ဂူအပေါက်ဝ မြင်ကွင်း

မှိုပွင့်ကြီးလိုပဲ လှတယ်

ဂူအတွင်း မြင်ကွင်း

ဘုရားနဲ့ ကျောက်ဂူနဲ့ သပ္ပာယ်တယ်

ဂူထဲမှာ နတ်ရုပ်တွေတွေ့လို့ ရိုက်ခဲ့လိုက်တယ်

ဂူပေါက်ဝနား (တောင်ခြေ)

ခရုံဂူမှတ်တမ်း ကျောက်တိုင်

ကျောက်တောင်ပတ်ဝန်းကျင်ရှုခင်း

အတ္ထရံတံတား (ကားပေါ်မှရိုက်ချက်)

လမ်းအညွှန်းပါတဲ့ အ၀ိုင်းတစ်ခု

ထန်းပင်တွေ စီတန်းနေတဲ့ ကျိုက်မရောလမ်း

မော်လမြိုင်ဘက်ကို ၅ ကြိမ်လောက် သွားရောက်လည်ပတ်ဖူးပေမယ့် ခရုံဂူကို ယခုတစ်ခေါက်သွားမှ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က townace ကားတစ်စီးကို ငှားပြီး နေရာအနှံ့အေးအေးဆေးဆေးလျှောက်လည်လို့ ရောက်ဖြစ်ခဲ့တာပါ။ ကျိုက်မရောမြို့နယ်အတွင်းမှာ တည်ရှိပြီး အတ္ထရံတံတားကို ဖြတ်ကျော်သွားရပါတယ်။ လမ်းခရီးတစ်လျှောက် ထန်းပင် ထန်းလက် ထန်းရွက်ညီညီ ကျိုက်မရောမြို့ကသာယာလှပေသည် ဆိုတဲ့ သီချင်းထဲကအတိုင်း အလွန်သာယာပါတယ်။ အေဒီ ၁၇ ရာစုလောက်ကထဲက တည်ရှိခဲ့တဲ့ ကျောက်ဂူဖြစ်ပြီး ၁၉၇၅ ခုနှစ်ကစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားတယ်လို့ ကျောက်တိုင်မှာ ဖတ်လိုက်ရပါတယ်။ ဂူကြီးက တော်တော်ကြီးတယ်။ အထဲမှာ မြင့်ပြီး တော်တော်လေးမှောင်တယ်။ ဓါတ်မီးတွေ စုထိုးပြီးမှ နံရံကို မြင်ရပါတယ်။ သိပ်မှောင်လို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေဘူး။ ဂူကတစ်နေရာမှာ လမ်းပိတ်သွားတာကြောင့် သွားနိုင်တဲ့လမ်းကြောင်းသိပ်မရှည်ပါဘူး။ ဂူထိပ်ပိုင်းမှာ လင်းစွဲကောင်တွေနေကြလို့ အနံ့အသက်သိပ်မကောင်းဘူး။ တွဲလောင်းအိပ်နေတဲ့ လင်းဆွဲလေးတွေကို ဓါတ်ပုံရိုက်ကြည့်ပေမယ့် သိပ်မှောင်ပြီး ဝေးနေလို့ ဓါတ်ပုံထဲမှာ မမြင်ရတာနဲ့ မပြတော့ပါဘူး။ မော်လမြိုင်ဘက်ရောက်ရင် ခရုံဂူကို သွားရောက်လည်ပတ်ကြပါလို့ တိုက်တွန်းရင်း မှတ်တမ်းတင်အပ်ပါတယ် ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....

   Send article as PDF