်ပါတယ်။)

19 comments

  • ငပေါက်ဖော်

    January 4, 2012 at 8:43 pm

    တိုက်ပြိုတာ
    အင်ဂျင်နယာ ခိုးဝှက်……….ဘတ်..ဘာညာ.သာရကာ နေကြာကွာစေ့နဲ ့လဲ ဆိုင်ပါကြောင်း
    အဟမ်း…အဟမ်း..

    မူးလို ့………..

    အိပ်တော့မယ်

    နောက်နေ ့မှ ချီးပေါက်တော့မယ်..

  • koyinmaung

    January 4, 2012 at 8:44 pm

    ထူးခြားတဲ့သတင်းပါဘဲ…
    ကျေးဇူးဘဲမမရေ..

  • windtalker

    January 4, 2012 at 9:01 pm

    ဦးဦးဖျားဖျား သတင်းထူး လေး တစ်ပုဒ် ကို ဖတ်လိုက်ရပါသည် ။
    ဘော်ဘူးဘော် ရေ ကျေးကျေးပါ

  • kotun winlatt

    January 4, 2012 at 9:10 pm

    အင်းးးးးးးတိုက်ပြို ဗုန်းးးပေါက် မီးးလောင်..ဆိုတော့
    ရပ်ကွက်အမည်ပြောင်းးသင့်ပြီထင်ပါ့…
    ပေါက်ပြိုလောင် ရပ်ကွက်လို့….ဟီးးးး
    ဒါဆို..ကိုပေါက်ဖော်နဲ့ အမျိုးးတော်သွားလိမ့်မယ်….
    အဲ…သတင်းးအတွက်ကျေးးဇူးးဗျို့…။

  • Thel Nu Aye

    January 4, 2012 at 9:21 pm

    ဟင်———- 1995 ဆိုတော့ဘယ်လောက်မှမရှိသေးပါလား။ နှစ်100 တိုက်တွေတောင်ယနေ့ထိအကောင်း ကို။ ဒီဘက်ခေတ်ကန်ထရိုက်တိုက်ကတော့ဘုရား တနေရမယ်ထင်တယ်။ အင်း******** မင်္ဂလာတောင်ညွန့်ကတော့တနေ့ထက်တနေ့နာမည်ကြီးနေတာပါပဲ။ စိတ်မကောင်းပါဘူး။ တော်သေး တာလူတွေဘာမှမဖြစ်လို့။

    • နွယ်ပင်

      January 5, 2012 at 9:56 am

      အမှန်က 1985 ပါ သတင်းပေးတဲ့ သူက ပေးချင်လွန်းအားကြီးပြီး
      1995 လို့ မှားရေးမိတာပါတဲ့ … ခုနှစ်အမှားအတွက် ခွင့်လွှတ်ပါ … 🙂

      • ကြောင်ကြီး

        January 5, 2012 at 12:41 pm

        အန်တီမမ ပြောစကား နောင်ဆိုခါများ ဆယ်နဲ့စား၊ ကျန်တဲ့တဝက် ယုံရခက် မီးရထား လက်ချက် ကုန်ဈေးတက်….
        ဂေဇက်ရွာမှာ ပေါ်နေတဲ့ တဘောင်လေးပါ။။။။ 😀

  • koyinmaung

    January 4, 2012 at 9:33 pm

    စကားမစပ် စက်ဆန်း ပေါက်ကွဲမှု ကို
    တချို့တွေကဗုံးပေါက်တယ်လို့ထင်ကြေးပေးနေကြပါတယ်
    စစ်အတွင်းကအဲ့ဒီနေရာမှာစစ်သင်္ဘောတွေဆိုက်ခဲ့ဘူးတယ်လို့
    ပြောကြတယ်ဆိုဘဲ..မြေကြီးထဲမြုတ်နေတဲ့စစ်အတွင်းကကျန်ခဲ့တဲ့
    ဗုံးဖြစ်နိုင်တယ်လို့ပြောသံကြားမိလို့ပါ…
    ရွာသားများလဲသိတာလေးရှိယင် ရေးကြပါအုံး…..

