ယုံကြည်မှုဆိုတော့လဲ …..

fattyJanuary 4, 20121min1456

ပုံတွေကြိုးစားတင်ပေမဲ့မရလို့ပါ။
ကျိုက်ထီးရိုးရင်ပြင်မရောက်ခင်က နတ်နန်းတခုမှာပါ အရှင်လတ်လတ်က ကျားနဲ့အတိုက်ခံရပြီးသေသွားတဲ့
အလောင်းက ကျောက်ဖြစ်သွားတယ်လို့ဆိုပါတယ်။
အမှန်ကတော့မဟုတ်ပါဘူး သမိုင်းမှာက ကျားနဲ့အတိုက်ခံရပြီး ဝေမာနိကဖြစ်သွားတာပါ။
သူ့သမိုင်းကြောင်းပြောချင်ပေမဲ့ ဒဏ္ဏာရီလိုဖြစ်နေမှာမို့မပြောတော့ပါဘူး။
သူ ဝေမာနိကဖြစ်နေချိန်မှာ ကျော်အောင်စံထားဆရာတော်နဲ့တွေ့ပါသေးတယ်။
ဆရာတော်နဲ့သူ ပြောကြတဲ့ အကြောင်းတွေက စိတ်ဝင်စားစရာတွေပါ။
ရှာပြီးဖတ်ကြည့်ကြပါလို့ …။

6 comments

  • ဦးဦးပါလေရာ

    January 5, 2012 at 12:41 am

    ရွှေနန်းကျင်လား..

    ကျွန်တော်က ရမ်းပြောတာ။
    နတ်ကွန်းတွေ တခုမှ ဝင်မကြည့်ခဲ့လို့။
    သတိထားမိတာက ဒီခေတ်လူငယ်တွေတော်တော်များများလဲ ဝင်လဲမကြည့် စိတ်လဲမဝင်စားကြတော့တာတွေ့ရတယ်။
    ကျိုက်ထီးရိုးဘိုးဘိုးကြီးလို့ခေါ်တဲ့ တောင်ပိုင် ဘုမ္မစိုး နတ်ကွန်းတောင် မဝင်တဲ့သူတွေအများကြီးပဲ။
    အရင်ခေတ်ကများဆို ဘိုုးဘိုးကြီးကို မကန်တော့ခဲ့ပဲ တောင်ပေါ်တက်ရဲသူ မရှိသလောက်နော် …..

  • kai

    January 5, 2012 at 4:18 am

    သခွားသီး၂လုံးနဲ့. တခြားဘာသီးတွေလည်းခင်ဗျ…။ ❓
    အဲဒီလိုတင်တာမှာ.. အကြောင်းတခုုုခုများရှိလားလို့..။

    ( ပုံတွေ ပြန်ဖေါ်ပေးလိုက်ပါတယ်နော..)

  • manawphyulay

    January 5, 2012 at 11:26 am

    ဒါတွေက ခုထိ မပပျောက်သေးဘူးနော်။ ထူးတော့ထူးဆန်းတယ်။ လူတိုင်းကလည်းစိတ်ဝင်စားကြတယ်။ ဘာကြောင့်လဲတော့မသိဘူး ယုံကြည်မှုကြောင့်လား…

  • ကြောင်ကြီး

    January 5, 2012 at 12:05 pm

    ကျော်အောင်စံထား ဆရာတော် အကြောင်းနဲ့ သူနဲ့တွေ့ဆုံပုံ အကြောင်းအရာလေးလည်း လုပ်ပါအုံး ဆရာဖက်…။ တိုက်ရိုက်ကူးမတင်ချင်လည်း အချက်အလက် မယိုယွင်းစေဘဲ ကိုယ့်အာဘော်လေးနဲ့ပေါ့….

  • aungnng87

    January 5, 2012 at 12:51 pm

    သူ ဝေမာနိကဖြစ်နေချိန်မှာ ကျော်အောင်စံထားဆရာတော်နဲ့တွေ့ပါသေးတယ်။
    ဆရာတော်နဲ့သူ ပြောကြတဲ့ အကြောင်းတွေက စိတ်ဝင်စားစရာတွေပါ။
    ဆိုလို့ .. သိရတော့မလားဆိုပြီး.. နောက်တော့မှ ရှာဖတ်ကြည့်ပါတဲ့…။နဲနဲလောက်တော့ပြောပြပါလားကိုဖတ်တီးရဲ့။ ဟတ်ကော့ကြီးဖြစ်သွားလို့။

Leave a Reply