  • htet way

    January 4, 2012 at 9:35 pm

    မမရေ …. သတင်းလေးကတော့ မဖတ်ခင်ကလေးမှာ စိတ်လုပ်ရှားမိပါတယ်
    ကျွှန်တော်ချစ်သူလေး( ပြန်မချစ်) နေတဲ့ နေရာဆိုတော့ သင်းတိုက်များလားပေါ့
    အင်း..အင်ဂျင်နီယာရယ် လွဲလိုက်လေခြင်း။
    အင်းလေ….ဘေးဘယာဝေးကွာပါစေကြောင်းဆုတောင်းလိုက်ပါရဲ့

  • ဦးဦးပါလေရာ

    January 4, 2012 at 10:41 pm

    မင်္ဂလာတောင်ညွန့်က တိုက်တွေက ကန်ထရိုက်ခေတ်အလည်လောက်မှာ ဆောက်ကြတာပါ။ အဲဒီတုန်းက တိုက်ခန်းဈေးနိမ့်တော့ အရမ်းပေါအောင်ဆောက်ရတာတချက်၊ အဲဒီခေတ်က စည်ပင်က စံချိန်စံညွှန်းတွေ စံနစ်တကျ မချမှတ်သေးတာတချက်ကြောင့် တိုက်တွေအလွန်ညံ့ပါတယ်။ မြေကလဲ အမှိုက်ပုံပါ။
    အဲသလို ညံ့တဲ့တိုက်တွေရှိတဲ့နေရာတွေကို တနေ့ ဖေါ်ကောင်လုပ်မလားစဉ်းစားမိသေးတယ်။ တခြားဆိုက်မှာပေါ့။ ဒါပေမယ့် အကြောင်းကြောင်းထောက်ပြီး …… 🙁

    • မိုးနတ်သားလေး

      January 4, 2012 at 11:19 pm

      ဦးဦးပါလေရာကလည်း အရင်ကဆောက်တာမကောင်းဘူးပြောတာတော့ ဘက်လိုက်သလိုဘဲနော် အခုရောဆောက်တာ ထူးမခြားနားပါဘဲလေ အခုဆိုပိုလို့တောင်ကြောက်သေးနော်

    • etone

      January 5, 2012 at 8:48 am

      ဦးဦးပါလေရာရေ … ဖော်ကောင်လုပ်လိုက်တော့လည်း ကောင်းတာပဲ …. ဒါမှ .. တိုက်ဈေးတွေ ကျသွားမှာ … ။ :mrgreen:

      • Ko Ko Aung

        January 5, 2012 at 10:31 am

        အဲဒါဆို ကျုပ်တိုက်ခန်းပါ ပါသွားမှာပေါ့။

        တသက်လုံးရှာထားဖွေထားတာလေး ဈေးမကျပါရစေနဲ့ ။ 😀

      • char too lan

        January 6, 2012 at 9:46 am

        ဟုတ်ဒယ် !!
        အဲ့ဒါမှ တူမင်ဂလာချောင်မှာနဲ့ဂ
        ကွက်တိဘဲ :mrgreen:

  • သားငယ်

    January 5, 2012 at 1:47 am

    အင်း ပြို ပြီပေါ့…အကုန်လုံး လျှော့ သုံး ထားတာကို ကွာလတီ လေ..ကွိကွိ ။ ကျနော် နေတ ဲ ့တိုက်လဲ
    ဘယ်တော ့ပြိုမလဲ မသိ…ကန်ထရိုက် ကျေးဇူးတွေလေ..

  • thit min

    January 5, 2012 at 4:50 am

    ဆရာကြီး ပီမိုးနင်းရဲ့ စကားကိုကိုးကားရရင် လူသည်မြေကြီးကိုအားကိုးပြီးနေထိုင်
    အသက်ရှင်ရသည်။ (ငလျှင်လှုပ်၍)မြေကြီးသည်မယုံကြည်ရသောအခါ လူသားကား အားကိုးရာမဲ့လေပြီ။
    ———————————-
    ကိုယ်နေတဲ့အိမ်ကမယုံကြည်ရဘူး၊ ကိုယ်နေတဲ့ပါတ်ဝန်းကျင်ကမယုံကြည်ရဘူးဆိုတော့ အရမ်းသနားစရာ
    ကောင်းပါတယ် မမရေ။၁၉၉၅ ဆောက် တိုက်တလုံးက မပြိုသင့်ဘဲဘာလို့ပြိုရလဲဆိုတော့ ဆောက်ထားတဲ့
    တိုက်မှာ ထဲ့ရမဲ့ ပစ္စည်းတွေအစား အတ္တတွေ၊ မရိုးသားမှုတွေထဲ့ထားလို့ပါဘဲ။
    သဲ၊ဘိလပ်မြေ၊ထုံး၊ကျောက်၊အတ္တဆိုပြီး အသစ်ရောစပ်နည်းနဲ့ ဖော်စပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်သစ်
    တိုက်ဆောက်နည်းအရ အတ္တများလေအပြိုမြန်လေ ထင်ပါရဲ့။
    ကိတ်မုန့်လေးလို မွမွလေး တိုက်နံရံတွေ မြင်ဘူးပါတယ်။ ငရုပ်သီးအထောင်းမခံသောတိုက်များနှင့်တွေ့
    ဆုံခြင်းဆိုတာမျိုးပါဘဲ။ စိတ်မကောင်းစရာ။
    ————————————
    ကိုအာဂပေးတဲ့ သတင်းဆိုတော့ ကိုအာဂကို ဂုဏ်ပြုကဗျာလေး လက်ဆောင်ပေးပါ့မယ်။
    မနွယ်ပင်ရဲ့ ပို့စ်မှာရေးမလို့ပါဘဲ။ ဒါပေမဲ့အချိန်နဲ့စိတ် တထပ်တည်းမကျရတဲ့ ရက်တွေကြောင့်ဒီမှာဘဲရေး
    လိုက်မယ်နော်။
    ~~~~~~~~~~~~~~
    တပင်ထဲရင်ထဲက “အာ”
    အပြောလေးတွေ ချိုမြလို့ရစ်ပါတ်တွယ်တာ
    “တယောက်သောသူ” ဆိုတာရယ် အာဂ ကိုကိုပေါ့
    နွယ်ပင်ကို အမျှင်ပါတ်အောင်လို့ “Love”တွေနဲ့ “Talk”
    (ဆရာမောင်စိန်ဝင်းရေ ခွင့်ပြုပေးပါနော်)
    ~~~~~~~~~~~~~~
    ခင်မင်စွာ
    မောင်သစ်မင်း

  • Arkar11

    January 5, 2012 at 10:26 am

    ဖြစ်တာကတော့ ၁၂၄ လမ်းမှာ ဖြစ်တာပါ…ဖြစ်ဖြစ်ခြင်း EMG မှာဖတ်လိုက်ရတာ… စက်ဆန်းမှာပေါက်ကွဲတဲ့နေ့က အဲဒီ့တိုက်မှာ အက်ကြောင်းပေါ်လာပြီး မနေ့ကမှပြိုတာ..
    အဲဒီလိုအက်ကြောင်းပေါ်တဲ့အိမ်မျိုး နောက်ထပ်ဘယ်နှစ်လုံးရှိအုံးမလဲမသိဘူး…
    နောက်ထပ်မပြိုပါစေနဲ့လို့ဘဲဆုတောင်းရမှာဘဲ….ပေါက်ကွဲတဲ့နေကစပြီး ကြားလိုက်ရတဲ့ သတင်းတွေ တစ်ခုမှမကောင်းဘူး…ရန်ကုန်မြို့လည်း 2012 မှာ ဘာတွေထပ်ဖြစ်အုံးမလဲမသိဘူး……နေရတာ ရင်တထိပ်ထိပ်နဲ့….

  • manawphyulay

    January 5, 2012 at 1:08 pm

    ဒါဆို သာကေတက ကျောက်ပြားက အလိုလိုနေရင်း ပူလာတယ်လို့ သတင်းစာမှာဖတ်လိုက်ရတယ်။ ဒါလည်း ဒီအရှိန်ကြောင့်ဖြစ်မယ်လို့ ထင်မိသလိုပဲနော်။

  • water-melon

    January 5, 2012 at 1:14 pm

    တိုက်ခန်းမှာနေတဲ့သူများ အီးကျယ်ကျယ်မပေါက်ရ
    ပြိုကြတတ်သည်

Leave a Reply